မြောင်းမြတွင် အသက်(၂၀)အရွယ်အမျိုးသမီးကို တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့သူများအား အလုပ် နှင့် ထောင်ဒဏ် ချမှတ်

 588

ချယ်ရီ (NP News) - ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အသက်(၂၀)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယား အဖြစ် ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ကံ့ကော်မြိုင်ရပ်ကွက်၊ (၄) လမ်းတွင်နေထိုင်သော ကိုကိုနိုင်က ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင်နေထိုင်သော အသက် (၂၀)နှစ်အရွယ်ရှိ မ--- ကို စီးပွားရေးအဆင်မပြေပါက တရုတ်ယောက်ျားယူရမည်၊ ငွေကျပ်သိန်း (၅၀) ရမည်၊ တစ်နှစ်ပေါင်းသင်းရမည်ဟု ပြောဆိုစည်းရုံး၍ ကြိုတင် ငွေကျပ်(၆)သိန်းပေးခဲ့ပြီး မြောင်းမြ-ရန်ကုန်-မူဆယ်သို့ ခရီးသည်တင်ယာဉ်ဖြင့် အဆင့်ဆင့်ခေါ်ဆောင်သွားခဲ့ကာ ပွဲစားတစ်ဦးနှင့် ချိတ်ဆက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
အဆိုပါ ပွဲစားက ၎င်းအား တရုတ်နိုင်ငံ ရွှေလီမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး တရုတ်အမျိုးသားချန်ရှောက်ထောင်ထံ ပို့ဆောင်ပေးခဲ့သည့် အတွက် ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၈) မြို့မရဲစခန်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ-၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် မဟာအောင်မြေ ခရိုင်တရားရုံးမှ ပြီးခဲ့သည့် (ဇွန်လ ၄ ရက်)က ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ချန်ရှောက်ထောင် (CHEN XIAO YAO) အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်နေသော ပြစ်မှုကျူးလွန်သူ ကိုကိုနိုင်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၅၁၂) အရ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ ထုတ်ဆင့် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေျမာင္းျမတြင္ အသက္(၂၀)အ႐ြယ္အမ်ိဳးသမီးကို တ႐ုတ္မယားအျဖစ္ ပို႔ေဆာင္ေရာင္းစားခဲ့သူမ်ားအား အလုပ္ ႏွင့္ ေထာင္ဒဏ္ ခ်မွတ္
ခ်ယ္ရီ (NP News) - ဇြန္ ၇
ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕နယ္တြင္ အသက္(၂၀)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးကို တ႐ုတ္ဇနီးမယား အျဖစ္ ပို႔ေဆာင္ေရာင္းစားခဲ့သူမ်ားအား လူကုန္ကူးမႈျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕၊ ကံ့ေကာ္ၿမိဳင္ရပ္ကြက္၊ (၄) လမ္းတြင္ေနထိုင္ေသာ ကိုကိုႏိုင္က ဧရာဝတီ တိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕နယ္တြင္ေနထိုင္ေသာ အသက္ (၂၀)ႏွစ္အ႐ြယ္ရွိ မ--- ကို စီးပြားေရးအဆင္မေျပပါက တ႐ုတ္ေယာက္်ားယူရမည္၊ ေငြက်ပ္သိန္း (၅၀) ရမည္၊ တစ္ႏွစ္ေပါင္းသင္းရမည္ဟု ေျပာဆိုစည္း႐ုံး၍ ႀကိဳတင္ ေငြက်ပ္(၆)သိန္းေပးခဲ့ၿပီး ေျမာင္းျမ-ရန္ကုန္-မူဆယ္သို႔ ခရီးသည္တင္ယာဥ္ျဖင့္ အဆင့္ဆင့္ေခၚေဆာင္သြားခဲ့ကာ ပြဲစားတစ္ဦးႏွင့္ ခ်ိတ္ဆက္ေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။
အဆိုပါ ပြဲစားက ၎အား တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕သို႔ ေခၚေဆာင္သြားခဲ့ၿပီး တ႐ုတ္အမ်ိဳးသားခ်န္ေရွာက္ေထာင္ထံ ပို႔ေဆာင္ေပးခဲ့သည့္ အတြက္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမွတ္ (၈) ၿမိဳ႕မရဲစခန္းက လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ဥပေဒ ပုဒ္မ-၃၅/၄၄ ျဖင့္ အမႈေရးဖြင့္ တရားစြဲတင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေနာက္ မဟာေအာင္ေျမ ခ႐ိုင္တရား႐ုံးမွ ၿပီးခဲ့သည့္ (ဇြန္လ ၄ ရက္)က ျပစ္မႈက်ဴးလြန္သူ တ႐ုတ္ႏိုင္ငံသား ခ်န္ေရွာက္ေထာင္ (CHEN XIAO YAO) အား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၅ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၀) ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ၿပီး တိမ္းေရွာင္ေနေသာ ျပစ္မႈက်ဴးလြန္သူ ကိုကိုႏိုင္အား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒ ပုဒ္မ ၃၅/ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ (၅၁၂) အရ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၈၇/၈၈ ထုတ္ဆင့္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.