နတ်မောက်တွင် PDF က ကျောင်းအတွင်း ဝင်ရောက်ကာ ကျောင်းအုပ်ဆရာမကြီးကို ရက်ရက်စက်စက်သတ်ဖြတ်

 1717

ချယ်ရီ (NP News) - ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် PDF အဖွဲ့က ကျောင်းဆင်းချိန် ကျောင်းအတွင်း ဝင်ရောက်ကာ ကျောင်းအုပ်ဆရာမကြီးကို သေနတ်ဖြင့်ပစ်ခတ်သည့်အပြင် ဓားဖြင့်ခုတ်သတ်သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၆ ရက်)၊ ညနေပိုင်းက နတ်မောက်မြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ တာဝန်များထမ်းဆောင်လျက်ရှိသော အသက်(၄၆)နှစ်အရွယ်ရှိ မူလတန်းလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီထွေးကို နိုင်ငံ့တာဝန်ထမ်းဆောင်နေသည်ကိုမလိုလားသော PDF အမည်ခံ အကြမ်းဖက်သမားများက ကျောင်းဆင်းချိန်၌ ကျောင်းဝင်းအတွင်းသို့ ဆိုင်ကယ် (၃)စီးဖြင့်ရောက်ရှိလာပြီး သစ္စာမဲ့ဝန်ထမ်း DCS (Disloyal Civil Service) ပြုလုပ်ခြင်းမရှိဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဓားဖြင့် ရက်ရက်စက်စက် ခုတ်ဖြတ်သတ်ဖြတ်တို့ကို ပြုလုပ်ခဲ့သည့်အတွက် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ပညာရေးဝန်ထမ်းများကို (၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်)အထိ အကြမ်းဖက်ကျူးလွန်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ပညာရေးဝန်ထမ်း သေဆုံးသူ (၈၀)ဦး၊ ဒဏ်ရာရရှိသူ (၃၅)ဦးအထိ ရှိကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းကောင်းဆရာ၊ ဆရာမများကို PDF အမည်ခံအကြမ်းဖက်သမားများလက်အောက်ခံအကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများ၊ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများကို ပြည်သူလူထုက စိတ်နှလုံးမချမ်းမြေ့ဖွယ် တွေ့မြင်ကြားသိနေရသည့်အတွက် အကြမ်းဖက်သမားများ၏လုပ်ရပ်များကို လုံ့ဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုံချလျက်ရှိကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လိုအပ်သည့်တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
နတ္ေမာက္တြင္ PDF က ေက်ာင္းအတြင္း ဝင္ေရာက္ကာ ေက်ာင္းအုပ္ဆရာမႀကီးကို ရက္ရက္စက္စက္သတ္ျဖတ္
ခ်ယ္ရီ (NP News) - ဇြန္ ၇

မေကြးတိုင္းေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕နယ္တြင္ PDF အဖြဲ႕က ေက်ာင္းဆင္းခ်ိန္ ေက်ာင္းအတြင္း ဝင္ေရာက္ကာ ေက်ာင္းအုပ္ဆရာမႀကီးကို ေသနတ္ျဖင့္ပစ္ခတ္သည့္အျပင္ ဓားျဖင့္ခုတ္သတ္သည့္ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ ၆ ရက္)၊ ညေနပိုင္းက နတ္ေမာက္ၿမိဳ႕နယ္ရွိ အေျခခံပညာမူလတန္းလြန္ေက်ာင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံ့ဝန္ထမ္းေကာင္းပီသစြာ တာဝန္မ်ားထမ္းေဆာင္လ်က္ရွိေသာ အသက္(၄၆)ႏွစ္အ႐ြယ္ရွိ မူလတန္းလြန္ေက်ာင္းအုပ္ဆရာမႀကီး ေဒၚရီရီေထြးကို ႏိုင္ငံ့တာဝန္ထမ္းေဆာင္ေနသည္ကိုမလိုလားေသာ PDF အမည္ခံ အၾကမ္းဖက္သမားမ်ားက ေက်ာင္းဆင္းခ်ိန္၌ ေက်ာင္းဝင္းအတြင္းသို႔ ဆိုင္ကယ္ (၃)စီးျဖင့္ေရာက္ရွိလာၿပီး သစၥာမဲ့ဝန္ထမ္း DCS (Disloyal Civil Service) ျပဳလုပ္ျခင္းမရွိဟုဆိုကာ ေသနတ္ျဖင့္ ပစ္ခတ္ျခင္း၊ ဓားျဖင့္ ရက္ရက္စက္စက္ ခုတ္ျဖတ္သတ္ျဖတ္တို႔ကို ျပဳလုပ္ခဲ့သည့္အတြက္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအေနျဖင့္ ပညာေရးဝန္ထမ္းမ်ားကို (၂၀၂၁ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ ရက္မွ ၂၀၂၅ ခုႏွစ္၊ ဇြန္လ ၆ ရက္)အထိ အၾကမ္းဖက္က်ဴးလြန္မႈမ်ား ေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ ပညာေရးဝန္ထမ္း ေသဆုံးသူ (၈၀)ဦး၊ ဒဏ္ရာရရွိသူ (၃၅)ဦးအထိ ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ႏိုင္ငံ့ဝန္ထမ္းေကာင္းဆရာ၊ ဆရာမမ်ားကို PDF အမည္ခံအၾကမ္းဖက္သမားမ်ားလက္ေအာက္ခံအၾကမ္းဖက္အဖြဲ႕အစည္းမ်ား၏ ၿခိမ္းေျခာက္မႈမ်ား၊ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ဖမ္းဆီးေခၚေဆာင္သတ္ျဖတ္ျခင္းမ်ားကို ျပည္သူလူထုက စိတ္ႏွလုံးမခ်မ္းေျမ့ဖြယ္ ေတြ႕ျမင္ၾကားသိေနရသည့္အတြက္ အၾကမ္းဖက္သမားမ်ား၏လုပ္ရပ္မ်ားကို လုံ႔ဝလက္ခံႏိုင္ျခင္းမရွိဘဲ ကန႔္ကြက္ရႈံခ်လ်က္ရွိေၾကာင္း ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကလည္း လိုအပ္သည့္တုံ႔ျပန္မႈမ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားကို တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.