“ အရင် ဘီလျံ (၁၀ဝ)ကုန်ထားတဲ့ အဆောက်အအုံက အခုဆောက်ရင် ဘီလျံ (၅၀ဝ)လောက် ကုန်နိုင်တယ်” ငလျင်ထူထောင်ရေးနဲ့ ပြည်တွင်းဘဏ်များ၏ အခန်းကဏ္ဍ (၄) ငလျင်အပြီး ဆောက်လုပ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ဘဏ်လုပ်ငန်းအပိုင်းမှလုပ်ဆောင်နိုင်မည့် အချက်များကို ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးနှင့်ဆွေးနွေးထားခြင်းကို အပိုင်း(၄)ပိုင်းဖြင့် ဖော်ပြပေး သွားပါမည်။

406

စော (NP News)
ကျော်နု - Pay System ပေါ့။ သူများနိုင်ငံတွေမှာက Cashless နဲ့ Industryကို သွားနေကြပြီ။ အရင်တုန်းက ကတ်တွေနဲ့သွားတာ။ နောက်တော့ QR တွေနဲ့သွားနေပြီ။ Mobile Money တွေနဲ့ သွားနေ ကြပြီ။ ကျွန်တော်တို့နိုင်ငံတွေလည်း ဗဟိုဘဏ်ကလုပ် တော့လုပ်နေပြီ လူတွေသိပ်ပြီးတော့သုံးတာနည်း တယ်။ ကျွန်တော်တို့ ဘယ်လိုပုံစံမျိုးနဲ့သွားသင့်လဲ။ လူတွေအသုံးများလာတယ်။ လူတွေက Cashless ရဲ့ Industry ကို ဘယ်လိုသွားသင့်လဲ။
ဆွေးနွေးဖော် - အတိုင်းအတာတစ်ခုထိတော့ ရောက်လာပါပြီ။ QR တွေ ပေါ်ပေါက်လာတော့ အဲဒီဟာ လေးက အခုထက်ကိုပိုပြီးမှ ချောချောမွေ့မွေ့လေးနဲ့ဘဏ်အရေအတွက်တွေများသွားမယ်ဆိုရင်တော့ Payment တော်တော်လေးကို အဆင်ချောသွားမယ်။ ဒီငွေသားသုံးစွဲမှုတွေလည်းလျော့ကျသွားမယ်။ အဲဒါတော့ပြောရဲတယ်။ ဒါတွေက အရမ်းကောင်းတယ်။ သို့သော် ပြည်သူတွေက ဒါလေးတွေတော့ နည်း နည်းလိုသေးတယ်။ ထူးခြားချက်တစ်ခုက Kpay ကတော့ ထူးခြားချက်တစ်ခုရှိတယ်။ နေရာတိုင်း၊ မြို့ တိုင်း၊ ရွာတိုင်းနီးပါးကို Kpay ကရတယ်။ အဲဒီဟာလေးကတော့ ထူးခြားချက်ရှိတယ်။ သူကတော့ တော် တော်လေးကို Payment အတွက်ကို ကဏ္ဍတစ်ခုအတွက်ကို သွားပေးနေတာပဲ။ သို့သော် သူတစ် ယောက်တည်းတော့ သွားလို့မရဘူးပေါ့။ ကျန်တဲ့ဘဏ်တွေရဲ့ Pay တွေကလည်း QR နဲ့ ပေါ်ပေါက်လာ မှာလေ။ အခုကဘဏ်ကို မရွေးတော့ မရဘူး။ KPay ရယ်လို့မရွေးတော့ဘူး။၊ MM QR တွေသာ တစ်နိုင်ငံ လုံးရောက်သွားတယ်ဆိုရင် ခုနကပေးစရာရှိတဲ့ဟာတွေကို ပေးသွားနိုင်တယ်ဆိုရင်တော့ အဆင်ပြေသွား လိမ့်မယ်။ Cash နဲ့ဆို ဆိုင်ဆီရောက်သွားလိမ့်မယ်။ အိမ်နီးချင်း ထိုင်း တို့ကျတော့ အဆင်ပြေတယ်။ လမ်းဘေးဈေးသည် လေးတွေကအစ ဆိုင်ကယ်ကယ်ရီလေးတွေကအစ QR လေးတွေနဲ့ပဲ ငွေပေးမယ်ဆို ရင် QR လေး ပြလိုက်။ မင်း QR လေးပေးပါဦးဆိုရင် ဒီကနေ အိုကေပေးလိုက်တဲ့ဟာလေးတွေ အဲဒီတစ် ရက်တော့ ရောက်လာမှာပါ။ အခုလည်း ဗဟိုဘဏ်လည်း လုပ်နေတဲ့ဟာလေ။ နယ်စပ်ဖြတ်ကျော်ပြီးမှ ပေးလို့ရတဲ့ ဟာလေးတွေ မြန်မာပြည်ရဲ့ Pay QR နဲ့ ထိုင်းဘက် က QR နဲ့ကို လင့် လုပ်လို့ရသွားတယ် ဆိုရင် ထိုင်းဘတ်လည်းဝယ်သွားစရာမလိုတော့ဘူး။ မြန်မာ ငွေလည်းယူသွားစရာမလိုတော့ဘူး။ ဒီ အတိုင်း ပေးလိုက်ရုံပဲ။ ထိုင်းလမ်းဘေးဈေးသည်ကို ဒီ Pay ပေါင်းစုံရဲ့ဟာလေးတွေ Wallet လေးနဲ့ ပေး လိုက်တာဆို အဆင်ပြေသွားမှာ။ ပြည်တွင်းမှာတော့ ပိုအဆင်ပြေဖို့လိုတာပေါ့။ ပြည်ပကို ဒုတိယ ထား ပါဦး။ မြန်မြန်လုပ်မှရမယ်။ ကျွန်တော်တို့ရဲ့ Economy ကြီးကလည်း ကြီးလာပြီ။ အရင်တုန်းကလို သေးသေးကွေးကွေး မဟုတ်တော့ဘူး၊ GDP ကြီးနဲ့နှိုင်း ယှဉ်ရင်တော့ ၁၀ဝ % နီးပါးလောက်တော့ ဖြစ် လာလိမ့်မယ်ထင်တယ်။
ကျော်နု - ကျွန်တော်တို့ဘဏ်ချေးငွေကိစ္စကို ပြန်သွားကြည့်ရရင် ဆောက်လုပ်ရေးလောကသားတွေ ဘဏ်တွေကို အခုဒီငလျင်အတွက်ဆိုပြီးတော့ ဘဏ်တွေကိုချေးဖို့ အခုကတည်းကစပြီးပြင်နေပြီလား ဘဏ်တွေနဲ့ Deal လုပ်နေကြပြီလား။ ဆွေးနွေးနေပြီလား။
ဆွေးနွေးဖော် - အဲဒီလိုမျိုး သီးခြားတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်နဲ့ဆွေးနွေးတာတို့တော့မရှိဘူး။ bilateral ကတော့ ရှိမှာပေါ့။ အသင်းကြီးက ဘဏ်တွေနဲ့လိုက်ဆွေးနွေးတာတို့ကတော့ ကျွန်တော်တော့ မကြားသေးဘူးလေ။ ဆောက်လုပ်ရေးမှာဆိုရင်လည်း အဲဒီတုန်းက ဒေတာအရဆိုရင် ဘဏ်တွေက ဆောက်လုပ်ရေးကဏ္ဍကို ထုတ်ချေးထားတဲ့ဟာလေးတွေ နည်းနည်းပြောချင်သေးတယ်။ ဆောက်လုပ် ရေးကို Construction ကို ဘယ်လောက်ချေးထားလဲဆိုရင် ပုဂ္ဂလိကဘဏ်တွေအားလုံးက (၄ ဒသမ ၄၅)% လောက်ပဲ ချေးထားတာ Construction Real Estate လုပ်တဲ့ ကုမ္ပဏီတွေကို အဲဒါနဲ့တစ်ဆင့် နောက်မှ ပြည်သူတွေက တစ်ခန်းသီးသန့်ဝယ်ကြရတာကို ကွန်ဒိုကြီးတစ်ခုဆောက်ဖို့ဆိုရင် လုပ်ငန်းရှင်။ စီးပွားရေးလုပ်ငန်းရှင် Commercial နည်းတာပေါ့။ ပြောရမယ်ဆိုရင် (၅)% တောင်မှ မရှိသေးဘူး။ အခုဒီငလျင်တွေအတွက် လုပ်မယ်ဆိုရင်လည်း အဲဒီလုပ်ငန်းရှင်တွေကို အရင်ဆုံးချေးပေးရမယ်။ လုပ်ငန်းရှင်တွေကို အရင်ဆုံးချေးပေးလိုက်မှ အခန်းဖြစ်လာမယ်။ အခန်းဖြစ်လာပြီးတဲ့ဟာကို ဝယ်ကြဖို့ အတွက်က ပြန်ပေးရဦးမှာ လက်လီ ပြည်သူတစ်ဦးချင်းစီကို အဲဒီဟာရောင်းလို့ထွက်လာတဲ့ငွေကိုမှ သူတို့ က ပြန်ချေးထားတဲ့ငွေကို ပြန်ဆပ် တာ။ ပထမအဆင့်က လုပ်ငန်းရှင်ကို ပေးရဦးမှာ။ အိမ်ဖြစ်လာမှ ပြည်သူကိုပြန်ပေး ပြည်သူပေးတဲ့အခါကျမှ ပြန်ဆပ်မှ ခုနကဆောက်လုပ်ရေးလုပ်ငန်း ရှင်ချေးလိုက်တဲ့ ငွေက ပြန်ရမှာ။
ကျော်နု - သူတို့ရဲ့ အပေါင်ပစ္စည်းက ဘာတင်ရလဲ။
ဆွေးနွေးဖော် - အပေါင်တွေက ပရောဂျက် Only ပေါ့။ လုပ်ငန်းရှင်တွေကလည်း တော်တော်များများက Collateral မရှိတော့ဘူးလေ။ လုပ်ငန်းတွေလည်ပတ်နေတာကတော့ ဘဏ်တွေမှာ သူတို့ရဲ့ Collateral က ရောက်နေပြီးပြီ။ ဒီပရောဂျက်မှာရှိတဲ့မြေဆို လည်းမြေပေါ့။ မြေမဟုတ်လည်း သူတို့ရဲ့ဆောက်လုပ် ရေးယန္တရားပစ္စည်းတွေပေါ့။ အဲဒီလိုဟာမျိုးတွေကို Collateral နဲ့ သွားရမှာပေါ့။ အဲဒီလိုပဲသွားရမှာ။
ကျော်နု - ငလျင်နဲ့ပြန်ပြီးတည်ဆောက်ရမယ့်ကိစ္စတွေက ဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေနဲ့ အစိုးရတွေနဲ့ သုံးပွင့်ဆိုင်ဖို့ လိုနေတဲ့သဘော ဖြစ်နေတာပေါ့။
ဆွေးနွေးဖော် - အရင်တုန်းက ဥပမာ-ဘီလျံ တစ်ရာလောက် ကုန်ကျမယ့်အဆောက်အအုံက ဘီလျံငါးရာ လောက်ကုန်ကျနိုင်တယ်။ အဲဒီလောက်ထိကို ဖြစ် သွားတာကို အလုပ်သမားခတွေရော ငါးဆလောက် တက်သွားတာ။ တစ်ရက်တစ်သောင်းလောက် အလုပ်သမားခပေးရတဲ့ဟာက လေးသောင်း၊ ငါးသောင်း လောက်ပိုပေးနေရတယ်။ သူတို့ကလည်း အားကိုမအားတော့ဘူး။ Demand တွေ အရမ်းများတာကိုး။ ဒါကအစိုးရကဏ္ဍကို ဆောက်ဖို့ဟာတွေက ကျန်သေးတယ်။ ပုဂ္ဂလိကကိုပဲ စဉ်းစားတာရှိသေး တယ်။ အစိုးရက အစိုးရဖို့ သူဟာသူသွားမယ့်ဟာတွေ အစိုးရလည်းလုပ်ရင်လည်း ဒီဟာတွေပဲ ပြန်လာမှာပဲ လေ။ ဈေးနှုန်းတွေကလည်း ဒီဈေးနှုန်းတွေပဲ အဲဒါကို ဈေးနှုန်းကို ခုနတုန်းကလို အနိမ့်ဆုံးဈေးနှုန်းနဲ့ လုပ်ကြမယ်ဆိုရင် Quality မကောင်းပြီးမှ ငလျင်လှုပ်ရင်ပြန်ပြီးမှ ထိခိုက်ပျက်စီးမှုတွေ ပြန်ရှိမှာ။ ဒါပေမဲ့ အကြီးအကဲကပြောထားတာ (၈)မဂ္ဂနီကျုရှိတဲ့ အဆောက်အအုံတွေဆောက်ပါဆိုပြီးမှ ကုန်ကျစရိတ်က ပိုကြီးမှာ။ နောက်ဆုံးတော့ ဘယ်ကထွက်မှာလဲဆိုတော့ ငွေပါပဲ။ ငွေတွေက ဘဏ်တွေကပဲ ထွက်မှာ ပါပဲ။
ကျော်နု - အဲဒီတော့ Banking Sector က တော်တော်လေးတော့ ပြုလွယ်ပြောင်းလွယ်ပြင်လွယ်တဲ့ဟာ မျိုးတွေကို ဗဟိုဘဏ်က အချိန်ကာလနဲ့လိုက်လျောညီထွေစွာ လုပ်ပေးရမယ့်သဘောတော့သွား တွေ့ တာပေါ့နော်။
ဆွေးနွေးဖော်- အဓိကကတော့ အပြင်ရောက်နေတဲ့ ငွေတွေ၊ ဘဏ်ထဲပြန်ဝင်လာအောင် ယုံယုံကြည် ကြည်လေးနဲ့ဝင်လာအောင် ဖန်တီးပေးရမှာ။ ခုနတုန်းကလို အကန့်အသတ်ဖြစ်နေတဲ့၊ ယုံကြည်မှုကို ထိခိုက်စေတဲ့ ကိစ္စရပ်တွေကို ပြန်လည် သုံးသပ်စဉ်းစားပြီးတဲ့အခါကျ ရင် ဘဏ်တွေကိုယုံသွားပါပြီ။ ပြန်ဝင်လာတဲ့ငွေကို ပြန်အသုံးချမှ ကျွန်တော်တို့ ဒါကြီးကပြေလည်မှာ။ မဟုတ်ရင် ဒါကြီးက ငွေကလို နေတာလေ။ ငွေတွေဝင် လာပြီးရင်တော့ နောက်တစ်ဆင့်က ဗဟိုဘဏ်က စည်းမျဉ်းလေးတွေနဲ့ ကန့် သတ်ချက်လေးတွေရှိတဲ့ ဟာကိုပြင်ပြီးမှ တစ်ဆင့်ပြန်သွားရမယ်။ အဓိကက တော့ ဗဟိုဘဏ်ပေါ့။
ကျော်နု - လူတွေလက်ထဲကငွေတွေ ပြန်ဝင်လာဖို့ ကြတော့လည်း ဘဏ်ကိုသွားအပ်ဖို့ကျတော့လည်း ဘဏ်ရဲ့အတိုးနှုန်းပေါ့။ လက်ရှိအတိုးနှုန်းကို ဗဟို ဘဏ်ပြီးခဲ့တဲ့တလောက အတိုးနှုန်းနည်းနည်းတင် ခိုင်းလိုက်သေးတော့ တင်ထားလိုက်ကျသေးတယ်။ အတိုးနှုန်းတင်လိုက်တော့ လူတွေပြန်ဝင်လာနိုင် တယ်ပေါ့။ ပြန်ချေးမယ့်လူတွေအတွက်ကျတော့ အတိုးနှုန်းက မြင့်သွားပြန်ရောဆိုတော့ အဲဒီဟာကြီး ကလည်း ပြဿနာရှိတယ်။ ဥပမာ - ကျွန်တော်ပိုက်ဆံ လာအပ်တယ်။ ကျွန်တော်အတိုးနှုန်းရမယ်။ အတိုး နှုန်းအခုနေ လျှော့ချလိုက်ရင် အပ်တဲ့လူတွေမအပ် တော့ဘူး။ လူတွေက ဘဏ်တွေဘက်က အတိုးနှုန်း မြှင့်ပေးလိုက်ရင်လည်း လူတွေလာအပ်ချင်ရင် တောင်မှ ပြန်ချေးတဲ့အခါကျတော့ ထပ်မြင့် ရမယ်။ အဲဒီမှာလည်နေတယ်။ ဝင်ငွေပြန်ဝင်လာဖို့ လည်နေ တယ်။
ဆွေးနွေးဖော် - ဟုတ်တယ်။ အရေးကြီးပါတယ် ဒါကြီးက အပြောလွယ်သလောက်တကယ်လုပ်ရတဲ့ ဟာကြီးက လူတွေရဲ့အလေ့အထတွေပေါ်မှာ မူတည်နေတာကိုး။ အဲဒီမှာလည်း တစ်ခါတလေကျရင် ပြောကြဆိုကြရင်းနဲ့ ကျွန်တော်လည်း ကြားခဲ့တာ ရှိပါတယ်။ အတိုးလေးနဲ့ထိုင်စားနေရတဲ့ ပင်စင်စား လေးတွေပြီးတော့မှ အစိုးရက စေတနာလေးတွေနဲ့ ပင်စင်စားလေးတွေက အတိုးလေးပဲစားနေရတာ။ အဲဒီတော့ အတိုးလေးတွေမြှင့်ပေးမှ ပင်စင်စားလေး တွေကို။ ဒါပေမဲ့ ခုနကတုန်းကလို ပင်စင်စား ရလိုက်တဲ့ အတိုးနှုန်းနဲ့ ပင်စင်စားပြန်ပေးရမယ့် ဝယ်စားရမယ့် ကုန်ဈေးနှုန်းကြီးကို နှိုင်းယှဉ်လိုက် တဲ့အခါကျတော့ သူရတာထက် ပြန်ထွက်သွားမယ့်ငွေကြီးက အဆပေါင်းများစွာ သာသွားပြီ။ အဲဒီအတိုးနှုန်းလေးက ပင် စင်စား ကစဉ်းစားလိုက်တာနဲ့ ဟိုစီးပွားရေးသမားကတော့ ဘာမှ မဖြစ်ဘူးလေ။ တက်လာတဲ့အပေါ်မှာ မာဂျင်ယူပြီးမှ တက်သွားတာပဲ။ စီးပွားရေးသမားက အဆင် ပြေ တယ်။ အတိုးမြှင့်ပေးလိုက်တော့လည်း ဒီစီးပွား ရေးလုပ်ငန်းရှင်ကပဲ အကျိုးအမြတ်ရသွား တယ်။ ဈေးတက်လာတဲ့အခါကျတော့လည်း တက် လာတဲ့ ဈေးပေါ်မူတည်ပြီးမှ (+)လုပ်ပြီးတော့မှ သူက ပေါင်းလိုက်တော့ စီးပွားရေးသမားက အတိုးနှုန်းမြင့် တဲ့အခါ မထိခိုက်ဘူး။ ပြန်ထုတ်လုပ်တဲ့အခါ ပြန်ရောင်းချတဲ့ အခါကုန်ကျစရိတ်တွေရှိတယ်။ ပေါင်းတာပဲ။ ကျွန် တော်တို့မှာ ထပ်ပေါင်းပေးစ ရာဘာမှမရှိဘူး။ ပင်စင်စားက မူရင်းအမောင့်ရှိမယ်။ နောက်ထပ်တိုးလာမယ့်ရမယ့်အတိုးလေးနဲ့ ပြန်ဝယ် စားရမယ့်ဟာကြီးက မချိမဆံ့ပဲ။ အဲဒီတော့ တိုးပေး တာသည်ကောင်းပါတယ်။ သို့သော် နောက်ဆက်တွဲ ကိုကျော်နုပြောတဲ့ဟာလေးတွေက ကျွန်တော်တို့က ခံစားနေကြရတာ။ အတိုးနှုန်းကို ဟိုတစ်နေ့က ဗီ ယက်နမ်ရဲ့မူဝါဒကို ပြောပြတဲ့အခါကျတော့ အတိုး နှုန်းလျှော့ချပြီးမှ ဈေးနှုန်းတည်ငြိမ်အောင်ထိန်းတာ သူတို့က။ ကျွန်တော်တို့ကကျတော့ အတိုးနှုန်းကို မြှင့်ထားတာ။ အတိုးနှုန်းမြှင့်ထားပြီးတဲ့အခါကျတော့ ဈေးနှုန်းက ပိုပြီးမြင့်တာပေါ့။ သူတို့ကဘယ်ဘဏ်က ချေးငွေ အတိုးနှုန်းနည်းသလဲ နည်းတဲ့ဘဏ်ကို သူတို့ ငွေထည့်ပေးမယ်။ ငွေချေးပေးမယ်။ ငွေချေးပေးလိုက် တဲ့အခါကျမှအတိုးနှုန်းနည်းတဲ့ဘဏ်ကို ငွေထည့်ပေး လိုက်တဲ့အခါမှ သူက ပြည်သူကို အတိုးနှုန်းနည်းနည်း နဲ့ပေးလို့ရမှာလေ သူက အဲဒီဟာ လေးနဲ့ ဗီယက်နမ်ကျ တော့ လေသွားတာ။ အဲဒါလေးတွေက လေ့လာသင့် တဲ့ဟာလေးတွေ၊ ကျွန်တော် တို့ရဲ့အတိုးနှုန်းမူဝါဒကို ပြန်သုံးသပ်သင့်တယ်။ ခုနက ငွေတွေပြန်လည် ဝင်ရောက်အောင်လုပ်တဲ့ အခါ မှာလည်း နည်းလမ်း ပေါင်းစုံတော့ စဉ်းစားရမှာပေါ့။ ကန့်သတ်ချက် ဘယ်နေရာရှိလဲဆိုတာ အဖြေရှာရ မယ်။ ဘာကြောင့်မို့ ငွေ မဝင်တာလဲ။ ယုံကြည်မှု အိုကေယုံကြည်မှု ဘယ် လိုတည် ဆောက်မလဲ။ ယုံကြည်မှုတည်ဆောက်ရင် ငွေလာဖို့ ဘာကန့်သတ်ချက်ရှိလဲ။ ငါတို့ဖြည်မလား ဘယ်လိုဖြည်မလဲ။ ဝိုင်းဝန်းပြီးမှ စဉ်းစားသွားကြမယ်။ ငလျင်ကို ပေးကြမယ့်လူတွေကဘယ်ပုံဘယ်နည်း နဲ့ ပေးကြမလဲ။ အစိုးရလည်းပါ၊ ဗဟိုဘဏ်လည်းပါ ပုဂ္ဂလိကဘဏ်တွေလည်းပါမယ်။ ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းတွေလည်းပါကြမယ်။ အသင်းအဖွဲ့ တွေနဲ့အားလုံးဝိုင်းဝန်းပြီး ဆွေးနွေးပြီးမှ အဖြေရှာ ကြမယ် ဆိုရင်တော့ ဘဏ်လည်းမထိခိုက်ဘူးပေါ့။
ကျော်နု - ဘဏ်တစ်ခု စပြီးထူထောင်မယ်ဆိုရင် ဘဏ်ထူထောင်မယ့်လုပ်ငန်းရှင်တွေက သူရဲ့ မဖြစ်မ နေထားရမယ့် Capital Amount ကန့်သတ်ထားတာ၊ သတ်မှတ်ထားတာရှိလား။
ဆွေးနွေးဖော် - ရှိတယ်။
ကျော်နု -ဘယ်လိုမျိုးလဲ။
ဆွေးနွေးဖော် - Capital (၂၂) ဘီလျံပေါ့။ ငွေ ဖြူဖြစ်ရမယ်။ သူရဲ့ Shareholder အားလုံးက အနည်းဆုံး (၂၂) ဘီလျံရှိရမယ်။
ကျော်နု - အဲဒါကို ဘယ်မှာထားရမလဲ။
ဆွေးနွေးဖော် - ဗဟိုဘဏ်မှာမထားရဘူး။ (၂၂)ဘီလျံကတော့ ဘယ်ကငွေဖြူ ရလမ်းတွေ စစ်သေး တာပေါလေ့။
ကျော်နု - အဲဒါကို ပုံပြီးတော့မှ ဘဏ်လျှောက်ရတယ်။
ဆွေးနွေးဖော် - အဲဒါက စိစစ်ဦးမှာ FIU နဲ့ ပြည်တွင်းခွန်နဲ့က စစ်ပြီးတဲ့အခါကျမှ အိုကေပြီဆိုမှ ကျန်တဲ့ Process Procedure တွေ ပြန်ဆက်သွား ရမှာပေါ့။ ဒါပေမဲ့ ဘဏ်တစ်ဘဏ်ထောင်ဖို့ဆိုတာကတော့ နိုင်ငံတော်ရဲ့ မူဝါဒပါ။ အစိုးရအဖွဲ့ရဲ့ မူဝါဒ ဆိုတော့ (၂၀၁၀)ပြည့်နှစ်က ဘဏ်လေးဘဏ်သွားခဲ့ တာ လေ။ အဲဒါ Policy ပဲပေါ့။ အခုကတော့ (၂၇)ဘဏ်ကြီးကတော့ များနေပြီဆိုတော့ တစ်ခုတော့ စဉ်းစား နေကြတာပေါ့။ Policy တွေ ဥက္ကဋ္ဌတို့ကတော့ လုပ်နေကြပါတယ်။ တပ်ချုပ်ကြီးဆီလည်း တင်ထား တယ်တို့ ကြားရပါတယ်။
ကျော်နု - သေးတဲ့ဘဏ်တွေ ပေါင်းသွားအောင်လို့ပေါ့။
ဆွေးနွေးဖော် - သေးတဲ့ဘဏ်တွေကလည်း ဘာမှလည်းမဖြစ်ဘဲနဲ့ ယူထားကြတဲ့ဟာတွေလေ။ သူ့ခေတ် သူ့ကာလက ယူထားကြတဲ့ဟာတွေလေ။ ယူထားကြတော့ အလုပ်ဖြစ်လားဆိုတော့ အလုပ်မဖြစ်ဘူး နာမည်ကြီးတွေခေါင်းစဉ်ကြီးတွေက။ ဥပမာ တောင် သူလယ်သမားဖွံ့ဖြိုးရေးဘဏ်၊ ခရီးသွား ဖွံ့ဖြိုးရေး ဘဏ်၊ ဆောက်လုပ်ရေးဘဏ် ၊ မွေးမြူရေးဘဏ် အဲဒီလို Sector လိုက်တွေ တကယ် Sector လိုက်တွေ သွားကြည့် အဲဒီ Sector ဖွံ့ဖြိုးရေး မလုပ်ဘူး။
ကျော်နု - ကျွန်တော်နားလည်တာက လိုမှမလိုတာ။သူများနိုင်ငံမှာ အဲဒီလို ဘဏ်တွေမရှိပါဘူး၊ အဲဒီလို ကဏ္ဍအလိုက်လျှောက်ဖွင့်ကြေးဆိုရင်တော့ မိခင်များ ကလေးမွေးရေးဘဏ်လာမှာ ။ ကလေးမွေးရန် ဆောင် ရွက်ရန်ဘဏ်ဆိုပြီး ပေါ်လာရင်ဘယ်လိုလုပ်မလဲ။
ဆွေးနွေးဖော် - အမှန်တော့ ရည်ရွယ်ချက်ကောင်း တယ်။ တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ် အိုကေ တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်တွေက ဒေသ Regional ဘဏ်တွေ၊ ဥပမာ တောင်သူလယ်သမား ဆိုရင် ဆန်စပါးအဓိကစိုက်ပျိုးတဲ့ ဧရာဝတီတိုင်းမှာ ရုံးချုပ်ရှိရမယ်။ မန္တလေးမှာ တောင်သူလယ်သမားဖွံ့ ဖြိုးရေးဘဏ်ထောင် မန္တလေးမှာ ဖွံ့ဖြိုးရေးဘဏ်ရှိရမယ်။ ဒါပေမဲ့ အဲဒီရုံးချုပ်တွေက ဘယ်မှာရှိလဲ ရန်ကုန်မှာ ။ ထုတ်ပြန်လိုက်တဲ့စည်းမျဉ်းနဲ့ လက်တွေ့လုပ်နေရတာတွေက လုံးဝမကိုက်ဘူး A Bank ဆိုရင် ပထမမူလက လိုင်စင်ယူတုန်းကတော့ ပုသိမ်မှာ ပဲလေ။ အခုမရှိဘူး။
ကျော်နု - သူက လိုင်စင်ချည်းယူသွားတာလား။
ဆွေးနွေးဖော် - ဟုတ်တယ်။
ကျော်နု - တောင်သူလယ်သမားဖွံ့ဖြိုးရေးအတွက်ပဲ ရည်ရွယ်ပြီးဖွင့်တယ်လို့ နားလည်တာလေ။
ဆွေးနွေးဖော် - ရည်ရွယ်ချက်အတိုင်းလုပ်ရင် အောင်မြင်တာပေါ့။
ကျော်နု - အဲဒီကနေမှ တဖြည်းဖြည်းချင်းပြောင်း သွားတာပေါ့။ တစ်နိုင်ငံလုံးသွားတဲ့ပုံပဲကြည့်ရတာ အရင်တုန်းက အကန့်အသတ်လေးတွေနဲ့ဖွင့်ကြတာလေ။ သူ့ဒေသကိုပဲသူက လုပ်ငန်းလည်ပတ်ခွင့်ရှိ တယ်။ သူတစ်နိုင်ငံလုံးလည်ပတ်ခွင့်ရသွားတယ်ဆိုတော့ တစ်နိုင်ငံလုံးလိုင်စင်သူရသွားတဲ့သဘောပေါ့။
ဆွေးနွေးဖော် - အဲဒီလိုမျိုးဖြစ်သွားတာလေ။ အမှန်က Regional ဘဏ်က ဧရာဝတီတိုင်းရဲ့ Regional ဘဏ်ဖွင့်မယ်ဆိုရင် ဧရာဝတီတိုင်းထဲမှာပဲ ဖွင့်ရမှာ။ ဂျပန်ရဲ့မူဝါဒဆိုရင် သူရဲ့ပြည်နယ် ဆိုပြည်နယ်ထဲပဲ သူက ပြည်မတွေတစ်နိုင်ငံလုံး လိုက်ဖွင့်လို့မရဘူး။ Limited ပဲ မန္တလေးတိုင်းမှာ ရှိတဲ့ဟာကို ဖွံ့ဖြိုးရေး အတွက်လုပ်မယ်ဆိုရင် မန္တလေးဖွံ့ဖြိုးရေးအတွက်ပဲ လုပ်ရမှာ။ မန္တလေးတိုင်း တစ်တိုင်းလုံးမှာ သူဘဏ် တွေလိုက်ဖွင့် ကြိုက်တဲ့ နေရာလိုက်ဖွင့် ကြိုက်သလောက်ဖွင့် လုပ်ငန်ချင်းလုပ်တာ ဒီဘဏ်လေးနဲ့ပဲ လုပ်လို့ရတာလေ။ လာဖွင့် စရာမလိုဘူး။ ဘဏ်ဖွင့်စရာမလိုဘူး.။ ပြည်မကြီးက Federal လို့ပဲပြော မလား။ ပြည်မကြီးပဲ လိုက်ပြီးဖွင့် နေ၊ သူပြည်နယ်နဲ့တိုင်းတွေကရှိတဲ့ သူ့ဟာသူဖွင့် သွားလိုက်ရုံဘဲ ဒါဆိုရင် Regional ဖွံ့ဖြိုးတာပေါ့။ ကချင်ပြည်နယ်ဆိုရင် ကချင်ပြည်နယ်က Public ကုမ္ပဏီကြီး ထောင် ပြီးမှ Public ဘဏ်ကြီးလုပ်တယ်လေ။ ပြည်သူတွေရဲ့ ငွေနဲ့ပဲ။ ဒါဆိုရင် ခုနကလို ဘဏ်ဒုက္ခရောက် အောင်လုပ်တော့ တစ်ခုခုဖြစ်တဲ့ ဟေ့ဆို ငွေတွေပြေးထုတ်မှာမဟုတ်တော့ဘူး။ ကိုယ်ရဲ့ ရှယ်ယာပါတာ လေ။ ပြည်သူတွေရဲ့ ရှယ်ယာ ပါတာ ငါတို့ပိုင်တဲ့ဘဏ်ကြီးပဲ ဘာမှမဖြစ်ဘူးဆို အား လုံးသိသွားမှာ။ တကယ်ကို ပြည်နယ်မှာရှိတဲ့ ကချင်ပြည်နယ်မှာရှိတဲ့ လုပ်ငန်းရှင်ကြီးတွေ ဒီလုပ်ငန်းရှင် ကြီးတွေနဲ့ စကားတွေဆိုရင် ပြည်သူတွေက ယုံသွား ဒီသူဌေးငါတို့လည်း ရှယ်ယာပါတယ်။ ဝန်ထမ်းတွေလည်း ရှယ်ယာပါတယ်။ အားလုံး တစ်စောင်တစ် သောင်းနှုန်းရှိနေရမယ်။ လူတိုင်း အဲဒီပြည်နယ် မှာရှိတဲ့ ပြည်နယ်သူပြည်နယ်သားတွေ တိုင်းဒေသ ကြီးမှာရှိတဲ့ ပြည်သူတွေအားလုံးက ဒီဘဏ်မှာ ရှယ်ယာရှင် တွေဖြစ်ပြီဆိုရင်တော့ ဘာမှမယုံစရာ မရှိပါဘူး။ နောက်ပြီး သူတို့ရဲ့ Finical Statement လည်း ထုတ်ပြန်ရမယ်။ အဓိကသူတို့ဘာတွေလုပ် ထားတာလဲ ဘာတွေလက်ခံထားပြီ. ဘာတွေချေးထား တာလဲ။ ဘယ်လုပ်ငန်းတွေချေးထားလဲ။ အမြတ်တွေ ဘယ်လောက်ရှိလဲဆိုတာ ဒီ Transparency ရှိရှိ ထုတ်ရမယ်။ အဲဒီဟာတွေကလည်း မထုတ်ပြန်တဲ့ဘဏ်တွေကလည်း ခပ်များများပဲ။ ထုတ်ပြန်တဲ့ဘဏ် တွေကလည်း လက်ချိုးရေလို့ရတယ်။ အဓိက ရည် ရွယ်ချက်ကတော့ အဲဒီလိုမျိုးလုပ်လိုက်တယ်ဆိုရင် အားလုံးတည်ငြိမ်သွားမှာပေါ့။ အခုဟာက ဘဏ်များ ပြီးမှ ပွဲမစည်သေးဘူး (၂၇)ဘဏ်ဆိုတာလေ။
ကျော်နု- ဘဏ်က Capital က (၂၂)ဘီလျံထည့်ရမယ်။ ပြီးရင် သူက အဲဒီပိုက်ဆံတွေကို လူတွေလာ အပ်တာနဲ့ ပြန်ပေါင်း ၊ ပေါင်းပြီးမှ ပြန်ချေး၊ ပြန်ချေးတဲ့အခါမှာ နောက်ဆုံးမဖြစ်မနေ Reserve ကို ချန်ထားရတာက ဘယ်လောက်ဖြစ်မလဲ။
ဆွေးနွေးဖော် - (၂၅)%လောက်ရှိတာပေါ့လေ။ Liquidity က (၂၀)% ။
ကျော်နု - ကိုယ်ရဲ့ Capital ရဲ့ (၂၅)%လား ။ ရှိသမျှ Deposit ရဲ့ (၂၅) % လား ။
ဆွေးနွေးဖော် - ရှိသမျှ Deposit ။ Capital ကလည်း(၂၂)ဘီလျံပြောတာ လိုအပ်တဲ့အဆောက် အအုံတွေ ဝယ်ရဦးမှာလေ ဘဏ်တွေ ရုံးဖွင့်ဖို့အတွက် (၂၂)ဘီလျံက တကယ် (၂၂)ဘီလျံမကျန်တော့ဘူး။ ဒါကစည်း မျည်းအရဆိုရင် ညွှန်ကြားချက်အရဆိုရင် Capital ရဲ့ (၅၀)%က Freeze ဖြစ်ရမယ်ဆိုတော့ ဘဏ် အ ဆောက်အအုံတွေဝယ်မယ်ဆိုရင် (၂၀)ထဲက (၁၀)ဘီလျံလောက်ပဲ ဝယ်ရမယ်။ ကျန်တဲ့ (၁၀)ဘီလျံ လောက်ကကိုင်ထားရမယ်။ Free ဖြစ်နေရမယ်။ မဟုတ်ရင် သူအားလုံးဝယ်လိုက် မှာလေ။ ဒီအဆောက် အအုံ သူပိုင်တဲ့ပစ္စည်းကိုတော့ ငါဝယ်ပါတယ်ဆိုပြီးတော့ (၂၂)ဘီလျံထည့်ပြီး (၂၂)ဘီလျံပြန်ယူသွားမှာ လေ။ သူပိုင်တဲ့ Assessment ကြီးကို အဝယ်ပြသွားမှာလေ။ (၁၀)ဘီလျံကလည်း တကယ်တန်တာလား မတန်တာလား မသိဘူး။ (၅)ဘီလျံလောက်တန်တာကို (၁၀)ဘီလျံအဆောက် အအုံဝယ်ပါတယ်ဆိုပြီး ယူသွားမှာလေ။ အဲဒီတော့ သူရဲ့စည်မျဉ်းကတော့ (၂၀)% Capital က Freezeဖြစ်ရမယ်။
ကျော်နု - တကယ်ဆိုရင် (၂၀)ဘီလျံက ငွေသားချည်းပဲ (၂၀)ဘီလျံဖြစ်ပြီးတော့ သူအဆောက်အအုံ ဝယ်တာကသတ်သတ် Investment ဖြစ်သင့်တာ မဟုတ်ဘူးလား။
ဆွေးနွေးဖော် - မဟုတ်ဘူး။ အဲဒါကြီးဆိုရင် Deposit နဲ့ အဆောက်အအုံတွေ လိုက်ဝယ်တာဖြစ်သွားပြီ။ သူပိုင်ငွေနဲ့အဆောက်အအုံဝယ်တာ မဟုတ်တော့ဘူး။ အများပြည်သူက လာအပ် ထားတဲ့ငွေတွေနဲ့ လိုက် ဝယ်ထားတဲ့ဟာတွေ ဖြစ်သွား မယ်။
ကျော်နု - အဲဒါဆိုရင် မြန်မာနိုင်ငံမှာ KBZ က ဘဏ်ခွဲအများဆုံး ဖြစ်တယ်လေ။ အဲဒါတွေ အကုန်လုံးက သူလိုက်ပြီး မြေတွေဝယ်ထားသလို အဆောက်အအုံဝယ်ထားသလို ဖြစ်နေမှာပေါ့။
ဆွေးနွေးဖော် - တချို့ဟာတွေကျတော့လည်း Shareholder ပိုင်တဲ့ဟာတွေနဲ့ ပြန်ပြီးငှားတဲ့ဟာတွေရှိ တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဝယ်လိုက်ပြီဆိုရင် ခုနကပြောသလို Capital Ratio က ကျသွားပြီ အဲဒီ တော့ အငှားနဲ့သွားရတာ။ နှစ်ရှည်အငှားနဲ့ သွားကြရတာ။ အဲဒီလိုလေးတွေရှိပါတယ်။
ကျော်နု - ဝယ်လိုက်တာက ပိုပြီးတော့ကိုက်တာ မဟုတ်ဘူးလား။
ဆွေးနွေးဖော် - အဲဒါကျတော့ Ratio ကျတော့ သွားပြီးမှ စကားပြောတာပေါ့။ စည်းမျဉ်းစည်းကမ်း လိုက်နာရတာကို။
ကျော်နု - ဘယ်လိုမျိုးလဲ Ratio က။
ဆွေးနွေးဖော် - ခုနကပြောသလို (၅၀)ရာခိုင်နှုန်း ရှိရမယ်ဆိုတဲ့ဟာ ခုနက Capital က ဘီလျံ (၂၀)ထည့် ထားတယ်ဆိုရင် (၁၀)က Freeze ဖြစ်နေရမယ်။ အဲဒီကျန်တဲ့ (၁၀)ကတော့ ကားတွေ ဝယ်မယ်။ အဆောက်အအုံတွေ ဝယ်မယ်။ ရုံးသုံးပစ္စည်းတွေဝယ် မယ်။ ကွန်ပျူတာတွေဝယ်မယ်။ ဆိုရင် (၁၀)ဘီလျံ ရှိသွားတယ်။ ကျန်တဲ့ (၁၀)ဘီလျံ ၤမနနဖန ရတယ်။ အဲဒီတော့ (၅၀)ရာခိုင်နှုန်း Freeze ဖြစ်နေရမယ်။ အားလုံးကြီးကို (၂၀)ဘီလျံကြီးထည့်ပြီး မှ (၂၀)ဘီလျံကြီးကို Assessment ကြီးဝယ်လိုက်လို့မရဘူးလေ။ Freeze အနေနဲ့ ထားရမယ်ဆိုတဲ့ဟာရှိတယ်။
ကျော်နု - အကယ်၍ ကျွန်တော်မှာ (၂၀)ဘီလျံ မဟုတ်ဘူး။ (၁၀ဝ)ဘီလျံလောက်ရှိတယ် (၁၀ဝ)ဘီလျံလောက် ထည့်လို့ရလား။
ဆွေးနွေးဖော် - ထည့်လို့ရတယ်လေ။ အနည်းဆုံး minimum (၂၀)ပဲပြောတာ အဲဒီထက်များလို့ရတယ်။
ကျော်နု - အဲဒီတော့ ထားပါ။ (၁၀ဝ)ဘီလျံရှိတယ်။ (၁၀ဝ)ဘီလျံမှာ (၅၀)ဘီလျံကို အဆောက်အအုံလိုက် ဝယ်မယ် မြေတွေလိုက်ဝယ်မယ် ဘဏ်ဖွင့်ဖို့ လိုက် ဝယ်ပြီ ရလား။
ဆွေးနွေးဖော် -ရတယ်။
ကျော်နု - ကိုယ်ပိုင်တာ တစ်ဝက်လောက်ကို ကိုယ် ဝယ်တာရတယ်။
ဆွေးနွေးဖော် - ဟုတ်တယ်။ အဲဒီလောက်ကို Capital က Freeze ဖြစ်တာကိုး။
ကျော်နု - ဘဏ်အကြောင်းက စိတ်ဝင်စားဖို့ကောင်းသွားပြီ။ နောက်ရက်များမှာ သီးခြားဆွေးနွေးကြတာ ပေါ့။ ကျေးဇူးပါခင်ဗျာ။

Zawgyi Version:
“ အရင္ ဘီလ်ံ (၁၀ဝ)ကုန္ထားတဲ့ အေဆာက္အအုံက အခုေဆာက္ရင္ ဘီလ်ံ (၅၀ဝ)ေလာက္ ကုန္ႏိုင္တယ္”
ငလ်င္ထူေထာင္ေရးနဲ႔ ျပည္တြင္းဘဏ္မ်ား၏ အခန္းက႑ (၄)
ငလ်င္အၿပီး ေဆာက္လုပ္ေရးက႑ႏွင့္ပတ္သက္ၿပီး ဘဏ္လုပ္ငန္းအပိုင္းမွလုပ္ေဆာင္ႏိုင္မည့္ အခ်က္မ်ားကို ဘဏ္လုပ္ငန္းကြၽမ္းက်င္သူတစ္ဦးႏွင့္ေဆြးေႏြးထားျခင္းကို အပိုင္း(၄)ပိုင္းျဖင့္ ေဖာ္ျပေပး သြားပါမည္။
ေစာ (NP News)
ေက်ာ္ႏု - Pay System ေပါ့။ သူမ်ားႏိုင္ငံေတြမွာက Cashless နဲ႔ Industryကို သြားေနၾကၿပီ။ အရင္တုန္းက ကတ္ေတြနဲ႔သြားတာ။ ေနာက္ေတာ့ QR ေတြနဲ႔သြားေနၿပီ။ Mobile Money ေတြနဲ႔ သြားေန ၾကၿပီ။ ကြၽန္ေတာ္တို႔ႏိုင္ငံေတြလည္း ဗဟိုဘဏ္ကလုပ္ ေတာ့လုပ္ေနၿပီ လူေတြသိပ္ၿပီးေတာ့သုံးတာနည္း တယ္။ ကြၽန္ေတာ္တို႔ ဘယ္လိုပုံစံမ်ိဳးနဲ႔သြားသင့္လဲ။ လူေတြအသုံးမ်ားလာတယ္။ လူေတြက Cashless ရဲ႕ Industry ကို ဘယ္လိုသြားသင့္လဲ။
ေဆြးေႏြးေဖာ္ - အတိုင္းအတာတစ္ခုထိေတာ့ ေရာက္လာပါၿပီ။ QR ေတြ ေပၚေပါက္လာေတာ့ အဲဒီဟာ ေလးက အခုထက္ကိုပိုၿပီးမွ ေခ်ာေခ်ာေမြ႕ေမြ႕ေလးနဲ႔ဘဏ္အေရအတြက္ေတြမ်ားသြားမယ္ဆိုရင္ေတာ့ Payment ေတာ္ေတာ္ေလးကို အဆင္ေခ်ာသြားမယ္။ ဒီေငြသားသုံးစြဲမႈေတြလည္းေလ်ာ့က်သြားမယ္။ အဲဒါေတာ့ေျပာရဲတယ္။ ဒါေတြက အရမ္းေကာင္းတယ္။ သို႔ေသာ္ ျပည္သူေတြက ဒါေလးေတြေတာ့ နည္း နည္းလိုေသးတယ္။ ထူးျခားခ်က္တစ္ခုက Kpay ကေတာ့ ထူးျခားခ်က္တစ္ခုရွိတယ္။ ေနရာတိုင္း၊ ၿမိဳ႕ တိုင္း၊ ႐ြာတိုင္းနီးပါးကို Kpay ကရတယ္။ အဲဒီဟာေလးကေတာ့ ထူးျခားခ်က္ရွိတယ္။ သူကေတာ့ ေတာ္ ေတာ္ေလးကို Payment အတြက္ကို က႑တစ္ခုအတြက္ကို သြားေပးေနတာပဲ။ သို႔ေသာ္ သူတစ္ ေယာက္တည္းေတာ့ သြားလို႔မရဘူးေပါ့။ က်န္တဲ့ဘဏ္ေတြရဲ႕ Pay ေတြကလည္း QR နဲ႔ ေပၚေပါက္လာ မွာေလ။ အခုကဘဏ္ကို မေ႐ြးေတာ့ မရဘူး။ KPay ရယ္လို႔မေ႐ြးေတာ့ဘူး။၊ MM QR ေတြသာ တစ္ႏိုင္ငံ လုံးေရာက္သြားတယ္ဆိုရင္ ခုနကေပးစရာရွိတဲ့ဟာေတြကို ေပးသြားႏိုင္တယ္ဆိုရင္ေတာ့ အဆင္ေျပသြား လိမ့္မယ္။ Cash နဲ႔ဆို ဆိုင္ဆီေရာက္သြားလိမ့္မယ္။ အိမ္နီးခ်င္း ထိုင္း တို႔က်ေတာ့ အဆင္ေျပတယ္။ လမ္းေဘးေဈးသည္ ေလးေတြကအစ ဆိုင္ကယ္ကယ္ရီေလးေတြကအစ QR ေလးေတြနဲ႔ပဲ ေငြေပးမယ္ဆို ရင္ QR ေလး ျပလိုက္။ မင္း QR ေလးေပးပါဦးဆိုရင္ ဒီကေန အိုေကေပးလိုက္တဲ့ဟာေလးေတြ အဲဒီတစ္ ရက္ေတာ့ ေရာက္လာမွာပါ။ အခုလည္း ဗဟိုဘဏ္လည္း လုပ္ေနတဲ့ဟာေလ။ နယ္စပ္ျဖတ္ေက်ာ္ၿပီးမွ ေပးလို႔ရတဲ့ ဟာေလးေတြ ျမန္မာျပည္ရဲ႕ Pay QR နဲ႔ ထိုင္းဘက္ က QR နဲ႔ကို လင့္ လုပ္လို႔ရသြားတယ္ ဆိုရင္ ထိုင္းဘတ္လည္းဝယ္သြားစရာမလိုေတာ့ဘူး။ ျမန္မာ ေငြလည္းယူသြားစရာမလိုေတာ့ဘူး။ ဒီ အတိုင္း ေပးလိုက္႐ုံပဲ။ ထိုင္းလမ္းေဘးေဈးသည္ကို ဒီ Pay ေပါင္းစုံရဲ႕ဟာေလးေတြ Wallet ေလးနဲ႔ ေပး လိုက္တာဆို အဆင္ေျပသြားမွာ။ ျပည္တြင္းမွာေတာ့ ပိုအဆင္ေျပဖို႔လိုတာေပါ့။ ျပည္ပကို ဒုတိယ ထား ပါဦး။ ျမန္ျမန္လုပ္မွရမယ္။ ကြၽန္ေတာ္တို႔ရဲ႕ Economy ႀကီးကလည္း ႀကီးလာၿပီ။ အရင္တုန္းကလို ေသးေသးေကြးေကြး မဟုတ္ေတာ့ဘူး၊ GDP ႀကီးနဲ႔ႏႈိင္း ယွဥ္ရင္ေတာ့ ၁၀ဝ % နီးပါးေလာက္ေတာ့ ျဖစ္ လာလိမ့္မယ္ထင္တယ္။
ေက်ာ္ႏု - ကြၽန္ေတာ္တို႔ဘဏ္ေခ်းေငြကိစၥကို ျပန္သြားၾကည့္ရရင္ ေဆာက္လုပ္ေရးေလာကသားေတြ ဘဏ္ေတြကို အခုဒီငလ်င္အတြက္ဆိုၿပီးေတာ့ ဘဏ္ေတြကိုေခ်းဖို႔ အခုကတည္းကစၿပီးျပင္ေနၿပီလား ဘဏ္ေတြနဲ႔ Deal လုပ္ေနၾကၿပီလား။ ေဆြးေႏြးေနၿပီလား။
ေဆြးေႏြးေဖာ္ - အဲဒီလိုမ်ိဳး သီးျခားေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းရွင္နဲ႔ေဆြးေႏြးတာတို႔ေတာ့မရွိဘူး။ bilateral ကေတာ့ ရွိမွာေပါ့။ အသင္းႀကီးက ဘဏ္ေတြနဲ႔လိုက္ေဆြးေႏြးတာတို႔ကေတာ့ ကြၽန္ေတာ္ေတာ့ မၾကားေသးဘူးေလ။ ေဆာက္လုပ္ေရးမွာဆိုရင္လည္း အဲဒီတုန္းက ေဒတာအရဆိုရင္ ဘဏ္ေတြက ေဆာက္လုပ္ေရးက႑ကို ထုတ္ေခ်းထားတဲ့ဟာေလးေတြ နည္းနည္းေျပာခ်င္ေသးတယ္။ ေဆာက္လုပ္ ေရးကို Construction ကို ဘယ္ေလာက္ေခ်းထားလဲဆိုရင္ ပုဂၢလိကဘဏ္ေတြအားလုံးက (၄ ဒသမ ၄၅)% ေလာက္ပဲ ေခ်းထားတာ Construction Real Estate လုပ္တဲ့ ကုမၸဏီေတြကို အဲဒါနဲ႔တစ္ဆင့္ ေနာက္မွ ျပည္သူေတြက တစ္ခန္းသီးသန႔္ဝယ္ၾကရတာကို ကြန္ဒိုႀကီးတစ္ခုေဆာက္ဖို႔ဆိုရင္ လုပ္ငန္းရွင္။ စီးပြားေရးလုပ္ငန္းရွင္ Commercial နည္းတာေပါ့။ ေျပာရမယ္ဆိုရင္ (၅)% ေတာင္မွ မရွိေသးဘူး။ အခုဒီငလ်င္ေတြအတြက္ လုပ္မယ္ဆိုရင္လည္း အဲဒီလုပ္ငန္းရွင္ေတြကို အရင္ဆုံးေခ်းေပးရမယ္။ လုပ္ငန္းရွင္ေတြကို အရင္ဆုံးေခ်းေပးလိုက္မွ အခန္းျဖစ္လာမယ္။ အခန္းျဖစ္လာၿပီးတဲ့ဟာကို ဝယ္ၾကဖို႔ အတြက္က ျပန္ေပးရဦးမွာ လက္လီ ျပည္သူတစ္ဦးခ်င္းစီကို အဲဒီဟာေရာင္းလို႔ထြက္လာတဲ့ေငြကိုမွ သူတို႔ က ျပန္ေခ်းထားတဲ့ေငြကို ျပန္ဆပ္ တာ။ ပထမအဆင့္က လုပ္ငန္းရွင္ကို ေပးရဦးမွာ။ အိမ္ျဖစ္လာမွ ျပည္သူကိုျပန္ေပး ျပည္သူေပးတဲ့အခါက်မွ ျပန္ဆပ္မွ ခုနကေဆာက္လုပ္ေရးလုပ္ငန္း ရွင္ေခ်းလိုက္တဲ့ ေငြက ျပန္ရမွာ။
ေက်ာ္ႏု - သူတို႔ရဲ႕ အေပါင္ပစၥည္းက ဘာတင္ရလဲ။
ေဆြးေႏြးေဖာ္ - အေပါင္ေတြက ပေရာဂ်က္ Only ေပါ့။ လုပ္ငန္းရွင္ေတြကလည္း ေတာ္ေတာ္မ်ားမ်ားက Collateral မရွိေတာ့ဘူးေလ။ လုပ္ငန္းေတြလည္ပတ္ေနတာကေတာ့ ဘဏ္ေတြမွာ သူတို႔ရဲ႕ Collateral က ေရာက္ေနၿပီးၿပီ။ ဒီပေရာဂ်က္မွာရွိတဲ့ေျမဆို လည္းေျမေပါ့။ ေျမမဟုတ္လည္း သူတို႔ရဲ႕ေဆာက္လုပ္ ေရးယႏၲရားပစၥည္းေတြေပါ့။ အဲဒီလိုဟာမ်ိဳးေတြကို Collateral နဲ႔ သြားရမွာေပါ့။ အဲဒီလိုပဲသြားရမွာ။
ေက်ာ္ႏု - ငလ်င္နဲ႔ျပန္ၿပီးတည္ေဆာက္ရမယ့္ကိစၥေတြက ဘဏ္ေတြနဲ႔ လုပ္ငန္းရွင္ေတြနဲ႔ အစိုးရေတြနဲ႔ သုံးပြင့္ဆိုင္ဖို႔ လိုေနတဲ့သေဘာ ျဖစ္ေနတာေပါ့။
ေဆြးေႏြးေဖာ္ - အရင္တုန္းက ဥပမာ-ဘီလ်ံ တစ္ရာေလာက္ ကုန္က်မယ့္အေဆာက္အအုံက ဘီလ်ံငါးရာ ေလာက္ကုန္က်ႏိုင္တယ္။ အဲဒီေလာက္ထိကို ျဖစ္ သြားတာကို အလုပ္သမားခေတြေရာ ငါးဆေလာက္ တက္သြားတာ။ တစ္ရက္တစ္ေသာင္းေလာက္ အလုပ္သမားခေပးရတဲ့ဟာက ေလးေသာင္း၊ ငါးေသာင္း ေလာက္ပိုေပးေနရတယ္။ သူတို႔ကလည္း အားကိုမအားေတာ့ဘူး။ Demand ေတြ အရမ္းမ်ားတာကိုး။ ဒါကအစိုးရက႑ကို ေဆာက္ဖို႔ဟာေတြက က်န္ေသးတယ္။ ပုဂၢလိကကိုပဲ စဥ္းစားတာရွိေသး တယ္။ အစိုးရက အစိုးရဖို႔ သူဟာသူသြားမယ့္ဟာေတြ အစိုးရလည္းလုပ္ရင္လည္း ဒီဟာေတြပဲ ျပန္လာမွာပဲ ေလ။ ေဈးႏႈန္းေတြကလည္း ဒီေဈးႏႈန္းေတြပဲ အဲဒါကို ေဈးႏႈန္းကို ခုနတုန္းကလို အနိမ့္ဆုံးေဈးႏႈန္းနဲ႔ လုပ္ၾကမယ္ဆိုရင္ Quality မေကာင္းၿပီးမွ ငလ်င္လႈပ္ရင္ျပန္ၿပီးမွ ထိခိုက္ပ်က္စီးမႈေတြ ျပန္ရွိမွာ။ ဒါေပမဲ့ အႀကီးအကဲကေျပာထားတာ (၈)မဂၢနီက်ဳရွိတဲ့ အေဆာက္အအုံေတြေဆာက္ပါဆိုၿပီးမွ ကုန္က်စရိတ္က ပိုႀကီးမွာ။ ေနာက္ဆုံးေတာ့ ဘယ္ကထြက္မွာလဲဆိုေတာ့ ေငြပါပဲ။ ေငြေတြက ဘဏ္ေတြကပဲ ထြက္မွာ ပါပဲ။
ေက်ာ္ႏု - အဲဒီေတာ့ Banking Sector က ေတာ္ေတာ္ေလးေတာ့ ျပဳလြယ္ေျပာင္းလြယ္ျပင္လြယ္တဲ့ဟာ မ်ိဳးေတြကို ဗဟိုဘဏ္က အခ်ိန္ကာလနဲ႔လိုက္ေလ်ာညီေထြစြာ လုပ္ေပးရမယ့္သေဘာေတာ့သြား ေတြ႕ တာေပါ့ေနာ္။
ေဆြးေႏြးေဖာ္- အဓိကကေတာ့ အျပင္ေရာက္ေနတဲ့ ေငြေတြ၊ ဘဏ္ထဲျပန္ဝင္လာေအာင္ ယုံယုံၾကည္ ၾကည္ေလးနဲ႔ဝင္လာေအာင္ ဖန္တီးေပးရမွာ။ ခုနတုန္းကလို အကန႔္အသတ္ျဖစ္ေနတဲ့၊ ယုံၾကည္မႈကို ထိခိုက္ေစတဲ့ ကိစၥရပ္ေတြကို ျပန္လည္ သုံးသပ္စဥ္းစားၿပီးတဲ့အခါက် ရင္ ဘဏ္ေတြကိုယုံသြားပါၿပီ။ ျပန္ဝင္လာတဲ့ေငြကို ျပန္အသုံးခ်မွ ကြၽန္ေတာ္တို႔ ဒါႀကီးကေျပလည္မွာ။ မဟုတ္ရင္ ဒါႀကီးက ေငြကလို ေနတာေလ။ ေငြေတြဝင္ လာၿပီးရင္ေတာ့ ေနာက္တစ္ဆင့္က ဗဟိုဘဏ္က စည္းမ်ဥ္းေလးေတြနဲ႔ ကန႔္ သတ္ခ်က္ေလးေတြရွိတဲ့ ဟာကိုျပင္ၿပီးမွ တစ္ဆင့္ျပန္သြားရမယ္။ အဓိကက ေတာ့ ဗဟိုဘဏ္ေပါ့။
ေက်ာ္ႏု - လူေတြလက္ထဲကေငြေတြ ျပန္ဝင္လာဖို႔ ၾကေတာ့လည္း ဘဏ္ကိုသြားအပ္ဖို႔က်ေတာ့လည္း ဘဏ္ရဲ႕အတိုးႏႈန္းေပါ့။ လက္ရွိအတိုးႏႈန္းကို ဗဟို ဘဏ္ၿပီးခဲ့တဲ့တေလာက အတိုးႏႈန္းနည္းနည္းတင္ ခိုင္းလိုက္ေသးေတာ့ တင္ထားလိုက္က်ေသးတယ္။ အတိုးႏႈန္းတင္လိုက္ေတာ့ လူေတြျပန္ဝင္လာႏိုင္ တယ္ေပါ့။ ျပန္ေခ်းမယ့္လူေတြအတြက္က်ေတာ့ အတိုးႏႈန္းက ျမင့္သြားျပန္ေရာဆိုေတာ့ အဲဒီဟာႀကီး ကလည္း ျပႆနာရွိတယ္။ ဥပမာ - ကြၽန္ေတာ္ပိုက္ဆံ လာအပ္တယ္။ ကြၽန္ေတာ္အတိုးႏႈန္းရမယ္။ အတိုး ႏႈန္းအခုေန ေလွ်ာ့ခ်လိုက္ရင္ အပ္တဲ့လူေတြမအပ္ ေတာ့ဘူး။ လူေတြက ဘဏ္ေတြဘက္က အတိုးႏႈန္း ျမႇင့္ေပးလိုက္ရင္လည္း လူေတြလာအပ္ခ်င္ရင္ ေတာင္မွ ျပန္ေခ်းတဲ့အခါက်ေတာ့ ထပ္ျမင့္ ရမယ္။ အဲဒီမွာလည္ေနတယ္။ ဝင္ေငြျပန္ဝင္လာဖို႔ လည္ေန တယ္။
ေဆြးေႏြးေဖာ္ - ဟုတ္တယ္။ အေရးႀကီးပါတယ္ ဒါႀကီးက အေျပာလြယ္သေလာက္တကယ္လုပ္ရတဲ့ ဟာႀကီးက လူေတြရဲ႕အေလ့အထေတြေပၚမွာ မူတည္ေနတာကိုး။ အဲဒီမွာလည္း တစ္ခါတေလက်ရင္ ေျပာၾကဆိုၾကရင္းနဲ႔ ကြၽန္ေတာ္လည္း ၾကားခဲ့တာ ရွိပါတယ္။ အတိုးေလးနဲ႔ထိုင္စားေနရတဲ့ ပင္စင္စား ေလးေတြၿပီးေတာ့မွ အစိုးရက ေစတနာေလးေတြနဲ႔ ပင္စင္စားေလးေတြက အတိုးေလးပဲစားေနရတာ။ အဲဒီေတာ့ အတိုးေလးေတြျမႇင့္ေပးမွ ပင္စင္စားေလး ေတြကို။ ဒါေပမဲ့ ခုနကတုန္းကလို ပင္စင္စား ရလိုက္တဲ့ အတိုးႏႈန္းနဲ႔ ပင္စင္စားျပန္ေပးရမယ့္ ဝယ္စားရမယ့္ ကုန္ေဈးႏႈန္းႀကီးကို ႏႈိင္းယွဥ္လိုက္ တဲ့အခါက်ေတာ့ သူရတာထက္ ျပန္ထြက္သြားမယ့္ေငြႀကီးက အဆေပါင္းမ်ားစြာ သာသြားၿပီ။ အဲဒီအတိုးႏႈန္းေလးက ပင္ စင္စား ကစဥ္းစားလိုက္တာနဲ႔ ဟိုစီးပြားေရးသမားကေတာ့ ဘာမွ မျဖစ္ဘူးေလ။ တက္လာတဲ့အေပၚမွာ မာဂ်င္ယူၿပီးမွ တက္သြားတာပဲ။ စီးပြားေရးသမားက အဆင္ ေျပ တယ္။ အတိုးျမႇင့္ေပးလိုက္ေတာ့လည္း ဒီစီးပြား ေရးလုပ္ငန္းရွင္ကပဲ အက်ိဳးအျမတ္ရသြား တယ္။ ေဈးတက္လာတဲ့အခါက်ေတာ့လည္း တက္ လာတဲ့ ေဈးေပၚမူတည္ၿပီးမွ (+)လုပ္ၿပီးေတာ့မွ သူက ေပါင္းလိုက္ေတာ့ စီးပြားေရးသမားက အတိုးႏႈန္းျမင့္ တဲ့အခါ မထိခိုက္ဘူး။ ျပန္ထုတ္လုပ္တဲ့အခါ ျပန္ေရာင္းခ်တဲ့ အခါကုန္က်စရိတ္ေတြရွိတယ္။ ေပါင္းတာပဲ။ ကြၽန္ ေတာ္တို႔မွာ ထပ္ေပါင္းေပးစ ရာဘာမွမရွိဘူး။ ပင္စင္စားက မူရင္းအေမာင့္ရွိမယ္။ ေနာက္ထပ္တိုးလာမယ့္ရမယ့္အတိုးေလးနဲ႔ ျပန္ဝယ္ စားရမယ့္ဟာႀကီးက မခ်ိမဆံ့ပဲ။ အဲဒီေတာ့ တိုးေပး တာသည္ေကာင္းပါတယ္။ သို႔ေသာ္ ေနာက္ဆက္တြဲ ကိုေက်ာ္ႏုေျပာတဲ့ဟာေလးေတြက ကြၽန္ေတာ္တို႔က ခံစားေနၾကရတာ။ အတိုးႏႈန္းကို ဟိုတစ္ေန႔က ဗီ ယက္နမ္ရဲ႕မူဝါဒကို ေျပာျပတဲ့အခါက်ေတာ့ အတိုး ႏႈန္းေလွ်ာ့ခ်ၿပီးမွ ေဈးႏႈန္းတည္ၿငိမ္ေအာင္ထိန္းတာ သူတို႔က။ ကြၽန္ေတာ္တို႔ကက်ေတာ့ အတိုးႏႈန္းကို ျမႇင့္ထားတာ။ အတိုးႏႈန္းျမႇင့္ထားၿပီးတဲ့အခါက်ေတာ့ ေဈးႏႈန္းက ပိုၿပီးျမင့္တာေပါ့။ သူတို႔ကဘယ္ဘဏ္က ေခ်းေငြ အတိုးႏႈန္းနည္းသလဲ နည္းတဲ့ဘဏ္ကို သူတို႔ ေငြထည့္ေပးမယ္။ ေငြေခ်းေပးမယ္။ ေငြေခ်းေပးလိုက္ တဲ့အခါက်မွအတိုးႏႈန္းနည္းတဲ့ဘဏ္ကို ေငြထည့္ေပး လိုက္တဲ့အခါမွ သူက ျပည္သူကို အတိုးႏႈန္းနည္းနည္း နဲ႔ေပးလို႔ရမွာေလ သူက အဲဒီဟာ ေလးနဲ႔ ဗီယက္နမ္က် ေတာ့ ေလသြားတာ။ အဲဒါေလးေတြက ေလ့လာသင့္ တဲ့ဟာေလးေတြ၊ ကြၽန္ေတာ္ တို႔ရဲ႕အတိုးႏႈန္းမူဝါဒကို ျပန္သုံးသပ္သင့္တယ္။ ခုနက ေငြေတြျပန္လည္ ဝင္ေရာက္ေအာင္လုပ္တဲ့ အခါ မွာလည္း နည္းလမ္း ေပါင္းစုံေတာ့ စဥ္းစားရမွာေပါ့။ ကန႔္သတ္ခ်က္ ဘယ္ေနရာရွိလဲဆိုတာ အေျဖရွာရ မယ္။ ဘာေၾကာင့္မို႔ ေငြ မဝင္တာလဲ။ ယုံၾကည္မႈ အိုေကယုံၾကည္မႈ ဘယ္ လိုတည္ ေဆာက္မလဲ။ ယုံၾကည္မႈတည္ေဆာက္ရင္ ေငြလာဖို႔ ဘာကန႔္သတ္ခ်က္ရွိလဲ။ ငါတို႔ျဖည္မလား ဘယ္လိုျဖည္မလဲ။ ဝိုင္းဝန္းၿပီးမွ စဥ္းစားသြားၾကမယ္။ ငလ်င္ကို ေပးၾကမယ့္လူေတြကဘယ္ပုံဘယ္နည္း နဲ႔ ေပးၾကမလဲ။ အစိုးရလည္းပါ၊ ဗဟိုဘဏ္လည္းပါ ပုဂၢလိကဘဏ္ေတြလည္းပါမယ္။ ပုဂၢလိက ေဆာက္လုပ္ေရး လုပ္ငန္းေတြလည္းပါၾကမယ္။ အသင္းအဖြဲ႕ ေတြနဲ႔အားလုံးဝိုင္းဝန္းၿပီး ေဆြးေႏြးၿပီးမွ အေျဖရွာ ၾကမယ္ ဆိုရင္ေတာ့ ဘဏ္လည္းမထိခိုက္ဘူးေပါ့။
ေက်ာ္ႏု - ဘဏ္တစ္ခု စၿပီးထူေထာင္မယ္ဆိုရင္ ဘဏ္ထူေထာင္မယ့္လုပ္ငန္းရွင္ေတြက သူရဲ႕ မျဖစ္မ ေနထားရမယ့္ Capital Amount ကန႔္သတ္ထားတာ၊ သတ္မွတ္ထားတာရွိလား။
ေဆြးေႏြးေဖာ္ - ရွိတယ္။
ေက်ာ္ႏု -ဘယ္လိုမ်ိဳးလဲ။
ေဆြးေႏြးေဖာ္ - Capital (၂၂) ဘီလ်ံေပါ့။ ေငြ ျဖဴျဖစ္ရမယ္။ သူရဲ႕ Shareholder အားလုံးက အနည္းဆုံး (၂၂) ဘီလ်ံရွိရမယ္။
ေက်ာ္ႏု - အဲဒါကို ဘယ္မွာထားရမလဲ။
ေဆြးေႏြးေဖာ္ - ဗဟိုဘဏ္မွာမထားရဘူး။ (၂၂)ဘီလ်ံကေတာ့ ဘယ္ကေငြျဖဴ ရလမ္းေတြ စစ္ေသး တာေပါေလ့။
ေက်ာ္ႏု - အဲဒါကို ပုံၿပီးေတာ့မွ ဘဏ္ေလွ်ာက္ရတယ္။
ေဆြးေႏြးေဖာ္ - အဲဒါက စိစစ္ဦးမွာ FIU နဲ႔ ျပည္တြင္းခြန္နဲ႔က စစ္ၿပီးတဲ့အခါက်မွ အိုေကၿပီဆိုမွ က်န္တဲ့ Process Procedure ေတြ ျပန္ဆက္သြား ရမွာေပါ့။ ဒါေပမဲ့ ဘဏ္တစ္ဘဏ္ေထာင္ဖို႔ဆိုတာကေတာ့ ႏိုင္ငံေတာ္ရဲ႕ မူဝါဒပါ။ အစိုးရအဖြဲ႕ရဲ႕ မူဝါဒ ဆိုေတာ့ (၂၀၁၀)ျပည့္ႏွစ္က ဘဏ္ေလးဘဏ္သြားခဲ့ တာ ေလ။ အဲဒါ Policy ပဲေပါ့။ အခုကေတာ့ (၂၇)ဘဏ္ႀကီးကေတာ့ မ်ားေနၿပီဆိုေတာ့ တစ္ခုေတာ့ စဥ္းစား ေနၾကတာေပါ့။ Policy ေတြ ဥကၠ႒တို႔ကေတာ့ လုပ္ေနၾကပါတယ္။ တပ္ခ်ဳပ္ႀကီးဆီလည္း တင္ထား တယ္တို႔ ၾကားရပါတယ္။
ေက်ာ္ႏု - ေသးတဲ့ဘဏ္ေတြ ေပါင္းသြားေအာင္လို႔ေပါ့။
ေဆြးေႏြးေဖာ္ - ေသးတဲ့ဘဏ္ေတြကလည္း ဘာမွလည္းမျဖစ္ဘဲနဲ႔ ယူထားၾကတဲ့ဟာေတြေလ။ သူ႔ေခတ္ သူ႔ကာလက ယူထားၾကတဲ့ဟာေတြေလ။ ယူထားၾကေတာ့ အလုပ္ျဖစ္လားဆိုေတာ့ အလုပ္မျဖစ္ဘူး နာမည္ႀကီးေတြေခါင္းစဥ္ႀကီးေတြက။ ဥပမာ ေတာင္ သူလယ္သမားဖြံ႕ၿဖိဳးေရးဘဏ္၊ ခရီးသြား ဖြံ႕ၿဖိဳးေရး ဘဏ္၊ ေဆာက္လုပ္ေရးဘဏ္ ၊ ေမြးျမဴေရးဘဏ္ အဲဒီလို Sector လိုက္ေတြ တကယ္ Sector လိုက္ေတြ သြားၾကည့္ အဲဒီ Sector ဖြံ႕ၿဖိဳးေရး မလုပ္ဘူး။
ေက်ာ္ႏု - ကြၽန္ေတာ္နားလည္တာက လိုမွမလိုတာ။သူမ်ားႏိုင္ငံမွာ အဲဒီလို ဘဏ္ေတြမရွိပါဘူး၊ အဲဒီလို က႑အလိုက္ေလွ်ာက္ဖြင့္ေၾကးဆိုရင္ေတာ့ မိခင္မ်ား ကေလးေမြးေရးဘဏ္လာမွာ ။ ကေလးေမြးရန္ ေဆာင္ ႐ြက္ရန္ဘဏ္ဆိုၿပီး ေပၚလာရင္ဘယ္လိုလုပ္မလဲ။
ေဆြးေႏြးေဖာ္ - အမွန္ေတာ့ ရည္႐ြယ္ခ်က္ေကာင္း တယ္။ ေတာင္သူလယ္သမားဖြံ႕ၿဖိဳးေရးဘဏ္ အိုေက ေတာင္သူလယ္သမားဖြံ႕ၿဖိဳးေရးဘဏ္ေတြက ေဒသ Regional ဘဏ္ေတြ၊ ဥပမာ ေတာင္သူလယ္သမား ဆိုရင္ ဆန္စပါးအဓိကစိုက္ပ်ိဳးတဲ့ ဧရာဝတီတိုင္းမွာ ႐ုံးခ်ဳပ္ရွိရမယ္။ မႏၲေလးမွာ ေတာင္သူလယ္သမားဖြံ႕ ၿဖိဳးေရးဘဏ္ေထာင္ မႏၲေလးမွာ ဖြံ႕ၿဖိဳးေရးဘဏ္ရွိရမယ္။ ဒါေပမဲ့ အဲဒီ႐ုံးခ်ဳပ္ေတြက ဘယ္မွာရွိလဲ ရန္ကုန္မွာ ။ ထုတ္ျပန္လိုက္တဲ့စည္းမ်ဥ္းနဲ႔ လက္ေတြ႕လုပ္ေနရတာေတြက လုံးဝမကိုက္ဘူး A Bank ဆိုရင္ ပထမမူလက လိုင္စင္ယူတုန္းကေတာ့ ပုသိမ္မွာ ပဲေလ။ အခုမရွိဘူး။
ေက်ာ္ႏု - သူက လိုင္စင္ခ်ည္းယူသြားတာလား။
ေဆြးေႏြးေဖာ္ - ဟုတ္တယ္။
ေက်ာ္ႏု - ေတာင္သူလယ္သမားဖြံ႕ၿဖိဳးေရးအတြက္ပဲ ရည္႐ြယ္ၿပီးဖြင့္တယ္လို႔ နားလည္တာေလ။
ေဆြးေႏြးေဖာ္ - ရည္႐ြယ္ခ်က္အတိုင္းလုပ္ရင္ ေအာင္ျမင္တာေပါ့။
ေက်ာ္ႏု - အဲဒီကေနမွ တျဖည္းျဖည္းခ်င္းေျပာင္း သြားတာေပါ့။ တစ္ႏိုင္ငံလုံးသြားတဲ့ပုံပဲၾကည့္ရတာ အရင္တုန္းက အကန႔္အသတ္ေလးေတြနဲ႔ဖြင့္ၾကတာေလ။ သူ႔ေဒသကိုပဲသူက လုပ္ငန္းလည္ပတ္ခြင့္ရွိ တယ္။ သူတစ္ႏိုင္ငံလုံးလည္ပတ္ခြင့္ရသြားတယ္ဆိုေတာ့ တစ္ႏိုင္ငံလုံးလိုင္စင္သူရသြားတဲ့သေဘာေပါ့။
ေဆြးေႏြးေဖာ္ - အဲဒီလိုမ်ိဳးျဖစ္သြားတာေလ။ အမွန္က Regional ဘဏ္က ဧရာဝတီတိုင္းရဲ႕ Regional ဘဏ္ဖြင့္မယ္ဆိုရင္ ဧရာဝတီတိုင္းထဲမွာပဲ ဖြင့္ရမွာ။ ဂ်ပန္ရဲ႕မူဝါဒဆိုရင္ သူရဲ႕ျပည္နယ္ ဆိုျပည္နယ္ထဲပဲ သူက ျပည္မေတြတစ္ႏိုင္ငံလုံး လိုက္ဖြင့္လို႔မရဘူး။ Limited ပဲ မႏၲေလးတိုင္းမွာ ရွိတဲ့ဟာကို ဖြံ႕ၿဖိဳးေရး အတြက္လုပ္မယ္ဆိုရင္ မႏၲေလးဖြံ႕ၿဖိဳးေရးအတြက္ပဲ လုပ္ရမွာ။ မႏၲေလးတိုင္း တစ္တိုင္းလုံးမွာ သူဘဏ္ ေတြလိုက္ဖြင့္ ႀကိဳက္တဲ့ ေနရာလိုက္ဖြင့္ ႀကိဳက္သေလာက္ဖြင့္ လုပ္ငန္ခ်င္းလုပ္တာ ဒီဘဏ္ေလးနဲ႔ပဲ လုပ္လို႔ရတာေလ။ လာဖြင့္ စရာမလိုဘူး။ ဘဏ္ဖြင့္စရာမလိုဘူး.။ ျပည္မႀကီးက Federal လို႔ပဲေျပာ မလား။ ျပည္မႀကီးပဲ လိုက္ၿပီးဖြင့္ ေန၊ သူျပည္နယ္နဲ႔တိုင္းေတြကရွိတဲ့ သူ႔ဟာသူဖြင့္ သြားလိုက္႐ုံဘဲ ဒါဆိုရင္ Regional ဖြံ႕ၿဖိဳးတာေပါ့။ ကခ်င္ျပည္နယ္ဆိုရင္ ကခ်င္ျပည္နယ္က Public ကုမၸဏီႀကီး ေထာင္ ၿပီးမွ Public ဘဏ္ႀကီးလုပ္တယ္ေလ။ ျပည္သူေတြရဲ႕ ေငြနဲ႔ပဲ။ ဒါဆိုရင္ ခုနကလို ဘဏ္ဒုကၡေရာက္ ေအာင္လုပ္ေတာ့ တစ္ခုခုျဖစ္တဲ့ ေဟ့ဆို ေငြေတြေျပးထုတ္မွာမဟုတ္ေတာ့ဘူး။ ကိုယ္ရဲ႕ ရွယ္ယာပါတာ ေလ။ ျပည္သူေတြရဲ႕ ရွယ္ယာ ပါတာ ငါတို႔ပိုင္တဲ့ဘဏ္ႀကီးပဲ ဘာမွမျဖစ္ဘူးဆို အား လုံးသိသြားမွာ။ တကယ္ကို ျပည္နယ္မွာရွိတဲ့ ကခ်င္ျပည္နယ္မွာရွိတဲ့ လုပ္ငန္းရွင္ႀကီးေတြ ဒီလုပ္ငန္းရွင္ ႀကီးေတြနဲ႔ စကားေတြဆိုရင္ ျပည္သူေတြက ယုံသြား ဒီသူေဌးငါတို႔လည္း ရွယ္ယာပါတယ္။ ဝန္ထမ္းေတြလည္း ရွယ္ယာပါတယ္။ အားလုံး တစ္ေစာင္တစ္ ေသာင္းႏႈန္းရွိေနရမယ္။ လူတိုင္း အဲဒီျပည္နယ္ မွာရွိတဲ့ ျပည္နယ္သူျပည္နယ္သားေတြ တိုင္းေဒသ ႀကီးမွာရွိတဲ့ ျပည္သူေတြအားလုံးက ဒီဘဏ္မွာ ရွယ္ယာရွင္ ေတြျဖစ္ၿပီဆိုရင္ေတာ့ ဘာမွမယုံစရာ မရွိပါဘူး။ ေနာက္ၿပီး သူတို႔ရဲ႕ Finical Statement လည္း ထုတ္ျပန္ရမယ္။ အဓိကသူတို႔ဘာေတြလုပ္ ထားတာလဲ ဘာေတြလက္ခံထားၿပီ. ဘာေတြေခ်းထား တာလဲ။ ဘယ္လုပ္ငန္းေတြေခ်းထားလဲ။ အျမတ္ေတြ ဘယ္ေလာက္ရွိလဲဆိုတာ ဒီ Transparency ရွိရွိ ထုတ္ရမယ္။ အဲဒီဟာေတြကလည္း မထုတ္ျပန္တဲ့ဘဏ္ေတြကလည္း ခပ္မ်ားမ်ားပဲ။ ထုတ္ျပန္တဲ့ဘဏ္ ေတြကလည္း လက္ခ်ိဳးေရလို႔ရတယ္။ အဓိက ရည္ ႐ြယ္ခ်က္ကေတာ့ အဲဒီလိုမ်ိဳးလုပ္လိုက္တယ္ဆိုရင္ အားလုံးတည္ၿငိမ္သြားမွာေပါ့။ အခုဟာက ဘဏ္မ်ား ၿပီးမွ ပြဲမစည္ေသးဘူး (၂၇)ဘဏ္ဆိုတာေလ။
ေက်ာ္ႏု- ဘဏ္က Capital က (၂၂)ဘီလ်ံထည့္ရမယ္။ ၿပီးရင္ သူက အဲဒီပိုက္ဆံေတြကို လူေတြလာ အပ္တာနဲ႔ ျပန္ေပါင္း ၊ ေပါင္းၿပီးမွ ျပန္ေခ်း၊ ျပန္ေခ်းတဲ့အခါမွာ ေနာက္ဆုံးမျဖစ္မေန Reserve ကို ခ်န္ထားရတာက ဘယ္ေလာက္ျဖစ္မလဲ။
ေဆြးေႏြးေဖာ္ - (၂၅)%ေလာက္ရွိတာေပါ့ေလ။ Liquidity က (၂၀)% ။
ေက်ာ္ႏု - ကိုယ္ရဲ႕ Capital ရဲ႕ (၂၅)%လား ။ ရွိသမွ် Deposit ရဲ႕ (၂၅) % လား ။
ေဆြးေႏြးေဖာ္ - ရွိသမွ် Deposit ။ Capital ကလည္း(၂၂)ဘီလ်ံေျပာတာ လိုအပ္တဲ့အေဆာက္ အအုံေတြ ဝယ္ရဦးမွာေလ ဘဏ္ေတြ ႐ုံးဖြင့္ဖို႔အတြက္ (၂၂)ဘီလ်ံက တကယ္ (၂၂)ဘီလ်ံမက်န္ေတာ့ဘူး။ ဒါကစည္း မ်ည္းအရဆိုရင္ ၫႊန္ၾကားခ်က္အရဆိုရင္ Capital ရဲ႕ (၅၀)%က Freeze ျဖစ္ရမယ္ဆိုေတာ့ ဘဏ္ အ ေဆာက္အအုံေတြဝယ္မယ္ဆိုရင္ (၂၀)ထဲက (၁၀)ဘီလ်ံေလာက္ပဲ ဝယ္ရမယ္။ က်န္တဲ့ (၁၀)ဘီလ်ံ ေလာက္ကကိုင္ထားရမယ္။ Free ျဖစ္ေနရမယ္။ မဟုတ္ရင္ သူအားလုံးဝယ္လိုက္ မွာေလ။ ဒီအေဆာက္ အအုံ သူပိုင္တဲ့ပစၥည္းကိုေတာ့ ငါဝယ္ပါတယ္ဆိုၿပီးေတာ့ (၂၂)ဘီလ်ံထည့္ၿပီး (၂၂)ဘီလ်ံျပန္ယူသြားမွာ ေလ။ သူပိုင္တဲ့ Assessment ႀကီးကို အဝယ္ျပသြားမွာေလ။ (၁၀)ဘီလ်ံကလည္း တကယ္တန္တာလား မတန္တာလား မသိဘူး။ (၅)ဘီလ်ံေလာက္တန္တာကို (၁၀)ဘီလ်ံအေဆာက္ အအုံဝယ္ပါတယ္ဆိုၿပီး ယူသြားမွာေလ။ အဲဒီေတာ့ သူရဲ႕စည္မ်ဥ္းကေတာ့ (၂၀)% Capital က Freezeျဖစ္ရမယ္။
ေက်ာ္ႏု - တကယ္ဆိုရင္ (၂၀)ဘီလ်ံက ေငြသားခ်ည္းပဲ (၂၀)ဘီလ်ံျဖစ္ၿပီးေတာ့ သူအေဆာက္အအုံ ဝယ္တာကသတ္သတ္ Investment ျဖစ္သင့္တာ မဟုတ္ဘူးလား။
ေဆြးေႏြးေဖာ္ - မဟုတ္ဘူး။ အဲဒါႀကီးဆိုရင္ Deposit နဲ႔ အေဆာက္အအုံေတြ လိုက္ဝယ္တာျဖစ္သြားၿပီ။ သူပိုင္ေငြနဲ႔အေဆာက္အအုံဝယ္တာ မဟုတ္ေတာ့ဘူး။ အမ်ားျပည္သူက လာအပ္ ထားတဲ့ေငြေတြနဲ႔ လိုက္ ဝယ္ထားတဲ့ဟာေတြ ျဖစ္သြား မယ္။
ေက်ာ္ႏု - အဲဒါဆိုရင္ ျမန္မာႏိုင္ငံမွာ KBZ က ဘဏ္ခြဲအမ်ားဆုံး ျဖစ္တယ္ေလ။ အဲဒါေတြ အကုန္လုံးက သူလိုက္ၿပီး ေျမေတြဝယ္ထားသလို အေဆာက္အအုံဝယ္ထားသလို ျဖစ္ေနမွာေပါ့။
ေဆြးေႏြးေဖာ္ - တခ်ိဳ႕ဟာေတြက်ေတာ့လည္း Shareholder ပိုင္တဲ့ဟာေတြနဲ႔ ျပန္ၿပီးငွားတဲ့ဟာေတြရွိ တာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ဝယ္လိုက္ၿပီဆိုရင္ ခုနကေျပာသလို Capital Ratio က က်သြားၿပီ အဲဒီ ေတာ့ အငွားနဲ႔သြားရတာ။ ႏွစ္ရွည္အငွားနဲ႔ သြားၾကရတာ။ အဲဒီလိုေလးေတြရွိပါတယ္။
ေက်ာ္ႏု - ဝယ္လိုက္တာက ပိုၿပီးေတာ့ကိုက္တာ မဟုတ္ဘူးလား။
ေဆြးေႏြးေဖာ္ - အဲဒါက်ေတာ့ Ratio က်ေတာ့ သြားၿပီးမွ စကားေျပာတာေပါ့။ စည္းမ်ဥ္းစည္းကမ္း လိုက္နာရတာကို။
ေက်ာ္ႏု - ဘယ္လိုမ်ိဳးလဲ Ratio က။
ေဆြးေႏြးေဖာ္ - ခုနကေျပာသလို (၅၀)ရာခိုင္ႏႈန္း ရွိရမယ္ဆိုတဲ့ဟာ ခုနက Capital က ဘီလ်ံ (၂၀)ထည့္ ထားတယ္ဆိုရင္ (၁၀)က Freeze ျဖစ္ေနရမယ္။ အဲဒီက်န္တဲ့ (၁၀)ကေတာ့ ကားေတြ ဝယ္မယ္။ အေဆာက္အအုံေတြ ဝယ္မယ္။ ႐ုံးသုံးပစၥည္းေတြဝယ္ မယ္။ ကြန္ပ်ဴတာေတြဝယ္မယ္။ ဆိုရင္ (၁၀)ဘီလ်ံ ရွိသြားတယ္။ က်န္တဲ့ (၁၀)ဘီလ်ံ မၤနနဖန ရတယ္။ အဲဒီေတာ့ (၅၀)ရာခိုင္ႏႈန္း Freeze ျဖစ္ေနရမယ္။ အားလုံးႀကီးကို (၂၀)ဘီလ်ံႀကီးထည့္ၿပီး မွ (၂၀)ဘီလ်ံႀကီးကို Assessment ႀကီးဝယ္လိုက္လို႔မရဘူးေလ။ Freeze အေနနဲ႔ ထားရမယ္ဆိုတဲ့ဟာရွိတယ္။
ေက်ာ္ႏု - အကယ္၍ ကြၽန္ေတာ္မွာ (၂၀)ဘီလ်ံ မဟုတ္ဘူး။ (၁၀ဝ)ဘီလ်ံေလာက္ရွိတယ္ (၁၀ဝ)ဘီလ်ံေလာက္ ထည့္လို႔ရလား။
ေဆြးေႏြးေဖာ္ - ထည့္လို႔ရတယ္ေလ။ အနည္းဆုံး minimum (၂၀)ပဲေျပာတာ အဲဒီထက္မ်ားလို႔ရတယ္။
ေက်ာ္ႏု - အဲဒီေတာ့ ထားပါ။ (၁၀ဝ)ဘီလ်ံရွိတယ္။ (၁၀ဝ)ဘီလ်ံမွာ (၅၀)ဘီလ်ံကို အေဆာက္အအုံလိုက္ ဝယ္မယ္ ေျမေတြလိုက္ဝယ္မယ္ ဘဏ္ဖြင့္ဖို႔ လိုက္ ဝယ္ၿပီ ရလား။
ေဆြးေႏြးေဖာ္ -ရတယ္။
ေက်ာ္ႏု - ကိုယ္ပိုင္တာ တစ္ဝက္ေလာက္ကို ကိုယ္ ဝယ္တာရတယ္။
ေဆြးေႏြးေဖာ္ - ဟုတ္တယ္။ အဲဒီေလာက္ကို Capital က Freeze ျဖစ္တာကိုး။
ေက်ာ္ႏု - ဘဏ္အေၾကာင္းက စိတ္ဝင္စားဖို႔ေကာင္းသြားၿပီ။ ေနာက္ရက္မ်ားမွာ သီးျခားေဆြးေႏြးၾကတာ ေပါ့။ ေက်းဇူးပါခင္ဗ်ာ။