တောင်ကိုရီးယားမှာ နောက်ယောင်ခံ ဓါးထိုးလူသတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

375

ရောင်နီ (NP News) - ဇွန် ၁၃
တောင်ကိုရီးယားနိုင်ငံမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဇွန်လ ၁၀ ရက် နံနက်ပိုင်းက နေအိမ်အတွင်း ဓားနဲ့ထိုး အသတ်ခံရပြီး တရားခံ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူမြို့ရှိ သူမရဲ့နေအိမ်တိုက်ခန်းမှာပဲ ဓားနဲ့ထိုး သတ်ခံထားရတာဖြစ်ပြီး ဆေးရုံချက်ချင်း ပို့ဆောင်ခဲ့ပေမယ့် တစ်နာရီအတွင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ အိမ်တွင်း ပစ္စည်းတွေကတော့ အခိုးခံထားရတဲ့လက္ခဏာမရှိတာကြောင့် နောက်ယောင်ခံလိုက်ကာ သတ်ဖြတ်ခြင်းခံရသူအဖြစ် ရဲတပ်ဖွဲ့က ယူဆထားပါတယ်။
နောက်ယောင်ခံသူဟာ အမျိုးသမီးရဲ့ အခန်းထဲကို ဂတ်စ်ပိုက်လိုင်းကတစ်ဆင့် ဝင်ရောက်လာတယ်လို့ ယူဆရပြီး ၎င်းဟာ မြို့ထဲမှာပဲ ထွက်ပြေးလွတ်မြောက်နေတာကြောင့် ဒယ်ဂူ ရဲတပ်ဖွဲ့က ကပ်လျက်ဒေသရှိ အခြားရဲစခန်းတွေကိုပါ ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
အသတ်ခံရတဲ့ အိမ်ရှေ့မှာ CCTV တွေ တပ်ဆင်ထားပေမယ့် သံသယရှိသူက မျက်နှာဖုံးစွပ်ထားပုံရပြီး ဘယ်သူဘယ်ဝါရယ်လို့ သိရှိနိုင်ခြင်း မရှိပါဘူး။ ရဲတပ်ဖွဲ့ကတော့ အမှုအတွက် သက်သေအထောက်အထားတွေ စုဆောင်းထားပြီး ဖြစ်ပြီး တရားခံကို ရှာဖို့ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားမွာ ေနာက္ေယာင္ခံ ဓါးထိုးလူသတ္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦးေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၁၃
ေတာင္ကိုရီးယားႏိုင္ငံမွာ အသက္ ၅၀ ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ဇြန္လ ၁၀ ရက္ နံနက္ပိုင္းက ေနအိမ္အတြင္း ဓားနဲ႔ထိုး အသတ္ခံရၿပီး တရားခံ ထြက္ေျပးလြတ္ေျမာက္ေနတယ္လို႔ ရဲအရာရွိေတြက ေျပာပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံ၊ ဒယ္ဂူၿမိဳ႕ရွိ သူမရဲ႕ေနအိမ္တိုက္ခန္းမွာပဲ ဓားနဲ႔ထိုး သတ္ခံထားရတာျဖစ္ၿပီး ေဆး႐ုံခ်က္ခ်င္း ပို႔ေဆာင္ခဲ့ေပမယ့္ တစ္နာရီအတြင္း ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ သူမရဲ႕ အိမ္တြင္း ပစၥည္းေတြကေတာ့ အခိုးခံထားရတဲ့လကၡဏာမရွိတာေၾကာင့္ ေနာက္ေယာင္ခံလိုက္ကာ သတ္ျဖတ္ျခင္းခံရသူအျဖစ္ ရဲတပ္ဖြဲ႕က ယူဆထားပါတယ္။
ေနာက္ေယာင္ခံသူဟာ အမ်ိဳးသမီးရဲ႕ အခန္းထဲကို ဂတ္စ္ပိုက္လိုင္းကတစ္ဆင့္ ဝင္ေရာက္လာတယ္လို႔ ယူဆရၿပီး ၎ဟာ ၿမိဳ႕ထဲမွာပဲ ထြက္ေျပးလြတ္ေျမာက္ေနတာေၾကာင့္ ဒယ္ဂူ ရဲတပ္ဖြဲ႕က ကပ္လ်က္ေဒသရွိ အျခားရဲစခန္းေတြကိုပါ ပူးေပါင္းေဆာင္႐ြက္ေပးဖို႔ ေတာင္းဆိုထားပါတယ္။
အသတ္ခံရတဲ့ အိမ္ေရွ႕မွာ CCTV ေတြ တပ္ဆင္ထားေပမယ့္ သံသယရွိသူက မ်က္ႏွာဖုံးစြပ္ထားပုံရၿပီး ဘယ္သူဘယ္ဝါရယ္လို႔ သိရွိႏိုင္ျခင္း မရွိပါဘူး။ ရဲတပ္ဖြဲ႕ကေတာ့ အမႈအတြက္ သက္ေသအေထာက္အထားေတြ စုေဆာင္းထားၿပီး ျဖစ္ၿပီး တရားခံကို ရွာဖို႔ စုံစမ္းစစ္ေဆးေရးမႉးေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။