အခေါက်ရွှေတစ်ကျပ်သားလျှင်သိန်း(၈၀)ကျပ်ဝန်းကျင်‌ရောက်ရှိ

 1113

NP News ဇွန်လ (၁၃) ရက်
ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း(၈၀)သို့ရောက်ရှိလာပြီး ပြင်ပဈေးကွက်တွင် အရောင်းအဝယ်ရပ်နားထားကြောင်းဈေးကွက်အတွင်းမှသိရသည်။
ဇွန်လ (၁၂)ရက် မွန်းလွဲပိုင်းတွင် ပြင်ပအခေါက်ရွှေဈေးကွက်၌ ရွှေတစ်ကျပ်သားလျှင် ဝယ်ဈေး (၇၉)သိန်းနှင့်ရောင်း ဈေး (၇၉)သိန်းငါးသောင်းအထိ‌ဈေးများမြင့်တက်ခဲခြင်းဖြစ်သည်။
“ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို (၃၃၆၀) ဒေါ်လာကနေ ဇွန်လ (၁၃)ရက်နေ့မှာ (၃၄၁၈) ဒေါ်လာအထိဆက်တိုက်မြင့်တက်လာပါတယ်။ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွေ နဲ့ကုန်သွယ်‌ရေးအပေါ်အကောက်ခွန်အပြောင်းအလဲတွေကြောင့် ဈေးတွေတက်နေတာပါ”ဟု ဝါရင့် ရွှေကုန်သည်တစ်ဦးကပြောသည်။
ရန်ကုန်နှင့် မန္တလေးမှာရှိသည့် ရွှေလုပ်ငန်းရှင်အသင်းများမှ ရွှေအတုံးအခဲ ရောင်းဝယ်ခြင်းများကို ရပ်ထားဖို့ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်းမရှိပါက အရေးယူမယ်လို့လည်း အကြောင်းကြားထားကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြော သည်။
ယခုလဆန်းပိုင်းထိ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၇၅ သိန်းကျော်အတွင်းရှိနေရာမှ တစ်ပတ်ကျော်အတွင်းမှာ ကျပ်ငါးသိန်းဝန်းကျင်ထိ ဆက်လက်မြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္သိန္း(၈၀)က်ပ္ဝန္းက်င္‌ေရာက္ရွိ
NP News ဇြန္လ (၁၃) ရက္
ျပည္တြင္းေ႐ႊေဈး အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ သိန္း(၈၀)သို႔ေရာက္ရွိလာၿပီး ျပင္ပေဈးကြက္တြင္ အေရာင္းအဝယ္ရပ္နားထားေၾကာင္းေဈးကြက္အတြင္းမွသိရသည္။
ဇြန္လ (၁၂)ရက္ မြန္းလြဲပိုင္းတြင္ ျပင္ပအေခါက္ေ႐ႊေဈးကြက္၌ ေ႐ႊတစ္က်ပ္သားလွ်င္ ဝယ္ေဈး (၇၉)သိန္းႏွင့္ေရာင္း ေဈး (၇၉)သိန္းငါးေသာင္းအထိ‌ေဈးမ်ားျမင့္တက္ခဲျခင္းျဖစ္သည္။
“ ကမာၻ႔ေ႐ႊေဈးက တစ္ေအာင္စကို (၃၃၆၀) ေဒၚလာကေန ဇြန္လ (၁၃)ရက္ေန႔မွာ (၃၄၁၈) ေဒၚလာအထိဆက္တိုက္ျမင့္တက္လာပါတယ္။ကမာၻ႔ကုန္သြယ္ေရးလမ္းေၾကာင္းေတြ နဲ႔ကုန္သြယ္‌ေရးအေပၚအေကာက္ခြန္အေျပာင္းအလဲေတြေၾကာင့္ ေဈးေတြတက္ေနတာပါ”ဟု ဝါရင့္ ေ႐ႊကုန္သည္တစ္ဦးကေျပာသည္။
ရန္ကုန္ႏွင့္ မႏၲေလးမွာရွိသည့္ ေ႐ႊလုပ္ငန္းရွင္အသင္းမ်ားမွ ေ႐ႊအတုံးအခဲ ေရာင္းဝယ္ျခင္းမ်ားကို ရပ္ထားဖို႔ၫႊန္ၾကားခ်က္ ထုတ္ျပန္ခဲ့ၿပီး လိုက္နာျခင္းမရွိပါက အေရးယူမယ္လို႔လည္း အေၾကာင္းၾကားထားေၾကာင္း ေ႐ႊလုပ္ငန္းရွင္တစ္ဦးက ေျပာ သည္။
ယခုလဆန္းပိုင္းထိ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္ ၇၅ သိန္းေက်ာ္အတြင္းရွိေနရာမွ တစ္ပတ္ေက်ာ္အတြင္းမွာ က်ပ္ငါးသိန္းဝန္းက်င္ထိ ဆက္လက္ျမင့္တက္လာျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.