ရခိုင်ကို ပို့မည့် ငွေကျပ်(၈ ဒသမ ၁၈) ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးများနှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိ

719

ချယ်ရီ (NP News) - ဇွန် ၁၃
ရခိုင်ပြည်နယ်ကို တင်ပို့မည့် ငွေကျပ်(၈ ဒသမ ၁၈) ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေး (၅၇) သိန်းကျော်နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် (ဇွန်လ ၄ ရက်)၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးပူးပေါင်းအဖွဲ့သည် ပြည်-အောင်လံသွား ကားလမ်းရှိ တိုးဂိတ်အနီး၌ မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိ၍စောင့်ဆိုင်းနေစဉ် အောင်ဇော်ဦး မောင်းနှင်သည့် TOYOTA PRADO ကားပေါ်မှ ဘိုဘိုအောင်မောင်းနှင်ပြီး ဇင်သူအောင်နှင့် အောင်ပြည့်ဖြိုးတို့ လိုက်ပါလာသော I-ZONE ကားပေါ်သို့ လွှဲပြောင်းတင်ဆောင်နေစဉ် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းတို့ (၄) ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား (၅) သိန်းပြားတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ အောင်ဇော်ဦးငှားရမ်းနေထိုင်သည့် ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆွေးနွေးဘုရားလမ်းရှိနေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ ကျော်ဇင်နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား (၄၂ ဒသမ ၈၈၅)သိန်းကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ သိန်းဌေးနှင့် ၎င်း၏ ဇနီး နန်းခမ်းဖိန်တို့အား ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာတွင် TOYOTA LANDCRUISER ကားတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန်လ (၇) ရက်၊ နံနက် (၉) နာရီအချိန်ခန့်က စိုင်းဗညားမြင့်အောင်(ခ)ပီးပီး(ခ) စစ်ကားနှင့် မင်းလွင်ဦးတို့ (၂) ဦးကို မင်္ဂလာဒုံမြို့နယ်၊ စွယ်တော်စီးတီးအိမ်ရာရှိ ကားပါကင်တွင် Hyundai Grand Starex ကားပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၁၀) သိန်း နှင့်အတူ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ရာ စုစုပေါင်းတန်ဖိုး ငွေကျပ် (၈ ဒသမ ၁၈) ဘီလျံကျော်ရှိ စိတ်ကြွရူးသွပ်ဆေးပြား (၅၇ ဒသမ ၈၈၅) သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ စိတ်ကြွရူးသွပ်ဆေးပြားများတင်ပို့ရောင်းချသူမှာ ရှမ်းပြည်နယ်၊ ကျေးသီမြို့နယ်၊ ဝမ်ဟိုင်းနေ ထွန်းစီနှင့်ဇနီး နန်းရွှေရင်(ခ)နန်းမိုင်းခမ်း(ခ)နန်းခမ်းကြာတို့ဖြစ်ပြီး ၎င်းတို့၏အစီအမံဖြင့် ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းမှ ပြည်မြို့သို့ သယ်ဆောင်ပြီး ပြည်မြို့တွင် သိန်းဌေးနှင့် အောင်ဇော်ဦးတို့မှ နေအိမ်ငှားရမ်းသိုလှောင်ထားရှိကာ ရခိုင်ပြည်နယ်သို့ တစ်ဆင့်ပြန်လည်တင်ပို့ပေးခြင်းဖြစ်ကြောင်း၊ အလားတူ မန္တလေးမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့သယ်ဆောင်ပြီး ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ တင်ပို့ရောင်းချခြင်းဖြစ်ကာ ရခိုင်ပြည်နယ်မှ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်ရောင်းဝယ်သူမှာ ထင်ထင်ကျော်(ခ)ရခိုင်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
ရခိုင္ကို ပို႔မည့္ ေငြက်ပ္(၈ ဒသမ ၁၈) ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြမူးယစ္ေဆးမ်ားႏွင့္အတူ မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕အား ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News) - ဇြန္ ၁၃
ရခိုင္ျပည္နယ္ကို တင္ပို႔မည့္ ေငြက်ပ္(၈ ဒသမ ၁၈) ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြမူးယစ္ေဆး (၅၇) သိန္းေက်ာ္ႏွင့္အတူ မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕အား ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ (ဇြန္လ ၄ ရက္)၊ မြန္းလြဲ ၁၂ နာရီခြဲအခ်ိန္ခန႔္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးပူးေပါင္းအဖြဲ႕သည္ ျပည္-ေအာင္လံသြား ကားလမ္းရွိ တိုးဂိတ္အနီး၌ မူးယစ္ေဆးဝါးမ်ား အေရာင္းအဝယ္ျပဳလုပ္မည္ျဖစ္ေၾကာင္း သတင္းရရွိ၍ေစာင့္ဆိုင္းေနစဥ္ ေအာင္ေဇာ္ဦး ေမာင္းႏွင္သည့္ TOYOTA PRADO ကားေပၚမွ ဘိုဘိုေအာင္ေမာင္းႏွင္ၿပီး ဇင္သူေအာင္ႏွင့္ ေအာင္ျပည့္ၿဖိဳးတို႔ လိုက္ပါလာေသာ I-ZONE ကားေပၚသို႔ လႊဲေျပာင္းတင္ေဆာင္ေနစဥ္ ရွာေဖြစစ္ေဆးခဲ့ရာ ၎တို႔ (၄) ဦးႏွင့္အတူ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၅) သိန္းျပားတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ ေအာင္ေဇာ္ဦးငွားရမ္းေနထိုင္သည့္ ျပည္ၿမိဳ႕၊ ေက်ာင္းႀကီးအိုးတန္းရပ္ကြက္၊ ေဆြးေႏြးဘုရားလမ္းရွိေနအိမ္အား ဆက္လက္ရွာေဖြခဲ့ရာ ေက်ာ္ဇင္ႏွင့္အတူ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄၂ ဒသမ ၈၈၅)သိန္းကို ထပ္မံဖမ္းဆီးရမိခဲ့ၿပီး ကြင္းဆက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား သယ္ေဆာင္ခိုင္းသူ သိန္းေဌးႏွင့္ ၎၏ ဇနီး နန္းခမ္းဖိန္တို႔အား ဇြန္လ ၆ ရက္ေန႔ ညေန ၃ နာရီခြဲအခ်ိန္ ဧရာဝတီတိုင္းေဒသႀကီး၊ က်ဳံေပ်ာ္ၿမိဳ႕နယ္၊ မိုးႀကိဳးပစ္ေက်း႐ြာတြင္ TOYOTA LANDCRUISER ကားတစ္စီးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဇြန္လ (၇) ရက္၊ နံနက္ (၉) နာရီအခ်ိန္ခန႔္က စိုင္းဗညားျမင့္ေအာင္(ခ)ပီးပီး(ခ) စစ္ကားႏွင့္ မင္းလြင္ဦးတို႔ (၂) ဦးကို မဂၤလာဒုံၿမိဳ႕နယ္၊ စြယ္ေတာ္စီးတီးအိမ္ရာရွိ ကားပါကင္တြင္ Hyundai Grand Starex ကားေပၚမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၀) သိန္း ႏွင့္အတူ ထပ္မံေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ရာ စုစုေပါင္းတန္ဖိုး ေငြက်ပ္ (၈ ဒသမ ၁၈) ဘီလ်ံေက်ာ္ရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၅၇ ဒသမ ၈၈၅) သိန္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္မွ ရခိုင္ျပည္နယ္သို႔ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားတင္ပို႔ေရာင္းခ်သူမွာ ရွမ္းျပည္နယ္၊ ေက်းသီၿမိဳ႕နယ္၊ ဝမ္ဟိုင္းေန ထြန္းစီႏွင့္ဇနီး နန္းေ႐ႊရင္(ခ)နန္းမိုင္းခမ္း(ခ)နန္းခမ္းၾကာတို႔ျဖစ္ၿပီး ၎တို႔၏အစီအမံျဖင့္ ရွမ္းျပည္နယ္၊ ဝမ္ဟိုင္းမွ ျပည္ၿမိဳ႕သို႔ သယ္ေဆာင္ၿပီး ျပည္ၿမိဳ႕တြင္ သိန္းေဌးႏွင့္ ေအာင္ေဇာ္ဦးတို႔မွ ေနအိမ္ငွားရမ္းသိုေလွာင္ထားရွိကာ ရခိုင္ျပည္နယ္သို႔ တစ္ဆင့္ျပန္လည္တင္ပို႔ေပးျခင္းျဖစ္ေၾကာင္း၊ အလားတူ မႏၲေလးၿမိဳ႕မွတစ္ဆင့္ ရန္ကုန္ၿမိဳ႕သို႔သယ္ေဆာင္ၿပီး ရန္ကုန္မွတစ္ဆင့္ ရခိုင္ျပည္နယ္သို႔ တင္ပို႔ေရာင္းခ်ျခင္းျဖစ္ကာ ရခိုင္ျပည္နယ္မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား သယ္ေဆာင္ေရာင္းဝယ္သူမွာ ထင္ထင္ေက်ာ္(ခ)ရခိုင္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕အား ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္းႏွင့္ ၎တို႔၏ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္ရာမွရရွိသည့္ ေငြေၾကးအက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။