မြန်မာနိုင်ငံရှိ မြွေမျိုးစိတ်သစ်တစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့

5256

စော(NP News)- ဇွန် ၁၄
မြန်မာနိုင်ငံရှိ လာအိုအိမ်စောင့်မြွေ (သို့မဟုတ်) မြွေဝံပုလွေမျိုးစိတ်သစ်တစ်ခုကို မှတ်တမ်း တင်နိုင်ခဲ့ကြောင်း Snakes of Myanmar မှ မစိုးသန္တာအောင် က NP News ကိုပြောသည်။
အဆိုပါ မျိုးစိတ်သစ်သည် မြန်မာနိုင်ငံတွင် ယခင်က မှတ်တမ်းများ မရှိသေးသော်လည်း ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တွေ့ရှိရသော လေ့လာမှုမှတ်တမ်းများအရ မှတ်တမ်း သစ်ကို နိုင်ငံအဆင့် အနေဖြင့် ပထမဦးဆုံးတင်ပြခဲ့ ကြောင်း ထုတ်ပြန်ထားသည်။
“အခုဆိုရင် တွားသွားသတ္တဝါတွေက မြန်မာနိုင်ငံမှာ လေ့လာမှုတွေအရမ်းနည်းတယ်။ အရင်တုန်းက အဲဒီ လောက်ထိ မရှိခဲ့ကြဘူး။ အခုခေတ်မှာ ဆိုရင် ဆိုရှယ်မီဒီယာတွေကိုက Citizen Science လိုမျိုး ဆိုရှယ်မီဒီယာတွေကို သုံးပြီး အဲဒီကနေပြီးတော့ မရောက်နိုင်တဲ့ဒေသတွေကနေ Record တွေ ရလာတယ်။ အဲဒီကနေမှတစ်ဆင့် မြန်မာ နိုင်ငံမှာ ဒါမျိုးတွေရှိတယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ထိန်းသိမ်းရမယ်။ ဘယ်လိုမြွေမျိုးက ထိန်းသိမ်းသင့်တယ်။ ဘယ် လို မြွေမျိုးဆိုရင် အဆိပ်ရှိတယ်။ အဆိပ်မရှိဘူးဆိုပြီး ခွဲခြားပြီးတော့ ထိန်းသိမ်းစောင့်ရှောက်မှုတွေလည်း လုပ်လာ နိုင်မယ်။ နောက်ပြီးတော့လူတွေကိုလည်း ဒီမြွေကတော့အဆိပ်ရှိတယ်။ ဒီမြွေကတော့ အဆိပ်မရှိဘူး။ မြွေကိုက်ရင် ဘယ်လိုကာကွယ်ရမယ်။ ဘယ်လိုရှေးဦးသူနာပြုနည်းတွေလုပ်ရမယ်။ သူတို့ရဲ့ အမူအရာတွေက ဘယ်လို ဘယ်လို ရှောင်ကြည့်သင့်တယ် ဆိုတာတွေကိုပိုပြီး ဗဟုသုတပေးလာနိုင်မယ်။ အဓိကကတော့ မြန်မာနိုင်ငံရဲ့ တွားသွား သတ္တဝါတွေနဲ့ ကုန်းနေရေနေ သတ္တဝါတွေကို ပိုပြီးတော့ လေ့လာနိုင်မှာဖြစ်ပါတယ်။ ပိုပြီးတော့ မှတ်တမ်းတင်လာနိုင်မှာ ဖြစ်ပါတယ်”ဟု မစိုးသန္တာအောင်က ပြောသည်။
အဆိုပါ မှတ်တမ်းသည် အိမ်စောင့်မြွေ၏ ပျံ့နှံ့မှုကို သိရှိစေပြီး မြန်မာနိုင်ငံ၏ တွားသွားသတ္တဝါများစာရင်းထဲ တွင် မျိုးစိတ်တစ်မျိုး ပိုတိုးလာစေသည့်အပြင် မြန်မာနိုင်ငံတွင် မှတ်တမ်း မတင်ထား သော ကုန်းနေရေနေသတ္တဝါများ နှင့် တွားသွား သတ္တဝါများအကြောင်း ပိုမိုအာရုံစိုက် သုတေသနပြုလုပ်ရန် လိုအပ်နေကြောင်း ထုတ်ပြန်ချက်အရသိရ သည်။
ကမ္ဘာပေါ်ရှိ Lycodon မျိုးစုအောက်တွင် မြွေဝံပုလွေ မျိုးစိတ်ပေါင်း (၈၁) မျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင် မျိုးစိတ်ပေါင်း (၁၁) မျိုးအထိ မှတ်တမ်းတင်ထားနိုင်ပြီး ၎င်းတို့မှာ Lycodon aulicus, Lycodon capucinus, Lycodon davisonii, Lycodon fasciatus, Lycodon favozanatus, Lycodon gracilis, Lycodon jara, Lycodon kundui, Lycodon septentrionalis, Lycodon subannulatus နှင့် Lycodon zawi မျိုးစိတ်များဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံရွိ ေႁမြမ်ိဳးစိတ္သစ္တစ္ခုကို မွတ္တမ္းတင္ႏိုင္ခဲ့
ေစာ(NP News)- ဇြန္ ၁၄
ျမန္မာႏိုင္ငံရွိ လာအိုအိမ္ေစာင့္ေႁမြ (သို႔မဟုတ္) ေႁမြဝံပုေလြမ်ိဳးစိတ္သစ္တစ္ခုကို မွတ္တမ္း တင္ႏိုင္ခဲ့ေၾကာင္း Snakes of Myanmar မွ မစိုးသႏၲာေအာင္ က NP News ကိုေျပာသည္။
အဆိုပါ မ်ိဳးစိတ္သစ္သည္ ျမန္မာႏိုင္ငံတြင္ ယခင္က မွတ္တမ္းမ်ား မရွိေသးေသာ္လည္း ကရင္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ တနသၤာရီတိုင္းတို႔တြင္ ေတြ႕ရွိရေသာ ေလ့လာမႈမွတ္တမ္းမ်ားအရ မွတ္တမ္း သစ္ကို ႏိုင္ငံအဆင့္ အေနျဖင့္ ပထမဦးဆုံးတင္ျပခဲ့ ေၾကာင္း ထုတ္ျပန္ထားသည္။
“အခုဆိုရင္ တြားသြားသတၱဝါေတြက ျမန္မာႏိုင္ငံမွာ ေလ့လာမႈေတြအရမ္းနည္းတယ္။ အရင္တုန္းက အဲဒီ ေလာက္ထိ မရွိခဲ့ၾကဘူး။ အခုေခတ္မွာ ဆိုရင္ ဆိုရွယ္မီဒီယာေတြကိုက Citizen Science လိုမ်ိဳး ဆိုရွယ္မီဒီယာေတြကို သုံးၿပီး အဲဒီကေနၿပီးေတာ့ မေရာက္ႏိုင္တဲ့ေဒသေတြကေန Record ေတြ ရလာတယ္။ အဲဒီကေနမွတစ္ဆင့္ ျမန္မာ ႏိုင္ငံမွာ ဒါမ်ိဳးေတြရွိတယ္ေပါ့ေနာ္။ အဲဒါေၾကာင့္မို႔လို႔ ထိန္းသိမ္းရမယ္။ ဘယ္လိုေႁမြမ်ိဳးက ထိန္းသိမ္းသင့္တယ္။ ဘယ္ လို ေႁမြမ်ိဳးဆိုရင္ အဆိပ္ရွိတယ္။ အဆိပ္မရွိဘူးဆိုၿပီး ခြဲျခားၿပီးေတာ့ ထိန္းသိမ္းေစာင့္ေရွာက္မႈေတြလည္း လုပ္လာ ႏိုင္မယ္။ ေနာက္ၿပီးေတာ့လူေတြကိုလည္း ဒီေႁမြကေတာ့အဆိပ္ရွိတယ္။ ဒီေႁမြကေတာ့ အဆိပ္မရွိဘူး။ ေႁမြကိုက္ရင္ ဘယ္လိုကာကြယ္ရမယ္။ ဘယ္လိုေရွးဦးသူနာျပဳနည္းေတြလုပ္ရမယ္။ သူတို႔ရဲ႕ အမူအရာေတြက ဘယ္လို ဘယ္လို ေရွာင္ၾကည့္သင့္တယ္ ဆိုတာေတြကိုပိုၿပီး ဗဟုသုတေပးလာႏိုင္မယ္။ အဓိကကေတာ့ ျမန္မာႏိုင္ငံရဲ႕ တြားသြား သတၱဝါေတြနဲ႔ ကုန္းေနေရေန သတၱဝါေတြကို ပိုၿပီးေတာ့ ေလ့လာႏိုင္မွာျဖစ္ပါတယ္။ ပိုၿပီးေတာ့ မွတ္တမ္းတင္လာႏိုင္မွာ ျဖစ္ပါတယ္”ဟု မစိုးသႏၲာေအာင္က ေျပာသည္။
အဆိုပါ မွတ္တမ္းသည္ အိမ္ေစာင့္ေႁမြ၏ ပ်ံ႕ႏွံ႔မႈကို သိရွိေစၿပီး ျမန္မာႏိုင္ငံ၏ တြားသြားသတၱဝါမ်ားစာရင္းထဲ တြင္ မ်ိဳးစိတ္တစ္မ်ိဳး ပိုတိုးလာေစသည့္အျပင္ ျမန္မာႏိုင္ငံတြင္ မွတ္တမ္း မတင္ထား ေသာ ကုန္းေနေရေနသတၱဝါမ်ား ႏွင့္ တြားသြား သတၱဝါမ်ားအေၾကာင္း ပိုမိုအာ႐ုံစိုက္ သုေတသနျပဳလုပ္ရန္ လိုအပ္ေနေၾကာင္း ထုတ္ျပန္ခ်က္အရသိရ သည္။
ကမာၻေပၚရွိ Lycodon မ်ိဳးစုေအာက္တြင္ ေႁမြဝံပုေလြ မ်ိဳးစိတ္ေပါင္း (၈၁) မ်ိဳးရွိသည့္အနက္ ျမန္မာႏိုင္ငံတြင္ မ်ိဳးစိတ္ေပါင္း (၁၁) မ်ိဳးအထိ မွတ္တမ္းတင္ထားႏိုင္ၿပီး ၎တို႔မွာ Lycodon aulicus, Lycodon capucinus, Lycodon davisonii, Lycodon fasciatus, Lycodon favozanatus, Lycodon gracilis, Lycodon jara, Lycodon kundui, Lycodon septentrionalis, Lycodon subannulatus ႏွင့္ Lycodon zawi မ်ိဳးစိတ္မ်ားျဖစ္ေၾကာင္း သိရသည္။