အမေရိကန်အခြေစိုက်စခန်းများထားရှိခွင့်ပြုမည့် ဥပဒေမူကြမ်းကို ဒိန်းမတ်လွှတ်တော်အတည်ပြု

201

Pika (NP News) - ဇွန် ၁၅
ဒိန်းမတ်မြေပေါ်တွင် အမေရိကန်အခြေစိုက်စခန်းများ ထားရှိခွင့်ပြုမည့် ဥပဒေမူကြမ်းတစ်ခုကို ဒိန်းမတ် လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို ထိန်းချုပ်ရန်အတွက် ကြိုးပမ်းနေချိန်တွင် အဆိုပါအတည်ပြုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဒိန်းမတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အမေရိကန်ကိုအပ်နှင်းလိုက်သလိုမျိုး ဖြစ်စေသည့် အဆိုပါ မဲခွဲဆုံးဖြတ်မှုသည် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစိုးရနှင့် (၂၀၂၃)ခုနှစ်တွင် ပြုလုပ်ခဲ့သော ယခင် စစ်ရေးသဘောတူညီချက်ကို ကျယ်ပြန့်လာစေကြောင်း ဝေဖန်သူများက သုံးသပ်ပြောဆိုခဲ့ကြသည်။
အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်နှင့် ပြုလုပ်ခဲ့သော သဘောတူညီချက်တွင် ဒိန်းမတ်နိုင်ငံအတွင်းရှိ ဒိန်းမတ်လေတပ်အခြေစိုက်စန်းများသို့ အမေရိကန်တပ်ဖွဲ့များကို ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်ခွင့်ပေးမှုများ ပါဝင်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အဆိုပါဥပဒေမူကြမ်းသည် လက်မှတ်ရေးထိုး ပေးမှုများလုပ်ဆောင်ရန် အတွက် ဒိန်းမတ်ဘုရင် Frederik X ထံသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ဥပဒေမူကြမ်းကို လွှတ်တော်ကိုယ်စားလှယ်(၄၉)ဦးက မဲခွဲဆုံးဖြတ်ခဲ့ပြီး (၁၁)ဦးက ကန့်ကွက်မဲ ပေးခဲ့ကြောင်းသိရသည်။ ထို့ပြင် ဂရင်းလန်းကျွန်းနှင့်ပတ်သက်ပြီး အမေရိကန်၏ ထုတ်ပြန်ချက်သည် မလေးစားရာ ရောက်ကြောင်း နှင့် ဂရင်းလန်းကျွန်းကို မည်သူကမှပိုင်ဆိုင်မည် မဟုတ်ကြောင်း ဂရင်းလန်းဝန်ကြီးချုပ်က ယခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ပြီးခဲ့သည့်လများအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးအရ မဟာဗျူဟာမြောက် အရေးပါသော ဂရင်းလန်းကျွန်းကို သိမ်းပိုက်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ဖူးကြောင်းသိရသည်။

Zawgyi Version:
အေမရိကန္အေျခစိုက္စခန္းမ်ားထားရွိခြင့္ျပဳမည့္ ဥပေဒမူၾကမ္းကို ဒိန္းမတ္လႊတ္ေတာ္အတည္ျပဳ
Pika (NP News) - ဇြန္ ၁၅
ဒိန္းမတ္ေျမေပၚတြင္ အေမရိကန္အေျခစိုက္စခန္းမ်ား ထားရွိခြင့္ျပဳမည့္ ဥပေဒမူၾကမ္းတစ္ခုကို ဒိန္းမတ္ လႊတ္ေတာ္က အတည္ျပဳခဲ့ေၾကာင္း သိရသည္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဂရင္းလန္းကြၽန္းကို ထိန္းခ်ဳပ္ရန္အတြက္ ႀကိဳးပမ္းေနခ်ိန္တြင္ အဆိုပါအတည္ျပဳခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ဒိန္းမတ္ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို အေမရိကန္ကိုအပ္ႏွင္းလိုက္သလိုမ်ိဳး ျဖစ္ေစသည့္ အဆိုပါ မဲခြဲဆုံးျဖတ္မႈသည္ အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္အစိုးရႏွင့္ (၂၀၂၃)ခုႏွစ္တြင္ ျပဳလုပ္ခဲ့ေသာ ယခင္ စစ္ေရးသေဘာတူညီခ်က္ကို က်ယ္ျပန႔္လာေစေၾကာင္း ေဝဖန္သူမ်ားက သုံးသပ္ေျပာဆိုခဲ့ၾကသည္။
အေမရိကန္သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္ႏွင့္ ျပဳလုပ္ခဲ့ေသာ သေဘာတူညီခ်က္တြင္ ဒိန္းမတ္ႏိုင္ငံအတြင္းရွိ ဒိန္းမတ္ေလတပ္အေျခစိုက္စန္းမ်ားသို႔ အေမရိကန္တပ္ဖြဲ႕မ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ဝင္ေရာက္ခြင့္ေပးမႈမ်ား ပါဝင္ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ အဆိုပါဥပေဒမူၾကမ္းသည္ လက္မွတ္ေရးထိုး ေပးမႈမ်ားလုပ္ေဆာင္ရန္ အတြက္ ဒိန္းမတ္ဘုရင္ Frederik X ထံသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။
အဆိုပါ ဥပေဒမူၾကမ္းကို လႊတ္ေတာ္ကိုယ္စားလွယ္(၄၉)ဦးက မဲခြဲဆုံးျဖတ္ခဲ့ၿပီး (၁၁)ဦးက ကန႔္ကြက္မဲ ေပးခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ဂရင္းလန္းကြၽန္းႏွင့္ပတ္သက္ၿပီး အေမရိကန္၏ ထုတ္ျပန္ခ်က္သည္ မေလးစားရာ ေရာက္ေၾကာင္း ႏွင့္ ဂရင္းလန္းကြၽန္းကို မည္သူကမွပိုင္ဆိုင္မည္ မဟုတ္ေၾကာင္း ဂရင္းလန္းဝန္ႀကီးခ်ဳပ္က ယခင္က ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။
ၿပီးခဲ့သည့္လမ်ားအတြင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က စစ္ေရးအရ မဟာဗ်ဴဟာေျမာက္ အေရးပါေသာ ဂရင္းလန္းကြၽန္းကို သိမ္းပိုက္သြားမည္ဟု ၿခိမ္းေျခာက္ေျပာဆိုခဲ့ဖူးေၾကာင္းသိရသည္။