တွမ်ခရုစ်၏ မီးလောင်နေသော လေထီးစတန့်က ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းဝင်

 795

Pika (NP News) - ဇွန် ၁၇

Mission: Impossible - The Final Reckoning ဇာတ်ကား၏ ကြယ်ပွင့်သရုပ်ဆောင် တွမ်ခရုစ် သည် အဆိုပါဇာတ်ကားကိုရိုက်ကူးနေစဉ်အချိန်အတွင်း မီးလောင်နေသောလေထီးဖြင့် ရဟတ်ယာဉ် ပေါ်မှ (၁၆)ကြိမ်တိတိ အောင်မြင်စွာခုန် ချခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ရရှိခဲ့ကြောင်း သိရသည်။ Mission: Impossible ဇာတ်ကားများတွင် အီသန်ဟန့်အဖြစ် သရုပ်ဆောင်ထားသော တွမ်ခရုစ် သည် လူတစ်ဦးတည်းက မီးလောင်နေသော လေထီးဖြင့် အကြိမ်ပေါင်းများစွာ ခုန်ချပြခြင်းအတွက် ကမ္ဘာ့ ဂင်းနစ်စံချိန်ကိုရရှိခဲ့ခြင်းဖြစ်ကြောင်း ဂင်းနစ်စံချိန် မှတ်တမ်းအဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါခုန်ချမှု(၁၆)ကြိမ်အတွင်း တွမ်ခရုစ်သည် လောင်စာဆီထဲတွင်စိမ်ထားသော လေထီးကို အသုံးပြုခဲ့ပြီး လေထဲသို့ရောက်ရှိသည့်အချိန်တွင် လေထီးကမီးလောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။ ခုန်ချမှုအားလုံးတိုင်းတွင် တွမ်ခရုစ်သည် လေထဲတွင် မီးလောင်နေသော လေထီးကို ခန္ဓာကိုယ်မှ ဖြုတ်ကာ အရန်လေထီးကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ဂင်းနစ်စံချိန် မှတ်တမ်းအဖွဲ့က “တွမ်ခရုစ်က အက်ရှင်ဇာတ်ကားသရုပ်ဆောင်တစ်ဦးတင်မဟုတ်ဘဲ တကယ့်အက်ရှင်မင်းသား တစ် ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်မှုအစိတ်အပိုင်းအများစုဟာ စစ်မှန်မှုအပေါ်ကို အာရုံစိုက် ထားပြီး လူသားတစ်ယောက်က ဘယ်လောက်အထိလုပ်နိုင်လဲဆိုတာကို အမြဲတမ်းပြသခဲ့ပါတယ်။ ဒီဂင်း နစ်စံချိန်မှတ်တမ်းအသစ်နဲ့အတူ တွမ်ခရုစ်ရဲ့ကြောက်ရွံ့မှုကင်းမဲ့မှုကို အသိအမှတ်ပြုနိုင်ခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်”ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။

zawgyi version
တြမ္ခ႐ုစ္၏ မီးေလာင္ေနေသာ ေလထီးစတန႔္က ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းဝင္
Pika (NP News) - ဇြန္ ၁၇

Mission: Impossible - The Final Reckoning ဇာတ္ကား၏ ၾကယ္ပြင့္သ႐ုပ္ေဆာင္ တြမ္ခ႐ုစ္ သည္ အဆိုပါဇာတ္ကားကို႐ိုက္ကူးေနစဥ္အခ်ိန္အတြင္း မီးေလာင္ေနေသာေလထီးျဖင့္ ရဟတ္ယာဥ္ ေပၚမွ (၁၆)ႀကိမ္တိတိ ေအာင္ျမင္စြာခုန္ ခ်ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ရရွိခဲ့ေၾကာင္း သိရသည္။ Mission: Impossible ဇာတ္ကားမ်ားတြင္ အီသန္ဟန႔္အျဖစ္ သ႐ုပ္ေဆာင္ထားေသာ တြမ္ခ႐ုစ္ သည္ လူတစ္ဦးတည္းက မီးေလာင္ေနေသာ ေလထီးျဖင့္ အႀကိမ္ေပါင္းမ်ားစြာ ခုန္ခ်ျပျခင္းအတြက္ ကမာၻ႔ ဂင္းနစ္စံခ်ိန္ကိုရရွိခဲ့ျခင္းျဖစ္ေၾကာင္း ဂင္းနစ္စံခ်ိန္ မွတ္တမ္းအဖြဲ႕ကေျပာၾကားခဲ့သည္။

အဆိုပါခုန္ခ်မႈ(၁၆)ႀကိမ္အတြင္း တြမ္ခ႐ုစ္သည္ ေလာင္စာဆီထဲတြင္စိမ္ထားေသာ ေလထီးကို အသုံးျပဳခဲ့ၿပီး ေလထဲသို႔ေရာက္ရွိသည့္အခ်ိန္တြင္ ေလထီးကမီးေလာင္ကြၽမ္းသြားခဲ့ျခင္း ျဖစ္ေၾကာင္းသိရ သည္။ ခုန္ခ်မႈအားလုံးတိုင္းတြင္ တြမ္ခ႐ုစ္သည္ ေလထဲတြင္ မီးေလာင္ေနေသာ ေလထီးကို ခႏၶာကိုယ္မွ ျဖဳတ္ကာ အရန္ေလထီးကို အသုံးျပဳခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။

ဂင္းနစ္စံခ်ိန္ မွတ္တမ္းအဖြဲ႕က “တြမ္ခ႐ုစ္က အက္ရွင္ဇာတ္ကားသ႐ုပ္ေဆာင္တစ္ဦးတင္မဟုတ္ဘဲ တကယ့္အက္ရွင္မင္းသား တစ္ ေယာက္လည္းျဖစ္ပါတယ္။ သူ႔ရဲ႕ေအာင္ျမင္မႈအစိတ္အပိုင္းအမ်ားစုဟာ စစ္မွန္မႈအေပၚကို အာ႐ုံစိုက္ ထားၿပီး လူသားတစ္ေယာက္က ဘယ္ေလာက္အထိလုပ္ႏိုင္လဲဆိုတာကို အၿမဲတမ္းျပသခဲ့ပါတယ္။ ဒီဂင္း နစ္စံခ်ိန္မွတ္တမ္းအသစ္နဲ႔အတူ တြမ္ခ႐ုစ္ရဲ႕ေၾကာက္႐ြံ႕မႈကင္းမဲ့မႈကို အသိအမွတ္ျပဳႏိုင္ခဲ့တဲ့အတြက္ တကယ္ကို ဝမ္းသာမိပါတယ္”ဟု ထုတ္ျပန္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.