လေဆာလက်နက်အသစ်တွေကို ရုရှားအစိုးရစမ်းသပ်

 455

Pika (NP News) - ဇွန် ၁၇

ရုရှားစစ်တပ်ဟာ လေယာဉ်ပစ်လေဆာစနစ်(၈)ခုကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အဲဒီလေဆာစနစ်တွေဟာ ဒရုန်းခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်တယ်လို့ ရုရှားအစိုးရက ထပ်မံပြောကြားခဲ့ပါတယ်။ လေယာဉ်ပစ်လေဆာစနစ်တွေစမ်းသပ်မှုကို ရုရှားဒုဝန်ကြီးချုပ် Denis Manturov အပါအဝင် ရုရှားအကြီးတန်းအရာရှိတွေ တက်‌ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။စမ်းသပ်မှုကို ရုရှားနိုင်ငံ စစ်ဘက်-စက်မှုကော်မရှင်နဲ့ စက်မှုလုပ်ငန်းနဲ့ကုန်သွယ်ရေးဝန်ကြီးဌာနတို့က စီစဉ်ဆောင်ရွက်တဲ့ မြေပြင်ကွင်းတစ်ခုမှာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ရုရှားအစိုးရက "စမ်းသပ်မှုတွေအတွင်း လမ်းညွှန်ချက်တိကျမှု၊ ဖျက်ဆီးမှုအကွာအဝေး၊ ရွေ့လျားနေတဲ့ လေကြောင်းပစ်မှတ်တွေအပေါ် လေဆာစနစ်တွေရဲ့ တုံ့ပြန်မှုအမြန်နှုန်းနဲ့ ရာသီဥတုအခြေအနေအမျိုးမျိုးမှာ ခုခံနိုင်မှုတွေကို စစ်ဆေးနိုင်ခဲ့ပါတယ်။”လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အဲဒီလုပ်ဆောင်မှုအတွင်း မတူညီတဲ့လေယာဉ်ပစ်လေဆာစနစ်အသစ်(၈)ခုကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တယ်လို့လည်း ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

zawgyi version
ေလဆာလက္နက္အသစ္ေတြကို ႐ုရွားအစိုးရစမ္းသပ္
Pika (NP News) - ဇြန္ ၁၇

႐ုရွားစစ္တပ္ဟာ ေလယာဥ္ပစ္ေလဆာစနစ္(၈)ခုကို ေအာင္ျမင္စြာစမ္းသပ္ႏိုင္ခဲ့တယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

အဲဒီေလဆာစနစ္ေတြဟာ ဒ႐ုန္းၿခိမ္းေျခာက္မႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ ဒီဇိုင္းထုတ္ထားတာျဖစ္တယ္လို႔ ႐ုရွားအစိုးရက ထပ္မံေျပာၾကားခဲ့ပါတယ္။ ေလယာဥ္ပစ္ေလဆာစနစ္ေတြစမ္းသပ္မႈကို ႐ုရွားဒုဝန္ႀကီးခ်ဳပ္ Denis Manturov အပါအဝင္ ႐ုရွားအႀကီးတန္းအရာရွိေတြ တက္‌ေရာက္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။စမ္းသပ္မႈကို ႐ုရွားႏိုင္ငံ စစ္ဘက္-စက္မႈေကာ္မရွင္နဲ႔ စက္မႈလုပ္ငန္းနဲ႔ကုန္သြယ္ေရးဝန္ႀကီးဌာနတို႔က စီစဥ္ေဆာင္႐ြက္တဲ့ ေျမျပင္ကြင္းတစ္ခုမွာ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

႐ုရွားအစိုးရက "စမ္းသပ္မႈေတြအတြင္း လမ္းၫႊန္ခ်က္တိက်မႈ၊ ဖ်က္ဆီးမႈအကြာအေဝး၊ ေ႐ြ႕လ်ားေနတဲ့ ေလေၾကာင္းပစ္မွတ္ေတြအေပၚ ေလဆာစနစ္ေတြရဲ႕ တုံ႔ျပန္မႈအျမန္ႏႈန္းနဲ႔ ရာသီဥတုအေျခအေနအမ်ိဳးမ်ိဳးမွာ ခုခံႏိုင္မႈေတြကို စစ္ေဆးႏိုင္ခဲ့ပါတယ္။”လို႔ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီလုပ္ေဆာင္မႈအတြင္း မတူညီတဲ့ေလယာဥ္ပစ္ေလဆာစနစ္အသစ္(၈)ခုကို ေအာင္ျမင္စြာစမ္းသပ္ႏိုင္ခဲ့တယ္လို႔လည္း ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.