အီရန်ကို ငြိမ်းချမ်းရေးယူမလား၊ ထပ်မံအတိုက်ခံမလား ဆိုတဲ့အချက်ကို သတိပေးလိုက်တဲ့ အမေရိကန်သမ္မတ

350

ဂျန်ဇက် (NP News) - ဇွန် ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့ပြီးနောက် အီရန်နိုင်ငံကို ငြိမ်းချမ်းရေးယူမလား၊ သို့မဟုတ် နောက်ထပ် အတိုက်ခံမလား ဆိုတဲ့ သတိပေးချက်မျိုး ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်ဟာ ဇွန်လ ၂၂ ရက်မှာ အီရန်နိုင်ငံ ဖော်ဒိုး၊ နာတန့်၊ အက်ဖာဟန် ဒေသရှိ နျူကလီယားစက်ရုံများကို ကြီးမားတဲ့ တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ အီရန်နိုင်ငံအပေါ် အစ္စရေးနိုင်ငံက တိုက်ခိုက်ခဲ့ပြီးနောက် သီတင်းပတ် တစ်ပတ်ကြာချိန်မှာ အမေရိကန်နိုင်ငံက အီရန်ရဲ့နျူကလီးယားစက်ရုံများကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတ က “ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ဟာ အီရန်နိုင်ငံရဲ့နျူကလီးယား သန့်စင်နိုင်တဲ့ စွမ်းရည်ကိုဖျက်ဆီးဖို့ ရည်ရွယ်တာဖြစ်တယ်။ နျူကလီးယား နဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန့်ဖို့ ရည်ရွယ်တာဖြစ်ပါ တယ်။ ဒီတိုက်ခိုက်မှုဟာ ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးအောင်မြင်မှုဖြစ်တယ်။ အီရန်ရဲ့အဓိကနျူကလီးယား သန့်စင်ရေးစက်ရုံတွေကို လုံးဝ လုံးလုံးလျားလျား ချေမှုန်းပစ်လိုက်ပါပြီ။ ပစ်မှတ်တွေ အများကြီး ကျန်နေသေး တာကို သတိရပါ။ ဒီညဟာ သူတို့အားလုံးထဲမှာ အခက်ခဲဆုံးဖြစ်ပြီး အခုအချိန်အထိ သေစေနိုင်တဲ့ အကောင်းဆုံး ပွဲဖြစ်နိုင်တယ်။ငြိမ်းချမ်းရေးက မြန်မြန်ဆန်ဆန် မရောက်ဘူးဆိုရင် အဲဒီပစ်မှတ်တွေကို တိကျ၊ အရှိန်အဟုန်နဲ့ ကျွမ်းကျင်မှုရှိတဲ့ တခြားပစ်မှတ်တွေကို ထပ်မံတိုက်ခိုက်သွားမယ်။ ပစ်မှတ်အများစုကို မိနစ်ပိုင်းအတွင်း ဖယ်ရှား နိုင်မှာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ဖော်ဒိုး၊ နာတန့်၊ အက်ဖာဟန် ဒေသ အပါအဝင် အီရန်မှာရှိတဲ့ နျူကလီးယားဆိုက် ၃ ခုကို ကျွန်တော်တို့ရဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်။ လေယာဉ်အားလုံးဟာ အခု အီရန် လေပိုင်နက်အပြင်မှာ ရှိနေပါပြီ။ ဗုံးအပြည့်တင်ထားတဲ့ဗုံးတစ်လုံးကို မူလနေရာဖြစ်တဲ့ ဖော်ဒိုး နျူကလီးယား စက်ရုံမှာ ပြုတ်ကျခဲ့ပါတယ်။ လေယာဉ်အားလုံး ဘေးကင်းလုံခြုံစွာ အပြန်ခရီးမှာ ပြန်ရောက်နေပါတယ်။ ကျွန်တော်တို့ရဲ့ကြီးကျယ်ခမ်းနားတဲ့ အမေရိကန် စစ်သည်တော်တွေကို ဂုဏ်ယူပါတယ်။ ဒါကို စွမ်းဆောင်နိုင်တဲ့ တခြားစစ်တပ် မရှိဘူး"လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံကို လက်တုံ့ပြန်ခြင်းမပြုဖို့ နဲ့ ဆွေးနွေးပွဲများမှာ ပါဝင်ရန် တိုက်တွန်းခဲ့ပြီး လက်ရှိအချိန်က “ငြိမ်းချမ်းရေးအတွက်အချိန်ဖြစ်တယ်လို့ ” ဆိုပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi က အမေရိကန်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာ နိုင်ငံတကာ သဘောတူစာချုပ် အားလုံးကို ချိုးဖောက်မှုအဖြစ် ရှုတ်ချခဲ့ပြီး “အီရန်နိုင်ငံဟာ နိုင်ငံ အချုပ်အခြာအာဏာ၊ အကျိုးစီးပွားနဲ့ ပြည်သူများ ကို ကာကွယ်ဖို့ ရွေးချယ်စရာအားလုံးကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့က လည်း အစ္စရေးနဲ့ အီရန်စစ်ပွဲမှာ အမေရိကန်နိုင်ငံ ပါဝင်လာပါက ၎င်းတို့သည် ပင်လယ်နီမှာ အမေရိကန် စစ်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ သတိပေးခဲ့ပါတယ်။

Zawgyi Version:
အီရန္ကို ၿငိမ္းခ်မ္းေရးယူမလား၊ ထပ္မံအတိုက္ခံမလား ဆိုတဲ့အခ်က္ကို သတိေပးလိုက္တဲ့ အေမရိကန္သမၼတ
ဂ်န္ဇက္ (NP News) - ဇြန္ ၂၂
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ အီရန္ႏိုင္ငံကိုတိုက္ခိုက္ခဲ့ၿပီးေနာက္ အီရန္ႏိုင္ငံကို ၿငိမ္းခ်မ္းေရးယူမလား၊ သို႔မဟုတ္ ေနာက္ထပ္ အတိုက္ခံမလား ဆိုတဲ့ သတိေပးခ်က္မ်ိဳး ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္ဟာ ဇြန္လ ၂၂ ရက္မွာ အီရန္ႏိုင္ငံ ေဖာ္ဒိုး၊ နာတန႔္၊ အက္ဖာဟန္ ေဒသရွိ န်ဴကလီယားစက္႐ုံမ်ားကို ႀကီးမားတဲ့ တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ပါတယ္။ အီရန္ႏိုင္ငံအေပၚ အစၥေရးႏိုင္ငံက တိုက္ခိုက္ခဲ့ၿပီးေနာက္ သီတင္းပတ္ တစ္ပတ္ၾကာခ်ိန္မွာ အေမရိကန္ႏိုင္ငံက အီရန္ရဲ႕န်ဴကလီးယားစက္႐ုံမ်ားကိုတိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။
အေမရိကန္သမၼတ က “ကြၽန္ေတာ္တို႔ရဲ႕ရည္႐ြယ္ခ်က္ဟာ အီရန္ႏိုင္ငံရဲ႕န်ဴကလီးယား သန႔္စင္ႏိုင္တဲ့ စြမ္းရည္ကိုဖ်က္ဆီးဖို႔ ရည္႐ြယ္တာျဖစ္တယ္။ န်ဴကလီးယား နဲ႔ ၿခိမ္းေျခာက္မႈေတြကို ရပ္တန႔္ဖို႔ ရည္႐ြယ္တာျဖစ္ပါ တယ္။ ဒီတိုက္ခိုက္မႈဟာ ႀကီးက်ယ္ခမ္းနားတဲ့ စစ္ေရးေအာင္ျမင္မႈျဖစ္တယ္။ အီရန္ရဲ႕အဓိကန်ဴကလီးယား သန႔္စင္ေရးစက္႐ုံေတြကို လုံးဝ လုံးလုံးလ်ားလ်ား ေခ်မႈန္းပစ္လိုက္ပါၿပီ။ ပစ္မွတ္ေတြ အမ်ားႀကီး က်န္ေနေသး တာကို သတိရပါ။ ဒီညဟာ သူတို႔အားလုံးထဲမွာ အခက္ခဲဆုံးျဖစ္ၿပီး အခုအခ်ိန္အထိ ေသေစႏိုင္တဲ့ အေကာင္းဆုံး ပြဲျဖစ္ႏိုင္တယ္။ၿငိမ္းခ်မ္းေရးက ျမန္ျမန္ဆန္ဆန္ မေရာက္ဘူးဆိုရင္ အဲဒီပစ္မွတ္ေတြကို တိက်၊ အရွိန္အဟုန္နဲ႔ ကြၽမ္းက်င္မႈရွိတဲ့ တျခားပစ္မွတ္ေတြကို ထပ္မံတိုက္ခိုက္သြားမယ္။ ပစ္မွတ္အမ်ားစုကို မိနစ္ပိုင္းအတြင္း ဖယ္ရွား ႏိုင္မွာပါ” လို႔ ေျပာပါတယ္။
ဒါ့အျပင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က “ေဖာ္ဒိုး၊ နာတန႔္၊ အက္ဖာဟန္ ေဒသ အပါအဝင္ အီရန္မွာရွိတဲ့ န်ဴကလီးယားဆိုက္ ၃ ခုကို ကြၽန္ေတာ္တို႔ရဲ႕ေအာင္ျမင္စြာတိုက္ခိုက္ႏိုင္ခဲ့တယ္။ ေလယာဥ္အားလုံးဟာ အခု အီရန္ ေလပိုင္နက္အျပင္မွာ ရွိေနပါၿပီ။ ဗုံးအျပည့္တင္ထားတဲ့ဗုံးတစ္လုံးကို မူလေနရာျဖစ္တဲ့ ေဖာ္ဒိုး န်ဴကလီးယား စက္႐ုံမွာ ျပဳတ္က်ခဲ့ပါတယ္။ ေလယာဥ္အားလုံး ေဘးကင္းလုံၿခဳံစြာ အျပန္ခရီးမွာ ျပန္ေရာက္ေနပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ႀကီးက်ယ္ခမ္းနားတဲ့ အေမရိကန္ စစ္သည္ေတာ္ေတြကို ဂုဏ္ယူပါတယ္။ ဒါကို စြမ္းေဆာင္ႏိုင္တဲ့ တျခားစစ္တပ္ မရွိဘူး"လို႔ ဆိုပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အီရန္ႏိုင္ငံကို လက္တုံ႔ျပန္ျခင္းမျပဳဖို႔ နဲ႔ ေဆြးေႏြးပြဲမ်ားမွာ ပါဝင္ရန္ တိုက္တြန္းခဲ့ၿပီး လက္ရွိအခ်ိန္က “ၿငိမ္းခ်မ္းေရးအတြက္အခ်ိန္ျဖစ္တယ္လို႔ ” ဆိုပါတယ္။ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး Seyed Abbas Araghchi က အေမရိကန္စစ္တပ္ရဲ႕ေလေၾကာင္းတိုက္ခိုက္မႈဟာ ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ အားလုံးကို ခ်ိဳးေဖာက္မႈအျဖစ္ ရႈတ္ခ်ခဲ့ၿပီး “အီရန္ႏိုင္ငံဟာ ႏိုင္ငံ အခ်ဳပ္အျခာအာဏာ၊ အက်ိဳးစီးပြားနဲ႔ ျပည္သူမ်ား ကို ကာကြယ္ဖို႔ ေ႐ြးခ်ယ္စရာအားလုံးကို လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။ ယီမင္ရွိ ဟူသီလက္နက္ကိုင္အဖြဲ႕က လည္း အစၥေရးနဲ႔ အီရန္စစ္ပြဲမွာ အေမရိကန္ႏိုင္ငံ ပါဝင္လာပါက ၎တို႔သည္ ပင္လယ္နီမွာ အေမရိကန္ စစ္သေဘၤာမ်ားကို ပစ္မွတ္ထားတိုက္ခိုက္မယ္လို႔ သတိေပးခဲ့ပါတယ္။