ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်တွေမှာ ညှိနှိုင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းလာအောင်လုပ်ဆောင်ဖို့ တရုတ်နဲ့ဆော်ဒီအာရေးဗျတို့ သဘောတူ

 125

Pika (NP News) - ဒီဇင်ဘာ ၁၆

ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်တွေမှာ နီးကပ်တဲ့ဆက်သွယ်မှုတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ တရုတ်နဲ့ ဆော်ဒီအာရေးဗျနိုင်ငံတို့က သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့ပြင် အရှေ့အလယ်ပိုင်းဒေသ သံတမန်ရေးမှာ ဆော်ဒီအာရေးဗျနိုင်ငံရဲ့အခန်းကဏ္ဍကို တရုတ်အစိုးရက ချီးကျူးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဆော်ဒီအာရေးဗျနဲ့ တရုတ်တို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဆော်ဒီအာရေးဗျနိုင်ငံမှာ တွေ့ဆုံခဲ့ကြပြီးနောက် ယခုလို သဘောတူညီမှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီဟာ ယူအေအီးနိုင်ငံမှာစတင်ခဲ့ပြီး ဂျော်ဒန်နိုင်ငံမှာ အဆုံးသတ်ဖို့ မျှော်လင့်ထားတဲ့ အရှေ့အလယ်ပိုင်း ဒေသ သုံးနိုင်ငံခရီးစဉ်မှာ ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံရဲ့တရားဝင်သတင်းဌာန Xinhua က ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်တစ်ခုမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမယ့်ကိစ္စရပ်တွေကို အသေးစိတ်ထုတ်ဖော်ပြောဆိုထားတာမျိုး မရှိပေမယ့်လည်း ဆော်ဒီအာရေးဗျနဲ့ အီရန်တို့ရဲ့နှစ်နိုင်ငံကြားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြှင့်တင်ရေးတို့ အတွက် တရုတ်နိုင်ငံရဲ့ထောက်ခံမှုတွေကိုပဲ ဖော်ပြထားတယ်လို့လည်း သိရပါတယ်။ ထုတ်ပြန်ကြေညာချက်မှာ “ဒေသတွင်းနဲ့နိုင်ငံတကာမှာ လုံခြုံရေးနဲ့တည်ငြိမ်မှုရရှိအောင် ဆော်ဒီအာရေးဗျရဲ့ဦးဆောင်အခန်းကဏ္ဍနဲ့ ကြိုးပမ်း အားထုတ်မှုတွေကို တရုတ်က အသိအမှတ်ပြုပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version:
ေဒသတြင္းနဲ႔ ႏိုင္ငံတကာကိစၥရပ္ေတြမွာ ညႇိႏႈိင္းေဆာင္႐ြက္မႈေတြကို ပိုမိုအားေကာင္းလာေအာင္လုပ္ေဆာင္ဖို႔ တ႐ုတ္နဲ႔ေဆာ္ဒီအာေရးဗ်တို႔ သေဘာတူ
Pika (NP News) - ဒီဇင္ဘာ ၁၆
ေဒသတြင္းနဲ႔ ႏိုင္ငံတကာကိစၥရပ္ေတြမွာ နီးကပ္တဲ့ဆက္သြယ္မႈေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္မႈေတြလုပ္ေဆာင္ဖို႔ တ႐ုတ္နဲ႔ ေဆာ္ဒီအာေရးဗ်ႏိုင္ငံတို႔က သေဘာတူညီခဲ့ၾကတယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အေရွ႕အလယ္ပိုင္းေဒသ သံတမန္ေရးမွာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံရဲ႕အခန္းက႑ကို တ႐ုတ္အစိုးရက ခ်ီးက်ဴးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ေဆာ္ဒီအာေရးဗ်နဲ႔ တ႐ုတ္တို႔ရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးေတြဟာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ ေတြ႕ဆုံခဲ့ၾကၿပီးေနာက္ ယခုလို သေဘာတူညီမႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီး ဝမ္ယီဟာ ယူေအအီးႏိုင္ငံမွာစတင္ခဲ့ၿပီး ေဂ်ာ္ဒန္ႏိုင္ငံမွာ အဆုံးသတ္ဖို႔ ေမွ်ာ္လင့္ထားတဲ့ အေရွ႕အလယ္ပိုင္း ေဒသ သုံးႏိုင္ငံခရီးစဥ္မွာ ေရာက္ရွိေနတယ္လို႔လည္း သိရပါတယ္။
တ႐ုတ္ႏိုင္ငံရဲ႕တရားဝင္သတင္းဌာန Xinhua က ထုတ္ျပန္ခဲ့တဲ့ ပူးတြဲေၾကညာခ်က္တစ္ခုမွာ ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈကို အားေကာင္းေစမယ့္ကိစၥရပ္ေတြကို အေသးစိတ္ထုတ္ေဖာ္ေျပာဆိုထားတာမ်ိဳး မရွိေပမယ့္လည္း ေဆာ္ဒီအာေရးဗ်နဲ႔ အီရန္တို႔ရဲ႕ႏွစ္ႏိုင္ငံၾကားဆက္ဆံေရး ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ျမႇင့္တင္ေရးတို႔ အတြက္ တ႐ုတ္ႏိုင္ငံရဲ႕ေထာက္ခံမႈေတြကိုပဲ ေဖာ္ျပထားတယ္လို႔လည္း သိရပါတယ္။ ထုတ္ျပန္ေၾကညာခ်က္မွာ “ေဒသတြင္းနဲ႔ႏိုင္ငံတကာမွာ လုံၿခဳံေရးနဲ႔တည္ၿငိမ္မႈရရွိေအာင္ ေဆာ္ဒီအာေရးဗ်ရဲ႕ဦးေဆာင္အခန္းက႑နဲ႔ ႀကိဳးပမ္း အားထုတ္မႈေတြကို တ႐ုတ္က အသိအမွတ္ျပဳပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.