နှစ်နိုင်ငံ ဆွေးနွေးဖြေရှင်းမလား ၊ နိုင်ငံတကာတရားရုံး (ICJ) မှာ ရှင်းမလား

 420

သန်းထိုက်စိုး
ကမ္ဘောဒီးယားနိုင်ငံသည် ထိုင်းနိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့်ကိစ္စကို နှစ်နိုင်ငံဆွေးနွေးညှိနှိုင်း နေစဉ် မှာပင် နိုင်ငံတကာတရားရုံး(ICJ)အထိခေါ်ဆောင်သွားမည်ဟု ပြောဆိုလာသည်။ နှစ်နိုင်ငံကြားအငြင်းပွားမှုမှာ အရှိန်မြင့် လာမည်လား သို့မဟုတ် လျော့ကျသွားမည်လား စောင့်ကြည့်နေကြသည်။ မေလ (၂၈) ရက်တွင် အငြင်းပွားနယ်မြေ၌ ကမ္ဘောဒီးယားစစ်သည်တစ်ဦးကို ထိုင်းတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရာ တင်းမာမှုအခြေအနေမှာ အမြင့်ဆုံး သို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် နှစ်နိုင်ငံတာဝန်ရှိသူများက အပြင်းထန်ဆုံး စကားလုံးများဖြင့် အပြန်အလှန် တိုက်ခိုက်ပြောဆိုခဲ့ကြသည်။ ထိုင်းအစိုးရသည် ဇွန်လ (၆) ရက်တွင် နယ်စပ်ဂိတ်များကို ကန့်သတ်ရန် သို့မဟုတ် ပိတ်ပစ် ရန် ထိုင်းတပ်မတော်ကို အမိန့်ပေးခဲ့သည်။ ရက်အနည်းငယ်အကြာတွင် ကမ္ဘောဒီးယားအစိုးရသည် အငြင်းပွားနယ်စပ် တွင် ဖြန့်ကြက်ချထားသည့် ၎င်း၏တပ်ဖွဲ့ များကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် (၁၉၆၂)ခုနှစ်တွင် အသာရခဲ့ဖူးသည့် နိုင်ငံတကာတရားရုံး (ICJ) သို့ ထပ်မံသွားရောက် လိုသည်။ (၂၀၁၃) ခုနှစ်ကလည်း ထိုင်းနိုင်ငံနှင့်နယ်စပ်အငြင်းပွားမှုတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့သေးသည်။ ဖြစ်လာနိုင် သည့် ကိစ္စရပ်အတွက် အထောက်အထားများ ရှာဖွေစုဆောင်းပြင်ဆင်ရန် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဥက္ကဋ္ဌ ပြုလုပ်သည့်ကော်မတီတစ်ရပ်ဖွဲ့စည်းကြောင်း ဇွန်လ (၁၀)ရက်တွင် ကြေညာခဲ့သည်။ ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ် ဖြတ်သန်မှုများ ကန့်သတ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
ထိုင်းအစိုးရသည် ICJ ၏ ဆုံးဖြတ်ချက်ကို အခိုင်အမာဆန့်ကျင်ခဲ့သည်။ ယင်းကိစ္စသည် ဝန်ကြီးချုပ် ပေထုံ တန်၏ အားနည်းသည့် ညွန့်ပေါင်းအစိုးရကို ကိုင်လှုပ်ရန် ကြိုးစားသော သဘောထားတင်းမာသူ အမျိုးသားရေး ဝါဒီ များ၏ ဖိအားပေးရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ရှုမြင်ထားပြီး နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းရမည့် ကိစ္စဖြစ်သည်ဟု ယူဆ ထားသည်။ ပထမ အကြိမ်တွေ့ဆုံမှုကို ဇွန်လ (၁၄)ရက်တွင် ပြုလုပ်ရန်ဖြစ်ပြီး အငြင်းပွားမှုများကို ဖြေရှင်းရန် (၂၀ဝဝ) ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့သည့် ပူးတွဲနယ်ခြားကော်မတီ၏ အစည်းအဝေးတစ်ရပ်ဖြစ်သည်။
ထိုင်းနိုင်ငံသည် နှစ်နိုင်ငံအငြင်းပွားနယ်မြေကိစ္စအား နိုင်ငံတကာတရားရုံး (ICJ) တွင် ဖြေရှင်းရန် ကြိုးပမ်း ခြင်းသည် နိုင်ငံ၏အချုပ်အချာကို ထိပါးခြင်းဖြစ်သည့်အတွက် အပြင်းအထန်ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သည်။ ကမ္ဘော ဒီးယားနိုင်ငံအနေဖြင့် တစ်ဖက်သတ် တရားစွဲဆိုမှု ပြုလုပ်နိုင်သည်။ သို့သော် ယင်းမှာ စွန့်စားဆောင်ရွက်ရမည့် အရွေ့ တစ်ခုဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ခိုင်မာသည့်မိတ်ဆွေ တရုတ်နိုင်ငံရှိသော်လည်း တရုတ်နိုင်ငံသည် ယင်းကိစ္စ တွင် မည်သည့်ဘက်တွင်မှ ဝင်ရောက်ပါဝင်ခြင်းမရှိဘဲ ကြားနေအဖြစ်ရပ်တည်ပြီး နှစ်နိုင်ငံကြား ညှိနှိုင်းဆောင်ရွက်ရန် သာ ကမ်းလှမ်းခဲ့သည်။ အမေရိကန်နိုင်ငံကမူ အဆိုပါအငြင်းပွားနယ်စပ်ကိစ္စအား တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါ။ တစ်ဖက်ဖက်တွင် ပါဝင်ရန်လိုအပ်လာပါမူ အမေရိကန်-ထိုင်း ဆက်ဆံရေးသည် အမေရိကန်-တရုတ် ဆက်ဆံ ရေးထက် ပိုမိုနီးစပ်မှုရှိရာ ထိုင်းနိုင်ငံဘက် ယိမ်းကောင်းယိမ်းနိုင်သည်။ အရှေ့တောင်အာရှနှင့် ဥရောပသံတမန် အချို့ ကမူ အဆိုပါအငြင်းပွားမှုအား အာဆီယံသို့ သယ်ဆောင်ဖြေရှင်းရန် နှစ်နိုင်ငံလုံးကို တိုက်တွန်းခဲ့သည်။ သို့သော် မည် သည့် အာဆီယံနိုင်ငံကမှ ယင်းကိစ္စအပေါ် အလေးအနက်စဉ်းစားခဲ့ကြခြင်းမရှိပါ။ ယခုနှစ်အာဆီယံဥက္ကဋ္ဌ မလေးရှား နိုင်ငံသည် ဒေသတွင်းညှိနှိုင်းရေးကြိုးပမ်းမှုတွင် တွန်းအားပေးရာ၌ စိတ်ဝင်စားမှု မရှိသည်ကို တွေ့ရသည်။
ကျွန်တော်တို့သည် နိုင်ငံတကာဥပဒေစိုးမိုးသည့် ရွှေခေတ်ထဲတွင်နေထိုင်ကြရသူများ မဟုတ်တော့ပါ။ နိုင်ငံ တကာ တရားရုံး (ICJ) သည်ပင် ကမ္ဘောဒီးယား နိုင်ငံကို ယခင်ကလို အနိုင်ပေးဦးမည်လား။ နိုင်ငံခြားအစိုးရများက ယခုကိစ္စကို ဆုံးဖြတ်ပေးမည်လားစသည့် မေးစရာမေးခွန်းများရှိနေသည်။ တရုတ်အစိုးရသည်ပင် တောင်တရုတ် ပင်လယ်အငြင်းပွားမှုတွင် ဖိလစ်ပိုင်နိုင်ငံကို အနိုင်ပေးခဲ့သည့် သည်ဟိဂ်မြို့ အခြေစိုက် အမြဲတမ်း ခုံသမာဓိတရားရုံး (PCA) ၏ ဆုံးဖြတ်ချက်ကို လျစ်လျူရှုခဲ့သည်။ သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရသည်လည်း နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်တင် ပယ်ချခဲ့သည်များရှိသည်။ နိုင်ငံတကာတရားရုံး (ICJ) ကို ဒဏ်ခတ်ပိတ်ဆို့မှုများပင် ပြုလုပ်ခဲ့သည်။ အာဆီယံသည် အမြဲတမ်းကြားနေခဲ့သည်။ (၂၀၁၆) ဆုံးဖြတ်ချက်ကိုလည်း တရုတ်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံ ကြား သီးခြားကိစ္စရပ်အဖြစ် မှတ်ယူထားသည်။
နိုင်ငံတကာတရားရုံး (ICJ) အနေဖြင့် အဆိုပါကိစ္စအား ရှုပ်ထွေးမှုမရှိတော့ဘဲ တစ်ထိုင်တည်း ဖြေရှင်းပေးနိုင် ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြောဆိုခဲ့သည်။ အကယ်၍ ICJ အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအား အနိုင်ပေးခဲ့သည့်တိုင် ထိုင်းနိုင်ငံအနေဖြင့် အဆိုပါဆုံးဖြတ်ချက်အား လက်ခံရန် ငြင်းဆိုနိုင်သည်။ ICJ က (၁၉၆၂) ခုနှစ်တွင် Preah Vihear ဘုရားကျောင်းအား ကမ္ဘောဒီးယား နိုင်ငံက ပိုင်ဆိုင်ကြောင်း ဆုံးဖြတ်ချက်ချပေးခဲ့သည်။ သို့သော် (၂၀ဝ၈) ခုနှစ်တွင် နှစ်ဖက်အသေအကြေ တိုက်ခိုက်ခဲ့ကြသည်။ ICJ ၏ ဆုံးဖြတ်ချက်သည် လည်း ထိုင်းနိုင်ငံ ဘက်ကသဘောတူမှသာလျှင် မြေပြင်တွင် အလုပ်ဖြစ်နိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံကမူ နှစ်ဖက်ဆွေးနွေးညှိနှိုင်းသည့် နည်းလမ်းကိုသာ နှစ်သက်သည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ICJ ကိစ္စ ပြင်ဆင်ခြင်းမှာ ယှဉ်ပြိုင်မဟာဗျူဟာတစ်ရပ်ချမှတ် ကျင့်သုံးခြင်းလည်း ဖြစ်နိုင်သည်။ ICJ ကိစ္စပြင်ဆင်ခြင်းသည် နှစ်နိုင်ငံဆွေးနွေးပွဲအရှိန်မြှင့်ရန် ကြိုးပမ်းခြင်းလည်းဖြစ်နိုင်သည်။ ထိုင်းနိုင်ငံ အနေဖြင့် ICJ ခြိမ်းခြောက်မှုမရှိပါက စီးပွားရေးအရရော၊ စစ်ရေးအရပါ ပါဝါကြီးသူဖြစ်ရာ ကုန်သွယ်ရေးအပေါ် ကန့် သတ်မှုများပြုလုပ်နိုင်သည်။ ကမ္ဘောဒီးနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာကိုလည်း ထိုင်းနိုင်ငံအတွင်းမှ နှင်ထုတ်နိုင်သည်။ ယင်းမှာ ကမ္ဘောဒီး ယားအစိုးရရှောင်ရှားလိုသည့် စီးပွားရေး ထိုးနှက်ချက် လည်း ဖြစ်သည်။
အကယ်၍ ထိုင်းအစိုးရအနေဖြင့် ဆွေးနွေးပွဲကို အထက်စီးကနေ မောက်မောက်မာမာ ချဉ်းကပ် ဖြေရှင်းပါက ကမ္ဘောဒီးယားတွင် အခြားရွေးချယ်စရာအဖြစ် ICJ နည်းလမ်းရှိနေခြင်း ဖြစ်သည်။ တစ်နည်း အားဖြင့်ဆိုရလျှင် ကမ္ဘော ဒီးယားတွင် ထိုင်းတို့ မလိုလားသည့် နည်းလမ်းရှိနေခြင်းပင်ဖြစ်သည်။ အငြင်းပွားကိစ္စကို ICJ သို့ ယူသွား ခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိနိုင်သည်။ ထိုင်းနိုင်ငံအနေဖြင့် ပို၍နှစ်သက် သည်ဆိုသည့် ရိုးရိုးသားသား မျှမျှတတဖြစ်သည့် နှစ်နိုင်ငံဆွေးနွေးသည့်နည်းလမ်းကို အသုံးပြုမည်လား၊ သို့မဟုတ်ဘဲ အနိုင်ကျင့် သည့်နည်းလမ်းကို အသုံးပြုမည်ဆိုပါက နိုင်ငံတကာတရားစီရင်ရေး စနစ်ဆီ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီး ယားဘက်က ထုတ်ပြောထားသည်။ လက်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ဖခင် ဝန်ကြီးချုပ် ဟောင်း၊ လက်ရှိလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်သည် ကန့်လန့်ကာနောက်ကွယ်တွင်ရှိနေပြီး ဖြစ်ပေါ်နေ သည့်တင်းမာမှုကိုလျှော့ ချရန် ကြိုးပမ်းနေခြင်းဖြစ်ပုံရသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ထိုင်းကုန်ပစ္စည်းများကို သပိတ်မှောက်ရန် ဆော်ဪ သာ်နေကြသည်။ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းအချို့ကလည်း ထိုင်းတက္ကသိုလ်များနှင့်ပူးတွဲ ဆောင်ရွက်သည့်စီမံချက် များကိုဆိုင်းငံ့ခဲ့ကြသည်။ ယင်းမှာ တစ်နည်းအား ဖြင့် အမျိုးသားရေးဝါဒဖြစ်သည်။ ယခင်က အဆိုပါ နည်းလမ်းကို နိုင်ငံရေးတွင် အသုံးပြုခဲ့ရာ အောင်မြင် ခဲ့ဖူးသည်။ ယခုအခါ ထိုင်းနိုင်ငံနှင့်တင်းမာမှုများ ဖြစ်ပွားနေရာ ကမ္ဘောဒီးယား ပြည်သူ့ပါတီအတွက် အမျိုးသားဝါဒ နည်းလမ်းကျင့်သုံးရန် နောက်ထပ် အခွင့်အရေးတစ်ရပ်ဖြစ်သည်။ ယခင်က တပ်မတော် အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ် ဟွန်မာနက်သည် ယခုလည်း တပ်ခေါင်းဆောင်တစ်ဦး ကဲ့သို့ ပြုမူလာခဲ့သည်။ ဟွန်မိသားစုနှင့်အခြားထိပ်တန်းအရာရှိများသည် နယ်စပ်အနီးရှိ တပ်ဖွဲ့များထံ သွားရောက်ပြီး အမျိုးသားရေးဝါဒကို လှုံ့ဆော်ခဲ့ကြသည်။ ယင်းသို့ပြုလုပ်ခြင်းဖြင့် ကမ္ဘောဒီးယား ပြည်သူ့ပါတီအနေဖြင့် အမျိုးသား ရေးဝါဒီများ၏ ထောက်ခံမှုကို ရရှိနိုင်သည်။
နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာနှင့် လူလတ်တန်း စားတို့ကို (၂၀၁၇) ခုနှစ်လောက်ကတည်းက စုစည်း ထားနိုင်ခဲ့ သည်။ ယခုလည်း အမျိုးသားရေးဝါဒကို လှုံ့ဆော်ပြီး အမျိုးသားရေးဝါဒီတို့၏ ထောက်ခံမှု ကိုပါကရယူနိုင်ပါက ပြည်တွင်းရေးညီညွတ်မှု ရရုံသာမကဘဲ ထိုင်းနိုင်ငံနှင့် နယ်စပ်အငြင်းပွားမှု ရင်ဆိုင်ရာတွင်လည်း အင်အားတစ်ရပ် ဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိနေပါကြောင်း တင်ပြရသည်။

Zawgyi Version:
ႏွစ္ႏိုင္ငံ ေဆြးေႏြးေျဖရွင္းမလား ၊ ႏိုင္ငံတကာတရား႐ုံး (ICJ) မွာ ရွင္းမလား
သန္းထိုက္စိုး
ကေမာၻဒီးယားႏိုင္ငံသည္ ထိုင္းႏိုင္ငံႏွင့္ ပိုင္ဆိုင္မႈအျငင္းပြားေနသည့္ကိစၥကို ႏွစ္ႏိုင္ငံေဆြးေႏြးညႇိႏႈိင္း ေနစဥ္ မွာပင္ ႏိုင္ငံတကာတရား႐ုံး(ICJ)အထိေခၚေဆာင္သြားမည္ဟု ေျပာဆိုလာသည္။ ႏွစ္ႏိုင္ငံၾကားအျငင္းပြားမႈမွာ အရွိန္ျမင့္ လာမည္လား သို႔မဟုတ္ ေလ်ာ့က်သြားမည္လား ေစာင့္ၾကည့္ေနၾကသည္။ ေမလ (၂၈) ရက္တြင္ အျငင္းပြားနယ္ေျမ၌ ကေမာၻဒီးယားစစ္သည္တစ္ဦးကို ထိုင္းတပ္ဖြဲ႕၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားခဲ့ရာ တင္းမာမႈအေျခအေနမွာ အျမင့္ဆုံး သို႔ ေရာက္ရွိသြားခဲ့သည္။ ထို႔ေနာက္ ႏွစ္ႏိုင္ငံတာဝန္ရွိသူမ်ားက အျပင္းထန္ဆုံး စကားလုံးမ်ားျဖင့္ အျပန္အလွန္ တိုက္ခိုက္ေျပာဆိုခဲ့ၾကသည္။ ထိုင္းအစိုးရသည္ ဇြန္လ (၆) ရက္တြင္ နယ္စပ္ဂိတ္မ်ားကို ကန႔္သတ္ရန္ သို႔မဟုတ္ ပိတ္ပစ္ ရန္ ထိုင္းတပ္မေတာ္ကို အမိန႔္ေပးခဲ့သည္။ ရက္အနည္းငယ္အၾကာတြင္ ကေမာၻဒီးယားအစိုးရသည္ အျငင္းပြားနယ္စပ္ တြင္ ျဖန႔္ၾကက္ခ်ထားသည့္ ၎၏တပ္ဖြဲ႕ မ်ားကို ျပန္လည္႐ုပ္သိမ္းရန္ ဆုံးျဖတ္ခဲ့သည္။
ကေမာၻဒီးယားႏိုင္ငံသည္ (၁၉၆၂)ခုႏွစ္တြင္ အသာရခဲ့ဖူးသည့္ ႏိုင္ငံတကာတရား႐ုံး (ICJ) သို႔ ထပ္မံသြားေရာက္ လိုသည္။ (၂၀၁၃) ခုႏွစ္ကလည္း ထိုင္းႏိုင္ငံႏွင့္နယ္စပ္အျငင္းပြားမႈတစ္ႀကိမ္ ထပ္မံျဖစ္ပြားခဲ့ေသးသည္။ ျဖစ္လာႏိုင္ သည့္ ကိစၥရပ္အတြက္ အေထာက္အထားမ်ား ရွာေဖြစုေဆာင္းျပင္ဆင္ရန္ ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn ဥကၠ႒ ျပဳလုပ္သည့္ေကာ္မတီတစ္ရပ္ဖြဲ႕စည္းေၾကာင္း ဇြန္လ (၁၀)ရက္တြင္ ေၾကညာခဲ့သည္။ ထိုင္းႏိုင္ငံဘက္ကလည္း နယ္စပ္ ျဖတ္သန္မႈမ်ား ကန႔္သတ္ျခင္းျဖင့္ တုံ႔ျပန္ခဲ့သည္။
ထိုင္းအစိုးရသည္ ICJ ၏ ဆုံးျဖတ္ခ်က္ကို အခိုင္အမာဆန႔္က်င္ခဲ့သည္။ ယင္းကိစၥသည္ ဝန္ႀကီးခ်ဳပ္ ေပထုံ တန္၏ အားနည္းသည့္ ၫြန႔္ေပါင္းအစိုးရကို ကိုင္လႈပ္ရန္ ႀကိဳးစားေသာ သေဘာထားတင္းမာသူ အမ်ိဳးသားေရး ဝါဒီ မ်ား၏ ဖိအားေပးရန္ ႀကိဳးပမ္းမႈ တစ္ရပ္အျဖစ္ ရႈျမင္ထားၿပီး ႏွစ္ႏိုင္ငံေဆြးေႏြးညႇိႏႈိင္းရမည့္ ကိစၥျဖစ္သည္ဟု ယူဆ ထားသည္။ ပထမ အႀကိမ္ေတြ႕ဆုံမႈကို ဇြန္လ (၁၄)ရက္တြင္ ျပဳလုပ္ရန္ျဖစ္ၿပီး အျငင္းပြားမႈမ်ားကို ေျဖရွင္းရန္ (၂၀ဝဝ) ျပည့္ႏွစ္တြင္ ဖြဲ႕စည္းခဲ့သည့္ ပူးတြဲနယ္ျခားေကာ္မတီ၏ အစည္းအေဝးတစ္ရပ္ျဖစ္သည္။
ထိုင္းႏိုင္ငံသည္ ႏွစ္ႏိုင္ငံအျငင္းပြားနယ္ေျမကိစၥအား ႏိုင္ငံတကာတရား႐ုံး (ICJ) တြင္ ေျဖရွင္းရန္ ႀကိဳးပမ္း ျခင္းသည္ ႏိုင္ငံ၏အခ်ဳပ္အခ်ာကို ထိပါးျခင္းျဖစ္သည့္အတြက္ အျပင္းအထန္ဆန႔္က်င္ေၾကာင္း ေျပာဆိုခဲ့သည္။ ကေမာၻ ဒီးယားႏိုင္ငံအေနျဖင့္ တစ္ဖက္သတ္ တရားစြဲဆိုမႈ ျပဳလုပ္ႏိုင္သည္။ သို႔ေသာ္ ယင္းမွာ စြန႔္စားေဆာင္႐ြက္ရမည့္ အေ႐ြ႕ တစ္ခုျဖစ္သည္။ ကေမာၻဒီးယားႏိုင္ငံတြင္ ခိုင္မာသည့္မိတ္ေဆြ တ႐ုတ္ႏိုင္ငံရွိေသာ္လည္း တ႐ုတ္ႏိုင္ငံသည္ ယင္းကိစၥ တြင္ မည္သည့္ဘက္တြင္မွ ဝင္ေရာက္ပါဝင္ျခင္းမရွိဘဲ ၾကားေနအျဖစ္ရပ္တည္ၿပီး ႏွစ္ႏိုင္ငံၾကား ညႇိႏႈိင္းေဆာင္႐ြက္ရန္ သာ ကမ္းလွမ္းခဲ့သည္။ အေမရိကန္ႏိုင္ငံကမူ အဆိုပါအျငင္းပြားနယ္စပ္ကိစၥအား တစ္စုံတစ္ရာ ထုတ္ေဖာ္ေျပာဆိုျခင္း မရွိခဲ့ပါ။ တစ္ဖက္ဖက္တြင္ ပါဝင္ရန္လိုအပ္လာပါမူ အေမရိကန္-ထိုင္း ဆက္ဆံေရးသည္ အေမရိကန္-တ႐ုတ္ ဆက္ဆံ ေရးထက္ ပိုမိုနီးစပ္မႈရွိရာ ထိုင္းႏိုင္ငံဘက္ ယိမ္းေကာင္းယိမ္းႏိုင္သည္။ အေရွ႕ေတာင္အာရွႏွင့္ ဥေရာပသံတမန္ အခ်ိဳ႕ ကမူ အဆိုပါအျငင္းပြားမႈအား အာဆီယံသို႔ သယ္ေဆာင္ေျဖရွင္းရန္ ႏွစ္ႏိုင္ငံလုံးကို တိုက္တြန္းခဲ့သည္။ သို႔ေသာ္ မည္ သည့္ အာဆီယံႏိုင္ငံကမွ ယင္းကိစၥအေပၚ အေလးအနက္စဥ္းစားခဲ့ၾကျခင္းမရွိပါ။ ယခုႏွစ္အာဆီယံဥကၠ႒ မေလးရွား ႏိုင္ငံသည္ ေဒသတြင္းညႇိႏႈိင္းေရးႀကိဳးပမ္းမႈတြင္ တြန္းအားေပးရာ၌ စိတ္ဝင္စားမႈ မရွိသည္ကို ေတြ႕ရသည္။
ကြၽန္ေတာ္တို႔သည္ ႏိုင္ငံတကာဥပေဒစိုးမိုးသည့္ ေ႐ႊေခတ္ထဲတြင္ေနထိုင္ၾကရသူမ်ား မဟုတ္ေတာ့ပါ။ ႏိုင္ငံ တကာ တရား႐ုံး (ICJ) သည္ပင္ ကေမာၻဒီးယား ႏိုင္ငံကို ယခင္ကလို အႏိုင္ေပးဦးမည္လား။ ႏိုင္ငံျခားအစိုးရမ်ားက ယခုကိစၥကို ဆုံးျဖတ္ေပးမည္လားစသည့္ ေမးစရာေမးခြန္းမ်ားရွိေနသည္။ တ႐ုတ္အစိုးရသည္ပင္ ေတာင္တ႐ုတ္ ပင္လယ္အျငင္းပြားမႈတြင္ ဖိလစ္ပိုင္ႏိုင္ငံကို အႏိုင္ေပးခဲ့သည့္ သည္ဟိဂ္ၿမိဳ႕ အေျခစိုက္ အၿမဲတမ္း ခုံသမာဓိတရား႐ုံး (PCA) ၏ ဆုံးျဖတ္ခ်က္ကို လ်စ္လ်ဴရႈခဲ့သည္။ သမၼတေဒၚနယ္ထရမ့္၏ အေမရိကန္အစိုးရသည္လည္း ႏိုင္ငံတကာ ဥပေဒမ်ားကို ေျပာင္ေျပာင္တင္တင္ ပယ္ခ်ခဲ့သည္မ်ားရွိသည္။ ႏိုင္ငံတကာတရား႐ုံး (ICJ) ကို ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားပင္ ျပဳလုပ္ခဲ့သည္။ အာဆီယံသည္ အၿမဲတမ္းၾကားေနခဲ့သည္။ (၂၀၁၆) ဆုံးျဖတ္ခ်က္ကိုလည္း တ႐ုတ္ႏွင့္ ဖိလစ္ပိုင္ ႏွစ္ႏိုင္ငံ ၾကား သီးျခားကိစၥရပ္အျဖစ္ မွတ္ယူထားသည္။
ႏိုင္ငံတကာတရား႐ုံး (ICJ) အေနျဖင့္ အဆိုပါကိစၥအား ရႈပ္ေထြးမႈမရွိေတာ့ဘဲ တစ္ထိုင္တည္း ေျဖရွင္းေပးႏိုင္ ေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္မာနက္က ေျပာဆိုခဲ့သည္။ အကယ္၍ ICJ အေနျဖင့္ ကေမာၻဒီးယားႏိုင္ငံအား အႏိုင္ေပးခဲ့သည့္တိုင္ ထိုင္းႏိုင္ငံအေနျဖင့္ အဆိုပါဆုံးျဖတ္ခ်က္အား လက္ခံရန္ ျငင္းဆိုႏိုင္သည္။ ICJ က (၁၉၆၂) ခုႏွစ္တြင္ Preah Vihear ဘုရားေက်ာင္းအား ကေမာၻဒီးယား ႏိုင္ငံက ပိုင္ဆိုင္ေၾကာင္း ဆုံးျဖတ္ခ်က္ခ်ေပးခဲ့သည္။ သို႔ေသာ္ (၂၀ဝ၈) ခုႏွစ္တြင္ ႏွစ္ဖက္အေသအေၾက တိုက္ခိုက္ခဲ့ၾကသည္။ ICJ ၏ ဆုံးျဖတ္ခ်က္သည္ လည္း ထိုင္းႏိုင္ငံ ဘက္ကသေဘာတူမွသာလွ်င္ ေျမျပင္တြင္ အလုပ္ျဖစ္ႏိုင္မည္ျဖစ္သည္။ ထိုင္းႏိုင္ငံကမူ ႏွစ္ဖက္ေဆြးေႏြးညႇိႏႈိင္းသည့္ နည္းလမ္းကိုသာ ႏွစ္သက္သည္။
ကေမာၻဒီးယားႏိုင္ငံအေနျဖင့္ ICJ ကိစၥ ျပင္ဆင္ျခင္းမွာ ယွဥ္ၿပိဳင္မဟာဗ်ဴဟာတစ္ရပ္ခ်မွတ္ က်င့္သုံးျခင္းလည္း ျဖစ္ႏိုင္သည္။ ICJ ကိစၥျပင္ဆင္ျခင္းသည္ ႏွစ္ႏိုင္ငံေဆြးေႏြးပြဲအရွိန္ျမႇင့္ရန္ ႀကိဳးပမ္းျခင္းလည္းျဖစ္ႏိုင္သည္။ ထိုင္းႏိုင္ငံ အေနျဖင့္ ICJ ၿခိမ္းေျခာက္မႈမရွိပါက စီးပြားေရးအရေရာ၊ စစ္ေရးအရပါ ပါဝါႀကီးသူျဖစ္ရာ ကုန္သြယ္ေရးအေပၚ ကန႔္ သတ္မႈမ်ားျပဳလုပ္ႏိုင္သည္။ ကေမာၻဒီးႏိုင္ငံသား ေ႐ႊ႕ေျပာင္းလုပ္သား ေထာင္ေပါင္းမ်ားစြာကိုလည္း ထိုင္းႏိုင္ငံအတြင္းမွ ႏွင္ထုတ္ႏိုင္သည္။ ယင္းမွာ ကေမာၻဒီး ယားအစိုးရေရွာင္ရွားလိုသည့္ စီးပြားေရး ထိုးႏွက္ခ်က္ လည္း ျဖစ္သည္။
အကယ္၍ ထိုင္းအစိုးရအေနျဖင့္ ေဆြးေႏြးပြဲကို အထက္စီးကေန ေမာက္ေမာက္မာမာ ခ်ဥ္းကပ္ ေျဖရွင္းပါက ကေမာၻဒီးယားတြင္ အျခားေ႐ြးခ်ယ္စရာအျဖစ္ ICJ နည္းလမ္းရွိေနျခင္း ျဖစ္သည္။ တစ္နည္း အားျဖင့္ဆိုရလွ်င္ ကေမာၻ ဒီးယားတြင္ ထိုင္းတို႔ မလိုလားသည့္ နည္းလမ္းရွိေနျခင္းပင္ျဖစ္သည္။ အျငင္းပြားကိစၥကို ICJ သို႔ ယူသြား ျခင္းျဖင့္ ကေမာၻဒီးယားႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာ၏ ေထာက္ခံမႈကို ရရွိႏိုင္သည္။ ထိုင္းႏိုင္ငံအေနျဖင့္ ပို၍ႏွစ္သက္ သည္ဆိုသည့္ ႐ိုး႐ိုးသားသား မွ်မွ်တတျဖစ္သည့္ ႏွစ္ႏိုင္ငံေဆြးေႏြးသည့္နည္းလမ္းကို အသုံးျပဳမည္လား၊ သို႔မဟုတ္ဘဲ အႏိုင္က်င့္ သည့္နည္းလမ္းကို အသုံးျပဳမည္ဆိုပါက ႏိုင္ငံတကာတရားစီရင္ေရး စနစ္ဆီ ေခၚေဆာင္သြားမည္ျဖစ္ေၾကာင္း ကေမာၻဒီး ယားဘက္က ထုတ္ေျပာထားသည္။ လက္ရွိ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္မာနက္၏ဖခင္ ဝန္ႀကီးခ်ဳပ္ ေဟာင္း၊ လက္ရွိလႊတ္ေတာ္ဥကၠ႒ ဟြန္ဆန္သည္ ကန႔္လန႔္ကာေနာက္ကြယ္တြင္ရွိေနၿပီး ျဖစ္ေပၚေန သည့္တင္းမာမႈကိုေလွ်ာ့ ခ်ရန္ ႀကိဳးပမ္းေနျခင္းျဖစ္ပုံရသည္။ ကေမာၻဒီးယားႏိုင္ငံတြင္ ထိုင္းကုန္ပစၥည္းမ်ားကို သပိတ္ေမွာက္ရန္ ေဆာ္ဪ သာ္ေနၾကသည္။ ပညာရပ္ဆိုင္ရာ အဖြဲ႕အစည္းအခ်ိဳ႕ကလည္း ထိုင္းတကၠသိုလ္မ်ားႏွင့္ပူးတြဲ ေဆာင္႐ြက္သည့္စီမံခ်က္ မ်ားကိုဆိုင္းငံ့ခဲ့ၾကသည္။ ယင္းမွာ တစ္နည္းအား ျဖင့္ အမ်ိဳးသားေရးဝါဒျဖစ္သည္။ ယခင္က အဆိုပါ နည္းလမ္းကို ႏိုင္ငံေရးတြင္ အသုံးျပဳခဲ့ရာ ေအာင္ျမင္ ခဲ့ဖူးသည္။ ယခုအခါ ထိုင္းႏိုင္ငံႏွင့္တင္းမာမႈမ်ား ျဖစ္ပြားေနရာ ကေမာၻဒီးယား ျပည္သူ႔ပါတီအတြက္ အမ်ိဳးသားဝါဒ နည္းလမ္းက်င့္သုံးရန္ ေနာက္ထပ္ အခြင့္အေရးတစ္ရပ္ျဖစ္သည္။ ယခင္က တပ္မေတာ္ အႀကီးအကဲအျဖစ္ တာဝန္ယူခဲ့သည့္ ဝန္ႀကီးခ်ဳပ္ ဟြန္မာနက္သည္ ယခုလည္း တပ္ေခါင္းေဆာင္တစ္ဦး ကဲ့သို႔ ျပဳမူလာခဲ့သည္။ ဟြန္မိသားစုႏွင့္အျခားထိပ္တန္းအရာရွိမ်ားသည္ နယ္စပ္အနီးရွိ တပ္ဖြဲ႕မ်ားထံ သြားေရာက္ၿပီး အမ်ိဳးသားေရးဝါဒကို လႈံ႕ေဆာ္ခဲ့ၾကသည္။ ယင္းသို႔ျပဳလုပ္ျခင္းျဖင့္ ကေမာၻဒီးယား ျပည္သူ႔ပါတီအေနျဖင့္ အမ်ိဳးသား ေရးဝါဒီမ်ား၏ ေထာက္ခံမႈကို ရရွိႏိုင္သည္။
ႏိုင္ငံေရး၊ စီးပြားေရး၊ မီဒီယာႏွင့္ လူလတ္တန္း စားတို႔ကို (၂၀၁၇) ခုႏွစ္ေလာက္ကတည္းက စုစည္း ထားႏိုင္ခဲ့ သည္။ ယခုလည္း အမ်ိဳးသားေရးဝါဒကို လႈံ႕ေဆာ္ၿပီး အမ်ိဳးသားေရးဝါဒီတို႔၏ ေထာက္ခံမႈ ကိုပါကရယူႏိုင္ပါက ျပည္တြင္းေရးညီၫြတ္မႈ ရ႐ုံသာမကဘဲ ထိုင္းႏိုင္ငံႏွင့္ နယ္စပ္အျငင္းပြားမႈ ရင္ဆိုင္ရာတြင္လည္း အင္အားတစ္ရပ္ ျဖစ္ႏိုင္သည္ဟု သုံးသပ္မႈမ်ားရွိေနပါေၾကာင္း တင္ျပရသည္။

Related news

© 2021. All rights reserved.