အရှေ့အလယ်ပိုင်းဒေသမှာ ကြီးမားတဲ့စစ်ပွဲသစ်များ ပြင်းထန်လာခြင်း
364
ဂျန်ဇက် (NP News) - ဇွန် ၂၃
အရှေ့အလယ်ပိုင်းဒေသမှာ ကြီးမားတဲ့စစ်ပွဲသစ်များ ပြင်းထန်လာခြင်းဟာဒေသတွင်းနဲ့ ကမ္ဘာမှာ ပြန်လည် ပြုပြင်လို့မရနိုင်တဲ့ အကျိုးဆက်များနဲ့အတူ စစ်ပွဲ လွှမ်းမိုးသွားမယ့်အန္တရာယ်ဖြစ်လာနိုင်တယ်လို့ ICRC ဥက္ကဋ္ဌ Mirjana Spoljaric က သတိပေးလိုက်ပါတယ်။ ICRC အဖွဲ့အကြီးအကဲက အီရန်နဲ့ အစ္စရေးနှစ်နိုင်ငံစလုံးရဲ့ ကိုယ်စားလှယ်အဖွဲ့များမှာ လိုအပ်ချက်များရှိနေတယ်လို့ ဆိုပါတယ်။
ICRC အဖွဲ့အကြီးအကဲက “ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ လူသားဘဝတို့ကို ဦးစားပေးဖို့ နိုင်ငံရေးဆန္ဒကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုဟာ မည်သည့်အရာမျှ အစားထိုးနိုင်မည်မဟုတ်ဘူး” လို့ ဆိုပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ အီရန်နိုင်ငံကို အမေရိကန်နိုင်ငံရဲ့တိုက်ခိုက်မှုများဖြစ်လာခဲ့ပြီးနောက် ရုရှားနိုင်ငံ မော်စကိုမြို့ကိုသွားရောက်ကာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ပြောပါတယ်။ အီရန် နိုင်ငံခြားရေးဝန်ကြီးက ‘“ရုရှားဟာ အီရန်ရဲ့ မိတ်ဆွေဖြစ်ပြီး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နှစ်သက်ပါတယ်။ ကျွန်တော်တို့ အချင်းချင်း အမြဲတိုင်ပင်ပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တွေကို ညှိနှိုင်း ဆောင်ရွက်နေပါတယ်” ရုရှားသမ္မတနဲ့ ကျွန်တော် အလေးအနက် တိုင်ပင်ဆွေးနွေးပြီး အချင်းချင်း ဆက်ပြီး လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။" လို့ ပြောပါတယ်။
အီရန်နိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့ ခြိမ်းခြောက်မှုမျာ ရပ်တန့်ဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းတစ်ခုလုံးရဲ့ တာဝန်ဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးက “အီရန်က ဘာအမှားမှ မလုပ်ပါဘူး။ အီရန်က နျူကလီးယားလက်နက် ရှာနေတယ်လို့ မဟုတ်မမှန်စွပ်စွဲပြီး ဘာကြောင့် တိုက်ခိုက်ခဲ့သလဲ ဆိုတာကို ကျွန်တော်တို့ နားမလည်ပါဘူး။ ဒါကိုတားဆီးဖို့ ရှုံ့ချဖို့ နိုင်ငံတကာအသိုင်းအဝိုင်း အပေါ်မူတည်ပါတယ်။ ဒါမှမဟုတ်ရင် နိုင်ငံတကာဥပဒေမှာ ဘာမှကျန်တော့မှာ မဟုတ်ဘူး။ အီရန်ပြည်သူမျာဟာ အစိုးရနဲ့ စည်းလုံးညီညွတ်ပြီး ရန်လိုမှုမှန်သမျှကို ဆန့်ကျင်ဖို့ အခိုင်အမာရပ်တည်သွားမယ်’’ လို့ ပြောပါတယ်။
ဗြိတိန်အစိုးရဟာ အီရန်ကို အမေရိကန်နိုင်ငံကတိုက်ခိုက်မှုများဖြစ်လာခဲ့ပြီးနောက် ဗြိတိန်နိုင်ငံသားများကို အစ္စရေးနိုင်ငံ နဲ့ ပါလက်စတိုုင်းဒေသက အမြန်ဆုံးထွက်ခွာဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အီရန်နိုင်ငံကို အမေရိကန်နိုင်ငံက ထပ်မံတိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဟာ ဟောမုဇ် ရေလက်ကြားကို ပိတ်ပင်ဖွယ်ရှိတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ ရေလက်ကြားကို ပိတ်ပင်မှာ မဟုတ်သေး ကြောင်း ပြောပါတယ်။
နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီက အီရန်နိုင်ငံရှိ နျူကလီးယား နဲ့ ယူရေနီယံသန့်စင်စက်ရုံနေရာတွေကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ပေမယ့် ရေဒီယိုသတ္တိခြင်း၊ ဓါတ်ရောင်ခြည်မြင့်တက်ခြင်းမျိုး မဖြစ်ခဲ့ကြောင်း ပြောပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုရလဒ်ကြောင့် အမေရိကန်သမ္မတ ဟာ အီရန်သာမက အမေရိကန်နိုင်ငံအတွင်းရှိ ၎င်းကို ထောက်ခံသူများကိုပါ သစ္စာဖောက်ခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ အီရန် နိုင်ငံခြားရေးဝန်ကြီးက "အမေရိကန်ပြည်သူတွေဟာ ကမ္ဘာမှာ ဖြစ်နေတဲ့ 'ထာဝရစစ်ပွဲတွေမှာ အမေရိကန်ပါဝင်မှုနဲ့ ကုန်ကျစရိတ်များစွာပါဝင်မှုကိုအဆုံးသတ်ဖို့ ဒေါ်နယ်ထရမ့်ကို ရွေးကောက်တင်မြှောက်ခဲ့တယ်။သံတမန်ရေးရာမှာ ကျွန်တော်တို့ရဲ့ကတိကဝတ်တွေကို အလွဲသုံးစားလုပ်ပြီး အီရန်ကို သစ္စာဖောက်တာမဟုတ်ဘဲ သူ့ဆန္ဒကို အသုံးချပြီး အစ္စရေးအစိုးရရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အမေရိကန်နိုင်ငံသားတွေရဲ့ အသက်နဲ့ စည်းစိမ်ဥစ္စာတွေကို အသုံးချလေ့ရှိတဲ့ စစ်ရာဇဝတ်ကောင်တွေရဲ့ဆန္ဒကို ခံယူခြင်းအားဖြင့် သူ့မဲဆန္ဒရှင်တွေကို လှည့်စားခဲ့တယ်” လို့ ပြောပါတယ်။
Zawgyi Version:
ဂျန်ဇက် (NP News) - ဇွန် ၂၃