ဂျပန်နိုင်ငံ ကန်ဆိုင်းလေဆိပ်မှာ နှစ်စဉ် မြေလွှာထဲ ကျွံကျမှုဖြစ်နေ

28

ရောင်နီ (NP News) - ဇွန် ၂၄
ဂျပန်နိုင်ငံ၊ အိုဆာကာ ပင်လယ်အော်အနီးက ကန်ဆိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြေပြိုမှုပြဿနာနဲ့ ရင်ဆိုင် နေရပြီး နောက်ထပ်ပျက်စီးဆုံးရှုံးမှုတွေကိုကာကွယ်ဖို့ အရေးပေါ်အစီအမံတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကျွန်းကို ကုန်းမြေနဲ့ အခြေခံအဆောက်အအုံ အလေးချိန်ကို ခံနိုင်ဖို့ တန်ချိန်သန်း ပေါင်းများစွာရှိတဲ့ မြေကြီးနဲဲ့ ကျောက်တုံးတွေကို ပင်လယ်ထဲမြေဖို့ တည်ဆောက်ခဲ့တာဖြစ်ပေမယ့် လုံလောက်တဲ့မြေသားကျစ်လျစ်မှု မရှိတာ ကြောင့် ကျွန်းဟာ အချိန်ကြာလာတာနဲ့အမျှ အခြေချနေထိုင်ဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။ ဒါအပြင် လေဆိပ်အောက်မြေလွှာမှာ ရွှံ့စေးနဲ့ အနည်အလွှာတွေ တဖြည်းဖြည်း နစ်မြုပ်နေတာတွေ့ရတယ်လို့ သိရပါတယ်။ လေဆိပ်ရဲ့အစီရင်ခံစာအရ လေဆိပ်ရဲ့ပထမဆုံးကျွန်း မျက်နှာပြင်ဟာ ၁၉၉၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့တဲ့ အချိန်ကထက် ယခု ၃ ဒသမ ၈၄ မီတာ နိမ့်ပါးလာနေပြီး ဒုတိယကျွန်းကတော့ ဆောက်လုပ်ရေးစတင်ချိန်မှစ မြေမျက်နှာပြင် ၁၇.၄၇ မီတာ နစ်မြုပ်နေတယ်လို့ သိရပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၁၅၀ (ဒေါ်လာ ၁၉၃ သန်း) ကျော်တန်ဖိုးရှိ ပင်လယ်တံတိုင်းတစ်ခုကို တည်ဆောက်ခဲ့ပေမယ့် အင်ဂျင်နီယာတွေကတော့ လာမယ့်နှစ် ၃ဝ မှာ လေဆိပ်ရဲ့အစိတ်အပိုင်းတွေ ပင်လယ်ရေမျက်နှာပြင်အောက် ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဂျပန်နိုင်ငံရှိ ကန်ဆိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ၂၀၂၄ ခုနှစ်က ခရီးဆောင်အိတ် ပျောက်ဆုံးမှုမရှိတဲ့ ကမ္ဘာ့ အကောင်းဆုံးလေဆိပ်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး လေဆိပ်ရဲ့ ဗိသုကာဒီဇိုင်း၊ စွမ်းဆောင်ရည်နဲ့ ဝန်ထမ်းတွေ အတွက် နိုင်ငံတကာ ဂုဏ်ပြုဆုတွေ ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။ ဒါအပြင် ကန်ဆိုင်းလေဆိပ်ဟာ အိုဆာကာ ပင်လယ်အော်ရှိ ကျွန်းတုပေါ်မှာ တည်ဆောက်ထားတဲ့ ဂျပန်နိုင်ငံရဲ့အကြီးဆုံးဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာ ပရောဂျက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ လေဆိပ်မှာ ကျွန်းနှစ်ကျွန်းပါဝင်ပြီး တစ်ခုက ဟက်တာ ၁,၂၉၀၊ ကျန်တစ်ကျွန်းက ၂,၆၆၈ ဟက်တာ ကျယ်ဝန်းပါတယ်။ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာ ၄ လက စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်း ခရီးစဉ်တွေကို ဝန်ဆောင်မှုပေးတဲ့ အရေးကြီး လေကြောင်းဗဟိုချက်လည်း ဖြစ်ခဲ့ပါတယ်။ ၂ဝ၂၄ ခုနှစ်မှာ ခန့်မှန်းခြေ ခရီးသည် ၃၀.၆ သန်း ဝင်ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံရှိ မြို့ ၉၁ မြို့ကို သယ်ယူပို့ဆောင်မှု ပြုလုပ်နေပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံ ကန္ဆိုင္းေလဆိပ္မွာ ႏွစ္စဥ္ ေျမလႊာထဲ ကြၽံက်မႈျဖစ္ေန
ေရာင္နီ (NP News) - ဇြန္ ၂၄
ဂ်ပန္ႏိုင္ငံ၊ အိုဆာကာ ပင္လယ္ေအာ္အနီးက ကန္ဆိုင္းအျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေျမၿပိဳမႈျပႆနာနဲ႔ ရင္ဆိုင္ေနရၿပီး ေနာက္ထပ္ပ်က္စီးဆုံးရႈံးမႈေတြကိုကာကြယ္ဖို႔ အေရးေပၚအစီအမံေတြ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။
ကြၽန္းကို ကုန္းေျမနဲ႔ အေျခခံအေဆာက္အအုံ အေလးခ်ိန္ကို ခံႏိုင္ဖို႔ တန္ခ်ိန္သန္း ေပါင္းမ်ားစြာရွိတဲ့ ေျမႀကီးနဲဲ့ ေက်ာက္တုံးေတြကို ပင္လယ္ထဲေျမဖို႔ တည္ေဆာက္ခဲ့တာျဖစ္ေပမယ့္ လုံေလာက္တဲ့ေျမသားက်စ္လ်စ္မႈ မရွိတာ ေၾကာင့္ ကြၽန္းဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် အေျခခ်ေနထိုင္ဖို႔ ခက္ခဲလာတယ္လို႔ ဆိုပါတယ္။ ဒါအျပင္ ေလဆိပ္ေအာက္ေျမလႊာမွာ ႐ႊံ႕ေစးနဲ႔ အနည္အလႊာေတြ တျဖည္းျဖည္း နစ္ျမဳပ္ေနတာေတြ႕ရတယ္လို႔ သိရပါတယ္။ ေလဆိပ္ရဲ႕အစီရင္ခံစာအရ ေလဆိပ္ရဲ႕ပထမဆုံးကြၽန္း မ်က္ႏွာျပင္ဟာ ၁၉၉၄ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့တဲ့ အခ်ိန္ကထက္ ယခု ၃ ဒသမ ၈၄ မီတာ နိမ့္ပါးလာေနၿပီး ဒုတိယကြၽန္းကေတာ့ ေဆာက္လုပ္ေရးစတင္ခ်ိန္မွစ ေျမမ်က္ႏွာျပင္ ၁၇.၄၇ မီတာ နစ္ျမဳပ္ေနတယ္လို႔ သိရပါတယ္။ ဒီျပႆနာကို ေျဖရွင္းဖို႔အတြက္ အေမရိကန္ ေဒၚလာ သန္း ၁၅၀ (ေဒၚလာ ၁၉၃ သန္း) ေက်ာ္တန္ဖိုးရွိ ပင္လယ္တံတိုင္းတစ္ခုကို တည္ေဆာက္ခဲ့ေပမယ့္ အင္ဂ်င္နီယာေတြကေတာ့ လာမယ့္ႏွစ္ ၃ဝ မွာ ေလဆိပ္ရဲ႕အစိတ္အပိုင္းေတြ ပင္လယ္ေရမ်က္ႏွာျပင္ေအာက္ က်ဆင္းသြားႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။
ဂ်ပန္ႏိုင္ငံရွိ ကန္ဆိုင္းအျပည္ျပည္ဆိုင္ရာေလဆိပ္ဟာ ၂၀၂၄ ခုႏွစ္က ခရီးေဆာင္အိတ္ ေပ်ာက္ဆုံးမႈမရွိတဲ့ ကမာၻ႔ အေကာင္းဆုံးေလဆိပ္အျဖစ္ အသိအမွတ္ျပဳခံခဲ့ရၿပီး ေလဆိပ္ရဲ႕ ဗိသုကာဒီဇိုင္း၊ စြမ္းေဆာင္ရည္နဲ႔ ဝန္ထမ္းေတြ အတြက္ ႏိုင္ငံတကာ ဂုဏ္ျပဳဆုေတြ ဆြတ္ခူးရရွိထားတာ ျဖစ္ပါတယ္။ ဒါအျပင္ ကန္ဆိုင္းေလဆိပ္ဟာ အိုဆာကာ ပင္လယ္ေအာ္ရွိ ကြၽန္းတုေပၚမွာ တည္ေဆာက္ထားတဲ့ ဂ်ပန္ႏိုင္ငံရဲ႕အႀကီးဆုံးေဆာက္လုပ္ေရးနဲ႔ အင္ဂ်င္နီယာ ပေရာဂ်က္ေတြထဲက တစ္ခုလည္း ျဖစ္ပါတယ္။ ေလဆိပ္မွာ ကြၽန္းႏွစ္ကြၽန္းပါဝင္ၿပီး တစ္ခုက ဟက္တာ ၁,၂၉၀၊ က်န္တစ္ကြၽန္းက ၂,၆၆၈ ဟက္တာ က်ယ္ဝန္းပါတယ္။ ၁၉၉၄ ခုႏွစ္၊ စက္တင္ဘာ ၄ လက စတင္ဖြင့္လွစ္ခဲ့ၿပီး ျပည္တြင္းနဲ႔ ႏိုင္ငံတကာေလေၾကာင္း ခရီးစဥ္ေတြကို ဝန္ေဆာင္မႈေပးတဲ့ အေရးႀကီး ေလေၾကာင္းဗဟိုခ်က္လည္း ျဖစ္ခဲ့ပါတယ္။ ၂ဝ၂၄ ခုႏွစ္မွာ ခန႔္မွန္းေျခ ခရီးသည္ ၃၀.၆ သန္း ဝင္ေရာက္ခဲ့ၿပီး ႏိုင္ငံေပါင္း ၂၅ ႏိုင္ငံရွိ ၿမိဳ႕ ၉၁ ၿမိဳ႕ကို သယ္ယူပို႔ေဆာင္မႈ ျပဳလုပ္ေနပါတယ္။