လေထဲတွင်ပင် ပုံစံပြောင်းနိုင်စွမ်းရှိသည့်ဒရုန်းကို အမေရိကန်အင်ဂျင်နီယာများတီထွင်

 306

California Institute of Technology (Caltech) မှ အင်ဂျင်နီယာများသည် လေထဲတွင် ဝေဟင်မှ မြေပြင် မောင်းနှင်ခြင်းပုံစံကို လွယ်ကူစွာ ပြောင်းလဲနိုင်သော ဒရုန်းကို တီထွင်ဖန်တီးခဲ့ကြောင်း သိရသည်။ Caltech တက္ကသိုလ် မှ Mory Gharib နှင့် Ioannis Mandralis တို့ တီထွင်ဖန်တီးထားသည့် ATMO ဟု အမည်ပေးထားသော ဆန်းသစ်သည့် ဒရုန်းသည် အာကာသလုပ်ငန်းတွင် နှစ်ပေါင်း(၅၀)ကျော်ကြာ ရုန်းကန်နေရသည့်အရာတစ်ခုဖြစ်သော လေထဲတွင်ပုံစံ ပြောင်းလဲမှုကို ဖြေရှင်းလိုက်နိုင်ဖွယ်ရှိနေကြောင်းလည်းသိရသည်။ တွန်းအားပေးစက်လေးခု၏ ဦးတည်ရာကိုပြောင်းလဲ စေမည့် အဆစ်တစ်ခုကို ရွှေ့ရန်အတွက် မော်တာတစ်ခုတည်းကိုသာ အသုံးပြုထားသော ATMO ဒရုန်းသည် မြေပြင်နှင့် မထိမီ ပျံသန်းနေသောဒရုန်းပုံစံမှ မြေပြင်တွင် မောင်းနှင်နိုင်သည့် ဒရုန်းပုံစံအဖြစ်သို့ လွယ်ကူစွာ ပြောင်းလဲနိုင်ကြောင်း သိရသည်။
ထို့ပြင် စိတ်ဝင်စားစရာကောင်းသည့် အချက်တစ်ခုမှာ တွန်းအားပေးစက်လေးခုကို ကာကွယ်ထားသည့် အဝိုင်း များသည် မောင်းနှင်ခြင်း ပုံစံတွင်ရှိနေသည့်အချိန်တွင် ဘီးများအဖြစ် လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်းသိရသည်။ Ioannis Mandralis က “သဘာဝကနေ အတုယူထားတဲ့ စက်ရုပ်စနစ်အသစ်ကို ကျွန်တော်တို့ ဒီဇိုင်းဆွဲပြီးတည် ဆောက်ခဲ့ပါတယ်။ လေထဲမှာ အသွင်ပြောင်းနိုင်စွမ်း ရှိတာဟာ ပိုမိုကောင်းမွန်တဲ့လုပ်ဆောင်မှုတွေ အတွက် ဖြစ်နိုင်ခြေ များစွာကို လမ်းဖွင့်ပေးပါတယ်” ဟုပြောဆိုခဲ့သည်။
ထို့ပြင် ၎င်းတို့သည်အဆိုပါစနစ်ကို စမ်းသပ်ရာတွင် ရှုပ်ထွေးသော လေခွင်းအားများအပြင် ဆင်းသက်စဉ်အချိန် အတွင်း တွန်းအားပေးစက်လေးခု၏ တုန်ခါမှုနှင့် မတည်မငြိမ်ဖြစ်မှုတို့ကိုလည်း ထည့်သွင်းတွက်ချက်မှုများလုပ် ဆောင်ခဲ့ ကြောင်းသိရသည်။
Pika (Ref : odditycentral)

Zawgyi Version:
ေလထဲတြင္ပင္ ပုံစံေျပာင္းႏိုင္စြမ္းရွိသည့္ဒ႐ုန္းကို အေမရိကန္အင္ဂ်င္နီယာမ်ားတီထြင္

California Institute of Technology (Caltech) မွ အင္ဂ်င္နီယာမ်ားသည္ ေလထဲတြင္ ေဝဟင္မွ ေျမျပင္ ေမာင္းႏွင္ျခင္းပုံစံကို လြယ္ကူစြာ ေျပာင္းလဲႏိုင္ေသာ ဒ႐ုန္းကို တီထြင္ဖန္တီးခဲ့ေၾကာင္း သိရသည္။ Caltech တကၠသိုလ္ မွ Mory Gharib ႏွင့္ Ioannis Mandralis တို႔ တီထြင္ဖန္တီးထားသည့္ ATMO ဟု အမည္ေပးထားေသာ ဆန္းသစ္သည့္ ဒ႐ုန္းသည္ အာကာသလုပ္ငန္းတြင္ ႏွစ္ေပါင္း(၅၀)ေက်ာ္ၾကာ ႐ုန္းကန္ေနရသည့္အရာတစ္ခုျဖစ္ေသာ ေလထဲတြင္ပုံစံ ေျပာင္းလဲမႈကို ေျဖရွင္းလိုက္ႏိုင္ဖြယ္ရွိေနေၾကာင္းလည္းသိရသည္။ တြန္းအားေပးစက္ေလးခု၏ ဦးတည္ရာကိုေျပာင္းလဲ ေစမည့္ အဆစ္တစ္ခုကို ေ႐ႊ႕ရန္အတြက္ ေမာ္တာတစ္ခုတည္းကိုသာ အသုံးျပဳထားေသာ ATMO ဒ႐ုန္းသည္ ေျမျပင္ႏွင့္ မထိမီ ပ်ံသန္းေနေသာဒ႐ုန္းပုံစံမွ ေျမျပင္တြင္ ေမာင္းႏွင္ႏိုင္သည့္ ဒ႐ုန္းပုံစံအျဖစ္သို႔ လြယ္ကူစြာ ေျပာင္းလဲႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ စိတ္ဝင္စားစရာေကာင္းသည့္ အခ်က္တစ္ခုမွာ တြန္းအားေပးစက္ေလးခုကို ကာကြယ္ထားသည့္ အဝိုင္း မ်ားသည္ ေမာင္းႏွင္ျခင္း ပုံစံတြင္ရွိေနသည့္အခ်ိန္တြင္ ဘီးမ်ားအျဖစ္ လုပ္ေဆာင္ႏိုင္ျခင္းျဖစ္ေၾကာင္းသိရသည္။ Ioannis Mandralis က “သဘာဝကေန အတုယူထားတဲ့ စက္႐ုပ္စနစ္အသစ္ကို ကြၽန္ေတာ္တို႔ ဒီဇိုင္းဆြဲၿပီးတည္ ေဆာက္ခဲ့ပါတယ္။ ေလထဲမွာ အသြင္ေျပာင္းႏိုင္စြမ္း ရွိတာဟာ ပိုမိုေကာင္းမြန္တဲ့လုပ္ေဆာင္မႈေတြ အတြက္ ျဖစ္ႏိုင္ေျခ မ်ားစြာကို လမ္းဖြင့္ေပးပါတယ္” ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ ၎တို႔သည္အဆိုပါစနစ္ကို စမ္းသပ္ရာတြင္ ရႈပ္ေထြးေသာ ေလခြင္းအားမ်ားအျပင္ ဆင္းသက္စဥ္အခ်ိန္ အတြင္း တြန္းအားေပးစက္ေလးခု၏ တုန္ခါမႈႏွင့္ မတည္မၿငိမ္ျဖစ္မႈတို႔ကိုလည္း ထည့္သြင္းတြက္ခ်က္မႈမ်ားလုပ္ ေဆာင္ခဲ့ ေၾကာင္းသိရသည္။
Pika (Ref : odditycentral)

Related news

© 2021. All rights reserved.