တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက် ဇွန်လ( ၁၈) ရက်မှ (၂၄) ရက် အထိ)

 243

ပြည့်ဖြိုး (NP News) - ဇွန် ၂၉

ပြည်တွင်းစီးပွားရေးဈေးကွက်အတွင်း အပြောင်းအလဲနည်းပါးစွာ တည်ငြိမ်နေသော်လည်း ကမ္ဘာအရပ်ရပ်မှ စစ်ရေးနှင့်နိုင်ငံရေးအပြောင်းအ လဲများသည် ပြည်တွင်းဈေးကွက်သို့ သက်ရောက်မှု ဖြစ်‌ပေါ်နေသည်။ အရှေ့အလယ်ပိုင်းဒေသအတွင်း အစ္စရေးနှင့်အီရန်စစ်ပွဲများကြောင့် ကမ္ဘာ့ရေနံဈေးကို သက်ရောက်မှုရှိနိုင်သကဲသို့ ကမ္ဘာ့ရွှေဈေးအပြောင်းအလဲကိုလည်းဖြစ်ပေါ်စေနိုင်သည်။ သို့သော်လည်း ပြည်တွင်းဈေးကွက်အတွင်းတွင် နိုင်ငံခြားငွေလဲလုပ် ငန်းလုပ်ကိုင်နေသူများနှင့် ရွှေအရောင်းအဝယ်ပွဲစား များကို ဖမ်းဆီးစစ်ဆေးခြင်းဖြင့် ဈေးကွက်ကိုထိန်း သိမ်းနေသည်။ ရွှေလုပ်ငန်းအတွင်း အခေါက်ရွှေအ ရောင်းအဝယ်လုပ်ငန်းရပ်တန့်နေသည်မှာ နှစ်ပတ် ဝန်းကျင်ရှိနေသော်လည်း မှောင်ခိုရွှေဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း (၈၀)အထက်သို့ ရောက်ရှိနေမြဲဖြစ်သည်။
မှောင်ခိုငွေလဲဈေးကွက်အတွင်း အမေရိ ကန်ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာလျှင် (၄၅၈၀)ကျပ်သို့‌ရောက်ရှိနေကြောင်းသိရသည်။ အထွေထွေ ဈေးကွက်အတွင်း စက်သုံးဆီဈေးများပြန်လည်မြင့်တက်လာပြီး အခြေခံ အသား ငါးများလည်း ဈေး လိုက်ပါမြင့်တက်နေကြောင်းသိရသည်။ အခြေခံစား သောက်ကုန်သည် ဒေါ်လာဈေးနှင့် စက်သုံးဆီဈေး အတက်အကျပေါ်မူတည်ကာ တိုက်ရိုက်အကျိုးသက် ရောက်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ တစ်စတစ်စမြင့်တက်လာသော လူနေမှုစရိတ်နှင့်ကုန် ဈေးနှုန်းမြင့်တက်မှုများကြောင့် အထည်ချုပ်လုပ်ငန်း များနှင့် စက်ရုံအလုပ်ရုံအလုပ်သမားများ၏ အခြေခံလုပ်ခလစာတိုးမြှင့်တောင်းခံမှုများ ဆက်တိုက်ထွက် ပေါ်လာသည်။ ထိုကဲ့သို့ အလုပ်သမားများ၏လုပ်ခလစာတိုးမြှင့်တောင်းခံနေချိန်တွင် ILO ၏ Article 33 ဆုံးဖြတ်ချက်နှင့် အရေးယူပိတ်ဆို့မှုများအပေါ် ပြည်တွင်းရှိ အလုပ်ရှင်နှင့်အလုပ်သမား နှစ်ဖက်စလုံး က စောင့်ကြည့်နေရသည်။ ILO ၏ Article 33 ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု များ မကြာမီပြုလုပ်လာမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ အဓိ က နိုင်ငံခြားငွေရှာဖွေပေးနေသော CMP အထည် ချုပ်လုပ်ငန်းများ၏အနာဂတ်သည်လည်း ဆက်လက် စောင့်ကြည့်ရမည့်အခြေအနေသို့ ရောက်ရှိလာခြင်း ကြောင့်ဖြစ်သည်။

အမြင့်ဈေးဖြင့် ရပ်တည်နေသောရွှေဈေးနှင့် ငွေလဲနှုန်းများ

ကမ္ဘာအရပ်ရပ်၌ဖြစ်ပေါ်နေသောစစ်ပွဲများ နှင့် နိုင်ငံရေးအပြောင်းအလဲများသည် ကမ္ဘာ့ရွှေဈေး ကို အတက်ဈေးဖြင့်ရပ်တည်နေရန် တွန်းအားပေးနေ သည်။ အမေရိကန်သည် အီရန်နှင့်အစ္စရေး စစ်ပွဲအ တွင်းပါဝင်လာမှုကြောင့် ကမ္ဘာ့ရွှေဈေးမှာ အပြောင်းအ လဲရှိနေဆဲဖြစ်သည်။ ကမ္ဘာ့ရွှေဈေးမှာ ဇွန်လ (၁၈) ရက်တွင် ရွှေတစ်အောင်စလျှင် (၃၃၈၄)ဒေါ်လာ ဝန်းကျင်ရှိနေခဲ့ပြီး လက်ရှိ ဇွန်လ(၂၄)ရက်တွင် (၃၃၄၈)ဒေါ်လာဝန်းကျင်သာ ပေါက်ဈေးရှိနေသည်။ ထို့ကြောင့် ဈေးအတက်အကျနည်းပါးပြီး ရွှေတစ် အောင်စလျှင်(၃၆)ဒေါ်လာသာ အပြောင်းအလဲရှိနေ သည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ရွှေတစ် အောင်စလျှင်(၃၆)ဒေါ်လာဝန်းကျင် ပြန်လည်ကျ ဆင်းနေသည်။ ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲမြန် ဆန်နေသော်လည်း ပြည်တွင်းအခေါက်ရွှေသည် လည်း အပြောင်းအလဲနောက်မလိုက်နိုင်ဘဲ ဈေး ကွက်အတွင်း အရောင်းအဝယ် ပိတ်ထားရသည်။
ပြည်တွင်းရွှေဈေးကွက်အတွင်း အဖမ်းအ ဆီးများကြောင့် အခေါက်ရွှေရောင်းဝယ်မှု လုံးဝရပ် ဆိုင်းထားဆဲဖြစ်ပြီး ယခင်တစ်ပတ်ကအတိုင်း အခေါက်‌ရွှေဈေးမပြောင်းလဲကြောင်း ဈေးကွက် အတွင်းမှသိရသည်။ လက်ရှိ ပြည်တွင်းအခေါက် ရွှေဈေးကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA မှရည်ညွှန်းဈေး (၅၉)သိန်းဝန်းကျင် သတ် မှတ်ထားသော်လည်း ပြင်ပဆိုင်များတွင် ညှိနှိုင်းဈေး များဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေဆဲဖြစ်သည်။ ဇွန်လ(၁၈)ရက်တွင် ပြင်ပရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင်(၇၉၆၀ဝဝဝ)ကျပ်ခန့်ရှိနေရာမှ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်။ လက်ရှိတွင် အပြောင်းအလဲနည်းပါးပြီး ပြင်ပရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်(၈၀၄၀ဝဝဝ) ဝန်းကျင်အထိ ဈေးများမြင့်တက်နေဆဲဖြစ်သည်။ လာမည့်ရက်များအတွင်း ရွှေဈေးမှာ အပြောင်းအလဲ နည်းပါးနိုင်ပြီး ပြင်ပဈေးအတိုင်း အရောင်းအဝယ်ပြု လုပ်နေကြရမည်ဖြစ်သည်။ ပြည်တွင်းရွှေဈေးကွက် နှင့်အတူ ပြည်တွင်းငွေလဲဈေးကွက်တွင် ငွေလဲနှုန်း များ ဆက်တိုက်မြင့်တက်နေဆဲဖြစ်သည်။ ပြင်ပငွေ လဲဈေးကွက်၌ ဇွန်လ(၁၈)ရက်တွင် အမေရိကန် တစ်‌ဒေါ်လာလျှင် (၄၅၂၀)ကျပ် ပေါက်ဈေးရှိနေရာမှ ဇွန်လ(၂၄)ရက်တွင် (၄၅၈၀)ကျပ်အထိ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာ နည်းတူ ထိုင်းဘတ်ငွေများနှင့် တရုတ်ယွမ်ငွေများ လည်း ဈေးတက်နေကြောင်းသိရသည်။ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များနှင့်သွင်းကုန်လုပ်ငန်းရှင်များသို့ အွန်လိုင်းဈေးကွက်မှ နိုင်ငံခြားငွေများရောင်း ချပေးနေသော်လည်း ကုန်သွယ်မှုအရ နိုင်ငံခြားငွေ ဈေးများ မြင့်တက်နေခြင်းဖြစ်သည်။

စက်သုံးဆီ၊ စားသုံးဆီနှင့် အထွေထွေ ကုန်ဈေးနှုန်း
နိုင်ငံတကာ စစ်ရေး၊ နိုင်ငံရေး အခြေအနေ များကြောင့် နိုင်ငံတကာစက်သုံးဆီဈေးကွက်တွင် အ ပြောင်းအလဲရှိနိုင်သော်လည်း ပြည်တွင်းဈေးကွက် မှာ တည်ငြိမ်နေဆဲဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခုတစ်ပတ်အတွက် စက်သုံးဆီဈေးများ ကို (၉၂)တစ်လီတာလျှင် (၂၉၆၀)ကျပ်၊ (၉၅) တစ် လီတာလျှင် (၃၀၃၀)ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၂၅၀ဝ)ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် (၃၁၀ဝ)ကျပ်ဖြင့် ရန်ကုန်မြို့အတွက်ရည်ညွှန်းဈေး များသတ်မှတ်ထားသည်။ ယခင်တစ်ပတ်က ဈေးနှုန်း များမှာ (၉၂)တစ်လီတာလျှင် (၂၈၅၀)ကျပ်၊ (၉၅)တစ်လီတာလျှင် (၂၉၁၀ )ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၂၄၁၀)ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် (၂၉၉၀)ကျပ်သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့် (၉၂)တစ်လီတာလျှင် (၁၁၀)ကျပ်၊ (၉၅) တစ်လီတာလျှင် (၁၂၀) ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၉၀)ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် (၁၁၀) ကျပ် ဈေးမြင့်တက်လာခြင်းဖြစ်သည်။ လာမည့်ရက် ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများမှာ အပြောင်းအ လဲအနည်းငယ်ရှိနိုင်ပြီး နိုင်ငံတကာစက်သုံးဆီဈေးကွက်ပေါက်ဈေးများအပေါ်တွင်မူတည်နေသည်။ ပြည်ပမှတင်သွင်းသော စားအုန်းဆီဈေးမှာ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း ကြီးကြပ်ရေးကော်မ တီ၏ ရည်òန်းလက်လီဈေးမှာ တစ်ပိဿာလျှင် (၆၀၈၀)ကျပ်ဝန်းကျင်အထိ ကျဆင်းနေသည်။ နိုင်ငံ တကာရှိ စားအုန်းဆီဈေးနှုန်းများကျဆင်းနေခြင်း ကြောင့် မြန်မာပြည်အတွင်းတင်သွင်းသည့် ဈေးနှုန်း ကျဆင်းနေခြင်းဖြစ်သည်။ (၁၀)ရက်လျှင်တစ်ကြိမ် တစ်ပိဿာနှုန်းဖြင့် မိသားစုတစ်ခုချင်းအလိုက်ဖြန့်ဖြူး ပေးနေသော စားအုန်းဆီဈေးမှာ တစ်ပိဿာ(၇၀ဝဝ) ကျပ် ဝန်းကျင်ပေါက်ဈေးရှိပြီး ပြင်ပစားအုန်းဆီဈေးမှာ တစ်ပိဿာ(၁၂၀ဝဝ) ကျပ် ဝန်းကျင်ဖြင့် အပြောင်းအ လဲမရှိကြောင်းသိရသည်။ လတ်တလော ဆန်ဈေးမှာ အတက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဧည့်မထ (ဆန်ကြမ်း)တစ်ပြည်လျှင် (၄၅၀ဝ)ကျပ်ဝန်းကျင်နှင့် ရွှေဘိုပေါ်ဆန်း (ဆန်ချော) တစ်ပြည်လျှင် (၆၃၀ဝ)ကျပ်ဝန်းကျင်ဖြင့် ယခင်တစ်ပတ်ကအတိုင်းအပြောင်း အလဲမရှိကြောင်းသိရသည်။ ကြက်သွန်နီ၊ ကြက်သွန် ဖြူနှင့်အာလူး စသောကုန်ခြောက်ဈေးများမှာ ယခင် တစ်ပတ်ကအတိုင်း အပြောင်းအလဲမရှိသော်လည်း အသား ငါးဈေးများမှာ ယခုတစ်ပတ်အတွင်း ဈေးမြင့် တက်လာကြောင်းသိရသည်။ ထို့ကြောင့် ကြက်သွန်နီ တစ်ပိဿာလျှင်(၂၅၀ဝ)ကျပ်၊ ကြက်သွန်ဖြူ တစ် ပိဿာလျှင် (၁၂၀ဝဝ)ကျပ်နှင့် အာလူးတစ်ပိဿာ လျှင်(၅၀ဝဝ)ကျပ်ဝန်းကျင်ဖြင့် ပေါက်ဈေးအသီးသီး ရှိ‌နေသည်။ အသားငါးဈေးနှုန်းများတွင် စီပီကြက် တစ်ပိဿာ(၂၀ဝဝဝ)ကျပ်၊ ဝက်သားတစ်ပိဿာ (၃၈၀ဝဝ)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၅၀ဝဝဝ)ကျပ်ဖြင့် ဈေးများမြင့်တက်လာနေသည်။ ငါးဈေးကွက်အတွင်း ငါးမြစ်ချင်းတစ်ပိဿာလျှင် (၁၅၀ဝဝ)ကျပ်၊ ငါးကြင်းတစ်ပိဿာ (၂၅၀ဝဝ)ကျပ်၊ ပုစွန်(ကျော့)တစ်ပိဿာ (၃၅၀ဝဝ)နှင့် ပုစွန်တုပ် တစ်ပိဿာ(၆၃၀ဝဝ)ကျပ်ဝန်းကျင်ပေါက်ဈေးများ ဖြင့် ဈေးနှုန်းများမြင့်တက်နေသည်။ လာမည့်ရက်ပိုင်း အတွင်း မိုးရာသီဝင်ရောက်နေချိန်ဖြစ်ရာ အသား ငါးနှင့် အခြေခံကုန်စည်များ ဆက်လက်ဈေးမြင့်တက် နေမည်ဖြစ်သည်။

ILO ၏ Article 33 အပေါ် ပြည်တွင်း အလုပ်ရှင် အလုပ်သမားများ၏ စိုးရိမ်သောကများ

မြန်မာနိုင်ငံအပေါ် ILO ၏ Article 33 ဖြင့် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ဆောင်ရွက် မည်ဟု ILO ညီလာခံမှ ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။ ယင်းဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ ကုန်သည်၊ စက်မှုအသင်းချုပ် UMFCCI ကထုတ်ပြန်ချက်ဖြင့် ပြန်လည်တုံ့ပြန်ခဲ့သော်လည်း လက်ရှိအချိန်အထိ မြန်မာနိုင်ငံအပေါ် မည်သို့မည်ပုံ အရေးယူပိတ်ဆို့ မည်ဆိုသည့်အချက်ကို ပြည်သူများအကြား တိတိကျ ကျမသိရှိရသေးပေ။ မြန်မာနိုင်ငံ၏ လတ်တလောနိုင်ငံ ခြားငွေအများဆုံးရှာဖွေပေးနေသည့်လုပ်ငန်းများတွင် CMP လက်ခစား အထည်ချုပ်လုပ်ငန်းများပါဝင်‌နေ ရာ နှစ်စဉ် အမေရိကန်ဒေါ်လာ (၃)ဘီလျံမှ(၅)ဘီလျံ အထိ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေဆဲဖြစ်သည်။
မြန်မာပြည်အတွက် အထည်ချုပ်လုပ်ငန်းမှ တင်ပို့သောကုန်စည်များကို EU အပါအဝင် အနောက်နိုင်ငံများမှ အခွန်ကင်းလွတ်ခွင့်များပေး အပ်ထားရာ ယင်းအခွန်ကင်းလွတ်ခွင့်များ ပြန်လည် ရုပ်သိမ်းသွားမည်ကို လုပ်ငန်းရှင်များနှင့် စက်ရုံလုပ် သားများက စိုးရိမ်နေကြခြင်းဖြစ်သည်။ ပြည်တွင်းရှိ ဃဏြ လက်ခစားအထည်ချုပ်စက်ရုံများသည် ရန် ကုန်မြို့တွင် အများဆုံးတည်ထောင်ထားပြီး အလုပ် သမားဦးရေ သုံးသိန်းနှင့်အထက် အလုပ်လုပ်နေ ကြောင်း အထည်ချုပ်လုပ်ငန်းရှင်အသင်းမှသိရသည်။ ILO ၏ Article 33 သည် မြန်မာနိုင်ငံကို ယခင် (၂၀ဝဝ)ပြည့်နှစ်ဝန်းကျင်ကလည်း အ‌ရေးယူမှုများ ရှိခဲ့ပြီး ထိုစဉ်အခါက ပြည်တွင်းရှိနိုင်ငံခြားရင်းနှီးမြှုပ် နှံမှုအားလုံးကို ထွက်ခွာသွားစေသည်အထိ အကျိုး သက်ရောက်မှုရှိခဲ့ရာ အထည်ချုပ်လုပ်ငန်းအများစု လုပ်ငန်းရပ်တန့်ခဲ့ကြောင်း မှတ်တမ်းများအရသိရ သည်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေအရ ဃဏြ အထည်ချုပ်လုပ်ငန်းအများစုမှာ နိုင်ငံပေါင်း (၈၀)သို့ အဓိကထားတင်ပို့နေခြင်းဖြစ်ပြီး ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံ အစရှိသည့် အနောက်နိုင်ငံတွေဟာ မြန်မာအထည် ချုပ်ထုတ်ကုန်များ အဓိကတင်ပို့သည့်နိုင်ငံများဖြစ် သည်။ ILO ၏ Article 33 အပေါ် သေချာစွာ ဂရုတ စိုက်တုံ့ပြန်ရန်အရေးကြီးကြောင်း သုံးသပ်မှုများထွက် ပေါ်နေသလို အလွန်အမင်းစိုးရိမ်ခြင်းမရှိစေရန် လည်း သက်ဆိုင်ရာမှထုတ်ပြန်ထားသည်။ မည်သို့ပင် ဖြစ်စေကာမူ မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှု တစ်စုံတစ်ရာရှိလာမည်ဖြစ်ရာILO ၏ Article 33 အရအရေးယူမှုများကို လာမည့် ရက်လအနည်းငယ် အတွင်း မြင်တွေ့ရမည်ဖြစ်သည်။ ထို့အတူ လတ်တ လော အထည်ချုပ်အလုပ်သမားများ၏ လုပ်ခလစာတိုးမြှင့်တောင်းခံမှုများလည်း ပြည်တွင်း၌ဖြစ်ပွား‌နေ ရာ လုပ်ငန်းရှင်များဘက်မှလည်း အထိုက်အလျောက် တိုးမြှင့်ပေးနေသည်။ ယင်းအချက်မှာ နိုင်ငံတကာ အရေးယူမှုနှင့်မသက်ဆိုင်ဘဲ လတ်တလော မြန်မာ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် အထွေထွေကုန်ဈေး နှုန်းများမြင့်တက်လာခြင်းတို့ကြောင့် အလုပ်သမား များ၏ လုပ်ခလစာတိုးမြှင့်တောင်းခံမှုများ ပေါ်ထွက် လာခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ILO ၏ Article 33 အရအရေးယူမှုအပေါ် လုပ်ငန်းရှင်နှင့်အလုပ် သမားများအကြား ရှင်းလင်းလွယ်ကူစွာ နားလည်စေ ရန် သက်ဆိုင်ရာအနေဖြင့် စနစ်တကျ ပညာပေးစည်း ရုံးပြောကြားသင့်ကြောင်း ကျွမ်းကျင်သူများက ပြော ကြားသည်။ လာမည့်ရက်ပိုင်းအတွင်း အလုပ်သမား များ၏ လုပ်ခလစာတိုးမြှင့်တောင်းခံမှုများမှာ ဆက် တိုက်ပေါ်ထွက်လာဦးမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ဇြန္လ( ၁၈) ရက္မွ (၂၄) ရက္ အထိ)
ျပည့္ၿဖိဳး (NP News) - ဇြန္ ၂၉

ျပည္တြင္းစီးပြားေရးေဈးကြက္အတြင္း အေျပာင္းအလဲနည္းပါးစြာ တည္ၿငိမ္ေနေသာ္လည္း ကမာၻအရပ္ရပ္မွ စစ္ေရးႏွင့္ႏိုင္ငံေရးအေျပာင္းအ လဲမ်ားသည္ ျပည္တြင္းေဈးကြက္သို႔ သက္ေရာက္မႈ ျဖစ္‌ေပၚေနသည္။ အေရွ႕အလယ္ပိုင္းေဒသအတြင္း အစၥေရးႏွင့္အီရန္စစ္ပြဲမ်ားေၾကာင့္ ကမာၻ႔ေရနံေဈးကို သက္ေရာက္မႈရွိႏိုင္သကဲသို႔ ကမာၻ႔ေ႐ႊေဈးအေျပာင္းအလဲကိုလည္းျဖစ္ေပၚေစႏိုင္သည္။ သို႔ေသာ္လည္း ျပည္တြင္းေဈးကြက္အတြင္းတြင္ ႏိုင္ငံျခားေငြလဲလုပ္ ငန္းလုပ္ကိုင္ေနသူမ်ားႏွင့္ ေ႐ႊအေရာင္းအဝယ္ပြဲစား မ်ားကို ဖမ္းဆီးစစ္ေဆးျခင္းျဖင့္ ေဈးကြက္ကိုထိန္း သိမ္းေနသည္။ ေ႐ႊလုပ္ငန္းအတြင္း အေခါက္ေ႐ႊအ ေရာင္းအဝယ္လုပ္ငန္းရပ္တန႔္ေနသည္မွာ ႏွစ္ပတ္ ဝန္းက်င္ရွိေနေသာ္လည္း ေမွာင္ခိုေ႐ႊေဈးကြက္တြင္ ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္ သိန္း (၈၀)အထက္သို႔ ေရာက္ရွိေနၿမဲျဖစ္သည္။
ေမွာင္ခိုေငြလဲေဈးကြက္အတြင္း အေမရိ ကန္ေဒၚလာေဈးမွာလည္း တစ္ေဒၚလာလွ်င္ (၄၅၈၀)က်ပ္သို႔‌ေရာက္ရွိေနေၾကာင္းသိရသည္။ အေထြေထြ ေဈးကြက္အတြင္း စက္သုံးဆီေဈးမ်ားျပန္လည္ျမင့္တက္လာၿပီး အေျခခံ အသား ငါးမ်ားလည္း ေဈး လိုက္ပါျမင့္တက္ေနေၾကာင္းသိရသည္။ အေျခခံစား ေသာက္ကုန္သည္ ေဒၚလာေဈးႏွင့္ စက္သုံးဆီေဈး အတက္အက်ေပၚမူတည္ကာ တိုက္႐ိုက္အက်ိဳးသက္ ေရာက္ေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ တစ္စတစ္စျမင့္တက္လာေသာ လူေနမႈစရိတ္ႏွင့္ကုန္ ေဈးႏႈန္းျမင့္တက္မႈမ်ားေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္း မ်ားႏွင့္ စက္႐ုံအလုပ္႐ုံအလုပ္သမားမ်ား၏ အေျခခံလုပ္ခလစာတိုးျမႇင့္ေတာင္းခံမႈမ်ား ဆက္တိုက္ထြက္ ေပၚလာသည္။ ထိုကဲ့သို႔ အလုပ္သမားမ်ား၏လုပ္ခလစာတိုးျမႇင့္ေတာင္းခံေနခ်ိန္တြင္ ILO ၏ Article 33 ဆုံးျဖတ္ခ်က္ႏွင့္ အေရးယူပိတ္ဆို႔မႈမ်ားအေပၚ ျပည္တြင္းရွိ အလုပ္ရွင္ႏွင့္အလုပ္သမား ႏွစ္ဖက္စလုံး က ေစာင့္ၾကည့္ေနရသည္။ ILO ၏ Article 33 ဆုံးျဖတ္ခ်က္အရ ျမန္မာႏိုင္ငံကို စီးပြားေရးပိတ္ဆို႔မႈ မ်ား မၾကာမီျပဳလုပ္လာမည္ျဖစ္ရာ ျမန္မာႏိုင္ငံ၏ အဓိ က ႏိုင္ငံျခားေငြရွာေဖြေပးေနေသာ CMP အထည္ ခ်ဳပ္လုပ္ငန္းမ်ား၏အနာဂတ္သည္လည္း ဆက္လက္ ေစာင့္ၾကည့္ရမည့္အေျခအေနသို႔ ေရာက္ရွိလာျခင္း ေၾကာင့္ျဖစ္သည္။

အျမင့္ေဈးျဖင့္ ရပ္တည္ေနေသာေ႐ႊေဈးႏွင့္ ေငြလဲႏႈန္းမ်ား

ကမာၻအရပ္ရပ္၌ျဖစ္ေပၚေနေသာစစ္ပြဲမ်ား ႏွင့္ ႏိုင္ငံေရးအေျပာင္းအလဲမ်ားသည္ ကမာၻ႔ေ႐ႊေဈး ကို အတက္ေဈးျဖင့္ရပ္တည္ေနရန္ တြန္းအားေပးေန သည္။ အေမရိကန္သည္ အီရန္ႏွင့္အစၥေရး စစ္ပြဲအ တြင္းပါဝင္လာမႈေၾကာင့္ ကမာၻ႔ေ႐ႊေဈးမွာ အေျပာင္းအ လဲရွိေနဆဲျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးမွာ ဇြန္လ (၁၈) ရက္တြင္ ေ႐ႊတစ္ေအာင္စလွ်င္ (၃၃၈၄)ေဒၚလာ ဝန္းက်င္ရွိေနခဲ့ၿပီး လက္ရွိ ဇြန္လ(၂၄)ရက္တြင္ (၃၃၄၈)ေဒၚလာဝန္းက်င္သာ ေပါက္ေဈးရွိေနသည္။ ထို႔ေၾကာင့္ ေဈးအတက္အက်နည္းပါးၿပီး ေ႐ႊတစ္ ေအာင္စလွ်င္(၃၆)ေဒၚလာသာ အေျပာင္းအလဲရွိေန သည္။ ယခင္တစ္ပတ္ႏွင့္ႏႈိင္းယွဥ္ပါက ေ႐ႊတစ္ ေအာင္စလွ်င္(၃၆)ေဒၚလာဝန္းက်င္ ျပန္လည္က် ဆင္းေနသည္။ ကမာၻ႔ေ႐ႊေဈးသည္ အေျပာင္းအလဲျမန္ ဆန္ေနေသာ္လည္း ျပည္တြင္းအေခါက္ေ႐ႊသည္ လည္း အေျပာင္းအလဲေနာက္မလိုက္ႏိုင္ဘဲ ေဈး ကြက္အတြင္း အေရာင္းအဝယ္ ပိတ္ထားရသည္။
ျပည္တြင္းေ႐ႊေဈးကြက္အတြင္း အဖမ္းအ ဆီးမ်ားေၾကာင့္ အေခါက္ေ႐ႊေရာင္းဝယ္မႈ လုံးဝရပ္ ဆိုင္းထားဆဲျဖစ္ၿပီး ယခင္တစ္ပတ္ကအတိုင္း အေခါက္‌ေ႐ႊေဈးမေျပာင္းလဲေၾကာင္း ေဈးကြက္ အတြင္းမွသိရသည္။ လက္ရွိ ျပည္တြင္းအေခါက္ ေ႐ႊေဈးကို ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA မွရည္ၫႊန္းေဈး (၅၉)သိန္းဝန္းက်င္ သတ္ မွတ္ထားေသာ္လည္း ျပင္ပဆိုင္မ်ားတြင္ ညႇိႏႈိင္းေဈး မ်ားျဖင့္သာ အေရာင္းအဝယ္ျပဳလုပ္ေနဆဲျဖစ္သည္။ ဇြန္လ(၁၈)ရက္တြင္ ျပင္ပေ႐ႊေဈးမွာ အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္(၇၉၆၀ဝဝဝ)က်ပ္ခန႔္ရွိေနရာမွ ဆက္တိုက္ျမင့္တက္လာျခင္းျဖစ္သည္။ လက္ရွိတြင္ အေျပာင္းအလဲနည္းပါးၿပီး ျပင္ပေ႐ႊေဈးကြက္အတြင္း အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္(၈၀၄၀ဝဝဝ) ဝန္းက်င္အထိ ေဈးမ်ားျမင့္တက္ေနဆဲျဖစ္သည္။ လာမည့္ရက္မ်ားအတြင္း ေ႐ႊေဈးမွာ အေျပာင္းအလဲ နည္းပါးႏိုင္ၿပီး ျပင္ပေဈးအတိုင္း အေရာင္းအဝယ္ျပဳ လုပ္ေနၾကရမည္ျဖစ္သည္။ ျပည္တြင္းေ႐ႊေဈးကြက္ ႏွင့္အတူ ျပည္တြင္းေငြလဲေဈးကြက္တြင္ ေငြလဲႏႈန္း မ်ား ဆက္တိုက္ျမင့္တက္ေနဆဲျဖစ္သည္။ ျပင္ပေငြ လဲေဈးကြက္၌ ဇြန္လ(၁၈)ရက္တြင္ အေမရိကန္ တစ္‌ေဒၚလာလွ်င္ (၄၅၂၀)က်ပ္ ေပါက္ေဈးရွိေနရာမွ ဇြန္လ(၂၄)ရက္တြင္ (၄၅၈၀)က်ပ္အထိ ေဈးႏႈန္း ျမင့္တက္လာျခင္းျဖစ္သည္။ အေမရိကန္ေဒၚလာ နည္းတူ ထိုင္းဘတ္ေငြမ်ားႏွင့္ တ႐ုတ္ယြမ္ေငြမ်ား လည္း ေဈးတက္ေနေၾကာင္းသိရသည္။ ဗဟိုဘဏ္က စက္သုံးဆီလုပ္ငန္းရွင္မ်ားႏွင့္သြင္းကုန္လုပ္ငန္းရွင္မ်ားသို႔ အြန္လိုင္းေဈးကြက္မွ ႏိုင္ငံျခားေငြမ်ားေရာင္း ခ်ေပးေနေသာ္လည္း ကုန္သြယ္မႈအရ ႏိုင္ငံျခားေငြ ေဈးမ်ား ျမင့္တက္ေနျခင္းျဖစ္သည္။

စက္သုံးဆီ၊ စားသုံးဆီႏွင့္ အေထြေထြ ကုန္ေဈးႏႈန္း
ႏိုင္ငံတကာ စစ္ေရး၊ ႏိုင္ငံေရး အေျခအေန မ်ားေၾကာင့္ ႏိုင္ငံတကာစက္သုံးဆီေဈးကြက္တြင္ အ ေျပာင္းအလဲရွိႏိုင္ေသာ္လည္း ျပည္တြင္းေဈးကြက္ မွာ တည္ၿငိမ္ေနဆဲျဖစ္ေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။ ယခုတစ္ပတ္အတြက္ စက္သုံးဆီေဈးမ်ား ကို (၉၂)တစ္လီတာလွ်င္ (၂၉၆၀)က်ပ္၊ (၉၅) တစ္ လီတာလွ်င္ (၃၀၃၀)က်ပ္၊ ဒီဇယ္တစ္လီတာလွ်င္ (၂၅၀ဝ)က်ပ္၊ ပရီမီယံဒီဇယ္တစ္လီတာလွ်င္ (၃၁၀ဝ)က်ပ္ျဖင့္ ရန္ကုန္ၿမိဳ႕အတြက္ရည္ၫႊန္းေဈး မ်ားသတ္မွတ္ထားသည္။ ယခင္တစ္ပတ္က ေဈးႏႈန္း မ်ားမွာ (၉၂)တစ္လီတာလွ်င္ (၂၈၅၀)က်ပ္၊ (၉၅)တစ္လီတာလွ်င္ (၂၉၁၀ )က်ပ္၊ ဒီဇယ္တစ္လီတာလွ်င္ (၂၄၁၀)က်ပ္၊ ပရီမီယံဒီဇယ္တစ္လီတာလွ်င္ (၂၉၉၀)က်ပ္သတ္မွတ္ထားခဲ့ျခင္းျဖစ္သည္။ ထို႔ ေၾကာင့္ (၉၂)တစ္လီတာလွ်င္ (၁၁၀)က်ပ္၊ (၉၅) တစ္လီတာလွ်င္ (၁၂၀) က်ပ္၊ ဒီဇယ္တစ္လီတာလွ်င္ (၉၀)က်ပ္၊ ပရီမီယံဒီဇယ္တစ္လီတာလွ်င္ (၁၁၀) က်ပ္ ေဈးျမင့္တက္လာျခင္းျဖစ္သည္။ လာမည့္ရက္ ပိုင္းအတြင္း စက္သုံးဆီေဈးႏႈန္းမ်ားမွာ အေျပာင္းအ လဲအနည္းငယ္ရွိႏိုင္ၿပီး ႏိုင္ငံတကာစက္သုံးဆီေဈးကြက္ေပါက္ေဈးမ်ားအေပၚတြင္မူတည္ေနသည္။ ျပည္ပမွတင္သြင္းေသာ စားအုန္းဆီေဈးမွာ စားသုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္း ႀကီးၾကပ္ေရးေကာ္မ တီ၏ ရည္òန္းလက္လီေဈးမွာ တစ္ပိႆာလွ်င္ (၆၀၈၀)က်ပ္ဝန္းက်င္အထိ က်ဆင္းေနသည္။ ႏိုင္ငံ တကာရွိ စားအုန္းဆီေဈးႏႈန္းမ်ားက်ဆင္းေနျခင္း ေၾကာင့္ ျမန္မာျပည္အတြင္းတင္သြင္းသည့္ ေဈးႏႈန္း က်ဆင္းေနျခင္းျဖစ္သည္။ (၁၀)ရက္လွ်င္တစ္ႀကိမ္ တစ္ပိႆာႏႈန္းျဖင့္ မိသားစုတစ္ခုခ်င္းအလိုက္ျဖန႔္ျဖဴး ေပးေနေသာ စားအုန္းဆီေဈးမွာ တစ္ပိႆာ(၇၀ဝဝ) က်ပ္ ဝန္းက်င္ေပါက္ေဈးရွိၿပီး ျပင္ပစားအုန္းဆီေဈးမွာ တစ္ပိႆာ(၁၂၀ဝဝ) က်ပ္ ဝန္းက်င္ျဖင့္ အေျပာင္းအ လဲမရွိေၾကာင္းသိရသည္။ လတ္တေလာ ဆန္ေဈးမွာ အတက္ေဈးျဖင့္ အေရာင္းအဝယ္ျဖစ္ေနၿပီး ဧည့္မထ (ဆန္ၾကမ္း)တစ္ျပည္လွ်င္ (၄၅၀ဝ)က်ပ္ဝန္းက်င္ႏွင့္ ေ႐ႊဘိုေပၚဆန္း (ဆန္ေခ်ာ) တစ္ျပည္လွ်င္ (၆၃၀ဝ)က်ပ္ဝန္းက်င္ျဖင့္ ယခင္တစ္ပတ္ကအတိုင္းအေျပာင္း အလဲမရွိေၾကာင္းသိရသည္။ ၾကက္သြန္နီ၊ ၾကက္သြန္ ျဖဴႏွင့္အာလူး စေသာကုန္ေျခာက္ေဈးမ်ားမွာ ယခင္ တစ္ပတ္ကအတိုင္း အေျပာင္းအလဲမရွိေသာ္လည္း အသား ငါးေဈးမ်ားမွာ ယခုတစ္ပတ္အတြင္း ေဈးျမင့္ တက္လာေၾကာင္းသိရသည္။ ထို႔ေၾကာင့္ ၾကက္သြန္နီ တစ္ပိႆာလွ်င္(၂၅၀ဝ)က်ပ္၊ ၾကက္သြန္ျဖဴ တစ္ ပိႆာလွ်င္ (၁၂၀ဝဝ)က်ပ္ႏွင့္ အာလူးတစ္ပိႆာ လွ်င္(၅၀ဝဝ)က်ပ္ဝန္းက်င္ျဖင့္ ေပါက္ေဈးအသီးသီး ရွိ‌ေနသည္။ အသားငါးေဈးႏႈန္းမ်ားတြင္ စီပီၾကက္ တစ္ပိႆာ(၂၀ဝဝဝ)က်ပ္၊ ဝက္သားတစ္ပိႆာ (၃၈၀ဝဝ)က်ပ္၊ ဆိတ္သားတစ္ပိႆာလွ်င္ (၅၀ဝဝဝ)က်ပ္ျဖင့္ ေဈးမ်ားျမင့္တက္လာေနသည္။ ငါးေဈးကြက္အတြင္း ငါးျမစ္ခ်င္းတစ္ပိႆာလွ်င္ (၁၅၀ဝဝ)က်ပ္၊ ငါးၾကင္းတစ္ပိႆာ (၂၅၀ဝဝ)က်ပ္၊ ပုစြန္(ေက်ာ့)တစ္ပိႆာ (၃၅၀ဝဝ)ႏွင့္ ပုစြန္တုပ္ တစ္ပိႆာ(၆၃၀ဝဝ)က်ပ္ဝန္းက်င္ေပါက္ေဈးမ်ား ျဖင့္ ေဈးႏႈန္းမ်ားျမင့္တက္ေနသည္။ လာမည့္ရက္ပိုင္း အတြင္း မိုးရာသီဝင္ေရာက္ေနခ်ိန္ျဖစ္ရာ အသား ငါးႏွင့္ အေျခခံကုန္စည္မ်ား ဆက္လက္ေဈးျမင့္တက္ ေနမည္ျဖစ္သည္။

ILO ၏ Article 33 အေပၚ ျပည္တြင္း အလုပ္ရွင္ အလုပ္သမားမ်ား၏ စိုးရိမ္ေသာကမ်ား

ျမန္မာႏိုင္ငံအေပၚ ILO ၏ Article 33 ျဖင့္ အေရးယူဒဏ္ခတ္ပိတ္ဆို႔မႈမ်ား ေဆာင္႐ြက္ မည္ဟု ILO ညီလာခံမွ ဆုံးျဖတ္ထားခဲ့ျခင္းျဖစ္သည္။ ယင္းဆုံးျဖတ္ခ်က္အေပၚ ျမန္မာႏိုင္ငံ ကုန္သည္၊ စက္မႈအသင္းခ်ဳပ္ UMFCCI ကထုတ္ျပန္ခ်က္ျဖင့္ ျပန္လည္တုံ႔ျပန္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံအေပၚ မည္သို႔မည္ပုံ အေရးယူပိတ္ဆို႔ မည္ဆိုသည့္အခ်က္ကို ျပည္သူမ်ားအၾကား တိတိက် က်မသိရွိရေသးေပ။ ျမန္မာႏိုင္ငံ၏ လတ္တေလာႏိုင္ငံ ျခားေငြအမ်ားဆုံးရွာေဖြေပးေနသည့္လုပ္ငန္းမ်ားတြင္ CMP လက္ခစား အထည္ခ်ဳပ္လုပ္ငန္းမ်ားပါဝင္‌ေန ရာ ႏွစ္စဥ္ အေမရိကန္ေဒၚလာ (၃)ဘီလ်ံမွ(၅)ဘီလ်ံ အထိ ႏိုင္ငံျခားဝင္ေငြ ရွာေဖြေပးေနဆဲျဖစ္သည္။
ျမန္မာျပည္အတြက္ အထည္ခ်ဳပ္လုပ္ငန္းမွ တင္ပို႔ေသာကုန္စည္မ်ားကို EU အပါအဝင္ အေနာက္ႏိုင္ငံမ်ားမွ အခြန္ကင္းလြတ္ခြင့္မ်ားေပး အပ္ထားရာ ယင္းအခြန္ကင္းလြတ္ခြင့္မ်ား ျပန္လည္ ႐ုပ္သိမ္းသြားမည္ကို လုပ္ငန္းရွင္မ်ားႏွင့္ စက္႐ုံလုပ္ သားမ်ားက စိုးရိမ္ေနၾကျခင္းျဖစ္သည္။ ျပည္တြင္းရွိ ဃၾဏ လက္ခစားအထည္ခ်ဳပ္စက္႐ုံမ်ားသည္ ရန္ ကုန္ၿမိဳ႕တြင္ အမ်ားဆုံးတည္ေထာင္ထားၿပီး အလုပ္ သမားဦးေရ သုံးသိန္းႏွင့္အထက္ အလုပ္လုပ္ေန ေၾကာင္း အထည္ခ်ဳပ္လုပ္ငန္းရွင္အသင္းမွသိရသည္။ ILO ၏ Article 33 သည္ ျမန္မာႏိုင္ငံကို ယခင္ (၂၀ဝဝ)ျပည့္ႏွစ္ဝန္းက်င္ကလည္း အ‌ေရးယူမႈမ်ား ရွိခဲ့ၿပီး ထိုစဥ္အခါက ျပည္တြင္းရွိႏိုင္ငံျခားရင္းႏွီးျမႇဳပ္ ႏွံမႈအားလုံးကို ထြက္ခြာသြားေစသည္အထိ အက်ိဳး သက္ေရာက္မႈရွိခဲ့ရာ အထည္ခ်ဳပ္လုပ္ငန္းအမ်ားစု လုပ္ငန္းရပ္တန႔္ခဲ့ေၾကာင္း မွတ္တမ္းမ်ားအရသိရ သည္။ လက္ရွိ ျမန္မာႏိုင္ငံအေျခအေနအရ ဃၾဏ အထည္ခ်ဳပ္လုပ္ငန္းအမ်ားစုမွာ ႏိုင္ငံေပါင္း (၈၀)သို႔ အဓိကထားတင္ပို႔ေနျခင္းျဖစ္ၿပီး ဂ်ပန္၊ ပိုလန္၊ စပိန္၊ ဂ်ာမနီ၊ ကိုရီးယား၊ ယူေက၊ နယ္သာလန္၊ ျပင္သစ္၊ အီတလီ၊ အေမရိကန္၊ ဒိန္းမတ္ႏွင့္ ဘယ္လ္ဂ်ီယံ အစရွိသည့္ အေနာက္ႏိုင္ငံေတြဟာ ျမန္မာအထည္ ခ်ဳပ္ထုတ္ကုန္မ်ား အဓိကတင္ပို႔သည့္ႏိုင္ငံမ်ားျဖစ္ သည္။ ILO ၏ Article 33 အေပၚ ေသခ်ာစြာ ဂ႐ုတ စိုက္တုံ႔ျပန္ရန္အေရးႀကီးေၾကာင္း သုံးသပ္မႈမ်ားထြက္ ေပၚေနသလို အလြန္အမင္းစိုးရိမ္ျခင္းမရွိေစရန္ လည္း သက္ဆိုင္ရာမွထုတ္ျပန္ထားသည္။ မည္သို႔ပင္ ျဖစ္ေစကာမူ ျမန္မာ့စီးပြားေရးအေပၚ သက္ေရာက္မႈ တစ္စုံတစ္ရာရွိလာမည္ျဖစ္ရာILO ၏ Article 33 အရအေရးယူမႈမ်ားကို လာမည့္ ရက္လအနည္းငယ္ အတြင္း ျမင္ေတြ႕ရမည္ျဖစ္သည္။ ထို႔အတူ လတ္တ ေလာ အထည္ခ်ဳပ္အလုပ္သမားမ်ား၏ လုပ္ခလစာတိုးျမႇင့္ေတာင္းခံမႈမ်ားလည္း ျပည္တြင္း၌ျဖစ္ပြား‌ေန ရာ လုပ္ငန္းရွင္မ်ားဘက္မွလည္း အထိုက္အေလ်ာက္ တိုးျမႇင့္ေပးေနသည္။ ယင္းအခ်က္မွာ ႏိုင္ငံတကာ အေရးယူမႈႏွင့္မသက္ဆိုင္ဘဲ လတ္တေလာ ျမန္မာ က်ပ္ေငြတန္ဖိုးက်ဆင္းျခင္းႏွင့္ အေထြေထြကုန္ေဈး ႏႈန္းမ်ားျမင့္တက္လာျခင္းတို႔ေၾကာင့္ အလုပ္သမား မ်ား၏ လုပ္ခလစာတိုးျမႇင့္ေတာင္းခံမႈမ်ား ေပၚထြက္ လာျခင္းျဖစ္သည္။ မည္သို႔ပင္ဆိုေစကာမူ ILO ၏ Article 33 အရအေရးယူမႈအေပၚ လုပ္ငန္းရွင္ႏွင့္အလုပ္ သမားမ်ားအၾကား ရွင္းလင္းလြယ္ကူစြာ နားလည္ေစ ရန္ သက္ဆိုင္ရာအေနျဖင့္ စနစ္တက် ပညာေပးစည္း ႐ုံးေျပာၾကားသင့္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာ ၾကားသည္။ လာမည့္ရက္ပိုင္းအတြင္း အလုပ္သမား မ်ား၏ လုပ္ခလစာတိုးျမႇင့္ေတာင္းခံမႈမ်ားမွာ ဆက္ တိုက္ေပၚထြက္လာဦးမည္ျဖစ္သည္။

Related news

© 2021. All rights reserved.