YCCတွင်ဆိုင်ခန်းပေါင်း(၁၀၀)ကျော်ပါဝင်သော မြန်မာ့လျှပ်စစ်နှင့် စက်ပစ္စည်းဆိုင်ရာပြပွဲနှင့် HoReCa Myanmar 2025 ပြပွဲကြီးကို (၃)ရက်တိုင်ကျင်းပခဲ့

 164

သန့်ဇင်(NP News)-ဇွန် ၂၉

ရန်ကုန်ကွန်ဗန်းရှင်းစင်တာ(YCC)တွင် Silver Sea International Co., မှ ကျင်းပသော ဆိုင်ခန်းပေါင်း(၁၀၀)ကျော်ပါဝင်သည့် မြန်မာ့လျှပ်စစ်နှင့် စက်ပစ္စည်းဆိုင်ရာပြပွဲနှင့် HoReCa Myanmar 2025 ပြပွဲကြီးကို (၃)ရက်တိုင်ကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါ ပြပွဲကြီးကို ဇွန်လ ၂၇ရက်မှ ၂၉ရက်အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့၊ ဦးထွန်းငြိမ်းလမ်း ၊ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ အင်းယားလိတ်(Inya Lake Hotel) ဟိုတယ်ဝင်းအတွင်း နံနက် (၉ )နာရီမှ ညနေ (၅) နာရီအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲကြီးတွင် လျှပ်စစ်ကဏ္ဍအတွက်လိုအပ်သည့် ထရန်စဖော်မာများ၊ ဂျင်နရေတာများ၊ ဆိုလာစနစ်များ၊ ဆိုလာဝန်ဆောင်မှုလုပ်ငန်းများ ၊power bank , batteries များကို ပါဝင်ပြသခဲ့ကြောင်း သိရသည်။

Agri Tech Myanmar စိုက်ပျိုးရေးဆိုင်ရာပြပွဲကြီးနှင့် Food & Beverage Myanmar စားသောက်ကုန်ဆိုင်ရာပြပွဲကြီးအပါအဝင် HoReCa Myanmar 2025 ဟိုတယ်စားသောက်ဆိုင်နှင့် ကဖေးဆိုင်ရာ ပြပွဲများလည်း ပါဝင်ပြသခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာပြည်အနှံ့အပြားမှ ဆန်စက်၊ ဆီစက် ၊စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ ဟိုတယ် စားသောက်ဆိုင် ကဖေး လုပ်ငန်းများတွင် လိုအပ်သည့် ထုတ်လုပ်မှုစက်ပစ္စည်းများပါဝင်ပြသခဲ့ပြီး ထုတ်ပိုးစက်ပစ္စည်းများအတွက်လိုအပ်သည့် လုပ်ငန်းသုံးနှင့် လျှပ်စစ်အတွက် လိုအပ်သော ထရန်စဖော်မာတွေ၊ ဂျင်နရေတာတွေ၊ ဆိုလာစနစ်တွေ၊ batteries များ ပါဝင်ပြသခဲ့ကြောင်း သိရသည်။

Zawgyi Version:
YCCတြင္ဆိုင္ခန္းေပါင္း(၁၀၀)ေက်ာ္ပါဝင္ေသာ ျမန္မာ့လွ်ပ္စစ္ႏွင့္ စက္ပစၥည္းဆိုင္ရာျပပြဲႏွင့္ HoReCa Myanmar 2025 ျပပြဲႀကီးကို (၃)ရက္တိုင္က်င္းပခဲ့
သန႔္ဇင္(NP News)-ဇြန္ ၂၉

ရန္ကုန္ကြန္ဗန္းရွင္းစင္တာ(YCC)တြင္ Silver Sea International Co., မွ က်င္းပေသာ ဆိုင္ခန္းေပါင္း(၁၀၀)ေက်ာ္ပါဝင္သည့္ ျမန္မာ့လွ်ပ္စစ္ႏွင့္ စက္ပစၥည္းဆိုင္ရာျပပြဲႏွင့္ HoReCa Myanmar 2025 ျပပြဲႀကီးကို (၃)ရက္တိုင္က်င္းပခဲ့ ေၾကာင္း သိရသည္။

အဆိုပါ ျပပြဲႀကီးကို ဇြန္လ ၂၇ရက္မွ ၂၉ရက္အထိ ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕၊ ဦးထြန္းၿငိမ္းလမ္း ၊ ရန္ကုန္ကြန္ဗန္းရွင္းစင္တာ အင္းယားလိတ္(Inya Lake Hotel) ဟိုတယ္ဝင္းအတြင္း နံနက္ (၉ )နာရီမွ ညေန (၅) နာရီအတြင္း က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျပပြဲႀကီးတြင္ လွ်ပ္စစ္က႑အတြက္လိုအပ္သည့္ ထရန္စေဖာ္မာမ်ား၊ ဂ်င္နေရတာမ်ား၊ ဆိုလာစနစ္မ်ား၊ ဆိုလာဝန္ေဆာင္မႈလုပ္ငန္းမ်ား ၊power bank , batteries မ်ားကို ပါဝင္ျပသခဲ့ေၾကာင္း သိရသည္။

Agri Tech Myanmar စိုက္ပ်ိဳးေရးဆိုင္ရာျပပြဲႀကီးႏွင့္ Food & Beverage Myanmar စားေသာက္ကုန္ဆိုင္ရာျပပြဲႀကီးအပါအဝင္ HoReCa Myanmar 2025 ဟိုတယ္စားေသာက္ဆိုင္ႏွင့္ ကေဖးဆိုင္ရာ ျပပြဲမ်ားလည္း ပါဝင္ျပသခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာျပည္အႏွံ႔အျပားမွ ဆန္စက္၊ ဆီစက္ ၊စားေသာက္ကုန္ထုတ္လုပ္ငန္းမ်ား၊ ဟိုတယ္ စားေသာက္ဆိုင္ ကေဖး လုပ္ငန္းမ်ားတြင္ လိုအပ္သည့္ ထုတ္လုပ္မႈစက္ပစၥည္းမ်ားပါဝင္ျပသခဲ့ၿပီး ထုတ္ပိုးစက္ပစၥည္းမ်ားအတြက္လိုအပ္သည့္ လုပ္ငန္းသုံးႏွင့္ လွ်ပ္စစ္အတြက္ လိုအပ္ေသာ ထရန္စေဖာ္မာေတြ၊ ဂ်င္နေရတာေတြ၊ ဆိုလာစနစ္ေတြ၊ batteries မ်ား ပါဝင္ျပသခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.