EAEU အဖွဲ့ဝင်နိုင်ငံဖြစ်ရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုအောင်မြင်လိမ့်မည် ဗိုလ်ချုပ်ဇော်မင်းထွန်းဆို

 550

သန့်ဇင် (NP News) - ဇွန် ၃ဝ
ဥရောပ-အာရှစီးပွားရေးသမဂ္ဂ(EAEU) အဖွဲ့ဝင်နိုင်ငံဖြစ်ရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုအောင်မြင်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။

ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025) တက်ရောက်ခဲ့ပြီး ယမန်နေ့ (ဇွန်လ ၂၉ ရက်)၊ ညပိုင်းက နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ် သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နစကဥက္ကဋ္ဌအနေဖြင့် EAEU ၏ နှစ်စဉ်ကျင်းပနေကျဖြစ်သည့် ဥရောပ-အာရှိစီးပွားရေးဖိုရမ်(EEF)၏ စတုတ္ထအကြိမ်မြောက်အစည်းအဝေးတက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် (EAEU)၏ အဖွဲ့နိုင်ငံဖြစ်ရန် ကြိမ်းပမ်းနေမှုလည်း အောင်မြင်လိမ့်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ (EAEU) ရဲ့ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF)အခုဆိုရင် (၄)ကြိမ်မြောက်ဖြစ်ပါတယ်။ စတုတ္ထအကြိမ်မြောက်မှာလည်း တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန့်ခွန်းပြောကြားခဲ့တဲ့နေရာမှာလည်း ကျွန်တော်ပြောကြားခဲ့တဲ့ အချက်အလက်တွေအပြင် ကျယ်ကျယ်ပြန့်ပြန့် ပြောကြားခဲ့တာကို အားလုံးတွေ့နိုင်မှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ (EAEU)ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် (EAEU)ရဲ့လေ့လာခွင့်ရရှိတဲ့နိုင်ငံ၊ လေ့လာသူနိုင်ငံဖြစ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ကြိုးစားဆောင်ရွက်မှုလည်း အောင်မြင်နိုင်လိမ့်မယ်လို့မြင်ပါတယ်။ (EAEU) အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှားတို့ အခြားအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံကို ကြိုဆိုလက်ခံတယ်လို့ ကျွန်တော်တို့မြင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

လက်ရှိကမ္ဘာတွင် ဖြစ်ပျက်နေသည့်အခြေအနေများအရ စီးပွားရေး၊ နိုင်ငံရေးအပြင် အခြားသောအကြောင်းအရာများအပေါ် ပုံဖော်နေခြင်းအား(EAEU) နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“EAEU အနေနဲ့က သူ့ရဲ့အခြေခံပဋိညာဉ်မှာ ဘာပါလဲဆိုတော့ နိုင်ငံအချင်းချင်း အချုပ်အခြာအာဏာတည်တံ့မှု နယ်မြေခိုင်မြဲမှုကိုအလေးထားဖို့ နံပါတ်နှစ်အချက်ကတော့ နိုင်ငံတွေရဲ့ အမျိုးသားအကျိုး စီးပွားကို အလေးထားဖို့ဆိုတာပါပါတယ်။ ဒါဟာ နိုင်ငံတိုင်းအတွက် လိုအပ်တဲ့ကိစ္စတွေဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့အခြေအနေအရ စီးပွားရေးအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်၊ ကျန်တဲ့ အရေးအရာတွေပဲဖြစ်ဖြစ် သူတို့လိုရင်လိုသလို ပုံဖော်နေတယ်။ မလိုရင်မလိုသလို ပုံဖော်နေတဲ့ဟာတွေ ပိတ်ဆို့နေတဲ့ဟာတွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့က(EAEU)နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှုအင်အားကို ရရှိလာမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

Zawgyi Version:
EAEU အဖြဲ႕ဝင္ႏိုင္ငံျဖစ္ရန္ ျမန္မာႏိုင္ငံ၏ ႀကိဳးပမ္းမႈေအာင္ျမင္လိမ့္မည္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းဆို
သန႔္ဇင္ (NP News) - ဇြန္ ၃ဝ
ဥေရာပ-အာရွစီးပြားေရးသမဂၢ(EAEU) အဖြဲ႕ဝင္ႏိုင္ငံျဖစ္ရန္ ျမန္မာႏိုင္ငံ၏ ႀကိဳးပမ္းမႈေအာင္ျမင္လိမ့္မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဘယ္လာ႐ုစ္ႏိုင္ငံ မင့္စ္ၿမိဳ႕၌ က်င္းပျပဳလုပ္ခဲ့သည့္ စတုတၳအႀကိမ္ ဥေရာပ-အာရွ စီးပြားေရးဖိုရမ္(EEF 2025) တက္ေရာက္ခဲ့ၿပီး ယမန္ေန႔ (ဇြန္လ ၂၉ ရက္)၊ ညပိုင္းက ေနျပည္ေတာ္တပ္မေတာ္ေလဆိပ္သို႔ ျပန္လည္ေရာက္ရွိစဥ္ သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈမ်ားအေပၚ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အထက္ပါကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
နစကဥကၠ႒အေနျဖင့္ EAEU ၏ ႏွစ္စဥ္က်င္းပေနက်ျဖစ္သည့္ ဥေရာပ-အာရွိစီးပြားေရးဖိုရမ္(EEF)၏ စတုတၳအႀကိမ္ေျမာက္အစည္းအေဝးတက္ေရာက္မိန္႔ခြန္းေျပာၾကားခဲ့ၿပီး ျမန္မာႏိုင္ငံအေနျဖင့္ (EAEU)၏ အဖြဲ႕ႏိုင္ငံျဖစ္ရန္ ႀကိမ္းပမ္းေနမႈလည္း ေအာင္ျမင္လိမ့္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အေနနဲ႔ (EAEU) ရဲ႕ ႏွစ္စဥ္က်င္းပေနက်ျဖစ္တဲ့ ဥေရာပ-အာရွ စီးပြားေရးဖိုရမ္(EEF)အခုဆိုရင္ (၄)ႀကိမ္ေျမာက္ျဖစ္ပါတယ္။ စတုတၳအႀကိမ္ေျမာက္မွာလည္း တက္ေရာက္ၿပီး မိန႔္ခြန္းေျပာၾကားခဲ့ပါတယ္။ မိန႔္ခြန္းေျပာၾကားခဲ့တဲ့ေနရာမွာလည္း ကြၽန္ေတာ္ေျပာၾကားခဲ့တဲ့ အခ်က္အလက္ေတြအျပင္ က်ယ္က်ယ္ျပန႔္ျပန႔္ ေျပာၾကားခဲ့တာကို အားလုံးေတြ႕ႏိုင္မွာျဖစ္ပါ တယ္။ ျမန္မာႏိုင္ငံအေနနဲ႔ (EAEU)ရဲ႕အဖြဲ႕ဝင္ႏိုင္ငံျဖစ္ဖို႔အတြက္ (EAEU)ရဲ႕ေလ့လာခြင့္ရရွိတဲ့ႏိုင္ငံ၊ ေလ့လာသူႏိုင္ငံျဖစ္ဖို႔အတြက္ ကြၽန္ေတာ္တို႔ ႀကိဳးစားေဆာင္႐ြက္ေနပါတယ္။ ႀကိဳးစားေဆာင္႐ြက္မႈလည္း ေအာင္ျမင္ႏိုင္လိမ့္မယ္လို႔ျမင္ပါတယ္။ (EAEU) အဖြဲ႕ဝင္ႏိုင္ငံေတြျဖစ္တဲ့ ႐ုရွားတို႔ အျခားအဖြဲ႕ဝင္ႏိုင္ငံေတြအေနနဲ႔လည္း ျမန္မာႏိုင္ငံကို ႀကိဳဆိုလက္ခံတယ္လို႔ ကြၽန္ေတာ္တို႔ျမင္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။

လက္ရွိကမာၻတြင္ ျဖစ္ပ်က္ေနသည့္အေျခအေနမ်ားအရ စီးပြားေရး၊ ႏိုင္ငံေရးအျပင္ အျခားေသာအေၾကာင္းအရာမ်ားအေပၚ ပုံေဖာ္ေနျခင္းအား(EAEU) ႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“EAEU အေနနဲ႔က သူ႔ရဲ႕အေျခခံပဋိညာဥ္မွာ ဘာပါလဲဆိုေတာ့ ႏိုင္ငံအခ်င္းခ်င္း အခ်ဳပ္အျခာအာဏာတည္တံ့မႈ နယ္ေျမခိုင္ၿမဲမႈကိုအေလးထားဖို႔ နံပါတ္ႏွစ္အခ်က္ကေတာ့ ႏိုင္ငံေတြရဲ႕ အမ်ိဳးသားအက်ိဳး စီးပြားကို အေလးထားဖို႔ဆိုတာပါပါတယ္။ ဒါဟာ ႏိုင္ငံတိုင္းအတြက္ လိုအပ္တဲ့ကိစၥေတြျဖစ္ပါတယ္။ ဒီေန႔ ကြၽန္ေတာ္တို႔ကမာၻမွာ ျဖစ္ပ်က္ေနတဲ့အေျခအေနအရ စီးပြားေရးအရပဲျဖစ္ျဖစ္၊ ႏိုင္ငံေရးအရပဲ ျဖစ္ျဖစ္၊ က်န္တဲ့ အေရးအရာေတြပဲျဖစ္ျဖစ္ သူတို႔လိုရင္လိုသလို ပုံေဖာ္ေနတယ္။ မလိုရင္မလိုသလို ပုံေဖာ္ေနတဲ့ဟာေတြ ပိတ္ဆို႔ေနတဲ့ဟာေတြရွိပါတယ္။ ဒါေတြကို ကြၽန္ေတာ္တို႔က(EAEU)နဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္းအားျဖင့္ ပူးေပါင္းေဆာင္႐ြက္မႈအင္အားကို ရရွိလာမွာျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

Related news

© 2021. All rights reserved.