အကျိုးအမြတ်အတွက် ငြိမ်းချမ်းရေးကို ရောင်းချသူများနှင့် စံချိန်တင်တိုးတက်လာသော ကမ္ဘာ့လက်နက်ရောင်းချမှု

239

တင်ဇာ (NP News) - ဒီဇင်ဘာလ ၁၈
စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးသုတေသနအင်စတီကျု(SIPRI)ကထုတ်ပြန်တဲ့ နောက်ဆုံးအချက်အလက်တွေအရ လက်နက်ထုတ် လုပ်ရေးကုမ္ပဏီကြီး(၁၀ဝ)ခုရဲ့ လက်နက်ရောင်းချမှုနဲ့ စစ်ဘက်ဆိုင်ရာဝန်ဆောင်မှုတွေကနေရတဲ့ဝင်ငွေဟာ (၂၀၂၄)ခုနှစ်မှာ (၅ ဒသမ ၉)ရာခိုင်နှုန်းအထိမြင့် တက်လာပြီး စံချိန်တင် ဒေါ်လာ (၆၇၉)ဘီလျံအထိ ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ ယူကရိန်းနဲ့ဂါဇာမှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေအပါအဝင် ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသဆိုင်ရာ ပထဝီနိုင်ငံရေးတင်းမာမှုတွေ၊ အဆက် မပြတ်မြင့်တက်နေတဲ့ စစ်အသုံးစရိတ်တွေကြောင့် ဝယ်လိုအားမြင့်တက်လာခဲ့တဲ့အတွက် (၂၀၂၄) ခုနှစ် မှာ လက်နက်ရောင်းချမှုကနေရတဲ့ဝင်ငွေဟာ သိသိ သာသာမြင့်မားလာခဲ့ပါတယ်။ လက်နက်ရောင်းချမှုနဲ့ ကမ္ဘာ့စစ်ရေးအသုံးစရိတ်တွေအတွက် ယုံကြည်စိတ် ချရတဲ့အရင်းအမြစ်တစ်ခုဖြစ်တဲ့(SIPRI) ရဲ့အဆိုအရ (၂၀၁၈)ခုနှစ်နောက်ပိုင်း အကြီးဆုံး လက်နက်ကုမ္ပဏီ (၅)ခုလုံးဟာ ပထမဆုံးအကြိမ်အဖြစ် သူတို့ရဲ့ လက် နက်ရောင်းချမှုကနေ အမြတ်ငွေတွေတိုးတက်လာခဲ့ တယ်လို့ဆိုပါတယ်။ လက်ရှိမှာ ယူကရိန်း၊ ဂါဇာ၊ ဆူ ဒန်၊ အီရတ်၊ လစ်ဗျား၊ မော်ရိုကို၊ ဆီးရီးယား၊ ယီမင်၊ ဟေတီ၊ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဆိုမာလီ ယာနဲ့ အနောက်ဆာဟာရ စတဲ့နေရာတွေမှာ လက် နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းစစ်တွေဖြစ်ပွားနေတာ ကြောင့် အစိုးရတွေနဲ့ သူပုန်အင်အားစုတွေဆီကနေ လက်နက်ဝယ်လိုအားတွေ မြင့်တက်လာစေပါတယ်။ လက်နက်ဝယ်လိုအားမြင့်တက်လာခြင်းအများစုဟာ ဥရောပနဲ့အမေရိကန်အခြေစိုက် ကုမ္ပဏီတွေကြောင့် ဖြစ်ပေမယ့် ထိပ်တန်း(၁၀ဝ)စာရင်းမှာပါဝင်တဲ့ ကမ္ဘာ့ ဒေသအားလုံးမှာ နှစ်အလိုက် တိုးတက်မှုတွေရှိခဲ့ပါ တယ်။
ဒီလို ဝယ်လိုအားတွေမြင့်တက်လာတာဟာ လက်နက်ကုမ္ပဏီအများအပြားကို ထုတ်လုပ်မှုနယ် ပယ် ပိုမိုတိုးချဲ့ဖို့၊ စက်ရုံတွေချဲ့ထွင်ဖို့၊ ကုမ္ပဏီလက်ခွဲ တွေတည်ထောင်ဖို့ ဒါမှမဟုတ် လုပ်ငန်းဝယ်ယူမှုတွေ ပြုလုပ်ဖို့ တွန်းအားပေးနေပါတယ်။ (SIPRI)စစ်ရေး အသုံးစရိတ်နဲ့ လက်နက်ထုတ်လုပ်ရေးအစီအစဉ်မှ သုတေသီ လိုရန်ဇို စကာရာဇက်တိုက ]ထုတ်လုပ်သူ တွေဟာ ဝယ်လိုအားမြင့်မားတာကို အခွင့်ကောင်းယူ ခဲ့တာကြောင့် (၂၀၂၄)ခုနှစ်က ကမ္ဘာ့ လက်နက်ရောင်း ချမှုဝင်ငွေဟာ (SIPRI) မှတ်တမ်းတင်ခဲ့ဖူးသမျှအမြင့် ဆုံးအဆင့်ကိုရောက်ရှိခဲ့တယ်" လို့ဖော်ပြခဲ့ပါတယ်။
ဥရောပအခြေစိုက်(ရုရှားမပါ) ထိပ်တန်းကုမ္ပဏီ (၁၀ဝ)စာရင်းမှာပါဝင်တဲ့ လက်နက်ကုမ္ပဏီ(၂၆)ခု ထဲက (၂၃)ခုဟာ လက်နက်ရောင်းချရာကနေ စုစု ပေါင်းဝင်ငွေ (၁၃)ရာခိုင်နှုန်းတိုးလာပြီး ဒေါ်လာ (၁၅၁)ဘီလျံအထိရောက်ရှိခဲ့ပါတယ်။ ဒီတိုးတက်မှု ဟာ ယူကရိန်းစစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ ဝယ်လို အားနဲ့ အများကြီးဆက်စပ်နေပါတယ်။ (၂၀၂၄) ခုနှစ် မှာ ထိပ်တန်း(၁၀ဝ)စာရင်းဝင် အမေရိကန်လက်နက် ကုမ္ပဏီတွေရဲ့ စုစုပေါင်းလက်နက်ဝင်ငွေဟာ (၃ ဒသမ ၈)ရာခိုင်နှုန်းတိုးလာပြီး ဒေါ်လာ (၃၃၄) ဘီလျံ အထိရောက်ရှိခဲ့ပါတယ်။ အဆင့်သတ်မှတ်ချက်မှာ ပါဝင်တဲ့ အမေရိကန်ကုမ္ပဏီ (၃၉)ခုထဲက (၃၀)ဟာ သူတို့ရဲ့ လက်နက်ရောင်းဝယ်ခြင်းဝင်ငွေကို တိုးမြှင့်ခဲ့ ကြပြီး အဲဒီထဲမှာLockheed Martin ၊ Northrop Grumman နဲ့ General Dynamicsလိုမျိုး လက် နက်အဓိကထုတ်လုပ်တဲ့ကုမ္ပဏီတွေပါဝင်နေပါ တယ်။
ဒါပေမဲ့ အာရှနဲ့အိုရှန်းနီးယားဒေသဟာ (၂၀၂၄) ခုနှစ် ထိပ်ဆုံး (၁၀ဝ)စာရင်းဝင်ကုမ္ပဏီများရဲ့ လက်နက်ရောင်းချမှုဝင်ငွေ စုစုပေါင်း ကျဆင်းသွားတဲ့ တစ်ခုတည်းသော ကမ္ဘာ့ဒေသဖြစ်ခဲ့ပါတယ်။ (၂၀၂၃)ခုနှစ်ထက် (၁ ဒသမ ၂)ရာခိုင်နှုန်းလျော့ နည်းသွားပြီး အမေရိကန်ဒေါ်လာ (၁၃၀) ဘီလျံအထိ ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိပ်ဆုံး(၁၀ဝ)စာရင်းဝင် တရုတ်လက်နက်ကုမ္ပဏီ ရှစ်ခုရဲ့ လက်နက်ရောင်းချမှုစုစုပေါင်းဝင်ငွေဟာ (၁၀)ရာခိုင်နှုန်းအထိကျဆင်းခဲ့တာကြောင့်ဖြစ်ပါ တယ်။ တရုတ်နိုင်ငံရဲ့ အဓိကထုတ်လုပ်သူ NORINCO ရဲ့ လက်နက်ရောင်းချမှုဝင်ငွေဟာ (၃၁)ရာ ခိုင်နှုန်းခန့် သိသိသာသာကျဆင်းသွားတာတွေ့ရပါ တယ်။
ဆန့်ကျင်ဘက်အနေနဲ့ကတော့ ဂျပန်နဲ့ တောင် ကိုရီးယားကုမ္ပဏီတွေရဲ့ လက်နက်ရောင်းချမှုဝင်ငွေ တွေဟာ ဆက်လက်တိုးတက်နေခဲ့တယ်လို့သိရပါ တယ်။ ဂျပန်ကုမ္ပဏီငါးခုဟာ သူတို့ရဲ့ စုစုပေါင်း လက် နက်ရောင်းချမှုဝင်ငွေကို (၄၀)ရာခိုင်နှုန်း တိုးမြှင့်နိုင် ခဲ့ပြီး ဒေါ်လာ (၁၃ ဒသမ ၃)ဘီလျံအထိ အမြတ်ငွေရ ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယား လက်နက်ကုမ္ပဏီလေးခုဟာ သူတို့ရဲ့လက်နက်ရောင်း ချမှုကို (၃၁)ရာခိုင်နှုန်းတိုးမြှင့်ပြီး ဒေါ်လာ (၁၄ ဒသမ ၁)ဘီလျံအထိ ဝင်ငွေတိုးလာစေခဲ့ပါတယ်။ တောင် ကိုရီးယားရဲ့ အကြီးဆုံးလက်နက်ကုမ္ပဏီဖြစ်တဲ့ Hanwha Groupတစ်ခုတည်းကတင် (၂၀၂၄) ခုနှစ်မှာ သူရဲ့လက်နက်ရောင်းချမှုဝင်ငွေ (၄၂)ရာခိုင် နှုန်းတိုးတက်ခဲ့ပြီး အဲဒီဝင်ငွေရဲ့တစ်ဝက်ကျော်ဟာ လက်နက်တင်ပို့မှုကနေရရှိခဲ့တာဖြစ်တယ်လို့ဆိုပါ တယ်။
ဒါပေမဲ့ လက်နက်ရောင်းချဝင်ငွေနဲ့ စစ်ရေးအ သုံးစရိတ်တွေမြင့်တက်လာတာဟာ သေဆုံးသူအရေ အတွက် မြင့်မားလာခြင်းနဲ့အတူ အရပ်သားတွေအ ပေါ် ဆိုးရွားတဲ့သက်ရောက်မှုတွေလည်းရှိခဲ့ပါတယ်။ (၂၀၂၅)ခုနှစ် နိုဝင်ဘာလလယ်မှ နှောင်းပိုင်းအထိ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံချက်အရ (၂၀၂၃)ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့ကတည်း ကစတင်ခဲ့တဲ့စစ်ပွဲမှာ ပါလက်စတိုင်း (၇၀,ဝဝဝ) ကျော်သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ရုရှား-ယူကရိန်း စစ်ပွဲအတွင်း သေဆုံးမှု ခန့်မှန်းခြေအရေအတွက်က တော့ နှစ်ဖက်စလုံးက စစ်ဘက်ဆိုင်ရာထိခိုက်မှု ကိန်းဂဏန်းတွေကို နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားတာကြောင့် ဆန်းစစ်ဖို့ခက်ခဲပါတယ်။
စာရေးဆရာ နော်မန်ဆော်လမွန်က စစ်ပွဲလုပ် ငန်းဆိုတာ အကျိုးအမြတ်များတဲ့ သေဆုံးခြင်းလုပ်ငန်း ဖြစ်ပြီး (၂၀၂၅) ခုနှစ်မှာလောက် ဒီလိုဆိုးဆိုးရွားရွား ဖြစ်ပျက်ခဲ့တာမျိုး ဘယ်တုန်းကမှမရှိခဲ့ဘူးလို့ IPS ကိုပြောကြားခဲ့ပါတယ်။ " နည်းပညာမြင့် လက်နက် ဝယ်သူတွေနဲ့ရောင်းသူတွေဟာ ကြောက်မက်ဖွယ် ကောင်းတဲ့ ဖက်တွယ်မှုတစ်ခုထဲမှာရှိနေကြပြီး စစ်မြေ ပြင်အမြတ်ထုတ်သူတွေကပွဲခံနေချိန်မှာ ကလေးငယ် တွေက အစာငတ်နေကြပြီး အကြီးအကျယ်သေဆုံးမှု တွေမြင့်တက်နေပါတယ်"လို့ ၎င်းကမှတ်ချက်ပြုထား ပါတယ်။
ဂါဇာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာ မှုအကျပ်အတည်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြားမှာ အမေရိကန်ဟာ အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံ တကာကတောင်းဆိုတာတွေကိုလျစ်လျူရှုပြီး အစ္စရေးကို လက်နက်ရောင်းချမှုမြှင့်တင်ခဲ့ပါတယ်။ (၂၀၂၄)ခုနှစ် ဒီဇင်ဘာတစ်လတည်းမှာတင် သမ္မတ ဟောင်းဘိုင်ဒင်ဟာ အကြီးမားဆုံး လက်နက်ရောင်းချ မှုနှစ်ခုကိုခွင့်ပြုခဲ့တယ်လို့ဆိုပါတယ်။ တစ်ခုက ဒေါ် လာ(၁၀၆)သန်းတန်ဖိုးရှိပြီး နောက်တစ်ခုက ဒေါ်လာ (၁၄၇ ဒသမ ၅)သန်းတန်ဖိုးရှိပါတယ်။ ဒီအရောင်းအ ဝယ်တွေကနေ ဘယ်သူတွေ အကျိုးအမြတ်ရနေသ လဲ၊ ဘယ်သူတွေက ဆုံးရှုံးနစ်နာနေသလဲဆိုတာကို ဆန်းစစ်ဖို့လိုအပ်ပါတယ်။
လက်နက်ထုတ်လုပ်ရေးကိုထောက်ခံသူတွေ ဟာ လက်နက်လုပ်ငန်းကို ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အတွက် ကယ်တင်ရှင်အဖြစ် မကြာခဏ ပုံဖော်လေ့ရှိ ကြပါတယ်။ သို့သော်လည်း ဒီလုပ်ငန်းမှာ သူတို့ရဲ့အ ကျိုးစီးပွားတွေအားကောင်းစေဖို့၊ ကာကွယ်ရေးဆိုင် ရာမူဝါဒတွေကိုလွှမ်းမိုးဖို့နဲ့ သူတို့ရဲ့ပုံရိပ်ကိုမြှင့်တင် ဖို့အတွက် နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ အကုန် ကျခံပြီး လော်ဘီသမားတွေနဲ့ကျွမ်းကျင်သူတွေ ငှား ရမ်းထားတယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်(၂၀)အ တွင်း လက်နက်လုပ်ငန်းဟာ ပင်တဂွန်၊ ကွန်ဂရက်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်တွေမှာ လော် ဘီလုပ်ဖို့အတွက် ဒေါ်လာ(၂ ဒသမ ၅)ဘီလျံ သုံးစွဲ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ ဒီလို အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေကပါ လော်ဘီလုပ်ပေးနေတဲ့အ တွက် လက်နက်ကုမ္ပဏီတွေဟာ စည်းမျဉ်းစည်းကမ်း သိပ်မရှိဘဲ နိုင်ငံတကာဖောက်သည်တွေဆီ အမေရိ ကန်လက်နက်ရောင်းချမှုတွေကို တိုးချဲ့ခဲ့တယ်လို့သိရ ပါတယ်။
အမေရိကန်ရဲ့ နိုင်ငံတကာလက်နက်ကုန်သွယ် ရေးမူဝါဒနဲ့ပတ်သက်လာရင် ပွင့်လင်းမြင်သာမှုနဲ့စည်း မျဉ်းစည်းကမ်းလိုအပ်ချက်ဟာ အခုအချိန်မှာ ပိုပြီး အရေးတကြီးလိုအပ်နေပါပြီ။ စစ်ဆန့်ကျင်ရေးတက် ြွကလှုပ်ရှားသူတွေက ဘိုးရင်းကို လူ့အခွင့်အရေးချိုး ဖောက်မှုများစွာအတွက် တာဝန်ရှိတယ်လို့စွပ်စွဲထားပါ တယ်။ (၂၀၁၆)ခုနှစ်မှာ ဘိုးရင်းရဲ့ဗုံးတွေဟာ ယီမင် ဈေးတစ်ခုမှာ ယီမင်လူမျိုး (၁၀၇)ဦးကို သတ်ဖြတ်ဖို့ အတွက်အသုံးပြုခဲ့တယ်။ ဘိုးရင်းကထုတ်လုပ်တဲ့ တိကျစွာထိန်းချုပ်နိုင်တဲ့ဒုံးကျည်တွေကို ပါလက်စတိုင်း တွေကိုတိုက်ခိုက်ဖို့အတွက် နှစ်ပေါင်းများစွာအသုံးပြု ခဲ့ပါတယ်။ စစ်ရာဇဝတ်မှုတွေကျူးလွန်ဖို့အတွက် အမေရိကန်လက်နက်တွေကို နိုင်ငံခြားတိုင်းပြည်တွေ ကအသုံးပြုတာမျိုးမလုပ်နိုင်အောင်တားဆီးဖို့ ဥပဒေ ဖြစ်တဲ့ Leahy Law လိုမျိုး စစ်ဆေးမှုနဲ့ ထိန်းညှိမှု တွေရှိနေပေမယ့် အမေရိကန်က လက်နက်ရောင်း ဝယ်မှုတွေကို တက်ြွကစွာခွင့်ပြုနေဆဲပါ။
ဒါကြောင့် အမေရိကန်အပါအဝင် အနောက် အင်အားကြီးနိုင်ငံတွေဟာ နိုင်ငံတကာစင်မြင့်ထက်မှာ စစ်ပွဲတွေကိုဆန့်ကျင်ကြောင်းပြောဆိုနေပေမယ့် ဒီစစ်ပွဲတွေကြောင့် သူတို့ရဲ့ လက်နက်ကုမ္ပဏီတွေ အကျိုးအမြတ်များနေတာကိုတော့ တိတ်တဆိတ် ကျေနပ်နေတယ်လို့ဆိုနိုင်ပါတယ်။ စစ်ပွဲမရှိရင် သူ တို့ရဲ့လက်နက်ရောင်းဝယ်မှုတွေလည်း အလုပ်မဖြစ် နိုင်ပါဘူး။ ဒါကြောင့် ဟန်ပြ လူသားချင်းစာနာထောက် ထားကြောင်းတွေပြောဆိုနေပေမယ့် တစ်ဖက်မှာ လည်း လက်နက်တွေရောင်းဝယ်ဖောက်ကားနေတာ ဟာ အပြောနဲ့အလုပ်မညီမျှခြင်းဖြစ်နေတယ်လို့ သုံး သပ်ရပါမယ်။
• https://www.sipri.org/media/press-release/2025/sipri-top-100-arms-producers-see-combined-revenues-surge-states-rush-modernize-and-expand-arsenals
• https://chicagopolicyreview.org/2024/02/27/america-is-leading-the-global-arms-trade-but-at-what-cost/

Zawgyi Version:
အက်ိဳးအျမတ္အတြက္ ၿငိမ္းခ်မ္းေရးကို ေရာင္းခ်သူမ်ားႏွင့္ စံခ်ိန္တင္တိုးတက္လာေသာ ကမာၻ႔လက္နက္ေရာင္းခ်မႈ
တင္ဇာ (NP News) - ဒီဇင္ဘာလ ၁၈
စေတာ့ဟုမ္း အျပည္ျပည္ဆိုင္ရာၿငိမ္းခ်မ္းေရးသုေတသနအင္စတီက်ဳ(SIPRI)ကထုတ္ျပန္တဲ့ ေနာက္ဆုံးအခ်က္အလက္ေတြအရ လက္နက္ထုတ္ လုပ္ေရးကုမၸဏီႀကီး(၁၀ဝ)ခုရဲ႕ လက္နက္ေရာင္းခ်မႈနဲ႔ စစ္ဘက္ဆိုင္ရာဝန္ေဆာင္မႈေတြကေနရတဲ့ဝင္ေငြဟာ (၂၀၂၄)ခုႏွစ္မွာ (၅ ဒသမ ၉)ရာခိုင္ႏႈန္းအထိျမင့္ တက္လာၿပီး စံခ်ိန္တင္ ေဒၚလာ (၆၇၉)ဘီလ်ံအထိ ေရာက္ရွိခဲ့တယ္လို႔သိရပါတယ္။ ယူကရိန္းနဲ႔ဂါဇာမွာ ျဖစ္ပြားေနတဲ့စစ္ပြဲေတြအပါအဝင္ ကမာၻလုံးဆိုင္ရာနဲ႔ ေဒသဆိုင္ရာ ပထဝီႏိုင္ငံေရးတင္းမာမႈေတြ၊ အဆက္ မျပတ္ျမင့္တက္ေနတဲ့ စစ္အသုံးစရိတ္ေတြေၾကာင့္ ဝယ္လိုအားျမင့္တက္လာခဲ့တဲ့အတြက္ (၂၀၂၄) ခုႏွစ္ မွာ လက္နက္ေရာင္းခ်မႈကေနရတဲ့ဝင္ေငြဟာ သိသိ သာသာျမင့္မားလာခဲ့ပါတယ္။ လက္နက္ေရာင္းခ်မႈနဲ႔ ကမာၻ႔စစ္ေရးအသုံးစရိတ္ေတြအတြက္ ယုံၾကည္စိတ္ ခ်ရတဲ့အရင္းအျမစ္တစ္ခုျဖစ္တဲ့(SIPRI) ရဲ႕အဆိုအရ (၂၀၁၈)ခုႏွစ္ေနာက္ပိုင္း အႀကီးဆုံး လက္နက္ကုမၸဏီ (၅)ခုလုံးဟာ ပထမဆုံးအႀကိမ္အျဖစ္ သူတို႔ရဲ႕ လက္ နက္ေရာင္းခ်မႈကေန အျမတ္ေငြေတြတိုးတက္လာခဲ့ တယ္လို႔ဆိုပါတယ္။ လက္ရွိမွာ ယူကရိန္း၊ ဂါဇာ၊ ဆူ ဒန္၊ အီရတ္၊ လစ္ဗ်ား၊ ေမာ္႐ိုကို၊ ဆီးရီးယား၊ ယီမင္၊ ေဟတီ၊ ကြန္ဂို ဒီမိုကရက္တစ္သမၼတႏိုင္ငံ၊ ဆိုမာလီ ယာနဲ႔ အေနာက္ဆာဟာရ စတဲ့ေနရာေတြမွာ လက္ နက္ကိုင္ပဋိပကၡနဲ႔ ျပည္တြင္းစစ္ေတြျဖစ္ပြားေနတာ ေၾကာင့္ အစိုးရေတြနဲ႔ သူပုန္အင္အားစုေတြဆီကေန လက္နက္ဝယ္လိုအားေတြ ျမင့္တက္လာေစပါတယ္။ လက္နက္ဝယ္လိုအားျမင့္တက္လာျခင္းအမ်ားစုဟာ ဥေရာပနဲ႔အေမရိကန္အေျခစိုက္ ကုမၸဏီေတြေၾကာင့္ ျဖစ္ေပမယ့္ ထိပ္တန္း(၁၀ဝ)စာရင္းမွာပါဝင္တဲ့ ကမာၻ႔ ေဒသအားလုံးမွာ ႏွစ္အလိုက္ တိုးတက္မႈေတြရွိခဲ့ပါ တယ္။
ဒီလို ဝယ္လိုအားေတြျမင့္တက္လာတာဟာ လက္နက္ကုမၸဏီအမ်ားအျပားကို ထုတ္လုပ္မႈနယ္ ပယ္ ပိုမိုတိုးခ်ဲ႕ဖို႔၊ စက္႐ုံေတြခ်ဲ႕ထြင္ဖို႔၊ ကုမၸဏီလက္ခြဲ ေတြတည္ေထာင္ဖို႔ ဒါမွမဟုတ္ လုပ္ငန္းဝယ္ယူမႈေတြ ျပဳလုပ္ဖို႔ တြန္းအားေပးေနပါတယ္။ (SIPRI)စစ္ေရး အသုံးစရိတ္နဲ႔ လက္နက္ထုတ္လုပ္ေရးအစီအစဥ္မွ သုေတသီ လိုရန္ဇို စကာရာဇက္တိုက ]ထုတ္လုပ္သူ ေတြဟာ ဝယ္လိုအားျမင့္မားတာကို အခြင့္ေကာင္းယူ ခဲ့တာေၾကာင့္ (၂၀၂၄)ခုႏွစ္က ကမာၻ႔ လက္နက္ေရာင္း ခ်မႈဝင္ေငြဟာ (SIPRI) မွတ္တမ္းတင္ခဲ့ဖူးသမွ်အျမင့္ ဆုံးအဆင့္ကိုေရာက္ရွိခဲ့တယ္" လို႔ေဖာ္ျပခဲ့ပါတယ္။
ဥေရာပအေျခစိုက္(႐ုရွားမပါ) ထိပ္တန္းကုမၸဏီ (၁၀ဝ)စာရင္းမွာပါဝင္တဲ့ လက္နက္ကုမၸဏီ(၂၆)ခု ထဲက (၂၃)ခုဟာ လက္နက္ေရာင္းခ်ရာကေန စုစု ေပါင္းဝင္ေငြ (၁၃)ရာခိုင္ႏႈန္းတိုးလာၿပီး ေဒၚလာ (၁၅၁)ဘီလ်ံအထိေရာက္ရွိခဲ့ပါတယ္။ ဒီတိုးတက္မႈ ဟာ ယူကရိန္းစစ္ပြဲေၾကာင့္ျဖစ္ေပၚလာတဲ့ ဝယ္လို အားနဲ႔ အမ်ားႀကီးဆက္စပ္ေနပါတယ္။ (၂၀၂၄) ခုႏွစ္ မွာ ထိပ္တန္း(၁၀ဝ)စာရင္းဝင္ အေမရိကန္လက္နက္ ကုမၸဏီေတြရဲ႕ စုစုေပါင္းလက္နက္ဝင္ေငြဟာ (၃ ဒသမ ၈)ရာခိုင္ႏႈန္းတိုးလာၿပီး ေဒၚလာ (၃၃၄) ဘီလ်ံ အထိေရာက္ရွိခဲ့ပါတယ္။ အဆင့္သတ္မွတ္ခ်က္မွာ ပါဝင္တဲ့ အေမရိကန္ကုမၸဏီ (၃၉)ခုထဲက (၃၀)ဟာ သူတို႔ရဲ႕ လက္နက္ေရာင္းဝယ္ျခင္းဝင္ေငြကို တိုးျမႇင့္ခဲ့ ၾကၿပီး အဲဒီထဲမွာLockheed Martin ၊ Northrop Grumman နဲ႔ General Dynamicsလိုမ်ိဳး လက္ နက္အဓိကထုတ္လုပ္တဲ့ကုမၸဏီေတြပါဝင္ေနပါ တယ္။
ဒါေပမဲ့ အာရွနဲ႔အိုရွန္းနီးယားေဒသဟာ (၂၀၂၄) ခုႏွစ္ ထိပ္ဆုံး (၁၀ဝ)စာရင္းဝင္ကုမၸဏီမ်ားရဲ႕ လက္နက္ေရာင္းခ်မႈဝင္ေငြ စုစုေပါင္း က်ဆင္းသြားတဲ့ တစ္ခုတည္းေသာ ကမာၻ႔ေဒသျဖစ္ခဲ့ပါတယ္။ (၂၀၂၃)ခုႏွစ္ထက္ (၁ ဒသမ ၂)ရာခိုင္ႏႈန္းေလ်ာ့ နည္းသြားၿပီး အေမရိကန္ေဒၚလာ (၁၃၀) ဘီလ်ံအထိ က်ဆင္းခဲ့တယ္လို႔ဆိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ထိပ္ဆုံး(၁၀ဝ)စာရင္းဝင္ တ႐ုတ္လက္နက္ကုမၸဏီ ရွစ္ခုရဲ႕ လက္နက္ေရာင္းခ်မႈစုစုေပါင္းဝင္ေငြဟာ (၁၀)ရာခိုင္ႏႈန္းအထိက်ဆင္းခဲ့တာေၾကာင့္ျဖစ္ပါ တယ္။ တ႐ုတ္ႏိုင္ငံရဲ႕ အဓိကထုတ္လုပ္သူ NORINCO ရဲ႕ လက္နက္ေရာင္းခ်မႈဝင္ေငြဟာ (၃၁)ရာ ခိုင္ႏႈန္းခန႔္ သိသိသာသာက်ဆင္းသြားတာေတြ႕ရပါ တယ္။
ဆန႔္က်င္ဘက္အေနနဲ႔ကေတာ့ ဂ်ပန္နဲ႔ ေတာင္ ကိုရီးယားကုမၸဏီေတြရဲ႕ လက္နက္ေရာင္းခ်မႈဝင္ေငြ ေတြဟာ ဆက္လက္တိုးတက္ေနခဲ့တယ္လို႔သိရပါ တယ္။ ဂ်ပန္ကုမၸဏီငါးခုဟာ သူတို႔ရဲ႕ စုစုေပါင္း လက္ နက္ေရာင္းခ်မႈဝင္ေငြကို (၄၀)ရာခိုင္ႏႈန္း တိုးျမႇင့္ႏိုင္ ခဲ့ၿပီး ေဒၚလာ (၁၃ ဒသမ ၃)ဘီလ်ံအထိ အျမတ္ေငြရ ရွိခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေတာင္ကိုရီးယား လက္နက္ကုမၸဏီေလးခုဟာ သူတို႔ရဲ႕လက္နက္ေရာင္း ခ်မႈကို (၃၁)ရာခိုင္ႏႈန္းတိုးျမႇင့္ၿပီး ေဒၚလာ (၁၄ ဒသမ ၁)ဘီလ်ံအထိ ဝင္ေငြတိုးလာေစခဲ့ပါတယ္။ ေတာင္ ကိုရီးယားရဲ႕ အႀကီးဆုံးလက္နက္ကုမၸဏီျဖစ္တဲ့ Hanwha Groupတစ္ခုတည္းကတင္ (၂၀၂၄) ခုႏွစ္မွာ သူရဲ႕လက္နက္ေရာင္းခ်မႈဝင္ေငြ (၄၂)ရာခိုင္ ႏႈန္းတိုးတက္ခဲ့ၿပီး အဲဒီဝင္ေငြရဲ႕တစ္ဝက္ေက်ာ္ဟာ လက္နက္တင္ပို႔မႈကေနရရွိခဲ့တာျဖစ္တယ္လို႔ဆိုပါ တယ္။
ဒါေပမဲ့ လက္နက္ေရာင္းခ်ဝင္ေငြနဲ႔ စစ္ေရးအ သုံးစရိတ္ေတြျမင့္တက္လာတာဟာ ေသဆုံးသူအေရ အတြက္ ျမင့္မားလာျခင္းနဲ႔အတူ အရပ္သားေတြအ ေပၚ ဆိုး႐ြားတဲ့သက္ေရာက္မႈေတြလည္းရွိခဲ့ပါတယ္။ (၂၀၂၅)ခုႏွစ္ ႏိုဝင္ဘာလလယ္မွ ေႏွာင္းပိုင္းအထိ ဂါဇာက်န္းမာေရးဝန္ႀကီးဌာနရဲ႕ အစီရင္ခံခ်က္အရ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ (၇)ရက္ေန႔ကတည္း ကစတင္ခဲ့တဲ့စစ္ပြဲမွာ ပါလက္စတိုင္း (၇၀,ဝဝဝ) ေက်ာ္ေသဆုံးခဲ့ပါတယ္။ ဒါေပမဲ့ ႐ုရွား-ယူကရိန္း စစ္ပြဲအတြင္း ေသဆုံးမႈ ခန႔္မွန္းေျခအေရအတြက္က ေတာ့ ႏွစ္ဖက္စလုံးက စစ္ဘက္ဆိုင္ရာထိခိုက္မႈ ကိန္းဂဏန္းေတြကို ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အျဖစ္ သတ္မွတ္ထားတာေၾကာင့္ ဆန္းစစ္ဖို႔ခက္ခဲပါတယ္။
စာေရးဆရာ ေနာ္မန္ေဆာ္လမြန္က စစ္ပြဲလုပ္ ငန္းဆိုတာ အက်ိဳးအျမတ္မ်ားတဲ့ ေသဆုံးျခင္းလုပ္ငန္း ျဖစ္ၿပီး (၂၀၂၅) ခုႏွစ္မွာေလာက္ ဒီလိုဆိုးဆိုး႐ြား႐ြား ျဖစ္ပ်က္ခဲ့တာမ်ိဳး ဘယ္တုန္းကမွမရွိခဲ့ဘူးလို႔ IPS ကိုေျပာၾကားခဲ့ပါတယ္။ " နည္းပညာျမင့္ လက္နက္ ဝယ္သူေတြနဲ႔ေရာင္းသူေတြဟာ ေၾကာက္မက္ဖြယ္ ေကာင္းတဲ့ ဖက္တြယ္မႈတစ္ခုထဲမွာရွိေနၾကၿပီး စစ္ေျမ ျပင္အျမတ္ထုတ္သူေတြကပြဲခံေနခ်ိန္မွာ ကေလးငယ္ ေတြက အစာငတ္ေနၾကၿပီး အႀကီးအက်ယ္ေသဆုံးမႈ ေတြျမင့္တက္ေနပါတယ္"လို႔ ၎ကမွတ္ခ်က္ျပဳထား ပါတယ္။
ဂါဇာမွာ လက္ရွိျဖစ္ေပၚေနတဲ့ လူသားခ်င္းစာနာ မႈအက်ပ္အတည္းနဲ႔ လူမ်ိဳးတုံးသတ္ျဖတ္မႈၾကားမွာ အေမရိကန္ဟာ အပစ္အခတ္ရပ္စဲေရးအတြက္ ႏိုင္ငံ တကာကေတာင္းဆိုတာေတြကိုလ်စ္လ်ဴရႈၿပီး အစၥေရးကို လက္နက္ေရာင္းခ်မႈျမႇင့္တင္ခဲ့ပါတယ္။ (၂၀၂၄)ခုႏွစ္ ဒီဇင္ဘာတစ္လတည္းမွာတင္ သမၼတ ေဟာင္းဘိုင္ဒင္ဟာ အႀကီးမားဆုံး လက္နက္ေရာင္းခ် မႈႏွစ္ခုကိုခြင့္ျပဳခဲ့တယ္လို႔ဆိုပါတယ္။ တစ္ခုက ေဒၚ လာ(၁၀၆)သန္းတန္ဖိုးရွိၿပီး ေနာက္တစ္ခုက ေဒၚလာ (၁၄၇ ဒသမ ၅)သန္းတန္ဖိုးရွိပါတယ္။ ဒီအေရာင္းအ ဝယ္ေတြကေန ဘယ္သူေတြ အက်ိဳးအျမတ္ရေနသ လဲ၊ ဘယ္သူေတြက ဆုံးရႈံးနစ္နာေနသလဲဆိုတာကို ဆန္းစစ္ဖို႔လိုအပ္ပါတယ္။
လက္နက္ထုတ္လုပ္ေရးကိုေထာက္ခံသူေတြ ဟာ လက္နက္လုပ္ငန္းကို ကမာၻလုံးဆိုင္ရာလုံၿခဳံေရး အတြက္ ကယ္တင္ရွင္အျဖစ္ မၾကာခဏ ပုံေဖာ္ေလ့ရွိ ၾကပါတယ္။ သို႔ေသာ္လည္း ဒီလုပ္ငန္းမွာ သူတို႔ရဲ႕အ က်ိဳးစီးပြားေတြအားေကာင္းေစဖို႔၊ ကာကြယ္ေရးဆိုင္ ရာမူဝါဒေတြကိုလႊမ္းမိုးဖို႔နဲ႔ သူတို႔ရဲ႕ပုံရိပ္ကိုျမႇင့္တင္ ဖို႔အတြက္ ႏွစ္စဥ္ ေဒၚလာသန္းေပါင္းမ်ားစြာ အကုန္ က်ခံၿပီး ေလာ္ဘီသမားေတြနဲ႔ကြၽမ္းက်င္သူေတြ ငွား ရမ္းထားတယ္လို႔သိရပါတယ္။ လြန္ခဲ့တဲ့ ႏွစ္(၂၀)အ တြင္း လက္နက္လုပ္ငန္းဟာ ပင္တဂြန္၊ ကြန္ဂရက္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ အိမ္ျဖဴေတာ္ေတြမွာ ေလာ္ ဘီလုပ္ဖို႔အတြက္ ေဒၚလာ(၂ ဒသမ ၅)ဘီလ်ံ သုံးစြဲ လႉဒါန္းခဲ့တယ္လို႔သိရပါတယ္။ ဒီလို အစိုးရထိပ္ပိုင္း ေခါင္းေဆာင္ေတြကပါ ေလာ္ဘီလုပ္ေပးေနတဲ့အ တြက္ လက္နက္ကုမၸဏီေတြဟာ စည္းမ်ဥ္းစည္းကမ္း သိပ္မရွိဘဲ ႏိုင္ငံတကာေဖာက္သည္ေတြဆီ အေမရိ ကန္လက္နက္ေရာင္းခ်မႈေတြကို တိုးခ်ဲ႕ခဲ့တယ္လို႔သိရ ပါတယ္။
အေမရိကန္ရဲ႕ ႏိုင္ငံတကာလက္နက္ကုန္သြယ္ ေရးမူဝါဒနဲ႔ပတ္သက္လာရင္ ပြင့္လင္းျမင္သာမႈနဲ႔စည္း မ်ဥ္းစည္းကမ္းလိုအပ္ခ်က္ဟာ အခုအခ်ိန္မွာ ပိုၿပီး အေရးတႀကီးလိုအပ္ေနပါၿပီ။ စစ္ဆန႔္က်င္ေရးတက္ ျြကလႈပ္ရွားသူေတြက ဘိုးရင္းကို လူ႔အခြင့္အေရးခ်ိဳး ေဖာက္မႈမ်ားစြာအတြက္ တာဝန္ရွိတယ္လို႔စြပ္စြဲထားပါ တယ္။ (၂၀၁၆)ခုႏွစ္မွာ ဘိုးရင္းရဲ႕ဗုံးေတြဟာ ယီမင္ ေဈးတစ္ခုမွာ ယီမင္လူမ်ိဳး (၁၀၇)ဦးကို သတ္ျဖတ္ဖို႔ အတြက္အသုံးျပဳခဲ့တယ္။ ဘိုးရင္းကထုတ္လုပ္တဲ့ တိက်စြာထိန္းခ်ဳပ္ႏိုင္တဲ့ဒုံးက်ည္ေတြကို ပါလက္စတိုင္း ေတြကိုတိုက္ခိုက္ဖို႔အတြက္ ႏွစ္ေပါင္းမ်ားစြာအသုံးျပဳ ခဲ့ပါတယ္။ စစ္ရာဇဝတ္မႈေတြက်ဴးလြန္ဖို႔အတြက္ အေမရိကန္လက္နက္ေတြကို ႏိုင္ငံျခားတိုင္းျပည္ေတြ ကအသုံးျပဳတာမ်ိဳးမလုပ္ႏိုင္ေအာင္တားဆီးဖို႔ ဥပေဒ ျဖစ္တဲ့ Leahy Law လိုမ်ိဳး စစ္ေဆးမႈနဲ႔ ထိန္းညႇိမႈ ေတြရွိေနေပမယ့္ အေမရိကန္က လက္နက္ေရာင္း ဝယ္မႈေတြကို တက္ျြကစြာခြင့္ျပဳေနဆဲပါ။
ဒါေၾကာင့္ အေမရိကန္အပါအဝင္ အေနာက္ အင္အားႀကီးႏိုင္ငံေတြဟာ ႏိုင္ငံတကာစင္ျမင့္ထက္မွာ စစ္ပြဲေတြကိုဆန႔္က်င္ေၾကာင္းေျပာဆိုေနေပမယ့္ ဒီစစ္ပြဲေတြေၾကာင့္ သူတို႔ရဲ႕ လက္နက္ကုမၸဏီေတြ အက်ိဳးအျမတ္မ်ားေနတာကိုေတာ့ တိတ္တဆိတ္ ေက်နပ္ေနတယ္လို႔ဆိုႏိုင္ပါတယ္။ စစ္ပြဲမရွိရင္ သူ တို႔ရဲ႕လက္နက္ေရာင္းဝယ္မႈေတြလည္း အလုပ္မျဖစ္ ႏိုင္ပါဘူး။ ဒါေၾကာင့္ ဟန္ျပ လူသားခ်င္းစာနာေထာက္ ထားေၾကာင္းေတြေျပာဆိုေနေပမယ့္ တစ္ဖက္မွာ လည္း လက္နက္ေတြေရာင္းဝယ္ေဖာက္ကားေနတာ ဟာ အေျပာနဲ႔အလုပ္မညီမွ်ျခင္းျဖစ္ေနတယ္လို႔ သုံး သပ္ရပါမယ္။
• https://www.sipri.org/media/press-release/2025/sipri-top-100-arms-producers-see-combined-revenues-surge-states-rush-modernize-and-expand-arsenals
• https://chicagopolicyreview.org/2024/02/27/america-is-leading-the-global-arms-trade-but-at-what-cost/