လာမယ့်သီတင်းပတ်အတွင်း ဂါဇာအပစ်အခတ်ရပ်စဲရေး ရရှိဖို့ ဒေါ်နယ်ထရမ့် မျှော်လင့်နေ

 141

Pika (NP News) - ဇွန် ၃ဝ
လာမယ့်သီတင်းပတ်အတွင်း ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကို ရယူနိုင်လိမ့်မယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အစ္စရေး ကျောထောက်နောက်ခံပြု အစားအစာဖြန့်ဖြူးရေးစင်တာတွေမှာ အရပ်သားသေဆုံးမှုတွေ တိုးမြင့်လာတာကြောင့် ဝေဖန်မှုတွေရှိနေချိန်မှာပဲ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးရရှိဖို့ ဘယ်လောက်နီးကပ်နေပြီလဲဆိုတဲ့ မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “လာမယ့်သီတင်းပတ်အတွင်း အပစ်အခတ်ရပ်စဲရေးကို ရယူနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လမှာ အစ္စရေးက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုုးဖောက်ပြီး ဟားမက်လက်နက်ကိုင် အဖွဲ့အပေါ် စစ်ဆင်ရေးအသစ်တွေ ပြန်လည်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို အစားအစာ နဲ့ အခြားထောက်ပံ့ရေးပစ္စည်းတွေ ဝင်ရောက်ခွင့်ကို အချိန်(၂)လကျော်ကြာ ရပ်ဆိုင်းခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ နိုင်ငံတကာက ဖိအားပေးမှုတွေနဲ့အတူ ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးရေး ထရပ်ကားတွေ ပြန်လည်ဝင်ရောက်ခွင့်ပြုဖို့ အစ္စရေးက ခွင့်ပြုခဲ့ တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
လာမယ့္သီတင္းပတ္အတြင္း ဂါဇာအပစ္အခတ္ရပ္စဲေရး ရရွိဖို႔ ေဒၚနယ္ထရမ့္ ေမွ်ာ္လင့္ေန
Pika (NP News) - ဇြန္ ၃ဝ
လာမယ့္သီတင္းပတ္အတြင္း ဂါဇာကမ္းေျမာင္ေဒသမွာ အပစ္အခတ္ရပ္စဲေရးကို ရယူႏိုင္လိမ့္မယ္လို႔ အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ေမွ်ာ္လင့္ေနတယ္လို႔လည္း သိရပါတယ္။ ဂါဇာကမ္းေျမာင္ေဒသမွာရွိတဲ့ အစၥေရး ေက်ာေထာက္ေနာက္ခံျပဳ အစားအစာျဖန႔္ျဖဴးေရးစင္တာေတြမွာ အရပ္သားေသဆုံးမႈေတြ တိုးျမင့္လာတာေၾကာင့္ ေဝဖန္မႈေတြရွိေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရးရရွိဖို႔ ဘယ္ေလာက္နီးကပ္ေနၿပီလဲဆိုတဲ့ ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “လာမယ့္သီတင္းပတ္အတြင္း အပစ္အခတ္ရပ္စဲေရးကို ရယူႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ မတ္လမွာ အစၥေရးက အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်ိဳုးေဖာက္ၿပီး ဟားမက္လက္နက္ကိုင္ အဖြဲ႕အေပၚ စစ္ဆင္ေရးအသစ္ေတြ ျပန္လည္လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အစၥေရးဟာ ဂါဇာကမ္းေျမာင္ေဒသကို အစားအစာ နဲ႔ အျခားေထာက္ပံ့ေရးပစၥည္းေတြ ဝင္ေရာက္ခြင့္ကို အခ်ိန္(၂)လေက်ာ္ၾကာ ရပ္ဆိုင္းခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ ႏိုင္ငံတကာက ဖိအားေပးမႈေတြနဲ႔အတူ ဂါဇာကမ္းေျမာင္ေဒသကို အကူအညီေပးေရး ထရပ္ကားေတြ ျပန္လည္ဝင္ေရာက္ခြင့္ျပဳဖို႔ အစၥေရးက ခြင့္ျပဳခဲ့ တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.