နစက လက်ထက် လုပ်သော ဆွေးနွေးပွဲကို သံသယရှိပါက အခန်းအတွင်း ဝင်ရောက်ဆွေးနွေးရန် ဦးကိုကိုကြီး ပြော

486

Pearl (NP News) - ဇွန် ၃၀
နိုင်ငံတော်စီမံရေးကောင်စီ အစိုးရ လက်ထက် လုပ်သော ဆွေးနွေးပွဲကို သံသယရှိပါက အခန်းအတွင်း ဝင်ရောက် ဆွေးနွေးရန် ပြည်သူ့ပါတီ မှ ဥက္ကဋ္ဌ ဦးကိုကိုကြီး က နေပြည်တော်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သော Peace Forum 2025 အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
Peace Forum 2025 ကို “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲ နှင့် ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှ အေးချမ်း သာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” ခေါင်းစဉ်ဖြင့် ပြီးခဲ့သည့် ဇွန်လ (၂၅) ရက်မှ ဇွန်လ (၂၇) ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့ပြီး ပြည်ပမှ ပညာရှင်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
“ပြည်တွင်းအဖွဲ့အစည်းအသီးသီးက ဆွေးနွေးတဲ့အခါမှာ ပို့ဆောင်ဆွေးနွေးတဲ့ပုဂ္ဂိုလ်တွေရော၊ ပရိတ်သက်ထဲက ဆွေးနွေးမေးမြန်းကြတာတွေရော ဘာမှကြိုတင်ကန့်သတ်ထားတာ ၊ တားမြစ်ထားတာ မရှိဘဲနဲ့ လွတ်လွတ် လပ်လပ် ဆွေးနွေးခွင့်ရခဲ့ကြပါတယ်။ ဒါကြောင့်မိုလို့ သာမန်အားဖြင့်ပြောရင်တော့ တပ်မတော်က ဦးဆောင်တဲ့ အစိုးရလက်ထပ်မှာ လုပ်တဲ့ဆွေးနွေးပွဲတွေ မှာ လွတ်လပ်ပွင့်လင်းပါ့မလားဆိုတဲ့ သံသယ ရှိတဲ့လူတွေ အခန်းထဲ ဝင်လိုက်ရင် ပိုပြီး သိသွားပါလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။
အဆိုပါဖိုရမ်တွင် ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးနှင့်ပတ်သက်သောဆွေးနွေးမှုများကို ပြုလုပ်ရာ ဆွေးနွေးချက်ပေါင်း (၁၅၀)ကျော် ထွက်ပေါ်ခဲ့ပြီး အချို့ သဘောတူညီချက်အချို့ကို ပြည်သူများထံ အသိပေးရန် ဆွေးနွေးအကြံပြုမှုများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“အခုက နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲကျင်းပမယ့်အစိုးရ ကိုယ်စား NSPNC နဲ့ ဆွေးနွေးတယ်။ သဘောတူညီချက် ရရှိထားတာတွေ ရှိတယ်။ သို့သော် အရင့် အရင်တုန်းကတော့ အဲဒီသဘောတူညီချက်တွေကို ကျွန်တော်တို့က Confidential ပေါ့၊ လျှို့ဝှက်ဆိုပြီးတော့ လုပ်ထားတော့ ပြည်သူတွေအနေနဲ့က သွားတွေ့တယ်။ ဆွေးနွေးကြတယ်။ သတင်းဓာတ်ပုံပဲ တွေ့လိုက်ရတယ်။ ကျွန်တော်တို့တွေ့ဆုံဆွေးနွေးတဲ့ သဘောတူညီချက်တွေ ကိုလည်းပဲ အချို့အချက်တွေပေါ့ ပြည်သူတွေကို အသိပေးဖို့ ဆွေးနွေးအကြံပြုတာတွေ ရှိပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် ကိုယ်တိုင်ပဲ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ သဘောတူညီချက်(၄၃)ချက်ကို အပြန်အလှန်ဖလှယ်ခဲ့ကြတာတွေ ရှိပါတယ်။ ဆက်လက်ဆွေးနွေးရန်ဆိုပြီး သဘောတူထားတာတွေလည်း ရှိပါတယ်။ ဒါတွေကို ထုတ်ပြန်ကြေညာခြင်းအားဖြင့် ပြည်သူတွေအနေနဲ့ ဒီရွေးကောက်ပွဲက ယခင်ရွေးကောက်ပွဲတွေနဲ့ မတူဘူး။ ဖြစ်ပေါ်ပြောင်းလဲမှု၊ တိုးတက်မှုတွေရှိမယ်ဆိုတာ ယုံကြည်လာအောင်လုပ်ဖို့ လိုတယ်ဆိုတာလည်း အကြံပြုဆွေးနွေးခဲ့ပါတယ်” ဟု ဦးကိုကိုကြီး က ပြောသည်။
နစကအစိုးရအနေဖြင့် Peace Forum များ၌ သတင်းမီဒီယာသမားများကို တိုက်ရိုက်ပါဝင်ဆွေးနွေးစေခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးများ သမိုင်းတစ်လျှောက်တွင် သတင်းမီဒီယာသမားများကို တိုက်ရိုက်ပါဝင်ဆွေးနွေး ခဲ့ဖူးခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
နစက လက္ထက္ လုပ္ေသာ ေဆြးေႏြးပြဲကို သံသယရွိပါက အခန္းအတြင္း ဝင္ေရာက္ေဆြးေႏြးရန္ ဦးကိုကိုႀကီး ေျပာ
Pearl (NP News) - ဇြန္ ၃၀
ႏိုင္ငံေတာ္စီမံေရးေကာင္စီ အစိုးရ လက္ထက္ လုပ္ေသာ ေဆြးေႏြးပြဲကို သံသယရွိပါက အခန္းအတြင္း ဝင္ေရာက္ ေဆြးေႏြးရန္ ျပည္သူ႔ပါတီ မွ ဥကၠ႒ ဦးကိုကိုႀကီး က ေနျပည္ေတာ္တြင္ ၿပီးခဲ့သည့္ရက္ပိုင္းက ျပဳလုပ္ခဲ့ေသာ Peace Forum 2025 အၿပီး သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။
Peace Forum 2025 ကို “ၿငိမ္းခ်မ္းေရး၊ ေ႐ြးေကာက္ပြဲ ႏွင့္ ဖက္ဒရယ္စနစ္တို႔ေပါင္းစည္းျခင္းမွ ေအးခ်မ္း သာယာဝေျပာသည့္ ႏိုင္ငံေတာ္သစ္ဆီသို႔” ေခါင္းစဥ္ျဖင့္ ၿပီးခဲ့သည့္ ဇြန္လ (၂၅) ရက္မွ ဇြန္လ (၂၇) ရက္အထိ ေနျပည္ေတာ္၌ က်င္းပခဲ့ၿပီး ျပည္ပမွ ပညာရွင္မ်ားလည္း ပါဝင္ခဲ့ေၾကာင္း သိရသည္။
“ျပည္တြင္းအဖြဲ႕အစည္းအသီးသီးက ေဆြးေႏြးတဲ့အခါမွာ ပို႔ေဆာင္ေဆြးေႏြးတဲ့ပုဂၢိဳလ္ေတြေရာ၊ ပရိတ္သက္ထဲက ေဆြးေႏြးေမးျမန္းၾကတာေတြေရာ ဘာမွႀကိဳတင္ကန႔္သတ္ထားတာ ၊ တားျမစ္ထားတာ မရွိဘဲနဲ႔ လြတ္လြတ္ လပ္လပ္ ေဆြးေႏြးခြင့္ရခဲ့ၾကပါတယ္။ ဒါေၾကာင့္မိုလို႔ သာမန္အားျဖင့္ေျပာရင္ေတာ့ တပ္မေတာ္က ဦးေဆာင္တဲ့ အစိုးရလက္ထပ္မွာ လုပ္တဲ့ေဆြးေႏြးပြဲေတြ မွာ လြတ္လပ္ပြင့္လင္းပါ့မလားဆိုတဲ့ သံသယ ရွိတဲ့လူေတြ အခန္းထဲ ဝင္လိုက္ရင္ ပိုၿပီး သိသြားပါလိမ့္မယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ လြတ္လြတ္လပ္လပ္ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးခဲ့ၾကပါတယ္” ဟု ဦးကိုကိုႀကီးက ေျပာသည္။
အဆိုပါဖိုရမ္တြင္ ေ႐ြးေကာက္ပြဲ၊ ၿငိမ္းခ်မ္းေရး၊ ဖက္ဒရယ္အေရးႏွင့္ပတ္သက္ေသာေဆြးေႏြးမႈမ်ားကို ျပဳလုပ္ရာ ေဆြးေႏြးခ်က္ေပါင္း (၁၅၀)ေက်ာ္ ထြက္ေပၚခဲ့ၿပီး အခ်ိဳ႕ သေဘာတူညီခ်က္အခ်ိဳ႕ကို ျပည္သူမ်ားထံ အသိေပးရန္ ေဆြးေႏြးအႀကံျပဳမႈမ်ားလည္း ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
“အခုက ႏိုင္ငံေရးပါတီမ်ားနဲ႔ ေ႐ြးေကာက္ပြဲက်င္းပမယ့္အစိုးရ ကိုယ္စား NSPNC နဲ႔ ေဆြးေႏြးတယ္။ သေဘာတူညီခ်က္ ရရွိထားတာေတြ ရွိတယ္။ သို႔ေသာ္ အရင့္ အရင္တုန္းကေတာ့ အဲဒီသေဘာတူညီခ်က္ေတြကို ကြၽန္ေတာ္တို႔က Confidential ေပါ့၊ လွ်ိဳ႕ဝွက္ဆိုၿပီးေတာ့ လုပ္ထားေတာ့ ျပည္သူေတြအေနနဲ႔က သြားေတြ႕တယ္။ ေဆြးေႏြးၾကတယ္။ သတင္းဓာတ္ပုံပဲ ေတြ႕လိုက္ရတယ္။ ကြၽန္ေတာ္တို႔ေတြ႕ဆုံေဆြးေႏြးတဲ့ သေဘာတူညီခ်က္ေတြ ကိုလည္းပဲ အခ်ိဳ႕အခ်က္ေတြေပါ့ ျပည္သူေတြကို အသိေပးဖို႔ ေဆြးေႏြးအႀကံျပဳတာေတြ ရွိပါတယ္။ ပြင့္ပြင့္ လင္းလင္းေျပာရရင္ ကိုယ္တိုင္ပဲ ဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္နဲ႔ သေဘာတူညီခ်က္(၄၃)ခ်က္ကို အျပန္အလွန္ဖလွယ္ခဲ့ၾကတာေတြ ရွိပါတယ္။ ဆက္လက္ေဆြးေႏြးရန္ဆိုၿပီး သေဘာတူထားတာေတြလည္း ရွိပါတယ္။ ဒါေတြကို ထုတ္ျပန္ေၾကညာျခင္းအားျဖင့္ ျပည္သူေတြအေနနဲ႔ ဒီေ႐ြးေကာက္ပြဲက ယခင္ေ႐ြးေကာက္ပြဲေတြနဲ႔ မတူဘူး။ ျဖစ္ေပၚေျပာင္းလဲမႈ၊ တိုးတက္မႈေတြရွိမယ္ဆိုတာ ယုံၾကည္လာေအာင္လုပ္ဖို႔ လိုတယ္ဆိုတာလည္း အႀကံျပဳေဆြးေႏြးခဲ့ပါတယ္” ဟု ဦးကိုကိုႀကီး က ေျပာသည္။
နစကအစိုးရအေနျဖင့္ Peace Forum မ်ား၌ သတင္းမီဒီယာသမားမ်ားကို တိုက္႐ိုက္ပါဝင္ေဆြးေႏြးေစခဲ့ၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲႀကီးမ်ား သမိုင္းတစ္ေလွ်ာက္တြင္ သတင္းမီဒီယာသမားမ်ားကို တိုက္႐ိုက္ပါဝင္ေဆြးေႏြး ခဲ့ဖူးျခင္းမရွိခဲ့ေၾကာင္းလည္း သိရသည္။