အီရန်က ယူရေနီယံသန့်စင်မှုကို လပိုင်းအတွင်း ပြန်လည်စတင်နိုင်တယ်လို့ IAEA ပြော

212

Pika (NP News) - ဇူလိုင် ၂
အီရန်နိုင်ငံဟာ ၎င်းရဲ့ယူရေနီယံသန့်စင်မှုကို လပိုင်းအတွင်း ပြန်လည်စတင်နိုင်တယ်လို့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)ရဲ့အကြီးအကဲ ရာဖဲလ်ဂရိုစီက ပြောကြားခဲ့ပါတယ်။
မကြာသေးခင်က အီရန်ရဲ့နျူကလီးယားစက်ရုံတွေအပေါ် အမေရိကန်နဲ့အစ္စရေးတို့က လေကြောင်းတိုက် ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း အီရန်ဘက်က ယူရေနီယံသန့်စင်မှု ပြန်လည်စတင်နိုင်ခြေကို ရာဖဲလ်ဂရိုစီက ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့နျူကလီးယားစက်ရုံတွေဟာ ပြင်းပြင်းထန်ထန်ထိခိုက်ပျက်စီးသွားပေမယ့်လည်း အချို့စက်ရုံတွေက အကောင်းအတိုင်းရှိနေသေးတယ်လို့ ရာဖဲလ်ဂရိုစီကပြောကြားခဲ့ပါတယ်။
၎င်းက "အီရန်ဟာ ယူရေနီယံသန့်စင်မှုတွေကို လပိုင်းအတွင်း ပြန်လည်စတင်နိုင်ဖွယ်ရှိပါတယ်။ အီရန်ရဲ့နျူကလီးယားစက်ရုံတွေ ပျက်စီးမှုအတိုင်းအတာတွေကိုတော့ လက်ရှိအချိန်အထိ ဘယ်သူမှ ရှင်းရှင်းလင်း လင်း မသိရှိရသေးပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။ ရာဖဲလ်ဂရိုစီရဲ့ပြောကြားချက်တွေအရ အီရန်နိုင်ငံဟာ သိသာထင်ရှားတဲ့စက်မှုလုပ်ငန်းစွမ်းရည်တွေကို ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။ ၎င်းက"အီရန်ဟာ နျူကလီးယားနည်းပညာနဲ့ပတ်သက်ရင် အလွန်ခေတ်မီတဲ့နိုင်ငံတစ်နိုင်ငံပါ။ ပြီးတော့ အီရန်က သူတို့ရဲ့စက်မှုလုပ်ငန်းစွမ်းရည်တွေကို ဆက်လက်ထိန်းသိမ်းထားပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
အီရန္က ယူေရနီယံသန႔္စင္မႈကို လပိုင္းအတြင္း ျပန္လည္စတင္ႏိုင္တယ္လို႔ IAEA ေျပာ
Pika (NP News) - ဇူလိုင္ ၂
အီရန္ႏိုင္ငံဟာ ၎ရဲ႕ယူေရနီယံသန႔္စင္မႈကို လပိုင္းအတြင္း ျပန္လည္စတင္ႏိုင္တယ္လို႔ ႏိုင္ငံတကာအဏုျမဴစြမ္းအင္ေအဂ်င္စီ(IAEA)ရဲ႕အႀကီးအကဲ ရာဖဲလ္ဂ႐ိုစီက ေျပာၾကားခဲ့ပါတယ္။
မၾကာေသးခင္က အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြအေပၚ အေမရိကန္နဲ႔အစၥေရးတို႔က ေလေၾကာင္းတိုက္ ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ေပမယ့္လည္း အီရန္ဘက္က ယူေရနီယံသန႔္စင္မႈ ျပန္လည္စတင္ႏိုင္ေျခကို ရာဖဲလ္ဂ႐ိုစီက ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြဟာ ျပင္းျပင္းထန္ထန္ထိခိုက္ပ်က္စီးသြားေပမယ့္လည္း အခ်ိဳ႕စက္႐ုံေတြက အေကာင္းအတိုင္းရွိေနေသးတယ္လို႔ ရာဖဲလ္ဂ႐ိုစီကေျပာၾကားခဲ့ပါတယ္။
၎က "အီရန္ဟာ ယူေရနီယံသန႔္စင္မႈေတြကို လပိုင္းအတြင္း ျပန္လည္စတင္ႏိုင္ဖြယ္ရွိပါတယ္။ အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြ ပ်က္စီးမႈအတိုင္းအတာေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ဘယ္သူမွ ရွင္းရွင္းလင္း လင္း မသိရွိရေသးပါဘူး"လို႔ ေျပာဆိုခဲ့ပါတယ္။ ရာဖဲလ္ဂ႐ိုစီရဲ႕ေျပာၾကားခ်က္ေတြအရ အီရန္ႏိုင္ငံဟာ သိသာထင္ရွားတဲ့စက္မႈလုပ္ငန္းစြမ္းရည္ေတြကို ထိန္းသိမ္းထားတယ္လို႔လည္း သိရပါတယ္။ ၎က"အီရန္ဟာ န်ဴကလီးယားနည္းပညာနဲ႔ပတ္သက္ရင္ အလြန္ေခတ္မီတဲ့ႏိုင္ငံတစ္ႏိုင္ငံပါ။ ၿပီးေတာ့ အီရန္က သူတို႔ရဲ႕စက္မႈလုပ္ငန္းစြမ္းရည္ေတြကို ဆက္လက္ထိန္းသိမ္းထားပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။