၆လအတွင်း စားအုန်းဆီဈေး တစ်ပိသာ ၁၂၀၀ကျပ်ခန့်ကျဆင်းလာ

222

NP News ဇူလိုင် (၃) ရက်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် သတ်မှတ်ထုတ်ပြန်ပေးသော စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးနှုန်းများ၏ (၂၀၂၅) ခုနှစ် ဇန်နဝါရီလမှ ယခုဇွန်လကုန် အထိ (၆) လတာ ကာလအတွင်း လကုန်ပိုင်းစာရင်းများအရ ငွေကျပ် (၁၂၀၀) နီးပါးကျဆင်းခဲ့ကြောင်း သိရသည်။
စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးနှုန်းများအနေဖြင့် ဇန်နဝါရီလကုန်တွင် (၇,၂၅၅၀ ကျပ် ရှိခဲ့ပြီး ဖေဖော်ဝါရီလကုန်တွင် (၆,၉၈၅) ကျပ် သို့လည်းကောင်း၊ မတ်လကုန်တွင် (၆,၈၈၅၀ ကျပ်သို့လည်းကောင်း၊ ဧပြီလကုန်တွင် (၆,၇၇၀) ကျပ်သို့လည်းကောင်း၊ မေလကုန်တွင် (၆,၃၉၀) ကျပ်သို့လည်းကောင်း၊ ဇွန်လကုန်ပိုင်းတွင် (၆,၀၈၀) ကျပ်သို့ လည်းကောင်း လအလိုက် အနည်းငယ်စီကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(MEODA) အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင် (၁၄)ခရိုင်မှ မြို့နယ် (၄၄) မြို့နယ်အတွက် Call Center များဖွင့်လှစ်ကာအိမ်တိုင်ရာအရောက် စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လ (၅) လီတာဘူး (၂ ဒသမ ၇၅ ပိဿာ) နှုန်းဖြင့်ရောင်းချပေးနေပြီး ဇန်နဝါရီလ လကုန်ပိုင်းမှာ ပို့ဆောင်ရတဲ့ နေရာဒေသပေါ်မူတည်ကာ (၅) လီတာတစ်ဘူးလျှင် (၂၆,၂၀၀) ကျပ်နှင့် (၂၅,၇၀၀) ကျပ်ရှိခဲ့ရာမှ ယခုဇွန်လကုန်ပိုင်းတွင် (၂၃,၀၀၀) ကျပ်နှင့် (၂၂,၅၀၀) ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့်လည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
၆လအတြင္း စားအုန္းဆီေဈး တစ္ပိသာ ၁၂၀၀က်ပ္ခန႔္က်ဆင္းလာ
NP News ဇူလိုင္ (၃) ရက္
စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနေအာက္ရွိ စားသုံးဆီတင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီမွ အပတ္စဥ္ သတ္မွတ္ထုတ္ျပန္ေပးေသာ စားအုန္းဆီတစ္ပိႆာရည္ၫႊန္းေဈးႏႈန္းမ်ား၏ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီလမွ ယခုဇြန္လကုန္ အထိ (၆) လတာ ကာလအတြင္း လကုန္ပိုင္းစာရင္းမ်ားအရ ေငြက်ပ္ (၁၂၀၀) နီးပါးက်ဆင္းခဲ့ေၾကာင္း သိရသည္။
စားအုန္းဆီတစ္ပိႆာရည္ၫႊန္းေဈးႏႈန္းမ်ားအေနျဖင့္ ဇန္နဝါရီလကုန္တြင္ (၇,၂၅၅၀ က်ပ္ ရွိခဲ့ၿပီး ေဖေဖာ္ဝါရီလကုန္တြင္ (၆,၉၈၅) က်ပ္ သို႔လည္းေကာင္း၊ မတ္လကုန္တြင္ (၆,၈၈၅၀ က်ပ္သို႔လည္းေကာင္း၊ ဧၿပီလကုန္တြင္ (၆,၇၇၀) က်ပ္သို႔လည္းေကာင္း၊ ေမလကုန္တြင္ (၆,၃၉၀) က်ပ္သို႔လည္းေကာင္း၊ ဇြန္လကုန္ပိုင္းတြင္ (၆,၀၈၀) က်ပ္သို႔ လည္းေကာင္း လအလိုက္ အနည္းငယ္စီက်ဆင္းလာျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္း(MEODA) အေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီးရွိ ခ႐ိုင္ (၁၄)ခ႐ိုင္မွ ၿမိဳ႕နယ္ (၄၄) ၿမိဳ႕နယ္အတြက္ Call Center မ်ားဖြင့္လွစ္ကာအိမ္တိုင္ရာအေရာက္ စနစ္ျဖင့္ အိမ္ေထာင္စုတစ္စုလွ်င္ တစ္လ (၅) လီတာဘူး (၂ ဒသမ ၇၅ ပိႆာ) ႏႈန္းျဖင့္ေရာင္းခ်ေပးေနၿပီး ဇန္နဝါရီလ လကုန္ပိုင္းမွာ ပို႔ေဆာင္ရတဲ့ ေနရာေဒသေပၚမူတည္ကာ (၅) လီတာတစ္ဘူးလွ်င္ (၂၆,၂၀၀) က်ပ္ႏွင့္ (၂၅,၇၀၀) က်ပ္ရွိခဲ့ရာမွ ယခုဇြန္လကုန္ပိုင္းတြင္ (၂၃,၀၀၀) က်ပ္ႏွင့္ (၂၂,၅၀၀) က်ပ္တို႔ျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။ထို႔အျပင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်း႐ြာမ်ားအတြင္း စားအုန္းဆီဝယ္ယူခြင့္ စာအုပ္မ်ားျဖင့္လည္း ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။