ဘလောက်တုံးတစ်ခုပေါ်တွင် အခြားဘလောက်တုံး(၃၀ဝဝ)ကျော်ကို စီပြခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် တရုတ်အမျိုးသား

400

NP News-ဇူလိုင် ၄
ဖဲချပ်ဗိသုကာပညာရှင်ဟု လူသိများသော တရုတ်အမျိုးသားတစ်ဦးသည် ဒေါင်လိုက်ထောင်ထားသော ဘလောက်တုံးတစ်ခုပေါ်တွင် အခြား ဘလောက်တုံး(၃၁၄၉)တုံးကို စီပြခဲ့ပြီးနောက် ကမ္ဘာ့ ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ ကြောင်းသိရသည်။ ထို့ပြင် Tian Rui သည် ဖဲချပ်များဖြင့် တည်ဆောက်ထားသော အမြင့်ဆုံးအိမ်အတွက် ကမ္ဘာ့ဂင်း နစ်စံချိန်ကို ထပ်မံချိုးဖျက်နိုင်ခဲ့ကြောင်းလည်းသိရသည်။
Tian Rui ဆိုသည့်အမျိုးသားသည် အချိန်တစ်နာရီအတွင်း ဖဲချပ်များဖြင့်တည်ဆောက် ထားသော အမြင့်ဆုံး အိမ်ပုံစံအတွက် ၎င်း၏ပထမဆုံး ဂင်းနစ်စံချိန်ကို လွန်ခဲ့သည့်(၃)နှစ်က ရရှိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ Tian Rui သည် အလွှာ(၂၇)ထပ်ရှိသော တာဝါတိုင်ပုံစံကို တည်ဆောက်ခဲ့ပြီး နောက် ၎င်း၏ပထမဆုံးဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ၎င်း၏စံချိန်ကချိုးဖျက်ခံခဲ့ရပြီးနောက် ပြီးခဲ့သည့်ဧပြီလတွင် Tian Rui သည် အလွှာ(၃၂)ထပ်ရှိ သော တာဝါတိုင်ကို ဖဲချပ်များဖြင့် တည်ဆောက်ခဲ့ကာ အဆိုပါစံချိန်ကို ပြန်လည်ချိုးဖျက်ခဲ့ကြောင်းသိရသည်။ သို့သော် လည်း မကြာသေးမီက ရက်ပိုင်းအတွင်း Tian Rui သည် အလွှာ(၈၂)ထပ်ရှိသော တာဝါတိုင်ကိုတည်ဆောက်ခဲ့ပြီးနောက် အချိန်(၈)နာရီအတွင်း ဖဲချပ်များဖြင့် အမြင့်ဆုံးအိမ် တည်ဆောက်မှုအတွက် ဂင်းနစ်စံချိန်ကို ရရှိခဲ့ ကြောင်းသိရသည်။
ထို့နောက် Tian Rui သည် ဒေါင်လိုက် ထောင်ထားသော ဘလောက်တုံးတစ်ခုပေါ်တွင် အခြားဘလောက်တုံး (၃၁၄၉)တုံးကို အောင်မြင်စွာစီပြခဲ့ပြီးနောက် နောက်ထပ်ဂင်းနစ်စံချိန်တစ်ခုကို ထပ်မံရရှိခဲ့ကြောင်းသိရသည်။ Tian Rui က “ဒီလို မျိုးဂင်းနစ်စံချိန်တွေ ချိုးဖျက်နိုင်ခဲ့တဲ့အတွက် တကယ်ကိုဝမ်းသာမိပါတယ်။ နောက်ထပ်ဂင်းနစ်စံ ချိန်တွေကို လည်း ချိုးဖျက်နိုင်ဖို့ ကျွန်တော်ဆက် လက်ကြိုးစားသွားမှာပါ”ဟုပြောဆိုခဲ့သည်။
Pika (Ref : UPI)

Zawgyi Version:
ဘေလာက္တုံးတစ္ခုေပၚတြင္ အျခားဘေလာက္တုံး(၃၀ဝဝ)ေက်ာ္ကို စီျပခဲ့ၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့သည့္ တ႐ုတ္အမ်ိဳးသား
NP News-ဇူလိုင္ ၄
ဖဲခ်ပ္ဗိသုကာပညာရွင္ဟု လူသိမ်ားေသာ တ႐ုတ္အမ်ိဳးသားတစ္ဦးသည္ ေဒါင္လိုက္ေထာင္ထားေသာ ဘေလာက္တုံးတစ္ခုေပၚတြင္ အျခား ဘေလာက္တုံး(၃၁၄၉)တုံးကို စီျပခဲ့ၿပီးေနာက္ ကမာၻ႔ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ ေၾကာင္းသိရသည္။ ထို႔ျပင္ Tian Rui သည္ ဖဲခ်ပ္မ်ားျဖင့္ တည္ေဆာက္ထားေသာ အျမင့္ဆုံးအိမ္အတြက္ ကမာၻ႔ဂင္း နစ္စံခ်ိန္ကို ထပ္မံခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းလည္းသိရသည္။
Tian Rui ဆိုသည့္အမ်ိဳးသားသည္ အခ်ိန္တစ္နာရီအတြင္း ဖဲခ်ပ္မ်ားျဖင့္တည္ေဆာက္ ထားေသာ အျမင့္ဆုံး အိမ္ပုံစံအတြက္ ၎၏ပထမဆုံး ဂင္းနစ္စံခ်ိန္ကို လြန္ခဲ့သည့္(၃)ႏွစ္က ရရွိခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ Tian Rui သည္ အလႊာ(၂၇)ထပ္ရွိေသာ တာဝါတိုင္ပုံစံကို တည္ေဆာက္ခဲ့ၿပီး ေနာက္ ၎၏ပထမဆုံးဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္း ျဖစ္သည္။
ေနာက္ပိုင္းတြင္ ၎၏စံခ်ိန္ကခ်ိဳးဖ်က္ခံခဲ့ရၿပီးေနာက္ ၿပီးခဲ့သည့္ဧၿပီလတြင္ Tian Rui သည္ အလႊာ(၃၂)ထပ္ရွိ ေသာ တာဝါတိုင္ကို ဖဲခ်ပ္မ်ားျဖင့္ တည္ေဆာက္ခဲ့ကာ အဆိုပါစံခ်ိန္ကို ျပန္လည္ခ်ိဳးဖ်က္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္ လည္း မၾကာေသးမီက ရက္ပိုင္းအတြင္း Tian Rui သည္ အလႊာ(၈၂)ထပ္ရွိေသာ တာဝါတိုင္ကိုတည္ေဆာက္ခဲ့ၿပီးေနာက္ အခ်ိန္(၈)နာရီအတြင္း ဖဲခ်ပ္မ်ားျဖင့္ အျမင့္ဆုံးအိမ္ တည္ေဆာက္မႈအတြက္ ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ ေၾကာင္းသိရသည္။
ထို႔ေနာက္ Tian Rui သည္ ေဒါင္လိုက္ ေထာင္ထားေသာ ဘေလာက္တုံးတစ္ခုေပၚတြင္ အျခားဘေလာက္တုံး (၃၁၄၉)တုံးကို ေအာင္ျမင္စြာစီျပခဲ့ၿပီးေနာက္ ေနာက္ထပ္ဂင္းနစ္စံခ်ိန္တစ္ခုကို ထပ္မံရရွိခဲ့ေၾကာင္းသိရသည္။ Tian Rui က “ဒီလို မ်ိဳးဂင္းနစ္စံခ်ိန္ေတြ ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့အတြက္ တကယ္ကိုဝမ္းသာမိပါတယ္။ ေနာက္ထပ္ဂင္းနစ္စံ ခ်ိန္ေတြကို လည္း ခ်ိဳးဖ်က္ႏိုင္ဖို႔ ကြၽန္ေတာ္ဆက္ လက္ႀကိဳးစားသြားမွာပါ”ဟုေျပာဆိုခဲ့သည္။
Pika (Ref : UPI)