ယူကရိန်းက ရုရှားစစ်လေယာဉ်ကွင်းကို ဗုံးကြဲတိုက်ခိုက်

182

Pika (NP News) - ဇူလိုင် ၆
ဇူလိုင်လ(၅)ရက်မှာ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံ Voronezh ဒေသမှာရှိတဲ့ Borisoglebsk စစ်လေယာဉ် ကွင်းကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုဟာ ဗုံးတွေ သိုလှောင် ထားရာနေရာတစ်ခုနဲ့ လေ့ကျင့်ရေးလေယာဉ်တစ်စီးတို့ကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဗုံးကြဲတိုက်ခိုက်မှုအတွင်း နောက်ထပ်လေယာဉ်တစ်စင်းလည်း ထိမှန်သွားနိုင်ဖွယ်ရှိတယ်လို့ ယူကရိန်း စစ်တပ်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက် အလက်တွေကိုတော့ ယူကရိန်းစစ်တပ်က ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
ယူကရိန်းစစ်တပ်က “ကျွန်တော်တို့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ရုရှားစစ်လေယာဉ်ကွင်းဟာ Su-34၊ Su-35S နဲ့ Su-30SM တိုက်လေယာဉ်တွေရဲ့အခြေစိုက်စခန်းတစ်ခုဖြစ်ပါတယ်” လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ရုရှားရဲ့စစ်လေယာဉ်ကွင်းတွေအပေါ် ယူကရိန်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ပြင်းထန်တဲ့အကျိုးဆက် တွေကို ဖြစ်ပေါ်လာစေနိုင်တယ်လို့ ရုရှားဘက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းက ႐ုရွားစစ္ေလယာဥ္ကြင္းကို ဗုံးႀကဲတိုက္ခိုက္
Pika (NP News) - ဇူလိုင္ ၆
ဇူလိုင္လ(၅)ရက္မွာ ယူကရိန္းတပ္ဖြဲ႕ေတြဟာ ႐ုရွားႏိုင္ငံ Voronezh ေဒသမွာရွိတဲ့ Borisoglebsk စစ္ေလယာဥ္ ကြင္းကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီဗုံးႀကဲတိုက္ခိုက္မႈဟာ ဗုံးေတြ သိုေလွာင္ ထားရာေနရာတစ္ခုနဲ႔ ေလ့က်င့္ေရးေလယာဥ္တစ္စီးတို႔ကို ထိမွန္ခဲ့တယ္လို႔ ယူကရိန္းစစ္တပ္က ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ဗုံးႀကဲတိုက္ခိုက္မႈအတြင္း ေနာက္ထပ္ေလယာဥ္တစ္စင္းလည္း ထိမွန္သြားႏိုင္ဖြယ္ရွိတယ္လို႔ ယူကရိန္း စစ္တပ္က ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ဗုံးႀကဲတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ေနာက္ထပ္အေသးစိတ္အခ်က္ အလက္ေတြကိုေတာ့ ယူကရိန္းစစ္တပ္က ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။
ယူကရိန္းစစ္တပ္က “ကြၽန္ေတာ္တို႔ ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တဲ့ ႐ုရွားစစ္ေလယာဥ္ကြင္းဟာ Su-34၊ Su-35S နဲ႔ Su-30SM တိုက္ေလယာဥ္ေတြရဲ႕အေျခစိုက္စခန္းတစ္ခုျဖစ္ပါတယ္” လို႔ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ႐ုရွားရဲ႕စစ္ေလယာဥ္ကြင္းေတြအေပၚ ယူကရိန္းရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြဟာ ျပင္းထန္တဲ့အက်ိဳးဆက္ ေတြကို ျဖစ္ေပၚလာေစႏိုင္တယ္လို႔ ႐ုရွားဘက္က အႀကိမ္ႀကိမ္သတိေပးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။