အပစ်အခတ်ရပ်စဲရေးရရှိဖို့ ဒေါ်နယ်ထရမ့်က ကူညီပေးနိုင်မယ်လို့ ယုံကြည်ကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော

154
Pika (NP News) - ဇူလိုင် ၈
ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေ ပြန်လည်လွတ်မြောက်လာစေဖို့အတွက် သဘောတူညီချက်ကို ရယူနိုင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကူညီပေးနိုင်မယ်လို့ ယုံကြည်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
နေတန်ရာဟုဟာ ဒေါ်နယ်ထရမ့်နဲ့ အမေရိကန်မှာ တွေ့ဆုံမှုတွေ မလုပ်ဆောင်ခင် ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသမှာ ရက်ပေါင်း(၆၀)ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အစ္စရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ ကာတာနိုင်ငံကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း နေတန်ရာဟုကပြောကြားခဲ့ပါတယ်။
အစ္စရေးနဲ့ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တို့ဟာ အမေရိကန်အစိုးရကျောထောက်နောက်ခံပြုထားတဲ့ ရက်ပေါင်း(၆၀)ကြာအပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတာလည်းဖြစ်ပါတယ်။ နေတန်ရာဟုက "ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ဒီရလဒ်တွေကို တိုးတက်အောင်ကူညီပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
zawgyi version
အပစ္အခတ္ရပ္စဲေရးရရွိဖို႔ ေဒၚနယ္ထရမ့္က ကူညီေပးႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ဇူလိုင္ ၈
ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးနဲ႔ ဖမ္းဆီးခံထားရတဲ့ ဓားစာခံေတြ ျပန္လည္လြတ္ေျမာက္လာေစဖို႔အတြက္ သေဘာတူညီခ်က္ကို ရယူႏိုင္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ကူညီေပးႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ေနတန္ရာဟုဟာ ေဒၚနယ္ထရမ့္နဲ႔ အေမရိကန္မွာ ေတြ႕ဆုံမႈေတြ မလုပ္ေဆာင္ခင္ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသမွာ ရက္ေပါင္း(၆၀)ၾကာ အပစ္အခတ္ရပ္စဲေရးအတြက္ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ အစၥေရးကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ဟာ ကာတာႏိုင္ငံကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔လည္း ေနတန္ရာဟုကေျပာၾကားခဲ့ပါတယ္။
အစၥေရးနဲ႔ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕တို႔ဟာ အေမရိကန္အစိုးရေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ရက္ေပါင္း(၆၀)ၾကာအပစ္အခတ္ရပ္စဲေရးအတြက္ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့ၾကတာလည္းျဖစ္ပါတယ္။ ေနတန္ရာဟုက "ေဒၚနယ္ထရမ့္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈဟာ ဒီရလဒ္ေတြကို တိုးတက္ေအာင္ကူညီေပးႏိုင္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။