MMQR စနစ်တွင် pay နှစ်ခု ထပ်တိုးပါဝင်လာ

207

NP News - ဇူလိုင် ၁၃
MyanmarPay MMQR နဲ့ တွဲဖက်အသုံးပြုနိုင်သည့် ဘဏ်နှင့် Payment များအတွင်း pay (၂) ခု ထပ်တိုးပါဝင်လာ ကြောင်း MyanmarPay MMQR မှ သိရသည်။
Trusty Pay နှင့် CTZPay ထပ်တိုးပါဝင်လာခြင်းဖြစ်ကြောင်း ဇူလိုင် ၁၁ ရက်တွင် MyanmarPay MMQR က အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။
"အခုဆို MMQR ကို Mobile Wallets Payment ၁ဝ ခုနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်လို့ အသုံးပြုသူတွေအနေနဲ့ လည်း ငွေပေးချေရ ပိုမိုလွယ်ကူမြန်ဆန်လာစေမှာဖြစ်သလို ငွေလက်ခံသူ လုပ်ငန်းရှင်ကြီးတွေအနေနဲ့လည်း Mobile Wallets ၁၀ ခုရဲ့ငွေပေးချေမှုတိုင်းကို လက်ခံနိုင်မှာဖြစ်လို့ ပိုမိုအဆင်ပြေလာစေမှာပါ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
MyanmarPay MMQR စနစ်အတွင်း Aya pay ၊ kpay ၊ wave ၊ Oks ၊ uabpay ၊ Aplus wallet ၊ cb bank ၊ZegoMoney၊ Trusty Pay နှင့် CTZPay စသည်များဖြင့် ချိတ်ဆက်အသုံးပြုနိုင်ကြောင်း သိရသည်။
MMQR အသုံးပြုသူတွေအနေဖြင့် ကြိုက်နှစ်သက်ရာ Wallet တစ်ခုတည်းကို အသုံးပြုပြီးပေးချေနိုင်သလို ကုန်သည်တွေအနေဖြင့်လည်း QR မျိုးစုံထားရှိဖို့ မလိုအပ်ဘဲ MMQR တစ်ခုတည်းနဲ့ Wallet အမျိုးမျိုးပေးတာ၊ လက်ခံတာတွေပြုလုပ်သွားနိုင်ကြောင်း သိရသည်။
MMQR ကို အသုံးပြုရန်အတွက် ငွေပေးချေသူများ အနေဖြင့် Mobile Wallet ကို ဖွင့်ပြီး၊ MMQR ကို Scan ဖတ်ကာ ငွေပေးချေတာတွေပြုလုပ်သွားနိုင်ကြောင်းသိရသည်။

Zawgyi Version:
MMQR စနစ္တြင္ pay ႏွစ္ခု ထပ္တိုးပါဝင္လာ
NP News - ဇူလိုင္ ၁၃
MyanmarPay MMQR နဲ႔ တြဲဖက္အသုံးျပဳႏိုင္သည့္ ဘဏ္ႏွင့္ Payment မ်ားအတြင္း pay (၂) ခု ထပ္တိုးပါဝင္လာ ေၾကာင္း MyanmarPay MMQR မွ သိရသည္။
Trusty Pay ႏွင့္ CTZPay ထပ္တိုးပါဝင္လာျခင္းျဖစ္ေၾကာင္း ဇူလိုင္ ၁၁ ရက္တြင္ MyanmarPay MMQR က အသိေပးထုတ္ျပန္လာျခင္းျဖစ္သည္။
"အခုဆို MMQR ကို Mobile Wallets Payment ၁ဝ ခုနဲ႔ ခ်ိတ္ဆက္အသုံးျပဳႏိုင္မွာျဖစ္လို႔ အသုံးျပဳသူေတြအေနနဲ႔ လည္း ေငြေပးေခ်ရ ပိုမိုလြယ္ကူျမန္ဆန္လာေစမွာျဖစ္သလို ေငြလက္ခံသူ လုပ္ငန္းရွင္ႀကီးေတြအေနနဲ႔လည္း Mobile Wallets ၁၀ ခုရဲ႕ေငြေပးေခ်မႈတိုင္းကို လက္ခံႏိုင္မွာျဖစ္လို႔ ပိုမိုအဆင္ေျပလာေစမွာပါ” ဟု တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
MyanmarPay MMQR စနစ္အတြင္း Aya pay ၊ kpay ၊ wave ၊ Oks ၊ uabpay ၊ Aplus wallet ၊ cb bank ၊ZegoMoney၊ Trusty Pay ႏွင့္ CTZPay စသည္မ်ားျဖင့္ ခ်ိတ္ဆက္အသုံးျပဳႏိုင္ေၾကာင္း သိရသည္။
MMQR အသုံးျပဳသူေတြအေနျဖင့္ ႀကိဳက္ႏွစ္သက္ရာ Wallet တစ္ခုတည္းကို အသုံးျပဳၿပီးေပးေခ်ႏိုင္သလို ကုန္သည္ေတြအေနျဖင့္လည္း QR မ်ိဳးစုံထားရွိဖို႔ မလိုအပ္ဘဲ MMQR တစ္ခုတည္းနဲ႔ Wallet အမ်ိဳးမ်ိဳးေပးတာ၊ လက္ခံတာေတြျပဳလုပ္သြားႏိုင္ေၾကာင္း သိရသည္။
MMQR ကို အသုံးျပဳရန္အတြက္ ေငြေပးေခ်သူမ်ား အေနျဖင့္ Mobile Wallet ကို ဖြင့္ၿပီး၊ MMQR ကို Scan ဖတ္ကာ ေငြေပးေခ်တာေတြျပဳလုပ္သြားႏိုင္ေၾကာင္းသိရသည္။