မလေးရှားဝန်ကြီးက ဟိုတယ်တွေမှာ ဧည့်သည်တွေကို ဒူးရင်းနဲ့မိတ်ဆက်ပေးဖို့ တိုက်တွန်း

 50

ရောင်နီ (NP News) - ဇူလိုင် ၁၃

မလေးရှားနိုင်ငံမှာ နိုင်ငံရဲ့အထင်ကရ “သစ်သီးဘုရင်” ဒူးရင်းသီးကို ဧည့်သည်တွေ လက်ခံနှစ်ခြိုက်ကြဖို့ အတွက် ဟိုတယ်တွေအနေနဲ့ ဧည့်သည်တွေကို ဒူးရင်းသီးနဲ့ မိတ်ဆက်ပေးသင့်တယ်လို့ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံရေး ဝန်ကြီး ဒ်တက်ခ်ဆာရီမိုဟာမတ်ဆာဘူ က တွန်းအားပေးခဲ့ပါတယ်။
ဒီလို အစပျိုးမှုဟာ စျေးကွက်ရှာဖွေခြင်းအတွက်သာ မဟုတ်ဘဲ မလေးရှားနိုင်ငံရဲ့ကြွယ်ဝတဲ့ အချက်အပြုတ် အမွေအနှစ်ကိုလည်း ကိုယ်စားပြုတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ "ကျွန်ုပ်တို့ရဲ့ဒေသထွက်အသီးအနှံတွေကို ပံ့ပိုး မြှင့်တင်ပေးမယ့် နည်းလမ်းအနေနဲ့ဧည့်သည်တွေကို စည်းကမ်းသတ်မှတ်ထားတဲ့နေရာမှာ ဒူးရင်းသီးတွေ ယူဆောင်လာပြီး စားသုံးနိုင်စေဖို့ နိုင်ငံတွင်း ဟိုတယ်တွေက လုပ်ဆောင်ပေးဖို့ မျှော်လင့်ပါတယ်" "ဒါက ပရိုမိုးရှင်း ဗျူဟာတစ်ခုထက်မကပါဘူး။ ဟိုတယ်တစ်ခုဟာ မလေးရှားရဲ့ အမှတ်အသားကိုပြသတဲ့နေရာတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့ ယဉ်ကျေးမှုပွဲတစ်ခုပါ" "ဥရောပနဲ့ အာရပ်လူမျိုးတွေက ဒူးရင်းအစိမ်းကို မစားကြပေမယ့် ဒူးရင်းအခြေခံထုတ်ကုန်တွေကို နှစ်သက်ကြပါတယ်။ ဒါကြောင့် အသီးမဟုတ်ရင် ဒူးရင်းရေခဲမုန့်ကို ပေးဆောင်နိုင်ပါတယ်" လို့ ၄င်းက Bang11 Golf Resort မှာ ဇူလိုင် ၁၁ ရက်က ပြုလုပ်တဲ့ "The World Durian Championship 2025" ပွဲမှာ ပြောကြားခဲ့ပါတယ်။
"မလေးရှားကို ကမ္ဘာ့ဇာတ်ခုံမှာ မြှင့်တင်နိုင်ဖို့ သစ်သီးခြံပိုင်ရှင်တွေ၊ ဟိုတယ်တွေနဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုတွေကို မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်” လို့ ၄င်းက ထပ်လောင်း ဆိုပါတယ်။
Mordor Intelligence ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာလုံးဆိုင်ရာ ဒူးရင်းဈေးကွက်ဟာ ၂၀၂၅ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၁၀.၇၈ ဘီလီယံ ထိ ရောက်ရှိနိုင်ပြီး ၂ဝ၃ဝ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၁၆.၈၉ ဘီလီယံအထိ တိုးလာနိုင်ကာ နှစ်စဉ်တိုးတက်မှုနှုန်း ၉.၄ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version:
မေလးရွားဝန္ႀကီးက ဟိုတယ္ေတြမွာ ဧည့္သည္ေတြကို ဒူးရင္းနဲ႔မိတ္ဆက္ေပးဖို႔ တိုက္တြန္း
ေရာင္နီ (NP News) - ဇူလိုင္ ၁၃
မေလးရွားႏိုင္ငံမွာ ႏိုင္ငံရဲ႕အထင္ကရ “သစ္သီးဘုရင္” ဒူးရင္းသီးကို ဧည့္သည္ေတြ လက္ခံႏွစ္ၿခိဳက္ၾကဖို႔ အတြက္ ဟိုတယ္ေတြအေနနဲ႔ ဧည့္သည္ေတြကို ဒူးရင္းသီးနဲ႔ မိတ္ဆက္ေပးသင့္တယ္လို႔ စိုက္ပ်ိဳးေရးနဲ႔ စားနပ္ရိကၡာဖူလုံေရး ဝန္ႀကီး ဒ္တက္ခ္ဆာရီမိုဟာမတ္ဆာဘူ က တြန္းအားေပးခဲ့ပါတယ္။
ဒီလို အစပ်ိဳးမႈဟာ ေစ်းကြက္ရွာေဖြျခင္းအတြက္သာ မဟုတ္ဘဲ မေလးရွားႏိုင္ငံရဲ႕ႂကြယ္ဝတဲ့ အခ်က္အျပဳတ္ အေမြအႏွစ္ကိုလည္း ကိုယ္စားျပဳတယ္လို႔ ဝန္ႀကီးက ဆိုပါတယ္။ "ကြၽႏ္ုပ္တို႔ရဲ႕ေဒသထြက္အသီးအႏွံေတြကို ပံ့ပိုး ျမႇင့္တင္ေပးမယ့္ နည္းလမ္းအေနနဲ႔ဧည့္သည္ေတြကို စည္းကမ္းသတ္မွတ္ထားတဲ့ေနရာမွာ ဒူးရင္းသီးေတြ ယူေဆာင္လာၿပီး စားသုံးႏိုင္ေစဖို႔ ႏိုင္ငံတြင္း ဟိုတယ္ေတြက လုပ္ေဆာင္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္" "ဒါက ပ႐ိုမိုးရွင္း ဗ်ဴဟာတစ္ခုထက္မကပါဘူး။ ဟိုတယ္တစ္ခုဟာ မေလးရွားရဲ႕ အမွတ္အသားကိုျပသတဲ့ေနရာတစ္ခုအျဖစ္ ေျပာင္းလဲသြားတဲ့ ယဥ္ေက်းမႈပြဲတစ္ခုပါ" "ဥေရာပနဲ႔ အာရပ္လူမ်ိဳးေတြက ဒူးရင္းအစိမ္းကို မစားၾကေပမယ့္ ဒူးရင္းအေျခခံထုတ္ကုန္ေတြကို ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္ အသီးမဟုတ္ရင္ ဒူးရင္းေရခဲမုန႔္ကို ေပးေဆာင္ႏိုင္ပါတယ္" လို႔ ၄င္းက Bang11 Golf Resort မွာ ဇူလိုင္ ၁၁ ရက္က ျပဳလုပ္တဲ့ "The World Durian Championship 2025" ပြဲမွာ ေျပာၾကားခဲ့ပါတယ္။
"မေလးရွားကို ကမာၻ႔ဇာတ္ခုံမွာ ျမႇင့္တင္ႏိုင္ဖို႔ သစ္သီးၿခံပိုင္ရွင္ေတြ၊ ဟိုတယ္ေတြနဲ႔ ခရီးသြားလုပ္ငန္း လုပ္ကိုင္သူေတြၾကား မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ဆက္ဆံမႈေတြကို ျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ၄င္းက ထပ္ေလာင္း ဆိုပါတယ္။
Mordor Intelligence ရဲ႕ ၂၀၂၄ ခုႏွစ္ အစီရင္ခံစာအရ ကမာၻလုံးဆိုင္ရာ ဒူးရင္းေဈးကြက္ဟာ ၂၀၂၅ ခုႏွစ္မွာ အေမရိကန္ ေဒၚလာ ၁၀.၇၈ ဘီလီယံ ထိ ေရာက္ရွိႏိုင္ၿပီး ၂ဝ၃ဝ ျပည့္ႏွစ္မွာ အေမရိကန္ေဒၚလာ ၁၆.၈၉ ဘီလီယံအထိ တိုးလာႏိုင္ကာ ႏွစ္စဥ္တိုးတက္မႈႏႈန္း ၉.၄ ရာခိုင္ႏႈန္း ရွိႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.