Blackpink အဖွဲ့ဝင် ဂျင်းနီ လေဆိပ် ဖက်ရှင်မှာ ဝတ်ဆင်ခဲ့တဲ့ ဖိနပ် အွန်လိုင်းမှာ ရေပန်းစားပြီး ပစ္စည်းပြတ်တဲ့ထိ ရောင်းကောင်းနေ

2300
ရောင်နီ (NP News) - ဇူလိုင် ၁၄
Blackpink ရဲ့အဖွဲ့ဝင် ဂျင်းနီရဲ့လေဆိပ်ဖက်ရှင်ဟာ အင်တာနက်အသုံးပြုသူတွေကြား ရေပန်းစားနေပါတယ်။
ဂျင်းနီဟာ အဖြူအပြာ ဇာထိုးအင်္ကျီ၊ အနီရောင် အတွင်းခံ၊ မီးခိုးရောင်ဘောင်းဘီရှည်နဲ့ ခြေချောင်းပုံစံ ဖိနပ်ကိုစီးကာ ခပ်မိုက်မိုက်ဖက်ရှင်နဲ့ "Deadline" world tour အတွက် အမေရိကကိုသွားဖို့ အင်ချွန်းလေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ သူမရဲ့ခေတ်မီလှပတဲ့အဝတ်အစားတွေထက် သူမ ဝတ်ဆင်ထားတဲ့ ထူးဆန်းတဲ့ ခြေချောင်း ပုံစံဖိနပ်တွေက အင်တာနက်အသုံးပြုသူတွေရဲ့ အမြင်အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
သူမရဲ့ဖိနပ်တွေဟာ အမှတ်တမှတ်ကြည့်လိုက်ရင် ခြေဗလာပုံစံ မြင်ရပေမယ့် ဖိနပ်ဟာ လက်ရှိရေပန်းစားနေတဲ့ ခြေချောင်းပုံစံ 'Vibram V-Soul toe shoes' ဖြစ်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၁၁၀ လောက်ရှိပြီး ဂျင်းနီစီးထားတဲ့ ဖိနပ်ဒီဇိုင်း ဟာ အွန်လိုင်းမှာ ရောင်းကုန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း Blackpink အဖွဲ့ဝင် လီဆာက လာဘူဘူရုပ်ကို သူမရဲ့အိတ်မှာ ချိတ်ဆွဲပြခဲ့တာကြောင့် လူဘူဘူ trand ဖြစ်ခဲ့ပါသေးတယ်။

Zawgyi Version:
Blackpink အဖြဲ႕ဝင္ ဂ်င္းနီ ေလဆိပ္ ဖက္ရွင္မွာ ဝတ္ဆင္ခဲ့တဲ့ ဖိနပ္ အြန္လိုင္းမွာ ေရပန္းစားၿပီး ပစၥည္းျပတ္တဲ့ထိ ေရာင္းေကာင္းေန
ေရာင္နီ (NP News) - ဇူလိုင္ ၁၄
Blackpink ရဲ႕အဖြဲ႕ဝင္ ဂ်င္းနီရဲ႕ေလဆိပ္ဖက္ရွင္ဟာ အင္တာနက္အသုံးျပဳသူေတြၾကား ေရပန္းစားေနပါတယ္။
ဂ်င္းနီဟာ အျဖဴအျပာ ဇာထိုးအက်ႌ၊ အနီေရာင္ အတြင္းခံ၊ မီးခိုးေရာင္ေဘာင္းဘီရွည္နဲ႔ ေျခေခ်ာင္းပုံစံ ဖိနပ္ကိုစီးကာ ခပ္မိုက္မိုက္ဖက္ရွင္နဲ႔ "Deadline" world tour အတြက္ အေမရိကကိုသြားဖို႔ အင္ခြၽန္းေလဆိပ္ကို ေရာက္ရွိခဲ့ပါတယ္။ သူမရဲ႕ေခတ္မီလွပတဲ့အဝတ္အစားေတြထက္ သူမ ဝတ္ဆင္ထားတဲ့ ထူးဆန္းတဲ့ ေျခေခ်ာင္း ပုံစံဖိနပ္ေတြက အင္တာနက္အသုံးျပဳသူေတြရဲ႕ အျမင္အာ႐ုံကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။
သူမရဲ႕ဖိနပ္ေတြဟာ အမွတ္တမွတ္ၾကည့္လိုက္ရင္ ေျခဗလာပုံစံ ျမင္ရေပမယ့္ ဖိနပ္ဟာ လက္ရွိေရပန္းစားေနတဲ့ ေျခေခ်ာင္းပုံစံ 'Vibram V-Soul toe shoes' ျဖစ္ပါတယ္။ ေဈးႏႈန္းက ေဒၚလာ ၁၁၀ ေလာက္ရွိၿပီး ဂ်င္းနီစီးထားတဲ့ ဖိနပ္ဒီဇိုင္း ဟာ အြန္လိုင္းမွာ ေရာင္းကုန္သြားခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ကလည္း Blackpink အဖြဲ႕ဝင္ လီဆာက လာဘူဘူ႐ုပ္ကို သူမရဲ႕အိတ္မွာ ခ်ိတ္ဆြဲျပခဲ့တာေၾကာင့္ လူဘူဘူ trand ျဖစ္ခဲ့ပါေသးတယ္။