(၂၄)နာရီအတွင်း ဘားတန်းအကြိမ်ရေအများဆုံး ဆွဲပြခြင်းအတွက် ဂင်းနစ်စံချိန်ရရှိခဲ့သည့်အမျိုးသား

 162

Pika (NP News) - ဇူလိုင် ၁၆

တောင်ကိုရီးယားနိုင်ငံသားတစ်ဦးဖြစ်သူ အိုယိုဟန်သည် အချိန်(၂၄)နာရီအတွင်း ဘားတန်း အကြိမ်ရေအများဆုံးဆွဲပြခြင်းအတွက် ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ စစ်ဘက်ဆိုင် ရာ အရာရှိတစ်ဦးဖြစ်သူ အိုယိုဟန်သည် (၂၀၂၄)ခုနှစ် စက်တင်ဘာလ(၂၈)ရက်မှ (၂၉)ရက်အထိ တောင် ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် ဘားတန်းအကြိမ်ရေ(၁၁၇၀၇)ကြိမ်အထိရောက်အောင် ဆွဲပြခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

သို့သော်လည်း အိုယိုဟန်၏ အချိန်(၂၄)နာရီအတွင်း ဘားတန်းအကြိမ်ရေအများဆုံးဆွဲပြမှု စံချိန် မှာ ယခုလအစောပိုင်းမှသာ တရားဝင်အသိ အမှတ်ပြုခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ ကမ္ဘာ့ဂင်းနစ် စံချိန်မှတ်တမ်းအဖွဲ့က “နှစ်ပေါင်းများစွာလေ့ ကျင့်ခဲ့ပြီးတဲ့နောက်မှာတော့ အိုယိုဟန်ဟာ ဒီစံချိန်ကို အကောင်းဆုံးပုံစံနဲ့ကျော်ဖြတ်ခဲ့ပြီး ဂင်းနစ်စံချိန်တစ် ခုတင်နိုင်ခဲ့ပါတယ်”ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။

ထို့ပြင် အိုယိုဟန်သည် နောက်ထပ်ဘား တန်းဆွဲမှုများကို လုပ်ဆောင်နိုင်သော်လည်း ၎င်းတာ ဝန်ထမ်းဆောင်ခဲ့သည့် တပ်ဖွဲ့၏နံပါတ်ကို ဂုဏ်ပြုရန်အတွက် (၁၁၇၀၇)ကြိမ်တွင် ရပ်တန့်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ အိုယိုဟန်က “တောင်ကိုရီးယား နိုင်ငံရဲ့ 707th Special Mission Group မှာ ကျွန် တော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီနံပါတ် (၇၀၇)ကို ဂုဏ်ပြုဖို့အတွက် ဘားတန်းဆွဲတာကို အကြိမ်ရေ (၁၁၇၀၇)ကြိမ်မှာ ရပ်တန့်ခဲ့တာပါ}ဟု ထုတ်ဖော်ပြော ဆိုခဲ့သည်။

zawgyi version
Pika (NP News) - ဇူလိုင် ၁၆




Related news

© 2021. All rights reserved.