မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ကမ္ဘာ့သတင်းမီဒီယာကောင်စီအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

348

သန့်ဇင် (NP News) - ဇူလိုင် ၁၈
တန်ဇန်းနီးယားနိုင်ငံတွင်ကျင်းပသည့် ကမ္ဘာ့သတင်းမီဒီယာကောင်စီ (WAPC) (World Association of Press Councils) ၏ အထွေထွေအစည်းအဝေးနှင့် 2nd Pan-African Media Councils’ Summit 2025 ညီလာခံသို့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါညီလာခံကို ဇူလိုင်လ ၁၄ ရက်မှ ၁၆ ရက်အထိ တန်ဇန်းနီးယားနိုင်ငံ၊ Arusha မြို့တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အခြားသော ကမ္ဘာ့သတင်း မီဒီယာကောင်စီဝင်များနှင့်အတူ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးကလည်း မြန်မာနိုင်ငံ မီဒီယာလောကနှင့် သတင်းမီဒီယာကောင်စီ၏အခန်းကဏ္ဍကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ညီလာခံတွင် ကမ္ဘာနှင့်အာဖရိကတိုက်နိုင်ငံများ၌ သတင်းမီဒီယာသမားများအတွက် သတင်းမီဒီယာဆိုင်ရာကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများချမှတ်ရေး၊ ကျင့်ဝတ်နှင့် ညီညွတ်၍ တာဝန်ယူမှု တာဝန်ခံမှုရှိသော သတင်းမီဒီယာသမားများအတွက် စာနယ်ဇင်းလွတ်လပ်ခွင့် ရရှိစေရေး၊ သတင်းတုသတင်းမှားများ လျော့နည်းပပျောက်စေရေးနှင့် AI (Artificial Intelligence) နည်းပညာကို မီဒီယာကဏ္ဍတွင် စနစ်တကျအသုံးချနိုင်စေရေးစသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါညီလာခံကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့်အတူ ကောင်စီအတွင်းရေးမှူး ဦးအေးချမ်းလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီဥကၠ႒ ကမာၻ႔သတင္းမီဒီယာေကာင္စီအစည္းအေဝးသို႔ တက္ေရာက္ေဆြးေႏြး
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၈
တန္ဇန္းနီးယားႏိုင္ငံတြင္က်င္းပသည့္ ကမာၻ႔သတင္းမီဒီယာေကာင္စီ (WAPC) (World Association of Press Councils) ၏ အေထြေထြအစည္းအေဝးႏွင့္ 2nd Pan-African Media Councils’ Summit 2025 ညီလာခံသို႔ ဖိတ္ၾကားခ်က္အရ ျမန္မာႏိုင္ငံသတင္း မီဒီယာေကာင္စီဥကၠ႒ ေဒါက္တာတင္ထြန္းဦး တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အဆိုပါညီလာခံကို ဇူလိုင္လ ၁၄ ရက္မွ ၁၆ ရက္အထိ တန္ဇန္းနီးယားႏိုင္ငံ၊ Arusha ၿမိဳ႕တြင္က်င္းပခဲ့ျခင္းျဖစ္ၿပီး အျခားေသာ ကမာၻ႔သတင္း မီဒီယာေကာင္စီဝင္မ်ားႏွင့္အတူ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီဥကၠ႒ ေဒါက္တာတင္ထြန္းဦးကလည္း ျမန္မာႏိုင္ငံ မီဒီယာေလာကႏွင့္ သတင္းမီဒီယာေကာင္စီ၏အခန္းက႑ကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ညီလာခံတြင္ ကမာၻႏွင့္အာဖရိကတိုက္ႏိုင္ငံမ်ား၌ သတင္းမီဒီယာသမားမ်ားအတြက္ သတင္းမီဒီယာဆိုင္ရာက်င့္ဝတ္ႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားခ်မွတ္ေရး၊ က်င့္ဝတ္ႏွင့္ ညီၫြတ္၍ တာဝန္ယူမႈ တာဝန္ခံမႈရွိေသာ သတင္းမီဒီယာသမားမ်ားအတြက္ စာနယ္ဇင္းလြတ္လပ္ခြင့္ ရရွိေစေရး၊ သတင္းတုသတင္းမွားမ်ား ေလ်ာ့နည္းပေပ်ာက္ေစေရးႏွင့္ AI (Artificial Intelligence) နည္းပညာကို မီဒီယာက႑တြင္ စနစ္တက်အသုံးခ်ႏိုင္ေစေရးစသည္တို႔ကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ အဆိုပါညီလာခံကို ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီဥကၠ႒ႏွင့္အတူ ေကာင္စီအတြင္းေရးမႉး ဦးေအးခ်မ္းလည္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။