ရွှေဘိုပေါ်ဆန်းထွက်ရာ တန့်ဆည် နှင့် ရွှေဘိုတွင် နွေစပါးအဝယ်မရှိသဖြင့် တောင်သူများ အခက်အခဲဖြစ်နေ

5082

သန့်ဇင် (NP News) - နိုဝင်ဘာလ ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာမည် ကြီးရွှေဘိုပေါ်ဆန်းစပါးများထွက်ရှိရာ တန့်ဆည်မြို့ နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် နွေစပါးအဝယ်မရှိသဖြင့် တောင်သူများအခက်အခဲဖြစ်နေကြောင်း ဒေသခံများက NP News သို့ ပြောသည်။
လက်ရှိတွင် မိုးစပါးများ ပြန်လည်ရိတ်သိမ်း ရာသီရောက်လာသော်လည်း ရွှေဘိုမြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့တွင် နွေစပါးများပင် လက်ရှိအချိန်ထိ ရောင်းမထွက်ဖြစ်နေကြောင်း သိရသည်။
" ဈေးမကောင်းတာ။ ပွဲစားတွေကဆင်းပြီး မဝယ်ဘူး။ ဘေးကြားကတော့ ဈေးကောင်းတယ်။ နွေစပါးကတော့ ဈေးမကောင်းဘူး။ ပေါ်ဆန်းကတော့ အခုအချိန်မှာ တောင်သူတွေဆီမှာမရှိတော့ဘူး။ အခုမှ ပြန်ရိတ်ရမှာလေ။ အခုက နွေးစပါးရောင်းဖို့ကို အခက်အခဲဖြစ်နေတာ။ လမ်းပန်းတွေမကောင်းတာနဲ့ ဝယ်သူတွေကလည်း မလာဘူး။ ကျွန်မတို့တူဆိုရင် ပွဲစားကလာဝယ်မယ်ပြောပြီး အခုထိ လာမဝယ်သေးဘူး။ တော်တော်ကြာပြီ" ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
မြို့နှင့်အနီးကျေးရွာအချို့သို့ ဆင်းဝယ်သော စပါးပွဲစားများထံရောင်းချရာတွင်လည်း နွေစ ပါးများဖြစ်သော ရက်(၉၀)နှင့် ရွှေဝါထွန်းစပါးများ သည် တင်း(၁၀ဝ)လျှင် (၁၀)သိန်းကျပ်သာ ပေါက် ဈေးရှိသည့်အတွက် သွင်းအားစုစရိတ်နှင့် ရိတ်သိမ်း ခများ ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် အရှုံးပေါ်နေကြောင်း ၎င်းက ဆိုသည်။
" မိုးစပါးကျရင်တော့ အဝယ်ကောင်းဖို့ပဲမျှော်လင့်ရတာပေါ့။ ပေါ်ဆန်းကတော့ မရိတ်ရသေးဘူး။ လယ်သမားတွေကတော့စိုက်ရတာပေါ့။ ဒါပဲ လုပ်စရာရှိတာဆိုတော့။ တစ်တင်းမှ ကျပ် (၁၀ဝဝဝ)ပဲရှိတယ်။ စိုက်ပျိုးစရိတ်က ကြီးတယ်လေ။ ကျွန်မတို့ဘက်မှာက ရွှေဝါကို စိုက်ကြတာများတယ်။ အမျိုးမျိုးအခက်အခဲရှိတာလည်း ပါတယ်။ နွေစပါးကတော့ အရှုံးတွေချည်းပဲ" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရွှေဘိုပေါ်ဆန်း(ဘေးကြား)စပါး မရိတ်သိမ်းသေးသော်လည်း နယ်မြေအခြေအနေအရ ပွဲစားများလာရောက်ဝယ်ယူရန်အခက်အခဲများကြောင့် စပါးဈေးဆက်ကျမည်ကိုစိုးရိမ်နေရကြောင်းလည်း ရွှေဘိုမြို့နယ်မှ လယ်သမားတစ်ဦးက ဆိုသည်။
"လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ စပါးဈေးတွေကလည်းသိပ်မရှိဘူးလေ။ အဲဒါကြောင့် မလို့ မကောင်းဘူး။ စပါးတွေကလည်း ပိုးတွေကျ တယ်။ နယ်မြေအခြေအနေကြောင့် ပိုးသတ်ဆေး မဖျန်းနိုင်တာလည်းပါတာပေါ့။ ရိတ်သိမ်းဖို့ကတော့ ကြည့်လုပ်ရမယ့်အခြေအနေပါ။ စပါးလာဝယ်ဖို့က လည်း ပွဲစားတွေလာဖို့အခက်အခဲရှိတယ်။ လက်ရှိမှာ တော့ ရွှေဘိုပေါ်ဆန်းဘေးကြားက တစ်တင်းကို (၄၅၀ဝဝ)ကျပ်ဝန်းကျင်ရှိတယ်။ တင်း (၁၀ဝ)ကို တော့ (၄၅)သိန်းဝန်းကျင်ရှိတယ်။ ပေါ်ဆန်းကဈေးရှိ ပေမယ့် ဈေးကျမှာလည်းစိုးရတယ်" ဟု ၎င်းကပြော သည်။
လက်ရှိပြည်တွင်းဈေးကွက်တွင် ရွှေဘို ပေါ်ဆန်းစပါး ရှားပါးလာမှုကြောင့် တင်း(၁၀ဝ)လျှင် ကျပ်သိန်း(၅၀)ဝန်းကျင်အထိ ဈေးမြင့်တက်နေသော် လည်း တစ်ဧကစိုက်ပျိုးစရိတ်မှာ ကျပ်သိန်း (၂၀)ဝန်း ကျင်ရှိကြောင်းသိရသည်။
ထို့ကြောင့် နယ်မြေအခက်အခဲများကြောင့် ကျေးရွာများအထိ စပါးပွဲစားများလာရောက်ဝယ်ယူရန် အခက်ခဲရှိနေခြင်း၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ များထံ ဂိတ်ကြေးပေးဆောင်ရခြင်းနှင့် နယ်မြေလုံခြုံ မှုမရှိခြင်းတို့ကြောင့် တန့်ဆည်နှင့်ရွှေဘိုတွင် စပါးအ ဝယ် နည်းနေခြင်းဖြစ်ကြောင်းသိရသည်။
" ပွဲစားတွေလာမဝယ်ရဲကြတာ။ လမ်းခရီး ကလည်းမကောင်းဖြစ်နေတာလေ။ ရွှေဘို-စစ်ကိုင်း ကလည်းသွားလို့မလွယ်ဘူးလေ။ ရွာဘက်တွေက ပို ဆိုးတယ်။ သွားရတာတော်တော်ကိုမလွယ်တာ။ ရွှေဘိုဘက်မှာ တောင်သူတွေကတော့ တော်တော်ကို ခက်ခဲနေပြီ။ ဆေးကလည်းမရဘူး။ နွေစပါးလည်း ထင်သလောက်မရကြဘူး။ တောင်သူတွေကရှုံးတာ ပေါ့ဗျာ။ ဆေးခနဲ့ရိတ်သိမ်းခနဲ့ ကောက်စိုက်ခတွေနဲ့ အကုန်တွက်ကြည့်ရင်ရှုံးတာပေါ့ဗျာ"ဟု ရွှေဘိုမှ လယ်သမားတစ်ဦးကပြောသည်။

Zawgyi Version:
ေ႐ႊဘိုေပၚဆန္းထြက္ရာ တန႔္ဆည္ ႏွင့္ ေ႐ႊဘိုတြင္ ေႏြစပါးအဝယ္မရွိသျဖင့္ ေတာင္သူမ်ား အခက္အခဲျဖစ္ေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာလ ၁၉
စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ နာမည္ ႀကီးေ႐ႊဘိုေပၚဆန္းစပါးမ်ားထြက္ရွိရာ တန႔္ဆည္ၿမိဳ႕ နယ္ႏွင့္ ေ႐ႊဘိုၿမိဳ႕နယ္တို႔တြင္ ေႏြစပါးအဝယ္မရွိသျဖင့္ ေတာင္သူမ်ားအခက္အခဲျဖစ္ေနေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။
လက္ရွိတြင္ မိုးစပါးမ်ား ျပန္လည္ရိတ္သိမ္း ရာသီေရာက္လာေသာ္လည္း ေ႐ႊဘိုၿမိဳ႕နယ္ႏွင့္ တန႔္ဆည္ၿမိဳ႕နယ္တို႔တြင္ ေႏြစပါးမ်ားပင္ လက္ရွိအခ်ိန္ထိ ေရာင္းမထြက္ျဖစ္ေနေၾကာင္း သိရသည္။
" ေဈးမေကာင္းတာ။ ပြဲစားေတြကဆင္းၿပီး မဝယ္ဘူး။ ေဘးၾကားကေတာ့ ေဈးေကာင္းတယ္။ ေႏြစပါးကေတာ့ ေဈးမေကာင္းဘူး။ ေပၚဆန္းကေတာ့ အခုအခ်ိန္မွာ ေတာင္သူေတြဆီမွာမရွိေတာ့ဘူး။ အခုမွ ျပန္ရိတ္ရမွာေလ။ အခုက ေႏြးစပါးေရာင္းဖို႔ကို အခက္အခဲျဖစ္ေနတာ။ လမ္းပန္းေတြမေကာင္းတာနဲ႔ ဝယ္သူေတြကလည္း မလာဘူး။ ကြၽန္မတို႔တူဆိုရင္ ပြဲစားကလာဝယ္မယ္ေျပာၿပီး အခုထိ လာမဝယ္ေသးဘူး။ ေတာ္ေတာ္ၾကာၿပီ" ဟု ေဒသခံအမ်ိဳးသမီးတစ္ဦးက ေျပာသည္။
ၿမိဳ႕ႏွင့္အနီးေက်း႐ြာအခ်ိဳ႕သို႔ ဆင္းဝယ္ေသာ စပါးပြဲစားမ်ားထံေရာင္းခ်ရာတြင္လည္း ေႏြစ ပါးမ်ားျဖစ္ေသာ ရက္(၉၀)ႏွင့္ ေ႐ႊဝါထြန္းစပါးမ်ား သည္ တင္း(၁၀ဝ)လွ်င္ (၁၀)သိန္းက်ပ္သာ ေပါက္ ေဈးရွိသည့္အတြက္ သြင္းအားစုစရိတ္ႏွင့္ ရိတ္သိမ္း ခမ်ား ေဈးႏႈန္းႀကီးျမင့္ျခင္းေၾကာင့္ အရႈံးေပၚေနေၾကာင္း ၎က ဆိုသည္။
" မိုးစပါးက်ရင္ေတာ့ အဝယ္ေကာင္းဖို႔ပဲေမွ်ာ္လင့္ရတာေပါ့။ ေပၚဆန္းကေတာ့ မရိတ္ရေသးဘူး။ လယ္သမားေတြကေတာ့စိုက္ရတာေပါ့။ ဒါပဲ လုပ္စရာရွိတာဆိုေတာ့။ တစ္တင္းမွ က်ပ္ (၁၀ဝဝဝ)ပဲရွိတယ္။ စိုက္ပ်ိဳးစရိတ္က ႀကီးတယ္ေလ။ ကြၽန္မတို႔ဘက္မွာက ေ႐ႊဝါကို စိုက္ၾကတာမ်ားတယ္။ အမ်ိဳးမ်ိဳးအခက္အခဲရွိတာလည္း ပါတယ္။ ေႏြစပါးကေတာ့ အရႈံးေတြခ်ည္းပဲ" ဟု ၎က ေျပာသည္။
လက္ရွိတြင္ ေ႐ႊဘိုေပၚဆန္း(ေဘးၾကား)စပါး မရိတ္သိမ္းေသးေသာ္လည္း နယ္ေျမအေျခအေနအရ ပြဲစားမ်ားလာေရာက္ဝယ္ယူရန္အခက္အခဲမ်ားေၾကာင့္ စပါးေဈးဆက္က်မည္ကိုစိုးရိမ္ေနရေၾကာင္းလည္း ေ႐ႊဘိုၿမိဳ႕နယ္မွ လယ္သမားတစ္ဦးက ဆိုသည္။
"လမ္းပန္းဆက္သြယ္ေရးမေကာင္းလို႔ စပါးေဈးေတြကလည္းသိပ္မရွိဘူးေလ။ အဲဒါေၾကာင့္ မလို႔ မေကာင္းဘူး။ စပါးေတြကလည္း ပိုးေတြက် တယ္။ နယ္ေျမအေျခအေနေၾကာင့္ ပိုးသတ္ေဆး မဖ်န္းႏိုင္တာလည္းပါတာေပါ့။ ရိတ္သိမ္းဖို႔ကေတာ့ ၾကည့္လုပ္ရမယ့္အေျခအေနပါ။ စပါးလာဝယ္ဖို႔က လည္း ပြဲစားေတြလာဖို႔အခက္အခဲရွိတယ္။ လက္ရွိမွာ ေတာ့ ေ႐ႊဘိုေပၚဆန္းေဘးၾကားက တစ္တင္းကို (၄၅၀ဝဝ)က်ပ္ဝန္းက်င္ရွိတယ္။ တင္း (၁၀ဝ)ကို ေတာ့ (၄၅)သိန္းဝန္းက်င္ရွိတယ္။ ေပၚဆန္းကေဈးရွိ ေပမယ့္ ေဈးက်မွာလည္းစိုးရတယ္" ဟု ၎ကေျပာ သည္။
လက္ရွိျပည္တြင္းေဈးကြက္တြင္ ေ႐ႊဘို ေပၚဆန္းစပါး ရွားပါးလာမႈေၾကာင့္ တင္း(၁၀ဝ)လွ်င္ က်ပ္သိန္း(၅၀)ဝန္းက်င္အထိ ေဈးျမင့္တက္ေနေသာ္ လည္း တစ္ဧကစိုက္ပ်ိဳးစရိတ္မွာ က်ပ္သိန္း (၂၀)ဝန္း က်င္ရွိေၾကာင္းသိရသည္။
ထို႔ေၾကာင့္ နယ္ေျမအခက္အခဲမ်ားေၾကာင့္ ေက်း႐ြာမ်ားအထိ စပါးပြဲစားမ်ားလာေရာက္ဝယ္ယူရန္ အခက္ခဲရွိေနျခင္း၊ ေဒသတြင္းလက္နက္ကိုင္အဖြဲ႕ မ်ားထံ ဂိတ္ေၾကးေပးေဆာင္ရျခင္းႏွင့္ နယ္ေျမလုံၿခဳံ မႈမရွိျခင္းတို႔ေၾကာင့္ တန႔္ဆည္ႏွင့္ေ႐ႊဘိုတြင္ စပါးအ ဝယ္ နည္းေနျခင္းျဖစ္ေၾကာင္းသိရသည္။
" ပြဲစားေတြလာမဝယ္ရဲၾကတာ။ လမ္းခရီး ကလည္းမေကာင္းျဖစ္ေနတာေလ။ ေ႐ႊဘို-စစ္ကိုင္း ကလည္းသြားလို႔မလြယ္ဘူးေလ။ ႐ြာဘက္ေတြက ပို ဆိုးတယ္။ သြားရတာေတာ္ေတာ္ကိုမလြယ္တာ။ ေ႐ႊဘိုဘက္မွာ ေတာင္သူေတြကေတာ့ ေတာ္ေတာ္ကို ခက္ခဲေနၿပီ။ ေဆးကလည္းမရဘူး။ ေႏြစပါးလည္း ထင္သေလာက္မရၾကဘူး။ ေတာင္သူေတြကရႈံးတာ ေပါ့ဗ်ာ။ ေဆးခနဲ႔ရိတ္သိမ္းခနဲ႔ ေကာက္စိုက္ခေတြနဲ႔ အကုန္တြက္ၾကည့္ရင္ရႈံးတာေပါ့ဗ်ာ"ဟု ေ႐ႊဘိုမွ လယ္သမားတစ္ဦးကေျပာသည္။