ကာရေဘီယံ အချက်အချာနေရာတစ်ခု ဖြစ်ခဲ့သည့် ကျူးဘားမြို့တော် ဟာဗားနား

131

Pika (NP News) - ဇူလိုင် ၁၈
ဟာဗားနားမြို့သည် ကျူးဘားနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ထူးခြားသော ယဉ်ကျေးမှုများ၊ သမိုင်းဝင်ဗိသုကာလက်ရာ များနှင့် အထိမ်းအမှတ်နေရာများကြောင့် နာမည် ကျော် ကြားသည်။ ထို့ပြင် ဟာဗားနားမြို့၏ ကြယ်ဝသော သမိုင်းကြောင်း၊ ကိုလိုနီခေတ်တွင် ကာရေဘီယံ အချက်အချာနေရာတစ်ခုဖြစ်ခဲ့သည့် အခန်းကဏ္ဍများသည် ဟာဗားနားမြို့၏ လမ်းများနှင့် အဆောက် အအုံများတွင် ထင်ရှားပေါ်လွင်နေကြောင်း သိရသည်။ La Habana ပြည်နယ်၏ အချက်အချာ နေရာ တစ်ခုဖြစ်သော ဟာဗားနားမြို့သည် ကျူး ဘားနိုင်ငံ၏ အဓိကဆိပ်ကမ်းနှင့် ကူးသန်းရောင်းဝယ်ရေး အချက်အချာ နေရာတစ်ခုလည်းဖြစ်သည်။ ဟာဗားနားမြို့သည် ဧရိယာအရ အကြီးဆုံးနှင့် လူဦးရေ အများဆုံးမြို့တစ်မြို့ဖြစ်ပြီး ကာရေဘီယံဒေသတွင် ဒုတိယမြောက်အကြီးဆုံး မြို့ပြဧရိယာတစ်ခုဖြစ် ကြောင်းသိရသည်။ ထို့ပြင် (၂၀၂၂)ခုနှစ်အထိ ဟာဗားနားမြို့တွင် နေထိုင်သူလူဦးရေမှာ (၂ ဒသမ ၁၃၈) သန်း ရှိကြောင်းလည်းသိရသည်။
သမိုင်းကြောင်း
ဟာဗားနားမြို့ကို (၁၆)ရာစုတွင် စပိန် လူမျိုးများက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အမေရိက တိုက်ကို စပိန်ကအောင်နိုင်မှုအတွက် အချက်အချာနေရာတစ်ခုအဖြစ်ဆောင်ရွက်ခဲ့ကာ စပိန်သို့ ပြန်လာ သော စပိန်ရွက်သင်္ဘောကြီးများရပ်နားရာ နေရာတစ်ခုဖြစ်လာခဲ့ကြောင်းသိရသည်။ စပိန်ဘုရင် Philip III သည် (၁၆၀၇) ခုနှစ်တွင် ဟာဗားနားမြို့ကို မြို့တော်ဘွဲ့ပေးအပ်ခဲ့ပြီး ၎င်းကို ကာကွယ်ရန်အတွက် နံရံ များနှင့်ခံတပ်များကို တည်ဆောက်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ဟာဗားနားမြို့သည် ကျူးဘားအစိုးရနှင့် ဝန်ကြီးဌာနအသီးသီး၏ ရုံးစိုက်ရာနေရာဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ၏ ဌာနချုပ်များနှင့် သံတမန် ရုံး ပေါင်း(၁၀ဝ)ကျော်အခြေ စိုက်ရာနေရာလည်းဖြစ်သည်။ ဟာဗားနားမြို့၏အုပ်ချုပ်ရေးမှူးမှာ ကျူးဘား ကွန်မြူနစ်ပါတီ (PCC) မှ Reinaldo García Zapata ဖြစ်ပြီး (၂၀ဝ၉)ခုနှစ် တွင် ဟာဗားနားမြို့သည် နိုင်ငံတွင်းတွင် တတိယမြောက် ဝင်ငွေအကောင်းဆုံးမြို့တစ်မြို့ ဖြစ်ခဲ့ကြောင်း သိရသည်။
ခေတ်သစ်ကာလ
ခေတ်ပေါ်ဟာဗားနားမြို့ကို မြို့သုံးမြို့ ပေါင်းစည်းထားသည်ကိုမြင်တွေ့ရသော မြို့တစ်မြို့ အဖြစ် ဖော်ပြပြောဆိုကြပြီး ၎င်းတို့မှာ ဟာဗားနား မြို့ဟောင်းမြူနီစီပယ်၊ Vedado ရပ်ကွက်နှင့် ဆင်ခြေဖုံး ခရိုင်အသစ်များဖြစ်ကြောင်းသိရသည်။ ဟာဗားနား မြို့သည် ကျဉ်းမြောင်းသောဝင်ပေါက်ကို ဖြတ်၍ဝင်ရောက်သည့် ပင်လယ်အော်မှ အနောက်ဘက်နှင့် တောင်ဘက်အထိကျယ်ပြန့်ကြောင်းသိရ သည်။ ထို့ပြင် Almendares မြစ်သည် ဟာဗားနားမြို့ကို တောင် မှမြောက်သို့ဖြတ်သန်းသွားပြီး ပင်လယ် အော်၏ အနောက်ဘက် မိုင်အနည်းငယ်အကွာတွင် ဖလော်ရီဒါ ရေလက်ကြားသို့ ဝင်ရောက်သွား ကြောင်း သိရသည်။ ဟာဗားနားမြို့သည် နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားတစ်သန်းကျော်ကို ဆွဲဆောင်လျက် ရှိပြီး (၂၀၁၀) ပြည့်နှစ်တွင် နိုင်ငံတကာခရီးသွား (၁၁၇၆၆၂၇) ဦးလာရောက်လည်ပတ်ခဲ့ပြီး (၂၀ဝ၅)ခုနှစ် နှင့် နှိုင်းယှဉ်မည်ဆိုပါက (၂၀)ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။ (၁၉၈၂)ခုနှစ်တွင် ဟာဗားနားမြို့ ဟောင်းကို ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် နေရာတစ်ခုအဖြစ် တရားဝင်သတ်မှတ်ခဲ့ကြောင်း သိရသည်။
စီးပွားရေး
ဟာဗားနားမြို့တွင် ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဇီဝနည်းပညာနှင့် ခရီးသွားလာရေးကဲ့သို့ သော ကဏ္ဍအမျိုးမျိုးပါရှိသည့် ကွဲပြားသောစီးပွားရေးတစ်ခုရှိ သည်။ ထို့ပြင် ဟာဗားနားမြို့၏ စီးပွားရေးသည် ၎င်း၏တည်နေရာအပေါ်အခြေခံပြီး ဖွံ့ဖြိုးတိုးတက်ခဲ့ ကာ ကမ္ဘာသစ်တွင် အစောပိုင်း ကြီးမားသော ကုန်သွယ်ရေးစင်တာများထဲမှ တစ်ခုဖြစ်လာစေခဲ့ကြောင်း သိရသည်။ သကြားနှင့်ကျွန်ရောင်းဝယ် ဖောက်ကားမှုထွန်းကားလာခြင်းသည် ဟာဗားနားမြို့သို့ ချမ်းသာ ကြွယ်ဝမှုများကို ယူဆောင်လာနိုင်ခဲ့ပြီးနောက်ပိုင်းတွင် လွတ်လပ်ရေးရခဲ့ပြီးနောက် ၎င်းသည် နာမည် ကျော်ကြားသော အပန်းဖြေစခန်းတစ်ခုဖြစ်လာခဲ့ကြောင်းသိရသည်။ ကျူးဘား သမ္မတဟောင်း ဖီဒယ် ကတ်စထရို၏အစိုးရသည် ကျူးဘား နိုင်ငံ၏စက်မှုလုပ်ငန်းများကို ကျွန်း၏အစိတ်အပိုင်း အားလုံးသို့ ဖြန့်ကြက်ချထားရန် ကြိုးပမ်းမှုများရှိခဲ့ သော်လည်း ဟာဗားနားမြို့သည် နိုင်ငံ၏စက်မှုလုပ်ငန်း အများစု ၏ အချက်အချာနေရာတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်းသိရသည်။ ကျူးဘားနိုင်ငံ၏ စီးပွာရေး လုပ်ငန်းကို ရာစုနှစ်သုံးခုကြာအောင် အခြေပြုခဲ့သည့်ရိုးရာသကြားလုပ်ငန်းသည် ကျွန်းပေါ် ရှိ အခြား နေရာများတွင် ဗဟိုပြုထားပြီး ပို့ကုန်စီးပွားရေး၏ လေးပုံသုံးပုံခန့်ကိုထိန်းချုပ်ထားကြောင်းသိရ သည်။ သို့သော်လည်း အသေးစားထုတ်လုပ်ရေးစက် ရုံများ၊ အသားထုပ်ပိုးစက်ရုံများ၊ ဓါတုဗေဒ နှင့်ဆေးဝါးလုပ် ငန်းများသည် ဟာဗားနားမြို့တွင်အခြေစိုက်ထားသည်။ ထို့ပြင် သင်္ဘောတည်ဆောက်မှု၊ မော်တော် ယာဉ် ထုတ်လုပ်ရေး၊ အရက်အဖျော်ယမကာများ(အထူးသဖြင့်ရမ်)၊ အထည်အလိပ်နှင့်ဆေးရွက် ကြီး ထွက်ကုန်များ အထူးသဖြင့် ကမ္ဘာကျော် Habanos ဆေးပြင်းလိပ်များနှင့်အတူ အခြားသော စား သောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများသည်လည်း အရေးပါကြောင်းသိရသည်။ ကျူးဘားနိုင်ငံသို့ တင် သွင်းမှုများနှင့်တင်ပို့မှုများ၏ (၅၀)ရာခိုင်နှုန်းခန့် သည် ဟာဗားနားမြို့မှဖြတ်သန်းသွားပြီး ဟာဗားနား ဆိပ်ကမ်းသည် ငါးဖမ်းလုပ်ငန်းများကို ပံ့ပိုးပေးထား ကြောင်းလည်းသိရသည်။ (၂၀ဝဝ)ပြည့်နှစ်တွင် ဟာ ဗားနားမြို့၏ တရားဝင်မှတ်တမ်းတင်ထားသော အလုပ်သမားအင်အား၏ (၈၉)ရာခိုင်နှုန်းနီးပါးသည် အစိုးရ အေဂျင်စီများ၊ အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းများအတွက်အလုပ်လုပ်ခဲ့ကြပြီး ပျမ်းမျှ အားဖြင့် ဟာဗားနားသည် နိုင်ငံ၏ဝင်ငွေအများဆုံးနှင့် လူသားဖွံ့ဖြိုးတိုးတက်မှုအòန်းကိန်းများရှိသည့် မြို့လည်းဖြစ်သည်။ သို့သော်လည်း ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပြီးနောက် ကျူးဘားနိုင်ငံသည် ပြန်လည်ထူထောင်ရေးအတွက် အဓိကလုပ်ငန်းကြီး တစ်ခုအနေဖြင့် ခရီးသွားလုပ်ငန်းကို အလေးပေးခဲ့ ပြီး လက်ရှိအချိန်တွင် ခရီးသွားလုပ်ငန်းသည် ဟာဗားနားမြို့နှင့်ကျူးဘားနိုင်ငံ၏ အဓိကစီးပွားရေးအ ရင်းအမြစ် ဖြစ်နေပြီဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
ကာေရဘီယံ အခ်က္အခ်ာေနရာတစ္ခု ျဖစ္ခဲ့သည့္ က်ဴးဘားၿမိဳ႕ေတာ္ ဟာဗားနား
Pika (NP News) - ဇူလိုင္ ၁၈
ဟာဗားနားၿမိဳ႕သည္ က်ဴးဘားႏိုင္ငံ၏ ၿမိဳ႕ေတာ္ႏွင့္ အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ထူးျခားေသာ ယဥ္ေက်းမႈမ်ား၊ သမိုင္းဝင္ဗိသုကာလက္ရာ မ်ားႏွင့္ အထိမ္းအမွတ္ေနရာမ်ားေၾကာင့္ နာမည္ ေက်ာ္ ၾကားသည္။ ထို႔ျပင္ ဟာဗားနားၿမိဳ႕၏ ၾကယ္ဝေသာ သမိုင္းေၾကာင္း၊ ကိုလိုနီေခတ္တြင္ ကာေရဘီယံ အခ်က္အခ်ာေနရာတစ္ခုျဖစ္ခဲ့သည့္ အခန္းက႑မ်ားသည္ ဟာဗားနားၿမိဳ႕၏ လမ္းမ်ားႏွင့္ အေဆာက္ အအုံမ်ားတြင္ ထင္ရွားေပၚလြင္ေနေၾကာင္း သိရသည္။ La Habana ျပည္နယ္၏ အခ်က္အခ်ာ ေနရာ တစ္ခုျဖစ္ေသာ ဟာဗားနားၿမိဳ႕သည္ က်ဴး ဘားႏိုင္ငံ၏ အဓိကဆိပ္ကမ္းႏွင့္ ကူးသန္းေရာင္းဝယ္ေရး အခ်က္အခ်ာ ေနရာတစ္ခုလည္းျဖစ္သည္။ ဟာဗားနားၿမိဳ႕သည္ ဧရိယာအရ အႀကီးဆုံးႏွင့္ လူဦးေရ အမ်ားဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ကာေရဘီယံေဒသတြင္ ဒုတိယေျမာက္အႀကီးဆုံး ၿမိဳ႕ျပဧရိယာတစ္ခုျဖစ္ ေၾကာင္းသိရသည္။ ထို႔ျပင္ (၂၀၂၂)ခုႏွစ္အထိ ဟာဗားနားၿမိဳ႕တြင္ ေနထိုင္သူလူဦးေရမွာ (၂ ဒသမ ၁၃၈) သန္း ရွိေၾကာင္းလည္းသိရသည္။
သမိုင္းေၾကာင္း
ဟာဗားနားၿမိဳ႕ကို (၁၆)ရာစုတြင္ စပိန္ လူမ်ိဳးမ်ားက စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး အေမရိက တိုက္ကို စပိန္ကေအာင္ႏိုင္မႈအတြက္ အခ်က္အခ်ာေနရာတစ္ခုအျဖစ္ေဆာင္႐ြက္ခဲ့ကာ စပိန္သို႔ ျပန္လာ ေသာ စပိန္႐ြက္သေဘၤာႀကီးမ်ားရပ္နားရာ ေနရာတစ္ခုျဖစ္လာခဲ့ေၾကာင္းသိရသည္။ စပိန္ဘုရင္ Philip III သည္ (၁၆၀၇) ခုႏွစ္တြင္ ဟာဗားနားၿမိဳ႕ကို ၿမိဳ႕ေတာ္ဘြဲ႕ေပးအပ္ခဲ့ၿပီး ၎ကို ကာကြယ္ရန္အတြက္ နံရံ မ်ားႏွင့္ခံတပ္မ်ားကို တည္ေဆာက္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ဟာဗားနားၿမိဳ႕သည္ က်ဴးဘားအစိုးရႏွင့္ ဝန္ႀကီးဌာနအသီးသီး၏ ႐ုံးစိုက္ရာေနရာျဖစ္ၿပီး စီးပြားေရးလုပ္ငန္းမ်ား၏ ဌာနခ်ဳပ္မ်ားႏွင့္ သံတမန္ ႐ုံး ေပါင္း(၁၀ဝ)ေက်ာ္အေျခ စိုက္ရာေနရာလည္းျဖစ္သည္။ ဟာဗားနားၿမိဳ႕၏အုပ္ခ်ဳပ္ေရးမႉးမွာ က်ဴးဘား ကြန္ျမဴနစ္ပါတီ (PCC) မွ Reinaldo García Zapata ျဖစ္ၿပီး (၂၀ဝ၉)ခုႏွစ္ တြင္ ဟာဗားနားၿမိဳ႕သည္ ႏိုင္ငံတြင္းတြင္ တတိယေျမာက္ ဝင္ေငြအေကာင္းဆုံးၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ခဲ့ေၾကာင္း သိရသည္။
ေခတ္သစ္ကာလ
ေခတ္ေပၚဟာဗားနားၿမိဳ႕ကို ၿမိဳ႕သုံးၿမိဳ႕ ေပါင္းစည္းထားသည္ကိုျမင္ေတြ႕ရေသာ ၿမိဳ႕တစ္ၿမိဳ႕ အျဖစ္ ေဖာ္ျပေျပာဆိုၾကၿပီး ၎တို႔မွာ ဟာဗားနား ၿမိဳ႕ေဟာင္းျမဴနီစီပယ္၊ Vedado ရပ္ကြက္ႏွင့္ ဆင္ေျခဖုံး ခ႐ိုင္အသစ္မ်ားျဖစ္ေၾကာင္းသိရသည္။ ဟာဗားနား ၿမိဳ႕သည္ က်ဥ္းေျမာင္းေသာဝင္ေပါက္ကို ျဖတ္၍ဝင္ေရာက္သည့္ ပင္လယ္ေအာ္မွ အေနာက္ဘက္ႏွင့္ ေတာင္ဘက္အထိက်ယ္ျပန႔္ေၾကာင္းသိရ သည္။ ထို႔ျပင္ Almendares ျမစ္သည္ ဟာဗားနားၿမိဳ႕ကို ေတာင္ မွေျမာက္သို႔ျဖတ္သန္းသြားၿပီး ပင္လယ္ ေအာ္၏ အေနာက္ဘက္ မိုင္အနည္းငယ္အကြာတြင္ ဖေလာ္ရီဒါ ေရလက္ၾကားသို႔ ဝင္ေရာက္သြား ေၾကာင္း သိရသည္။ ဟာဗားနားၿမိဳ႕သည္ ႏွစ္စဥ္ကမာၻလွည့္ခရီးသြားတစ္သန္းေက်ာ္ကို ဆြဲေဆာင္လ်က္ ရွိၿပီး (၂၀၁၀) ျပည့္ႏွစ္တြင္ ႏိုင္ငံတကာခရီးသြား (၁၁၇၆၆၂၇) ဦးလာေရာက္လည္ပတ္ခဲ့ၿပီး (၂၀ဝ၅)ခုႏွစ္ ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက (၂၀)ရာခိုင္ႏႈန္း တိုးလာေၾကာင္း သိရသည္။ (၁၉၈၂)ခုႏွစ္တြင္ ဟာဗားနားၿမိဳ႕ ေဟာင္းကို ယူနက္စကိုကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္ ေနရာတစ္ခုအျဖစ္ တရားဝင္သတ္မွတ္ခဲ့ေၾကာင္း သိရသည္။
စီးပြားေရး
ဟာဗားနားၿမိဳ႕တြင္ ကုန္ထုတ္လုပ္မႈ၊ ေဆာက္လုပ္ေရး၊ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၊ ဇီဝနည္းပညာႏွင့္ ခရီးသြားလာေရးကဲ့သို႔ ေသာ က႑အမ်ိဳးမ်ိဳးပါရွိသည့္ ကြဲျပားေသာစီးပြားေရးတစ္ခုရွိ သည္။ ထို႔ျပင္ ဟာဗားနားၿမိဳ႕၏ စီးပြားေရးသည္ ၎၏တည္ေနရာအေပၚအေျခခံၿပီး ဖြံ႕ၿဖိဳးတိုးတက္ခဲ့ ကာ ကမာၻသစ္တြင္ အေစာပိုင္း ႀကီးမားေသာ ကုန္သြယ္ေရးစင္တာမ်ားထဲမွ တစ္ခုျဖစ္လာေစခဲ့ေၾကာင္း သိရသည္။ သၾကားႏွင့္ကြၽန္ေရာင္းဝယ္ ေဖာက္ကားမႈထြန္းကားလာျခင္းသည္ ဟာဗားနားၿမိဳ႕သို႔ ခ်မ္းသာ ႂကြယ္ဝမႈမ်ားကို ယူေဆာင္လာႏိုင္ခဲ့ၿပီးေနာက္ပိုင္းတြင္ လြတ္လပ္ေရးရခဲ့ၿပီးေနာက္ ၎သည္ နာမည္ ေက်ာ္ၾကားေသာ အပန္းေျဖစခန္းတစ္ခုျဖစ္လာခဲ့ေၾကာင္းသိရသည္။ က်ဴးဘား သမၼတေဟာင္း ဖီဒယ္ ကတ္စထ႐ို၏အစိုးရသည္ က်ဴးဘား ႏိုင္ငံ၏စက္မႈလုပ္ငန္းမ်ားကို ကြၽန္း၏အစိတ္အပိုင္း အားလုံးသို႔ ျဖန႔္ၾကက္ခ်ထားရန္ ႀကိဳးပမ္းမႈမ်ားရွိခဲ့ ေသာ္လည္း ဟာဗားနားၿမိဳ႕သည္ ႏိုင္ငံ၏စက္မႈလုပ္ငန္း အမ်ားစု ၏ အခ်က္အခ်ာေနရာတစ္ခုအျဖစ္ တည္ရွိေနဆဲျဖစ္ေၾကာင္းသိရသည္။ က်ဴးဘားႏိုင္ငံ၏ စီးပြာေရး လုပ္ငန္းကို ရာစုႏွစ္သုံးခုၾကာေအာင္ အေျချပဳခဲ့သည့္႐ိုးရာသၾကားလုပ္ငန္းသည္ ကြၽန္းေပၚ ရွိ အျခား ေနရာမ်ားတြင္ ဗဟိုျပဳထားၿပီး ပို႔ကုန္စီးပြားေရး၏ ေလးပုံသုံးပုံခန႔္ကိုထိန္းခ်ဳပ္ထားေၾကာင္းသိရ သည္။ သို႔ေသာ္လည္း အေသးစားထုတ္လုပ္ေရးစက္ ႐ုံမ်ား၊ အသားထုပ္ပိုးစက္႐ုံမ်ား၊ ဓါတုေဗဒ ႏွင့္ေဆးဝါးလုပ္ ငန္းမ်ားသည္ ဟာဗားနားၿမိဳ႕တြင္အေျခစိုက္ထားသည္။ ထို႔ျပင္ သေဘၤာတည္ေဆာက္မႈ၊ ေမာ္ေတာ္ ယာဥ္ ထုတ္လုပ္ေရး၊ အရက္အေဖ်ာ္ယမကာမ်ား(အထူးသျဖင့္ရမ္)၊ အထည္အလိပ္ႏွင့္ေဆး႐ြက္ ႀကီး ထြက္ကုန္မ်ား အထူးသျဖင့္ ကမာၻေက်ာ္ Habanos ေဆးျပင္းလိပ္မ်ားႏွင့္အတူ အျခားေသာ စား ေသာက္ကုန္ထုတ္လုပ္သည့္လုပ္ငန္းမ်ားသည္လည္း အေရးပါေၾကာင္းသိရသည္။ က်ဴးဘားႏိုင္ငံသို႔ တင္ သြင္းမႈမ်ားႏွင့္တင္ပို႔မႈမ်ား၏ (၅၀)ရာခိုင္ႏႈန္းခန႔္ သည္ ဟာဗားနားၿမိဳ႕မွျဖတ္သန္းသြားၿပီး ဟာဗားနား ဆိပ္ကမ္းသည္ ငါးဖမ္းလုပ္ငန္းမ်ားကို ပံ့ပိုးေပးထား ေၾကာင္းလည္းသိရသည္။ (၂၀ဝဝ)ျပည့္ႏွစ္တြင္ ဟာ ဗားနားၿမိဳ႕၏ တရားဝင္မွတ္တမ္းတင္ထားေသာ အလုပ္သမားအင္အား၏ (၈၉)ရာခိုင္ႏႈန္းနီးပါးသည္ အစိုးရ ေအဂ်င္စီမ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ စီးပြားေရး လုပ္ငန္းမ်ားအတြက္အလုပ္လုပ္ခဲ့ၾကၿပီး ပ်မ္းမွ် အားျဖင့္ ဟာဗားနားသည္ ႏိုင္ငံ၏ဝင္ေငြအမ်ားဆုံးႏွင့္ လူသားဖြံ႕ၿဖိဳးတိုးတက္မႈအòန္းကိန္းမ်ားရွိသည့္ ၿမိဳ႕လည္းျဖစ္သည္။ သို႔ေသာ္လည္း ဆိုဗီယက္ျပည္ေထာင္စုၿပိဳကြဲသြားၿပီးေနာက္ က်ဴးဘားႏိုင္ငံသည္ ျပန္လည္ထူေထာင္ေရးအတြက္ အဓိကလုပ္ငန္းႀကီး တစ္ခုအေနျဖင့္ ခရီးသြားလုပ္ငန္းကို အေလးေပးခဲ့ ၿပီး လက္ရွိအခ်ိန္တြင္ ခရီးသြားလုပ္ငန္းသည္ ဟာဗားနားၿမိဳ႕ႏွင့္က်ဴးဘားႏိုင္ငံ၏ အဓိကစီးပြားေရးအ ရင္းအျမစ္ ျဖစ္ေနၿပီျဖစ္ေၾကာင္းလည္းသိရသည္။