(၃)ရက်တိုင်ကျင်းပခဲ့သည့် Myanmar International Auto Expo ပွဲတွင် ICE နှင့် EV Car Brand(၂၀)နီးပါး ပါဝင်ပြသခဲ့

 270

သန့်ဇင် (NP News) - ဇူလိုင် ၂၀
(၃)ရက်တိုင်ကျင်းပခဲ့သည့် Myanmar International Auto Expo ပွဲတွင် ICEနှင့် EV Car Brand(၂၀)နီးပါးပါဝင်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲကြီးကို ဇူလိုင်လ (၁၈)ရက်မှ (၂၀)ရက်အထိ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဦးထွန်းငြိမ်းလမ်း၊ အင်းယားလိတ်(Inya Lake Hotel) ဟိုတယ်ဝင်း၊ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ(YCC)တွင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီပြပွဲမှာတော့ ဆီကားနဲ့ EVကား Car Brand(၂၀)နီးပါးပါဝင်ပြသနေပါတယ်။ နာမည်ကြီး Car Brand တွေလည်းပါတယ်။ နောက်ပြီး တော့ ပြည်ပကအလုံးလိုက်သွင်းတဲ့ကားတွေနဲ့ ပြည်တွင်းမှာ တစ်စိတ်တစ်ပိုင်းတပ်ဆင်ထားတဲ့ ကားတွေကို ပြသနေတာဖြစ်ပါတယ်”ဟု ပြပွဲတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ပြပွဲအတွင်း Brand-New Cars များစွာပါဝင်ပြသခဲ့ပြီး ပြပွဲအတွင်း ဝယ်ယူသူများအတွက်လည်း အထူးလျှော့ဈေးနှင့် Lucky Draw အစီအစဉ်များလည်းပါဝင်ကြောင်း သိရသည်။
ထို့နောက် Myanmar International Auto Expoပွဲတွင် AUNG KANBO ကုမ္ပဏီက FORTHING EV ကား၏ Performance ပိုင်းနှင့် Battery Capacity ကိုအများသိစေရန်ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ပြသခဲ့ကြောင်းလည်း AUNG KANBO ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“အဲဒီကားကတော့ ကျွန်တော်တို့ AUNG KANBO က FORTHING Brand ကို မြန်မာပြည်မှာ တစ်ဦးတည်းကိုယ်စာလှယ်အနေနဲ့ တင်သွင်း ရောင်းချတယ်ပေါ့။ Service ပိုင်းရော စပယ်ယာပိုင်းကော AUNG KANBO ကပဲ တာဝန်ပြီးတော့ ရောင်းချနေပါတယ်ပေါ့။ အဲဒီပွဲလေးမှာ ပါဝင်ရတဲ့အကြောင်းကတော့ Myanmar International Expo ပွဲလည်းဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့ ကားတွေချည်းပဲ ICE တွေ EV တွေ အစုံပြသရတယ်ဆိုတော့ ကျွန်တော် FORTHING အနေနဲ့လည်း ဝင်ရောက် Join ရတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ပြပွဲအတွင်း Car Brand ပေါင်းစုံအပြင် EV Charging ပစ္စည်းများနှင့် အခြားသော လျှပ်စစ်နှင့်ပတ်သက်သည့် ပစ္စည်းများ အပါအဝင် စားသောက်ကုန်နှင့်အခြားပစ္စည်းများလည်း ပါဝင်ပြသခဲ့ကြောင်း သိရသည်။

(၃)ရက္တိုင္က်င္းပခဲ့သည့္ Myanmar International Auto Expo ပြဲတြင္ ICE ႏွင့္ EV Car Brand(၂၀)နီးပါး ပါဝင္ျပသခဲ့
သန႔္ဇင္ (NSS) - ဇူလိုင္ ၂၀
(၃)ရက္တိုင္က်င္းပခဲ့သည့္ Myanmar International Auto Expo ပြဲတြင္ ICEႏွင့္ EV Car Brand(၂၀)နီးပါးပါဝင္ျပသခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျပပြဲႀကီးကို ဇူလိုင္လ (၁၈)ရက္မွ (၂၀)ရက္အထိ ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ ဦးထြန္းၿငိမ္းလမ္း၊ အင္းယားလိတ္(Inya Lake Hotel) ဟိုတယ္ဝင္း၊ ရန္ကုန္ကြန္ဗန္းရွင္းစင္တာ(YCC)တြင္က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီျပပြဲမွာေတာ့ ဆီကားနဲ႔ EVကား Car Brand(၂၀)နီးပါးပါဝင္ျပသေနပါတယ္။ နာမည္ႀကီး Car Brand ေတြလည္းပါတယ္။ ေနာက္ၿပီး ေတာ့ ျပည္ပကအလုံးလိုက္သြင္းတဲ့ကားေတြနဲ႔ ျပည္တြင္းမွာ တစ္စိတ္တစ္ပိုင္းတပ္ဆင္ထားတဲ့ ကားေတြကို ျပသေနတာျဖစ္ပါတယ္”ဟု ျပပြဲတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ျပပြဲအတြင္း Brand-New Cars မ်ားစြာပါဝင္ျပသခဲ့ၿပီး ျပပြဲအတြင္း ဝယ္ယူသူမ်ားအတြက္လည္း အထူးေလွ်ာ့ေဈးႏွင့္ Lucky Draw အစီအစဥ္မ်ားလည္းပါဝင္ေၾကာင္း သိရသည္။
ထို႔ေနာက္ Myanmar International Auto Expoပြဲတြင္ AUNG KANBO ကုမၸဏီက FORTHING EV ကား၏ Performance ပိုင္းႏွင့္ Battery Capacity ကိုအမ်ားသိေစရန္ရည္႐ြယ္ခ်က္ျဖင့္ ဝင္ေရာက္ျပသခဲ့ေၾကာင္းလည္း AUNG KANBO ကုမၸဏီမွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။
“အဲဒီကားကေတာ့ ကြၽန္ေတာ္တို႔ AUNG KANBO က FORTHING Brand ကို ျမန္မာျပည္မွာ တစ္ဦးတည္းကိုယ္စာလွယ္အေနနဲ႔ တင္သြင္း ေရာင္းခ်တယ္ေပါ့။ Service ပိုင္းေရာ စပယ္ယာပိုင္းေကာ AUNG KANBO ကပဲ တာဝန္ၿပီးေတာ့ ေရာင္းခ်ေနပါတယ္ေပါ့။ အဲဒီပြဲေလးမွာ ပါဝင္ရတဲ့အေၾကာင္းကေတာ့ Myanmar International Expo ပြဲလည္းျဖစ္တယ္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ကားေတြခ်ည္းပဲ ICE ေတြ EV ေတြ အစုံျပသရတယ္ဆိုေတာ့ ကြၽန္ေတာ္ FORTHING အေနနဲ႔လည္း ဝင္ေရာက္ Join ရတဲ့ ရည္႐ြယ္ခ်က္ျဖစ္ပါတယ္”ဟု အထက္ပါ တာဝန္ရွိသူက ေျပာသည္။
အဆိုပါ ျပပြဲအတြင္း Car Brand ေပါင္းစုံအျပင္ EV Charging ပစၥည္းမ်ားႏွင့္ အျခားေသာ လွ်ပ္စစ္ႏွင့္ပတ္သက္သည့္ ပစၥည္းမ်ား အပါအဝင္ စားေသာက္ကုန္ႏွင့္အျခားပစၥည္းမ်ားလည္း ပါဝင္ျပသခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.