ဆန္ဒအလျောက် ပြည်သူ့စစ်မှုထမ်းရန်ဝင်ရောက်မှု ပေါက်မြို့နယ်၌ မြင့်တက်နေ

1128

Pearl (NP News)
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ရပ်ရွာဒေသကာကွယ်ရန် မိမိဆန္ဒအလျောက် ပြည် သူ့စစ်အတွင်းသို့ ဝင်ရောက်လိုသူ များလာကြောင်း ဒေသခံများထံ NP News မှ ဆက်သွယ်မေးမြန်း ထားသည့်အချက်အလက်များအရ သိရသည်။
ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာဆက်လမ်းများ၊ ကားလမ်မများအတွင်း မိုင်းထောင်မှုများ ကြောင့် ဒေသခံများအနေဖြင့် သွားရေးလာရေး ခက်ခဲသည့်အပြင် စိုက်ပျိုးမြေများတွင်လည်း မိုင်း ထောင်မှုများပြုလုပ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းအများစု လုပ်ကိုင်ရာတွင် အခက်အခဲများ ကြုံ တွေ့နေရသည်မှာ (၃)နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
“စိုက်ပျိုးမြေတွေ မစိုက်ပျိုးဖြစ်ကြတော့ဘူး။ မိုင်းကွဲတာနဲ့ ဘာနဲ့ ဆိုတော့။ ရွာနဲ့ အနီးအနားက အခင်းတွေလောက်ပဲ စိုက်နိုင်တယ်။ ချဉ်ပေါင်ပင်တို့ ဘူးပင်တို့ စပါးတို့ပေါ့။ အခက်အခဲတွေက မျိုးစုံပါ ပဲ။ စိုက်ပျိုးရေးတွေမလုပ်နိုင်တာ (၃) နှစ် (၄) နှစ်ဖြစ် ပြီ။ ဒေသခံတွေကတော့ အကြောက်တရားနဲ့ သွား ရလာရ ဖြတ်သန်းရတာပေါ့။ (၂၀၂၁)၊ (၂၀၂၂)၊ (၂၀၂၃) ခုနှစ်တွေမှာ သူတို့ သိပ်မသိသေးဘူး။ (၂၀၂၄ ) မှာ နည်းနည်းလေး PDF တွေရဲ့ လုပ်ရပ်တွေ သိလာတယ်။ (၂၀၂၅) ခုနှစ်မှာ လုံးဝကို စစ်မှုထမ်းလိုစိတ်များ လာတယ်။ မြေပြင်မှာ ဖြစ်ပျက်နေ တာကိုတော်တော်များများ သိသွားကြပြီလေ။ ကိုယ့် ရွာ ကိုယ့်ဒေသ ပျက်စီးမှာလည်းကြောက် PDF တွေ ရဲ့လုပ်ရပ်တွေလည်း တဖြည်းဖြည်း သိလာရတဲ့အခါကျတော့ သူတို့ ရဲ့စိတ်က အလိုလို ကာကွယ်ချင်စိတ် ဖြစ်ကုန်တာ။ တော်တော်များများဆိုရင် မစည်းရုံးရဘူး” ဟု ပြည် သူ့စစ်အဖွဲ့များနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ဒေသခံများအနေဖြင့် PDF အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ရပ်ရွာဒေသ ကာကွယ်ရန် မိမိဆန္ဒအလျောက် ပြည်သူ့စစ်အတွင်း ဝင်ရောက်လိုသူ၊ စစ်မှုထမ်းလိုသူများလာကြောင်း လည်း သိရသည်။ “အကုန်လုံးက တစ်သွေးတည်းတစ်သားတည်းဖြစ်သွားတယ်။ ကိုယ့်ရွာ ကိုယ့်ဒေသ ပျက်စီးမယ်ဆိုတာ တော်တော်များများက လက်မခံချင်တော့ဘူး။ အရင်ကဆို အနီအားပေးတယ်ဆိုရင် တောင် အခုနောက်ပိုင်းမှာ သူတို့ကို စည်းရုံးစရာတောင်မလိုတော့ဘူး။ ပြည်သူ့စစ်လုပ်ပါလား စစ်မှု ထမ်းပါလား စည်းရုံစရာတောင် မလိုတော့ဘူး။ ပြောစရာ မလိုတော့ဘူး။ သူတို့စိတ်ခံစားချက်ကိုက ကိုယ့်ဒေသ မီးရှို့ခံရမှာတို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း မီးရှို့ခံရမှာတို့ သူတို့အတွေးမှာ ဖြစ်လာပြီ။ အဲဒါကြောင့် ပြည်သူ့စစ်အင်အားကကောင်းကြတယ်။ ဒါပေမဲ့ ခဲယမ်းအတွက် နည်းနည်း ပြဿနာ ရှိ တယ်။ စားနပ်ရိက္ခာလည်း အခက်အခဲတော့ရှိတာပေါ့။ စစ်ကြောင်းလာမှ ဈေးတွေလည်းဝယ်ရ (၃) လစာ ၊ (၄) လစာပေါ့။ အဓိကကတော့ ဆားပေါ့။ ဆားရှိရင်တောင် စားရသောက်ရ အဆင်ပြေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
PDF အဖွဲ့အနေဖြင့် ပေါက်မြို့နယ် အ တွင်းရှိ အချို့ကျေးရွာများအတွင်းသို့ ဒရုန်းများဖြင့် ဗုံးသီး များ၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုများ မကြာခဏပြုလုပ်လျက်ရှိပြီး ကျေးရွာဆက်လမ်းများ၊ ကားလမ်းမများတွင် မိုင်းထောင်သည့်အခါအတွင်လည်း (၂)ဆင့်၊ (၃)ဆင့် ထပ်၍ မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ဆႏၵအေလ်ာက္ ျပည္သူ႔စစ္မႈထမ္းရန္ဝင္ေရာက္မႈ ေပါက္ၿမိဳ႕နယ္၌ ျမင့္တက္ေန
Pearl (NP News)
မေကြးတိုင္းေဒသႀကီး ေပါက္ၿမိဳ႕နယ္တြင္ ရပ္႐ြာေဒသကာကြယ္ရန္ မိမိဆႏၵအေလ်ာက္ ျပည္ သူ႔စစ္အတြင္းသို႔ ဝင္ေရာက္လိုသူ မ်ားလာေၾကာင္း ေဒသခံမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္း ထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
ေပါက္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာဆက္လမ္းမ်ား၊ ကားလမ္မမ်ားအတြင္း မိုင္းေထာင္မႈမ်ား ေၾကာင့္ ေဒသခံမ်ားအေနျဖင့္ သြားေရးလာေရး ခက္ခဲသည့္အျပင္ စိုက္ပ်ိဳးေျမမ်ားတြင္လည္း မိုင္း ေထာင္မႈမ်ားျပဳလုပ္သည့္အတြက္ စိုက္ပ်ိဳးေရးလုပ္ငန္းအမ်ားစု လုပ္ကိုင္ရာတြင္ အခက္အခဲမ်ား ႀကဳံ ေတြ႕ေနရသည္မွာ (၃)ႏွစ္ေက်ာ္ခန႔္ ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း သိရသည္။
“စိုက္ပ်ိဳးေျမေတြ မစိုက္ပ်ိဳးျဖစ္ၾကေတာ့ဘူး။ မိုင္းကြဲတာနဲ႔ ဘာနဲ႔ ဆိုေတာ့။ ႐ြာနဲ႔ အနီးအနားက အခင္းေတြေလာက္ပဲ စိုက္ႏိုင္တယ္။ ခ်ဥ္ေပါင္ပင္တို႔ ဘူးပင္တို႔ စပါးတို႔ေပါ့။ အခက္အခဲေတြက မ်ိဳးစုံပါ ပဲ။ စိုက္ပ်ိဳးေရးေတြမလုပ္ႏိုင္တာ (၃) ႏွစ္ (၄) ႏွစ္ျဖစ္ ၿပီ။ ေဒသခံေတြကေတာ့ အေၾကာက္တရားနဲ႔ သြား ရလာရ ျဖတ္သန္းရတာေပါ့။ (၂၀၂၁)၊ (၂၀၂၂)၊ (၂၀၂၃) ခုႏွစ္ေတြမွာ သူတို႔ သိပ္မသိေသးဘူး။ (၂၀၂၄ ) မွာ နည္းနည္းေလး PDF ေတြရဲ႕ လုပ္ရပ္ေတြ သိလာတယ္။ (၂၀၂၅) ခုႏွစ္မွာ လုံးဝကို စစ္မႈထမ္းလိုစိတ္မ်ား လာတယ္။ ေျမျပင္မွာ ျဖစ္ပ်က္ေန တာကိုေတာ္ေတာ္မ်ားမ်ား သိသြားၾကၿပီေလ။ ကိုယ့္ ႐ြာ ကိုယ့္ေဒသ ပ်က္စီးမွာလည္းေၾကာက္ PDF ေတြ ရဲ႕လုပ္ရပ္ေတြလည္း တျဖည္းျဖည္း သိလာရတဲ့အခါက်ေတာ့ သူတို႔ ရဲ႕စိတ္က အလိုလို ကာကြယ္ခ်င္စိတ္ ျဖစ္ကုန္တာ။ ေတာ္ေတာ္မ်ားမ်ားဆိုရင္ မစည္း႐ုံးရဘူး” ဟု ျပည္ သူ႔စစ္အဖြဲ႕မ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ေဒသခံမ်ားအေနျဖင့္ PDF အဖြဲ႕၏ အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ ရပ္႐ြာေဒသ ကာကြယ္ရန္ မိမိဆႏၵအေလ်ာက္ ျပည္သူ႔စစ္အတြင္း ဝင္ေရာက္လိုသူ၊ စစ္မႈထမ္းလိုသူမ်ားလာေၾကာင္း လည္း သိရသည္။ “အကုန္လုံးက တစ္ေသြးတည္းတစ္သားတည္းျဖစ္သြားတယ္။ ကိုယ့္႐ြာ ကိုယ့္ေဒသ ပ်က္စီးမယ္ဆိုတာ ေတာ္ေတာ္မ်ားမ်ားက လက္မခံခ်င္ေတာ့ဘူး။ အရင္ကဆို အနီအားေပးတယ္ဆိုရင္ ေတာင္ အခုေနာက္ပိုင္းမွာ သူတို႔ကို စည္း႐ုံးစရာေတာင္မလိုေတာ့ဘူး။ ျပည္သူ႔စစ္လုပ္ပါလား စစ္မႈ ထမ္းပါလား စည္း႐ုံစရာေတာင္ မလိုေတာ့ဘူး။ ေျပာစရာ မလိုေတာ့ဘူး။ သူတို႔စိတ္ခံစားခ်က္ကိုက ကိုယ့္ေဒသ မီးရႈိ႕ခံရမွာတို႔ စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္း မီးရႈိ႕ခံရမွာတို႔ သူတို႔အေတြးမွာ ျဖစ္လာၿပီ။ အဲဒါေၾကာင့္ ျပည္သူ႔စစ္အင္အားကေကာင္းၾကတယ္။ ဒါေပမဲ့ ခဲယမ္းအတြက္ နည္းနည္း ျပႆနာ ရွိ တယ္။ စားနပ္ရိကၡာလည္း အခက္အခဲေတာ့ရွိတာေပါ့။ စစ္ေၾကာင္းလာမွ ေဈးေတြလည္းဝယ္ရ (၃) လစာ ၊ (၄) လစာေပါ့။ အဓိကကေတာ့ ဆားေပါ့။ ဆားရွိရင္ေတာင္ စားရေသာက္ရ အဆင္ေျပတယ္” ဟု ၎က ဆက္လက္ေျပာသည္။
PDF အဖြဲ႕အေနျဖင့္ ေပါက္ၿမိဳ႕နယ္ အ တြင္းရွိ အခ်ိဳ႕ေက်း႐ြာမ်ားအတြင္းသို႔ ဒ႐ုန္းမ်ားျဖင့္ ဗုံးသီး မ်ား၊ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္မႈမ်ား မၾကာခဏျပဳလုပ္လ်က္ရွိၿပီး ေက်း႐ြာဆက္လမ္းမ်ား၊ ကားလမ္းမမ်ားတြင္ မိုင္းေထာင္သည့္အခါအတြင္လည္း (၂)ဆင့္၊ (၃)ဆင့္ ထပ္၍ မိုင္းေထာင္ျခင္းမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။