ရွှေအရည်အသွေးကို X.ray စက်ဖြင့်စစ်ပေးမည်

 804

NP News ဇူလိုင် (၂၂)ရက်
ဝယ်ယူစဉ် ဘောက်ချာမှာပါရှိသော ရွှေပါဝင်မှုနှုန်းနှင့် ရွှေအရည်အသွေးအရ ပြည့်စုံမှုရှိမရှိကို XRF machine (X.ray) ဖန်ချောင်းစက်ဖြင့် မကြာခင်စစ်ဆေးပေးမယ်ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် (FMGEA) က ထုတ်ပြန်ထားသည်။
သတ်မှတ်ကာလအတွင်းမှာ မည်သည့်ရွှေဆိုင်မှ ဝယ်ယူလာသော မည်သည့် ရွှေထည်ပစ္စည်းကိုမဆို ဘောက်ချာတွင်ပါဝင်သောရွှေအမျိုးအစား နှင့် ရွှေအရည်အသွေး စံချိန်စံညွှန်းအရ ပြည့်မီရမှာဖြစ်ပြီး စစ်ဆေးအပြီးတွင် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်မှ အရည်အသွေးထောက်ခံချက်ထုတ်ပေးမယ်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးရန်အတွက် ရွှေဆိုင်ဘောက်ချာဟာ စတင်စစ်ဆေးသည့်အချိန်နှင့်ကိုက်ညီရမှာဖြစ်ပြီး စတင်စစ်ဆေးသည့် အချိန်ကာလ မတိုင်ခင်ဝယ်ယူထားရှိသောဘောက်ချာ အဟောင်းများ၏ ရွှေထည် ပစ္စည်းများစစ်ဆေးပေးမှာမဟုတ်ဘူးကြောင်း ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
အဆိုပါ အစီအစဉ်ကို များမကြာမီ စတင်ဆောင်ရွက်ပေးမှာဖြစ်သလို ရွှေချစ်သူစားသုံးသူများ မနစ်နာစေရေးအတွက် စားသုံးသူကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းကာ ဆောင်ရွက်ပေးမည်ဟု သိရသည်။

Zawgyi Version:
ေ႐ႊအရည္အေသြးကို X.ray စက္ျဖင့္စစ္ေပးမည္
NP News ဇူလိုင္ (၂၂)ရက္
ဝယ္ယူစဥ္ ေဘာက္ခ်ာမွာပါရွိေသာ ေ႐ႊပါဝင္မႈႏႈန္းႏွင့္ ေ႐ႊအရည္အေသြးအရ ျပည့္စုံမႈရွိမရွိကို XRF machine (X.ray) ဖန္ေခ်ာင္းစက္ျဖင့္ မၾကာခင္စစ္ေဆးေပးမယ္ဟု ျမန္မာႏိုင္ငံေ႐ႊလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (FMGEA) က ထုတ္ျပန္ထားသည္။
သတ္မွတ္ကာလအတြင္းမွာ မည္သည့္ေ႐ႊဆိုင္မွ ဝယ္ယူလာေသာ မည္သည့္ ေ႐ႊထည္ပစၥည္းကိုမဆို ေဘာက္ခ်ာတြင္ပါဝင္ေသာေ႐ႊအမ်ိဳးအစား ႏွင့္ ေ႐ႊအရည္အေသြး စံခ်ိန္စံၫႊန္းအရ ျပည့္မီရမွာျဖစ္ၿပီး စစ္ေဆးအၿပီးတြင္ ျမန္မာႏိုင္ငံေ႐ႊလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္မွ အရည္အေသြးေထာက္ခံခ်က္ထုတ္ေပးမယ္ျဖစ္ေၾကာင္း သိရသည္။
ယင္းသို႔ စစ္ေဆးရန္အတြက္ ေ႐ႊဆိုင္ေဘာက္ခ်ာဟာ စတင္စစ္ေဆးသည့္အခ်ိန္ႏွင့္ကိုက္ညီရမွာျဖစ္ၿပီး စတင္စစ္ေဆးသည့္ အခ်ိန္ကာလ မတိုင္ခင္ဝယ္ယူထားရွိေသာေဘာက္ခ်ာ အေဟာင္းမ်ား၏ ေ႐ႊထည္ ပစၥည္းမ်ားစစ္ေဆးေပးမွာမဟုတ္ဘူးေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖၚျပထားသည္။
အဆိုပါ အစီအစဥ္ကို မ်ားမၾကာမီ စတင္ေဆာင္႐ြက္ေပးမွာျဖစ္သလို ေ႐ႊခ်စ္သူစားသုံးသူမ်ား မနစ္နာေစေရးအတြက္ စားသုံးသူကာကြယ္ေရးအဖြဲ႕ႏွင့္ ပူးေပါင္းကာ ေဆာင္႐ြက္ေပးမည္ဟု သိရသည္။

Related news

© 2021. All rights reserved.