တရုတ်ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဖုန်မှုန့်နှင့် ဆူညံသံများကို ကာကွယ်ရန် ကမ္ဘာ့အကြီးဆုံး လေဖောင်းအမိုးခုံးကို အသုံးပြု

 488

Pika (NP News)
တရုတ်နိုင်ငံ Jinan မြို့ရှိ အာဏာပိုင်များသည် ဖုန်မှုန့်များနှင့် ဆူညံမှုများကို အနည်းဆုံး ဖြစ် အောင်ထိန်းသိမ်းရန်အတွက် အကျယ်အဝန်း (၂၀ဝဝဝ) စတုရန်းမီတာရှိသည့် ကမ္ဘာ့အကြီးဆုံး လေ ဖောင်းအမိုးခုံးကို တည်ဆောက်ခဲ့ကြောင်း သိရသည်။
မြို့ပြတည်ဆောက်ရေးသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ဝိုက်ရှိ ကြီးမားသောဧရိယာများ ကို ထိခိုက်စေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော်လည်း Jinan မြို့ရှိပရောဂျက်များက ကြီးမား သောဆောက်လုပ်ရေးလုပ်ငန်းခွင်များသည် ဆူညံမှုနှင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ပြီး အနီးနားရှိ အသိုင်းအဝိုင်းများနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်ကြောင်း အဆိုပါလေဖောင်းအမိုးခုံးနှင့် သက်သေပြခဲ့ခြင်းဖြစ်သည်။
အဆိုပါလေဖောင်းအမိုးခုံးသည် တရုတ်နိုင်ငံတွင် ပထမဆုံးလေဖောင်းအမိုးခုံးတစ်ခုဖြစ်ပြီး အမြင့်(၅၀)မီတာရှိကာ အကျယ်အဝန်းမှာ (၂၀ဝဝဝ)စတုရန်းမီတာရှိကြောင်းသိရသည်။ ယင်းလေဖောင်း အမိုးခုံးသည် ဖုန်မှုန့်များ အနီးပတ်ဝန်းကျင်သို့ မပျံ့နှံ့စေရန် ကာကွယ်ပေးပြီး အထဲတွင်ရှိသော အလုပ် သမားများအတွက် လေဝင်လေထွက် ကောင်းမွန်အောင် ဖန်တီးထားကြောင်းလည်းသိရသည်။
အဆိုပါ ဒီဇိုင်းသည် ထောက်တိုင်များကို မလိုအပ်မှုနှင့်အတူ အမြန်တပ်ဆင်ခြင်းနှင့် ဖြုတ်ခြင်း တို့ကို လုပ်ဆောင်နိုင်ပြီး ဆောက်လုပ်ရေးပြီးစီးသွားသည့်အခါတွင် အခြားဆိုက်များတွင် လျင်မြန်စွာ အသုံးပြုနိုင်ကြောင်းလည်းသိရသည်။ ထို့ပြင် Jinan ပရောဂျက်က အောင်မြင်စွာပြီးစီးခဲ့ပါက တရုတ် အာဏာပိုင်များသည် အဆိုပါ လေဖောင်း အမိုးခုံးများကို နိုင်ငံတစ်ဝန်းတွင် ပိုမိုဖြန့်ကြက်ချထားရန် စီစဉ် နေကြောင်းလည်းသိရသည်။

Zawgyi Version:
တ႐ုတ္ရွိေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ ဖုန္မႈန႔္ႏွင့္ ဆူညံသံမ်ားကို ကာကြယ္ရန္ ကမာၻ႔အႀကီးဆုံး
ေလေဖာင္းအမိုးခုံးကို အသုံးျပဳ
Pika (NP News)
တ႐ုတ္ႏိုင္ငံ Jinan ၿမိဳ႕ရွိ အာဏာပိုင္မ်ားသည္ ဖုန္မႈန႔္မ်ားႏွင့္ ဆူညံမႈမ်ားကို အနည္းဆုံး ျဖစ္ ေအာင္ထိန္းသိမ္းရန္အတြက္ အက်ယ္အဝန္း (၂၀ဝဝဝ) စတုရန္းမီတာရွိသည့္ ကမာၻ႔အႀကီးဆုံး ေလ ေဖာင္းအမိုးခုံးကို တည္ေဆာက္ခဲ့ေၾကာင္း သိရသည္။
ၿမိဳ႕ျပတည္ေဆာက္ေရးသည္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ဝိုက္ရွိ ႀကီးမားေသာဧရိယာမ်ား ကို ထိခိုက္ေစသည့္ စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္ေသာ္လည္း Jinan ၿမိဳ႕ရွိပေရာဂ်က္မ်ားက ႀကီးမား ေသာေဆာက္လုပ္ေရးလုပ္ငန္းခြင္မ်ားသည္ ဆူညံမႈႏွင့္ ေလထုညစ္ညမ္းမႈကို ေလွ်ာ့ခ်ႏိုင္ၿပီး အနီးနားရွိ အသိုင္းအဝိုင္းမ်ားႏွင့္ သဘာဝပတ္ဝန္းက်င္ကို ကာကြယ္ႏိုင္ေၾကာင္း အဆိုပါေလေဖာင္းအမိုးခုံးႏွင့္ သက္ေသျပခဲ့ျခင္းျဖစ္သည္။
အဆိုပါေလေဖာင္းအမိုးခုံးသည္ တ႐ုတ္ႏိုင္ငံတြင္ ပထမဆုံးေလေဖာင္းအမိုးခုံးတစ္ခုျဖစ္ၿပီး အျမင့္(၅၀)မီတာရွိကာ အက်ယ္အဝန္းမွာ (၂၀ဝဝဝ)စတုရန္းမီတာရွိေၾကာင္းသိရသည္။ ယင္းေလေဖာင္း အမိုးခုံးသည္ ဖုန္မႈန႔္မ်ား အနီးပတ္ဝန္းက်င္သို႔ မပ်ံ႕ႏွံ႔ေစရန္ ကာကြယ္ေပးၿပီး အထဲတြင္ရွိေသာ အလုပ္ သမားမ်ားအတြက္ ေလဝင္ေလထြက္ ေကာင္းမြန္ေအာင္ ဖန္တီးထားေၾကာင္းလည္းသိရသည္။
အဆိုပါ ဒီဇိုင္းသည္ ေထာက္တိုင္မ်ားကို မလိုအပ္မႈႏွင့္အတူ အျမန္တပ္ဆင္ျခင္းႏွင့္ ျဖဳတ္ျခင္း တို႔ကို လုပ္ေဆာင္ႏိုင္ၿပီး ေဆာက္လုပ္ေရးၿပီးစီးသြားသည့္အခါတြင္ အျခားဆိုက္မ်ားတြင္ လ်င္ျမန္စြာ အသုံးျပဳႏိုင္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ Jinan ပေရာဂ်က္က ေအာင္ျမင္စြာၿပီးစီးခဲ့ပါက တ႐ုတ္ အာဏာပိုင္မ်ားသည္ အဆိုပါ ေလေဖာင္း အမိုးခုံးမ်ားကို ႏိုင္ငံတစ္ဝန္းတြင္ ပိုမိုျဖန႔္ၾကက္ခ်ထားရန္ စီစဥ္ ေနေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.