နှစ်ပေါင်း (၄၀) ကျော်ကြာ လက်နက်ကိုင်တိုက်ခိုက်မှုကို စွန့်လွှတ်လိုက်တဲ့ တူကီယဲ P.K.K အဖွဲ့ အကြောင်း တစေ့တစောင်း

310

ဂျန်ဇက် (NP News)
တူကီယဲနိုင်ငံဟာ ဥရောပတိုက်ရှိနိုင်ငံတွေထဲမှာ အင်အားတောင့်တင်းတဲ့နိုင်ငံဖြစ်ပေမယ့် ပြည် တွင်းစစ်ပွဲတွေကိုရင်ဆိုင်ခဲ့ရတဲ့နိုင်ငံတွေထဲ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ တူကီယဲနိုင်ငံဟာ ပြည်တွင်းစစ်အဆုံးသတ်မယ့် အလားအလာကောင်းတွေရှိနေပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တူကီ ယဲအစိုးရကို နှစ်ပေါင်း (၄၀)ကျော်ကြာ လက်နက်ကိုင်တိုက်ခိုက်ခဲ့တဲ့ P.K.K လက်နက်ကိုင်အဖွဲ့က လက် နက်စွန့်လွှတ်မှုတွေစတင်လုပ်ဆောင်ခဲ့ပြီး ဇူလိုင်လ ဆန်ပိုင်းမှာ P.K.K တပ်ဖွဲ့ဝင်တချို့ဟာ လက်နက် တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ တူကီယဲလက်နက်ကိုင်အဖွဲ့ (P.K.K) ခေါင်းဆောင် အက်ဘ်ဒူလာအိုကာလန်ဟာ နှစ်ပေါင်း (၂၅)နှစ်အတွင်း ပထမဆုံးအကြိမ် ရုပ်သံထုတ် လွင့်ခဲ့ပြီး အဲဒီရုပ်သံထဲမှာ တူကီယဲအစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ၎င်းတို့ P.K.K အဖွဲ့ဝင်တွေ ဟာ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး နိုင်ငံရေးလုပ်ငန်းလုပ်ကိုင်သွားမယ်လို့ အတည်ပြုပြောဆိုခဲ့ ပါတယ်။
P.K.K အဖွဲ့ခေါင်းဆောင် အိုကာလန်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း လက်နက်စွန့်လွှတ်မယ့် အကြောင်းကို လူသိရှင်ကြားကြေညာခဲ့ပြီးနောက် ဇူလိုင်လအတွင်းမှာပဲ P.K.K အဖွဲ့ဝင်တွေဟာ လက် နက်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ P.K.K အဖွဲ့ခေါင်းဆောင်က “ကျွန်တော်တို့ဟာ လက်နက် ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး နိုင်ငံရေးနဲ့ တရားဥပဒေဘောင်အတွင်းဝင်ရောက်လုပ်ကိုင်မယ်။ ဒီလိုမျိုး လုပ်ကိုင်တာဟာ ရှုံးနိမ့်မှုတွေကြောင့်မဟုတ်ဘဲ သမိုင်းသစ်ရေးထိုးဖို့ဖြစ်တယ်” လို့ပြောပါတယ်။ တူကီ ယဲ ကာဒစ်စတန်ပြည်နယ်ရှိ ကာ့ဒ်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေရယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ (၁၉၈၀) ပြည့်နှစ်မှာ လက်နက်ကိုင်လမ်းစဉ်ကို စတင်လျှောက်လှမ်းခဲ့ပြီး တူကီယဲအစိုးရကို လက်နက် ကိုင်တိုက်ခိုက်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ P.K.K အဖွဲ့ရဲ့ နှစ်ပေါင်း(၄၀)ကျော်ကြာ ကိုယ်ပိုင်လွတ်လပ် ရေး ရယူနိုင်အောင်လှုပ်ရှားမှုအတွင်း လူပေါင်း(၄၀ဝဝဝ)ကျော်သေဆုံးခဲ့ပါတယ်။ P.K.K အဖွဲ့ကို တူကီယဲ အစိုးရအပြင် ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံတို့က အကြမ်းဖက်အဖွဲ့စည်းအဖြစ်သတ်မှတ်ထားပါတယ်။
P.K.K အဖွဲ့ဟာ တူကီယဲနိုင်ငံမှာ အခြေ ပြုလှုပ်ရှားရုံသာမက ဆီးရီးယားနယ်စပ်၊ အီရတ်နယ် စပ် ဒေသတွေမှာအခြေပြုလှုပ်ရှားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ရာ လက်နက်စွန့်လွှတ်လိုက်တာက ဆီးရီးယားနဲ့အီရတ်နိုင်ငံတို့အတွက်လည်း ဝမ်းသာစရာသတင်းဖြစ်စေခဲ့ပါတယ်။ ဇူလိုင်လဆန်းမှာ P.K.K အဖွဲ့ဝင်တွေ လက်နက်စွန့်လွှတ်ခြင်း အခမ်း အနားတွေကို အီရတ်နိုင်ငံမှာပြုလုပ်ခဲ့ပြီး လာမယ့် လပိုင်း တွေအတွင်းမှာလည်း လက်နက်စွန့်လွှတ်တဲ့ အခမ်းအနားတွေ ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိနေပါ တယ်။ တူကီယဲ သမ္မတ အာဒိုဂမ်က P.K.K အဖွဲ့ရဲ့ လက်နက်စွန့်လွှတ်မှုဟာ နိုင်ငံ့အနာဂတ်အတွက် အကျိုး ကျေးဇူးများစွာ ဖြစ်လာဖွယ်ရှိတယ်လို့ဆိုပါတယ်။
P.K.K လက်နက်ကိုင်အဖွဲ့ဟာ (၁၉၇၈) ခုနှစ်မှာ တူကီယဲနိုင်ငံအခြေစိုက် ကာဒစ်စတန်အလုပ် သမား ပါတီရဲ့ လက်နက်ကိုင်အဖွဲ့စည်းဖြစ်ပြီး တူကီယဲနိုင်ငံအရှေ့တောင်ပိုင်းရှိ ကာဒစ်စတန်ပြည်နယ် က တောတောင်တွေမှာအခြေစိုက်ပါတယ်။ P.K.K အဖွဲ့ဟာ ကာဒစ်စတန်အလုပ်သမားပါတီရဲ့ လက် နက်ကိုင်အဖွဲ့အဖြစ်စတင်ဖွဲ့စည်းချိန်တုန်းက ကာဒစ် လူမျိုးတွေအတွက် ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ ရည်ရွယ်ခဲ့ပေမယ့် (၁၉၉၀)ပြည့်နှစ်မှာ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဖို့၊ ကာဒစ်လူမျိုးတွေရဲ့ နိုင်ငံရေး၊ ယဉ် ကျေးမှုတွေရယူနိုင်ဖို့ပြောင်းလဲခဲ့ပါတယ်။ အဲဒီ လက်နက် ကိုင်အဖွဲ့ကို စတင်ဖွဲ့စည်းချိန်တုန်းက မက်စ် အတွေး အခေါ်နဲ့ တော်လှန်ရေးသဘောတရားတွေကိုအခြေခံပြီးဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ P.K.K အဖွဲ့ဟာ အဖွဲ့ဝင်အင်အား (၅၀ဝဝ)ကျော်ရှိတဲ့ လက် နက်ကိုင်အဖွဲ့အစည်းဖြစ်ရာ အင်အားတောင့် တင်းတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အမျိုးသမီးတပ်ဖွဲ့ဝင်တွေ လည်းရှိနေပါတယ်။ P.K.K အဖွဲ့ဟာ တူကီ ယဲ အစိုးရနဲ့ အရင်ကတည်းက အပစ်အခတ်ရပ်စဲရေးရယူ ဖို့ကြိုးပမ်းခဲ့ပေမယ့် သဘောတူညီချက် ချိုး ဖောက်မှုတွေကြောင့် အလုံးစုံလက်နက်ချတဲ့လမ်းကြောင်း ပေါ်အထိရောက်ရှိလာခြင်းမရှိဘဲ အပြန် အလှန် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေခဲ့တာမျိုးဖြစ်ပါတယ်။ တူကီယဲလုံခြုံရေးအဖွဲ့တွေဟာ (၁၉၉၉) ခုနှစ်မှာ P.K.K အဖွဲ့ခေါင်းဆောင်ဖြစ်သူ အက်ဘ်ဒူလာအိုကာလန်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး နောက် တူကီယဲအစိုးရနဲ့ P.K.K အဖွဲ့ကြား အပစ်အခတ် ရပ်စဲရေးရယူနိုင်မယ့်အခြေအနေတွေဖြစ်လာခဲ့ တယ်လို့ သိရပါတယ်။
တူကီယဲအစိုးရဟာ P.K.K အဖွဲ့ခေါင်းဆောင်ဖြစ်သူ အက်ဘ်ဒူလာအိုကာလန်ကိုဖမ်းဆီးနိုင်ခဲ့ပြီး နောက် သေဒဏ်အပြစ်ပေးခဲ့ပေမယ့် တူရကီအ စိုးရရဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းမှု အစိတ်အပိုင်းအဖြစ် သေဒဏ်အစား တစ်သက်တစ် ကျွန်း ပြစ်ဒဏ်ပြောင်းလဲခဲ့ပါတယ်။ (၂၀၁၃)ခုနှစ်မှာ P.K.K အဖွဲ့ဟာ တူကီယဲအစိုးရနဲ့ အပစ်အခတ်ရပ်စဲ ရေးရယူမယ်လို့ကြေညာခဲ့ဖူးပြီး တူရကီနိုင်ငံရဲ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် အစိတ်အပိုင်းတွေထဲမှာ ကာဒစ် စတန်ပြည်နယ် ပူးပေါင်းပါဝင်ဖို့စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ P.K.K အဖွဲ့ဟာ ၎င်းတို့တပ်ဖွဲ့ဝင်တွေ လျှော့ချ ရုပ်သိမ်းမှုပိုင်းလုပ်ကိုင်ရာမှာနှေးကွေးခဲ့ပြီး အစိုးရ နဲ့ အငြင်းပွားမှုတွေဖြစ်ပွားခဲ့ပြီး (၂၀၁၅)ခုနှစ်မှာ တူကီယဲအစိုးရနဲ့ P.K.K အဖွဲ့ကြားရရှိထားတဲ့ အပစ်အ ခတ် ရပ်စဲရေးက ကျိုးပျက်သွားကာတိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။ နှစ်ပေါင်း (၄၀)ကျော်အ တွင်း တူကီယဲအစိုးရနဲ့ P.K.K အဖွဲ့ကြား အပစ်အခတ် ရပ်စဲရေးရယူနိုင်မှုတွေရှိခဲ့ဖူးပေမယ့် ချိုးဖောက်မှု တွေကြောင့် ပျက်စီးခဲ့ရပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ တူရကီအစိုးရနဲ့ P.K.K အဖွဲ့ဟာ (၁၉၉၉) ခုနှစ်ကနေ (၂၀ဝ၄)ခုနှစ်အထိ အပစ်အ ခတ်ရပ်စဲရေးရယူနိုင်ခဲ့ပေမယ့် အလုံးစုံငြိမ်းချမ်းရေး အခြေအနေမျိုးကိုရောက်ရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ တူကီယဲလက်နက်ကိုင် P.K.K ဟာ အစိုးရကို လက်နက်ကိုင်တိုက်ခိုက်ချိန်အတွင်း မြို့ တွေမှာ ဗုံးခွဲတိုက်ခိုက်တာ၊ အသက်မပြည့်သေးသူ တွေကို လူသစ်စုဆောင်းတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတို့ လုပ်ကိုင်ခဲ့ပါတယ်။
(၂၀၂၅) ခုနှစ်မတ်လမှာတော့ P.K.K အဖွဲ့ဟာ တူကီယဲအစိုးရနဲ့ အပစ်အခတ်ရပ်စဲတယ်လို့ ကြေညာခဲ့ပြီး ၎င်းတို့အဖွဲ့ကို အလုံးစုံဖျက်သိမ်းမယ် လို့လည်း သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ P.K.K အ ဖွဲ့ဟာ နှစ်ပေါင်း (၄၀)ကျော်ကြာ ကျင်လည်လှုပ်ရှားချိန်အတွင်း အမျိုးသမီးလက်နက်ကိုင်အဖွဲ့၊ လူငယ် လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးကိုယ်စားပြုအဖွဲ့၊ လေ့ကျင့်ရေးအဖွဲ့တွေ စတဲ့အဖွဲ့စည်းအသီးသီးကို ထပ်မံ ဖွဲ့စည်းနိုင်ခဲ့ပြီး အစိုးရကို ဖိအားပေးတိုက်ခိုက်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ P.K.K အဖွဲ့ဟာ လက်ရှိအချိန် မှာ တူကီယဲအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးရယူကာ ငြိမ်းချမ်းရေးလမ်းကြောင်းကိုလျှောက်လှမ်းမှုနဲ့အတူ အီရတ်၊ တူကီယဲတို့ရဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေးလုပ်ငန်းတွေမှာလည်း ပူးပေါင်းပါဝင်ဖွယ်ရှိနေပါတယ်။ P.K.K လက်နက်ကိုင်အဖွဲ့နဲ့ တူကီယဲအစိုးရကြား ရရှိထားတဲ့သဘောတူညီမှုတွေအရ P.K.K အဖွဲ့ဝင် တွေဟာ အဖွဲ့လိုက် လက်နက်စွန့်လွှတ်တာတွေကို လုပ်ဆောင်သွားရမှာဖြစ်တဲ့အတွက် လာမယ့်လတွေ မှာလည်း P.K.K အဖွဲ့ဝင်တွေရဲ့လက်နက် ဖျက် သိမ်းခြင်းအခမ်းအနားတွေကို ထပ်မံလုပ်ဆောင်ဖွယ် ရှိ နေပါတယ်။ ဇူလိုင်လဆန်းကကျင်းပခဲ့တဲ့ P.K.K အဖွဲ့ဝင်တချို့ရဲ့ လက်နက်ဖျက်သိမ်းခြင်းကို တူကီယဲ အခြေစိုက် Dem ပါတီအပါအဝင် နိုင်ငံရေးသမား တွေနဲ့ပြည်သူတွေ တက်ရောက်အားပေးခဲ့တယ်လို့ သိ ရပါတယ်။
ဇူလိုင်လ(၁၀)ရက်ကကျင်းပခဲ့တဲ့ လက် နက်ဖျက်သိမ်းခြင်းအခမ်းနားကိုတက်ရောက်ခဲ့တဲ့ P.K.K အဖွဲ့ခေါင်းဆောင်တစ်ဦးက “ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ဆန္ဒနဲ့ ဆက်လက်လုပ်ဆောင်ရမယ့် လုပ် ငန်းတွေမလုပ်ခင် လက်နက်တွေကို ဖျက်သိမ်းမီး ရှို့ခဲ့တယ်”လို့ပြောပါတယ်။ တူကီယဲအစိုးရဟာ P.K.K အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးရယူနိုင်အောင်ကြိုးပမ်းခဲ့ပေမယ့် သဘောထားအမြင် ကွဲလွဲမှု တွေကြောင့် ရရှိခဲ့တဲ့ သဘောတူညီမှုတွေ ပျက်စီးခဲ့ပြီး တိုက်ပွဲတွေဖြစ်ခဲ့ရပါတယ်။ တူကီယဲ သမ္မတ အာဒိုဂမ်ဟာ P.K.K အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးရယူနိုင်ရေးကြိုးပမ်းမှုတွေကို လက်မလျှော့ဘဲ (၂၀၂၄) ခုနှစ်မှာ P.K.K အဖွဲ့ကို အကြမ်းဖက်ကင်းစင်တဲ့တူကီယဲနိုင်ငံဖြစ်အောင်လုပ်ဆောင်မယ့်လုပ် ငန်းစဉ်ကို စတင်ခဲ့ပြီး P.K.K အဖွဲ့ကိုဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။ တူကီယဲအစိုးရဟာ ကာဒစ်စတန် နိုင်ငံရေး ပါတီတစ်ခုဖြစ်တဲ့ Dem ပါတီကတစ်ဆင့် P.K.K အဖွဲ့ခေါင်းဆောင်နဲ့ဆွေးနွေးခဲ့ပြီး (၂၀၂၅)ခုနှစ် မတ်လ အတွင်းမှာ P.K.K အဖွဲ့ခေါင်းဆောင်က လက်နက်ဖျက်သိမ်းမယ့်အစီအစဉ်ကို လူ သိရှင်ကြားကြေညာခဲ့ ပါတယ်။ P.K.K အဖွဲ့ခေါင်းဆောင်အိုကာလန်က “P.K.K အဖွဲ့နဲ့ဆက်နွှယ်တဲ့ အဖွဲ့အစည်းအားလုံး လက် နက်ချရမယ်။ အဖွဲ့ကို ဖျက်သိမ်းမယ်}လို့ထုတ်ပြန်ခဲ့ပါတယ်။ တူကီယဲ သမ္မတကလည်း “ကြောက်မက် ဖွယ်ရာ တံတိုင်းကို ဖြို ချဖို့ သမိုင်းဝင်ခြေလှမ်းတစ်လှမ်းလှမ်းဖို့အခွင့်အလမ်းကိုယူခဲ့တာဖြစ်ပါတယ်”လို့ ချီးကျူးခဲ့ပါတယ်။ P.K.K အဖွဲ့ရဲ့လက်ရှိလုပ်ရပ်တွေဟာ အရင်တုန်းက အခြေအနေမျိုးနဲ့မတူညီဘဲ ငြိမ်း ချမ်းရေးရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ဆိုနိုင်ပါတယ်။ အရင်တုန်းက P.K.K အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကိုသာ ဦးတည်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ လက်နက်ကို အပြီးတိုင် စွန့်လွှတ် တဲ့အထိလုပ်ဆောင်လာခဲ့ရာ တူကီယဲနိုင်ငံရဲ့အနာဂတ်က ငြိမ်းချမ်းရေး အသီးပွင့်တွေကို ခံစားရဖွယ်ရှိ နေပါတယ်။

Zawgyi Version:
ႏွစ္ေပါင္း (၄၀) ေက်ာ္ၾကာ လက္နက္ကိုင္တိုက္ခိုက္မႈကို စြန႔္လႊတ္လိုက္တဲ့ တူကီယဲ P.K.K အဖြဲ႕ အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News)
တူကီယဲႏိုင္ငံဟာ ဥေရာပတိုက္ရွိႏိုင္ငံေတြထဲမွာ အင္အားေတာင့္တင္းတဲ့ႏိုင္ငံျဖစ္ေပမယ့္ ျပည္ တြင္းစစ္ပြဲေတြကိုရင္ဆိုင္ခဲ့ရတဲ့ႏိုင္ငံေတြထဲ ပါဝင္ခဲ့ပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာ တူကီယဲႏိုင္ငံဟာ ျပည္တြင္းစစ္အဆုံးသတ္မယ့္ အလားအလာေကာင္းေတြရွိေနၿပီျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ တူကီ ယဲအစိုးရကို ႏွစ္ေပါင္း (၄၀)ေက်ာ္ၾကာ လက္နက္ကိုင္တိုက္ခိုက္ခဲ့တဲ့ P.K.K လက္နက္ကိုင္အဖြဲ႕က လက္ နက္စြန႔္လႊတ္မႈေတြစတင္လုပ္ေဆာင္ခဲ့ၿပီး ဇူလိုင္လ ဆန္ပိုင္းမွာ P.K.K တပ္ဖြဲ႕ဝင္တခ်ိဳ႕ဟာ လက္နက္ ေတြကို မီးရႈိ႕ဖ်က္ဆီးတာေတြလုပ္ေဆာင္ခဲ့တယ္လို႔သိရပါတယ္။ တူကီယဲလက္နက္ကိုင္အဖြဲ႕ (P.K.K) ေခါင္းေဆာင္ အက္ဘ္ဒူလာအိုကာလန္ဟာ ႏွစ္ေပါင္း (၂၅)ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ႐ုပ္သံထုတ္ လြင့္ခဲ့ၿပီး အဲဒီ႐ုပ္သံထဲမွာ တူကီယဲအစိုးရကို လက္နက္ကိုင္တိုက္ခိုက္ေနတဲ့ ၎တို႔ P.K.K အဖြဲ႕ဝင္ေတြ ဟာ လက္နက္ကိုင္လမ္းစဥ္ကိုစြန႔္လႊတ္ၿပီး ႏိုင္ငံေရးလုပ္ငန္းလုပ္ကိုင္သြားမယ္လို႔ အတည္ျပဳေျပာဆိုခဲ့ ပါတယ္။
P.K.K အဖြဲ႕ေခါင္းေဆာင္ အိုကာလန္က ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြင္း လက္နက္စြန႔္လႊတ္မယ့္ အေၾကာင္းကို လူသိရွင္ၾကားေၾကညာခဲ့ၿပီးေနာက္ ဇူလိုင္လအတြင္းမွာပဲ P.K.K အဖြဲ႕ဝင္ေတြဟာ လက္ နက္ေတြကို မီးရႈိ႕ဖ်က္ဆီးခဲ့တာျဖစ္ပါတယ္။ P.K.K အဖြဲ႕ေခါင္းေဆာင္က “ကြၽန္ေတာ္တို႔ဟာ လက္နက္ ကိုင္လမ္းစဥ္ကိုစြန႔္လႊတ္ၿပီး ႏိုင္ငံေရးနဲ႔ တရားဥပေဒေဘာင္အတြင္းဝင္ေရာက္လုပ္ကိုင္မယ္။ ဒီလိုမ်ိဳး လုပ္ကိုင္တာဟာ ရႈံးနိမ့္မႈေတြေၾကာင့္မဟုတ္ဘဲ သမိုင္းသစ္ေရးထိုးဖို႔ျဖစ္တယ္” လို႔ေျပာပါတယ္။ တူကီ ယဲ ကာဒစ္စတန္ျပည္နယ္ရွိ ကာ့ဒ္လူမ်ိဳးေတြ ကိုယ္ပိုင္လြတ္လပ္ခြင့္ေတြရယူႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ (၁၉၈၀) ျပည့္ႏွစ္မွာ လက္နက္ကိုင္လမ္းစဥ္ကို စတင္ေလွ်ာက္လွမ္းခဲ့ၿပီး တူကီယဲအစိုးရကို လက္နက္ ကိုင္တိုက္ခိုက္ေနတဲ့အဖြဲ႕လည္းျဖစ္ပါတယ္။ P.K.K အဖြဲ႕ရဲ႕ ႏွစ္ေပါင္း(၄၀)ေက်ာ္ၾကာ ကိုယ္ပိုင္လြတ္လပ္ ေရး ရယူႏိုင္ေအာင္လႈပ္ရွားမႈအတြင္း လူေပါင္း(၄၀ဝဝဝ)ေက်ာ္ေသဆုံးခဲ့ပါတယ္။ P.K.K အဖြဲ႕ကို တူကီယဲ အစိုးရအျပင္ ဥေရာပသမဂၢ၊ အေမရိကန္ႏိုင္ငံတို႔က အၾကမ္းဖက္အဖြဲ႕စည္းအျဖစ္သတ္မွတ္ထားပါတယ္။
P.K.K အဖြဲ႕ဟာ တူကီယဲႏိုင္ငံမွာ အေျခ ျပဳလႈပ္ရွား႐ုံသာမက ဆီးရီးယားနယ္စပ္၊ အီရတ္နယ္ စပ္ ေဒသေတြမွာအေျချပဳလႈပ္ရွားတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းျဖစ္ရာ လက္နက္စြန႔္လႊတ္လိုက္တာက ဆီးရီးယားနဲ႔အီရတ္ႏိုင္ငံတို႔အတြက္လည္း ဝမ္းသာစရာသတင္းျဖစ္ေစခဲ့ပါတယ္။ ဇူလိုင္လဆန္းမွာ P.K.K အဖြဲ႕ဝင္ေတြ လက္နက္စြန႔္လႊတ္ျခင္း အခမ္း အနားေတြကို အီရတ္ႏိုင္ငံမွာျပဳလုပ္ခဲ့ၿပီး လာမယ့္ လပိုင္း ေတြအတြင္းမွာလည္း လက္နက္စြန႔္လႊတ္တဲ့ အခမ္းအနားေတြ ဆက္လက္ျဖစ္ေပၚဖြယ္ရွိေနပါ တယ္။ တူကီယဲ သမၼတ အာဒိုဂမ္က P.K.K အဖြဲ႕ရဲ႕ လက္နက္စြန႔္လႊတ္မႈဟာ ႏိုင္ငံ့အနာဂတ္အတြက္ အက်ိဳး ေက်းဇူးမ်ားစြာ ျဖစ္လာဖြယ္ရွိတယ္လို႔ဆိုပါတယ္။
P.K.K လက္နက္ကိုင္အဖြဲ႕ဟာ (၁၉၇၈) ခုႏွစ္မွာ တူကီယဲႏိုင္ငံအေျခစိုက္ ကာဒစ္စတန္အလုပ္ သမား ပါတီရဲ႕ လက္နက္ကိုင္အဖြဲ႕စည္းျဖစ္ၿပီး တူကီယဲႏိုင္ငံအေရွ႕ေတာင္ပိုင္းရွိ ကာဒစ္စတန္ျပည္နယ္ က ေတာေတာင္ေတြမွာအေျခစိုက္ပါတယ္။ P.K.K အဖြဲ႕ဟာ ကာဒစ္စတန္အလုပ္သမားပါတီရဲ႕ လက္ နက္ကိုင္အဖြဲ႕အျဖစ္စတင္ဖြဲ႕စည္းခ်ိန္တုန္းက ကာဒစ္ လူမ်ိဳးေတြအတြက္ ကိုယ္ပိုင္လြတ္လပ္ေရးရယူဖို႔ ရည္႐ြယ္ခဲ့ေပမယ့္ (၁၉၉၀)ျပည့္ႏွစ္မွာ ကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရဖို႔၊ ကာဒစ္လူမ်ိဳးေတြရဲ႕ ႏိုင္ငံေရး၊ ယဥ္ ေက်းမႈေတြရယူႏိုင္ဖို႔ေျပာင္းလဲခဲ့ပါတယ္။ အဲဒီ လက္နက္ ကိုင္အဖြဲ႕ကို စတင္ဖြဲ႕စည္းခ်ိန္တုန္းက မက္စ္ အေတြး အေခၚနဲ႔ ေတာ္လွန္ေရးသေဘာတရားေတြကိုအေျခခံၿပီးဖြဲ႕စည္းတည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။ P.K.K အဖြဲ႕ဟာ အဖြဲ႕ဝင္အင္အား (၅၀ဝဝ)ေက်ာ္ရွိတဲ့ လက္ နက္ကိုင္အဖြဲ႕အစည္းျဖစ္ရာ အင္အားေတာင့္ တင္းတဲ့ လက္နက္ကိုင္အဖြဲ႕ျဖစ္ၿပီး အမ်ိဳးသမီးတပ္ဖြဲ႕ဝင္ေတြ လည္းရွိေနပါတယ္။ P.K.K အဖြဲ႕ဟာ တူကီ ယဲ အစိုးရနဲ႔ အရင္ကတည္းက အပစ္အခတ္ရပ္စဲေရးရယူ ဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ သေဘာတူညီခ်က္ ခ်ိဳး ေဖာက္မႈေတြေၾကာင့္ အလုံးစုံလက္နက္ခ်တဲ့လမ္းေၾကာင္း ေပၚအထိေရာက္ရွိလာျခင္းမရွိဘဲ အျပန္ အလွန္ တိုက္ခိုက္မႈေတြ ဆက္လက္ျဖစ္ပြားေနခဲ့တာမ်ိဳးျဖစ္ပါတယ္။ တူကီယဲလုံၿခဳံေရးအဖြဲ႕ေတြဟာ (၁၉၉၉) ခုႏွစ္မွာ P.K.K အဖြဲ႕ေခါင္းေဆာင္ျဖစ္သူ အက္ဘ္ဒူလာအိုကာလန္ကို ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ၿပီး ေနာက္ တူကီယဲအစိုးရနဲ႔ P.K.K အဖြဲ႕ၾကား အပစ္အခတ္ ရပ္စဲေရးရယူႏိုင္မယ့္အေျခအေနေတြျဖစ္လာခဲ့ တယ္လို႔ သိရပါတယ္။
တူကီယဲအစိုးရဟာ P.K.K အဖြဲ႕ေခါင္းေဆာင္ျဖစ္သူ အက္ဘ္ဒူလာအိုကာလန္ကိုဖမ္းဆီးႏိုင္ခဲ့ၿပီး ေနာက္ ေသဒဏ္အျပစ္ေပးခဲ့ေပမယ့္ တူရကီအ စိုးရရဲ႕ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံျဖစ္ေရး ႀကိဳးပမ္းမႈ အစိတ္အပိုင္းအျဖစ္ ေသဒဏ္အစား တစ္သက္တစ္ ကြၽန္း ျပစ္ဒဏ္ေျပာင္းလဲခဲ့ပါတယ္။ (၂၀၁၃)ခုႏွစ္မွာ P.K.K အဖြဲ႕ဟာ တူကီယဲအစိုးရနဲ႔ အပစ္အခတ္ရပ္စဲ ေရးရယူမယ္လို႔ေၾကညာခဲ့ဖူးၿပီး တူရကီႏိုင္ငံရဲ႕ၿငိမ္း ခ်မ္းေရးလုပ္ငန္းစဥ္ အစိတ္အပိုင္းေတြထဲမွာ ကာဒစ္ စတန္ျပည္နယ္ ပူးေပါင္းပါဝင္ဖို႔စီစဥ္ခဲ့ပါတယ္။ ဒါေပမဲ့ P.K.K အဖြဲ႕ဟာ ၎တို႔တပ္ဖြဲ႕ဝင္ေတြ ေလွ်ာ့ခ် ႐ုပ္သိမ္းမႈပိုင္းလုပ္ကိုင္ရာမွာေႏွးေကြးခဲ့ၿပီး အစိုးရ နဲ႔ အျငင္းပြားမႈေတြျဖစ္ပြားခဲ့ၿပီး (၂၀၁၅)ခုႏွစ္မွာ တူကီယဲအစိုးရနဲ႔ P.K.K အဖြဲ႕ၾကားရရွိထားတဲ့ အပစ္အ ခတ္ ရပ္စဲေရးက က်ိဳးပ်က္သြားကာတိုက္ပြဲေတြ ျပန္လည္ျဖစ္ပြားလာခဲ့ပါတယ္။ ႏွစ္ေပါင္း (၄၀)ေက်ာ္အ တြင္း တူကီယဲအစိုးရနဲ႔ P.K.K အဖြဲ႕ၾကား အပစ္အခတ္ ရပ္စဲေရးရယူႏိုင္မႈေတြရွိခဲ့ဖူးေပမယ့္ ခ်ိဳးေဖာက္မႈ ေတြေၾကာင့္ ပ်က္စီးခဲ့ရၿပီး တိုက္ပြဲေတြ ျပန္လည္ျဖစ္ပြားခဲ့ပါတယ္။ တူရကီအစိုးရနဲ႔ P.K.K အဖြဲ႕ဟာ (၁၉၉၉) ခုႏွစ္ကေန (၂၀ဝ၄)ခုႏွစ္အထိ အပစ္အ ခတ္ရပ္စဲေရးရယူႏိုင္ခဲ့ေပမယ့္ အလုံးစုံၿငိမ္းခ်မ္းေရး အေျခအေနမ်ိဳးကိုေရာက္ရွိေအာင္ စြမ္းေဆာင္ႏိုင္ျခင္းမရွိခဲ့ပါဘူး။ တူကီယဲလက္နက္ကိုင္ P.K.K ဟာ အစိုးရကို လက္နက္ကိုင္တိုက္ခိုက္ခ်ိန္အတြင္း ၿမိဳ႕ ေတြမွာ ဗုံးခြဲတိုက္ခိုက္တာ၊ အသက္မျပည့္ေသးသူ ေတြကို လူသစ္စုေဆာင္းတာ၊ ေက်း႐ြာေတြကို မီးရႈိ႕ဖ်က္ဆီးတာတို႔ လုပ္ကိုင္ခဲ့ပါတယ္။
(၂၀၂၅) ခုႏွစ္မတ္လမွာေတာ့ P.K.K အဖြဲ႕ဟာ တူကီယဲအစိုးရနဲ႔ အပစ္အခတ္ရပ္စဲတယ္လို႔ ေၾကညာခဲ့ၿပီး ၎တို႔အဖြဲ႕ကို အလုံးစုံဖ်က္သိမ္းမယ္ လို႔လည္း သတင္းထုတ္ျပန္ခဲ့ဖူးပါတယ္။ P.K.K အ ဖြဲ႕ဟာ ႏွစ္ေပါင္း (၄၀)ေက်ာ္ၾကာ က်င္လည္လႈပ္ရွားခ်ိန္အတြင္း အမ်ိဳးသမီးလက္နက္ကိုင္အဖြဲ႕၊ လူငယ္ လက္နက္ကိုင္အဖြဲ႕၊ ႏိုင္ငံေရးကိုယ္စားျပဳအဖြဲ႕၊ ေလ့က်င့္ေရးအဖြဲ႕ေတြ စတဲ့အဖြဲ႕စည္းအသီးသီးကို ထပ္မံ ဖြဲ႕စည္းႏိုင္ခဲ့ၿပီး အစိုးရကို ဖိအားေပးတိုက္ခိုက္ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ P.K.K အဖြဲ႕ဟာ လက္ရွိအခ်ိန္ မွာ တူကီယဲအစိုးရနဲ႔ အပစ္အခတ္ရပ္စဲေရးရယူကာ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းကိုေလွ်ာက္လွမ္းမႈနဲ႔အတူ အီရတ္၊ တူကီယဲတို႔ရဲ႕ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးလုပ္ငန္းေတြမွာလည္း ပူးေပါင္းပါဝင္ဖြယ္ရွိေနပါတယ္။ P.K.K လက္နက္ကိုင္အဖြဲ႕နဲ႔ တူကီယဲအစိုးရၾကား ရရွိထားတဲ့သေဘာတူညီမႈေတြအရ P.K.K အဖြဲ႕ဝင္ ေတြဟာ အဖြဲ႕လိုက္ လက္နက္စြန႔္လႊတ္တာေတြကို လုပ္ေဆာင္သြားရမွာျဖစ္တဲ့အတြက္ လာမယ့္လေတြ မွာလည္း P.K.K အဖြဲ႕ဝင္ေတြရဲ႕လက္နက္ ဖ်က္ သိမ္းျခင္းအခမ္းအနားေတြကို ထပ္မံလုပ္ေဆာင္ဖြယ္ ရွိ ေနပါတယ္။ ဇူလိုင္လဆန္းကက်င္းပခဲ့တဲ့ P.K.K အဖြဲ႕ဝင္တခ်ိဳ႕ရဲ႕ လက္နက္ဖ်က္သိမ္းျခင္းကို တူကီယဲ အေျခစိုက္ Dem ပါတီအပါအဝင္ ႏိုင္ငံေရးသမား ေတြနဲ႔ျပည္သူေတြ တက္ေရာက္အားေပးခဲ့တယ္လို႔ သိ ရပါတယ္။
ဇူလိုင္လ(၁၀)ရက္ကက်င္းပခဲ့တဲ့ လက္ နက္ဖ်က္သိမ္းျခင္းအခမ္းနားကိုတက္ေရာက္ခဲ့တဲ့ P.K.K အဖြဲ႕ေခါင္းေဆာင္တစ္ဦးက “ကြၽန္ေတာ္တို႔ဟာ ေကာင္းမြန္တဲ့ဆႏၵနဲ႔ ဆက္လက္လုပ္ေဆာင္ရမယ့္ လုပ္ ငန္းေတြမလုပ္ခင္ လက္နက္ေတြကို ဖ်က္သိမ္းမီး ရႈိ႕ခဲ့တယ္”လို႔ေျပာပါတယ္။ တူကီယဲအစိုးရဟာ P.K.K အဖြဲ႕နဲ႔ အပစ္အခတ္ရပ္စဲေရး၊ ၿငိမ္းခ်မ္းေရးရယူႏိုင္ေအာင္ႀကိဳးပမ္းခဲ့ေပမယ့္ သေဘာထားအျမင္ ကြဲလြဲမႈ ေတြေၾကာင့္ ရရွိခဲ့တဲ့ သေဘာတူညီမႈေတြ ပ်က္စီးခဲ့ၿပီး တိုက္ပြဲေတြျဖစ္ခဲ့ရပါတယ္။ တူကီယဲ သမၼတ အာဒိုဂမ္ဟာ P.K.K အဖြဲ႕နဲ႔ အပစ္အခတ္ရပ္စဲေရးရယူႏိုင္ေရးႀကိဳးပမ္းမႈေတြကို လက္မေလွ်ာ့ဘဲ (၂၀၂၄) ခုႏွစ္မွာ P.K.K အဖြဲ႕ကို အၾကမ္းဖက္ကင္းစင္တဲ့တူကီယဲႏိုင္ငံျဖစ္ေအာင္လုပ္ေဆာင္မယ့္လုပ္ ငန္းစဥ္ကို စတင္ခဲ့ၿပီး P.K.K အဖြဲ႕ကိုဖ်က္သိမ္းဖို႔ ေတာင္းဆိုခဲ့ပါတယ္။ တူကီယဲအစိုးရဟာ ကာဒစ္စတန္ ႏိုင္ငံေရး ပါတီတစ္ခုျဖစ္တဲ့ Dem ပါတီကတစ္ဆင့္ P.K.K အဖြဲ႕ေခါင္းေဆာင္နဲ႔ေဆြးေႏြးခဲ့ၿပီး (၂၀၂၅)ခုႏွစ္ မတ္လ အတြင္းမွာ P.K.K အဖြဲ႕ေခါင္းေဆာင္က လက္နက္ဖ်က္သိမ္းမယ့္အစီအစဥ္ကို လူ သိရွင္ၾကားေၾကညာခဲ့ ပါတယ္။ P.K.K အဖြဲ႕ေခါင္းေဆာင္အိုကာလန္က “P.K.K အဖြဲ႕နဲ႔ဆက္ႏႊယ္တဲ့ အဖြဲ႕အစည္းအားလုံး လက္ နက္ခ်ရမယ္။ အဖြဲ႕ကို ဖ်က္သိမ္းမယ္}လို႔ထုတ္ျပန္ခဲ့ပါတယ္။ တူကီယဲ သမၼတကလည္း “ေၾကာက္မက္ ဖြယ္ရာ တံတိုင္းကို ၿဖိဳ ခ်ဖို႔ သမိုင္းဝင္ေျခလွမ္းတစ္လွမ္းလွမ္းဖို႔အခြင့္အလမ္းကိုယူခဲ့တာျဖစ္ပါတယ္”လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ P.K.K အဖြဲ႕ရဲ႕လက္ရွိလုပ္ရပ္ေတြဟာ အရင္တုန္းက အေျခအေနမ်ိဳးနဲ႔မတူညီဘဲ ၿငိမ္း ခ်မ္းေရးရယူႏိုင္ဖို႔ စိတ္ပိုင္းျဖတ္ထားတယ္လို႔ဆိုႏိုင္ပါတယ္။ အရင္တုန္းက P.K.K အဖြဲ႕ဟာ အစိုးရနဲ႔ အပစ္အခတ္ရပ္စဲေရးကိုသာ ဦးတည္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ လက္နက္ကို အၿပီးတိုင္ စြန႔္လႊတ္ တဲ့အထိလုပ္ေဆာင္လာခဲ့ရာ တူကီယဲႏိုင္ငံရဲ႕အနာဂတ္က ၿငိမ္းခ်မ္းေရး အသီးပြင့္ေတြကို ခံစားရဖြယ္ရွိ ေနပါတယ္။