Gengarပိုကီမွန်နှင့်ပတ်သက်သော အမှတ်တရပစ္စည်းပေါင်း(၁၂၀၀)ခုအထိ စုဆောင်းခဲ့နိုင်ခဲ့သည့် ဟောင်ကောင်အမျိုးသား

207

Pika(NP News)
ဟောင်ကောင်အမျိုးသားတစ်ဦးသည် ၎င်းအကြိုက်ဆုံးပိုကီမွန်အမျိုးအစားဖြစ်သည့် Gengarပိုကီမွန်နှင့်ပတ်သက်သော အမှတ်တရပစ္စည်းများကို အများဆုံးစုဆောင်းမှုအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ကြောင်းသိရသည်။အသက်(၃၂)နှစ်အရွယ် Tsang Cheuk Tip ဆိုသည့်အမျိုးသားသည် ၎င်းအသက်(၈)နှစ်အရွယ်တည်းက Gengarပိုကီမွန်ကို စတင်စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး အချိန်(၂၂)နှစ်ကြာအောင် စုဆောင်းမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Tsang Cheuk Tipက”ကျွန်တော့်အမေဝယ်ပေးခဲ့တဲ့ ပိုကီမွန်အရုပ်တွေထဲမှာ ခရမ်းရင့်ရောင်ရှိတဲ့ အရုပ်တစ်ခုက ကျွန်တော့်ကိုဖမ်းစားနိုင်ခဲ့ပါတယ်။နောက်ပိုင်း ပိုကီမွန်ဂိမ်းတွေကစားရင်း Gengarပိုကီမွန်က သန်မာရုံတင်မဟုတ်ဘဲ ချစ်စရာကောင်းတာပါ သိလာခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစပြီး Gengarပိုကီမွန်နဲ့ပတ်သက်တဲ့ အမှတ်တရပစ္စည်းတွေကို စတင်စုဆောင်းခဲ့တာပါ။”ဟုပြောဆိုခဲ့သည်။ Tsang Cheuk Tipသည် ကတ်များ၊အဝတ်အစားပစ္စည်းများ၊အရုပ်များ၊ ပန်းကန်များ၊ခွက်များနှင့်စာရေးကိရိယာများအပါအဝင် တရားဝင်လိုင်စင်ရ Gengarပိုကီမွန်နှင့်ပတ်သက်သည့် အမှတ်တရပစ္စည်းများကို စုဆောင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Tsang Cheuk Tipသည် Gengarပိုကီမွန်နှင့်ပတ်သက်သော အမှတ်တရပစ္စည်းပေါင်း(၁၂၀၀)ခုအထိ စုဆောင်းနိုင်ခဲ့ပြီးနောက် ယင်းကဲ့သို့ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
Gengarပိုကီမြန္ႏွင့္ပတ္သက္ေသာ အမွတ္တရပစၥည္းေပါင္း(၁၂၀၀)ခုအထိ စုေဆာင္းခဲ့ႏိုင္ခဲ့သည့္ ေဟာင္ေကာင္အမ်ိဳးသား
Pika(NP News)
ေဟာင္ေကာင္အမ်ိဳးသားတစ္ဦးသည္ ၎အႀကိဳက္ဆုံးပိုကီမြန္အမ်ိဳးအစားျဖစ္သည့္ Gengarပိုကီမြန္ႏွင့္ပတ္သက္ေသာ အမွတ္တရပစၥည္းမ်ားကို အမ်ားဆုံးစုေဆာင္းမႈအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ေၾကာင္းသိရသည္။အသက္(၃၂)ႏွစ္အ႐ြယ္ Tsang Cheuk Tip ဆိုသည့္အမ်ိဳးသားသည္ ၎အသက္(၈)ႏွစ္အ႐ြယ္တည္းက Gengarပိုကီမြန္ကို စတင္စိတ္ဝင္စားခဲ့ျခင္းျဖစ္ၿပီး အခ်ိန္(၂၂)ႏွစ္ၾကာေအာင္ စုေဆာင္းမႈမ်ားလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Tsang Cheuk Tipက”ကြၽန္ေတာ့္အေမဝယ္ေပးခဲ့တဲ့ ပိုကီမြန္အ႐ုပ္ေတြထဲမွာ ခရမ္းရင့္ေရာင္ရွိတဲ့ အ႐ုပ္တစ္ခုက ကြၽန္ေတာ့္ကိုဖမ္းစားႏိုင္ခဲ့ပါတယ္။ေနာက္ပိုင္း ပိုကီမြန္ဂိမ္းေတြကစားရင္း Gengarပိုကီမြန္က သန္မာ႐ုံတင္မဟုတ္ဘဲ ခ်စ္စရာေကာင္းတာပါ သိလာခဲ့ပါတယ္။အဲ့ဒီအခ်ိန္ကေနစၿပီး Gengarပိုကီမြန္နဲ႔ပတ္သက္တဲ့ အမွတ္တရပစၥည္းေတြကို စတင္စုေဆာင္းခဲ့တာပါ။”ဟုေျပာဆိုခဲ့သည္။ Tsang Cheuk Tipသည္ ကတ္မ်ား၊အဝတ္အစားပစၥည္းမ်ား၊အ႐ုပ္မ်ား၊ ပန္းကန္မ်ား၊ခြက္မ်ားႏွင့္စာေရးကိရိယာမ်ားအပါအဝင္ တရားဝင္လိုင္စင္ရ Gengarပိုကီမြန္ႏွင့္ပတ္သက္သည့္ အမွတ္တရပစၥည္းမ်ားကို စုေဆာင္းႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Tsang Cheuk Tipသည္ Gengarပိုကီမြန္ႏွင့္ပတ္သက္ေသာ အမွတ္တရပစၥည္းေပါင္း(၁၂၀၀)ခုအထိ စုေဆာင္းႏိုင္ခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။