ဂျပန်နိုင်ငံမှာ ပိုကီမွန်အပန်းဖြေဥယျာဉ်ကို ၂၀၂၆ ခုနှစ်မှာ ဖွင့်လှစ်မည်

 192

ရောင်နီ (NP News) - ဇူလိုင် ၂၅

Pokemon Company က ၂၀၂၃ ခုနှစ်ကတည်းက ဂျပန်နိုင်ငံမှာ ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ ပထမဆုံးကြေငြာခဲ့တဲ့ PokePark Kanto (ပိုကီမွန် အပန်းဖြေဥယျာဉ်) ကို လာမယ့် ၂၀၂၆ ခုနှစ်မှာ ဖွင့်လှစ်သွားမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။
PokePark Kanto ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ယိုမီယူရီလန်း အပန်းဖြေဥယျာဉ်မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး Pokemon Center၊ Poke Mart နဲ့ Pokemon Gym အပါအဝင် franchise အထင်ကရပွဲတွေကိုလည်း ကြည့်ရှုလေ့လာနိုင်မယ်လို့ ဆိုပါတယ်။ "လူပေါင်းများစွာရဲ့ပံ့ပိုးကူညီမှုကြောင့် ပိုကီမွန် ဟာ အလွန်ကြီးထွားလာခဲ့ ပါတယ်။ ဒါကြောင့် လူတိုင်း အတူတကွ ပျော်ပျော်ပါးပါး လည်ပတ်နိုင်တဲ့နေရာတစ်ခု ဖန်တီးပေးချင်ပါတယ်" လို့ The Pokémon Company မှ ဖန်တီးရှင် အကြီးအကဲ ဂျူနီချီမာဆူဒါ က ဆိုပါတယ်။
PokePark Kanto ကို ၂၀၂၆ ခုနှစ် အစောပိုင်းမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး လက်မှတ်ရောင်းချမှုတွေကို ယခုနှစ်နှောင်းပိုင်းမှာ စတင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

Zawgyi Version:

Related news

© 2021. All rights reserved.