နစကဥက္ကဋ္ဌ၏ သဝဏ်လွှာအပြီး မြန်မာလုပ်ငန်းရှင် (၄)ဦး US Sanction လွတ်ခြင်းမှာ ပွဲဦးထွက် ကောင်းဟုဆို

823

သက်ပိုင်၊ Cherry (NP News) - ဇူလိုင် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့ အပြန်အလှန်သဝဏ်လွှာပို့ပြီး နှစ်ပတ်ခန့်အကြာတွင် အမေရိကန်နိုင်ငံက မြန် မာ့စီးပွားရေးလုပ်ငန်းရှင် လေးဦးကို စီးပွားရေးပိတ်ဆို့ ထားမှုပယ်ဖျက်ခဲ့ခြင်းမှာ မြန်မာ-အမေရိကန် ဆက်ဆံရေး ပွဲဦးထွက်ကောင်းခြင်း ဖြစ်ကြောင်း NP News က မေးမြန်းထားချက်အရ သိရသည်။
KT Services & Logistics နှင့် ၎င်း၏တည်ထောင်သူ ဂျွန်နသန် မျိုးကျော်သောင်း၊ MCM Group နှင့် ၎င်း ၏ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies နှင့် ၎င်း၏ပိုင်ရှင် စစ်တိုင်းအောင်နှင့် စီးပွားရေးလုပ်ငန်းရှင် ဦးတင် လတ်မင်းတို့အပေါ် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ Office of Foreign Assets Control (OFAC) ဝက်ဘ်ဆိုက်တွင် ဇူလိုင် (၂၄) ရက်က ဖော်ပြထားချက်အရ သိရသည်။
ယခုကဲ့သို့ ပိတ်ဆို့အရေးယူမှုများကို စတင်ဖယ်ရှားလိုက်ခြင်းမှာ အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိ သော နိုင်ငံရေးမူဝါများ ပြောင်းလဲလာသည့် အခြေအနေကိုဖော်ပြနေခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ပိုမိုကောင်းမွန်သော နှစ်နိုင်ငံ ဆက်ဆံရေးကို တည်ဆောက်ရန်လိုအပ်ကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ဆိုသည်။
“ဘာပဲဖြစ်ဖြစ် ဆန်ရှင်က ရှိကိုမရှိသင့်တာ ဆိုတော့ ဒီကိစ္စတွေက ကောင်းတာပေါ့။ ပွဲဦးထွက် လေး လှတာ ပေါ့နော်။ ဒီကိစ္စကနေပြီးတော့ ပြောင်းလဲလာတဲ့ အမေရိကန်ရဲ့ပေါ်လစီနဲ့အတူ ကိုယ့်တိုင်း ပြည်က ဒီအပေါ်မှာ လိုက်ပါ လုပ်ကိုင်တတ်ဖို့လည်း လိုလာမှာပေါ့။ ဒီကနေစပြီး ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးတွေ ဖြစ်လာ မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီလေးယောက်နဲ့စပြီး ဒီထက် ပိုလာနိုင်မယ်လို့လည်း ထင်ပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) ဒုတိယဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပြောသည်။
သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင် နိုင်ငံတကာ ဆက်ဆံရေးမူဝါဒများမှာ ပြောင်းလဲလာ ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံအနေဖြင့် အိန္ဒိယသမုဒ္ဒရာ အဝန်းအဝိုင်းတွင် အရေးပါသော ပင်လယ်ဆိပ်ကမ်းများ ပိုင်ဆိုင်ထားခြင်းနှင့် တရုတ် နိုင်ငံအပေါ် Check and Balance ပြုလုပ်ရန် အရေးပါသော မဟာဗျူဟာ ကျသည့်နေရာတွင် တည်ရှိခြင်း တို့ကြောင့် အမေရိ ကန်၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒများ ပြောင်းလဲလာခြင်းဖြစ်နိုင်ကြောင်း ပြည်သူ့ရှေ့ ဆောင်ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါက်တာမျိုးဆက်သွေးက ဆိုသည်။
“လက်ရှိမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က ပြသနာလည်းဖြစ်နေတော့ အမေရိကန်အနေနဲ့ အရှေ့တောင်အာရှမှာ မဟာမိတ် ထပ်လိုတာပေါ့။ ဒီတော့ ထိုင်းနဲ့ကမ္ဘောဒီးယားအခြေအနေကြောင့် ထိုင်းမှာ နိုင်ငံရေးမတည်ငြိမ်လို့ ထိုင်းနဲ့ ကုန်သွယ်ရေးဆက်ဆံမှုနည်းလာတဲ့ အခြေအနေမျိုးမှာ မြန်မာကိုပို ပြီး အားကိုးလာတာမျိုးလည်း ဖြစ်နိုင်ပါ တယ်။ ဘာပဲပြောပြော အခုလိုဆန်ရှင်တွေ ဖယ်လိုက်ခြင်းဖြင့် စီးပွားရေးတွေ လမ်းပွင့်သွားမယ်။ ကုန်သွယ်ရေးတွေ ကောင်းလာမယ်။ အနောက်နိုင်ငံနဲ့ကုန်သွယ်မှုတွေ တိုးလာမယ်ဆိုရင် နိုင်ငံအတွက် အများကြီးကောင်း လာမှာပေါ့” ဟု ၎င်းက ပြောသည်။
ယခင်သမ္မတ ဂျိုဘိုင်ဒန်လက်ထက် (၂၀၂၂) ခုနှစ် ဇန်နဝါရီလတွင် KT Services & Logistics နှင့် ၎င်း၏ တည်ထောင်သူ ဂျွန်နသန် မျိုးကျော်သောင်းတို့ကို ပိတ်ဆို့အရေးယူမှုစာရင်းတွင် စတင်ထည့်သွင်းခဲ့ပြီးမကြာမီ ဦးစစ် တိုင်းအောင်နှင့် ဦးအောင်လှိုင်ဦးတို့ကိုလည်း ထည့်သွင်းခဲ့ကာ ဦးတင်လတ်မင်းကိုမူ (၂၀၂၄) ခုနှစ်တွင် စာရင်း၌ ထည့် သွင်းခဲ့ကြောင်း သိရသည်။

Zawgyi Version:
နစကဥကၠ႒၏ သဝဏ္လႊာအၿပီး ျမန္မာလုပ္ငန္းရွင္ (၄)ဦး US Sanction လြတ္ျခင္းမွာ ပြဲဦးထြက္ ေကာင္းဟုဆို
သက္ပိုင္၊ Cherry (NP News) - ဇူလိုင္ ၂၆
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္တို႔ အျပန္အလွန္သဝဏ္လႊာပို႔ၿပီး ႏွစ္ပတ္ခန႔္အၾကာတြင္ အေမရိကန္ႏိုင္ငံက ျမန္ မာ့စီးပြားေရးလုပ္ငန္းရွင္ ေလးဦးကို စီးပြားေရးပိတ္ဆို႔ ထားမႈပယ္ဖ်က္ခဲ့ျခင္းမွာ ျမန္မာ-အေမရိကန္ ဆက္ဆံေရး ပြဲဦးထြက္ေကာင္းျခင္း ျဖစ္ေၾကာင္း NP News က ေမးျမန္းထားခ်က္အရ သိရသည္။
KT Services & Logistics ႏွင့္ ၎၏တည္ေထာင္သူ ဂြၽန္နသန္ မ်ိဳးေက်ာ္ေသာင္း၊ MCM Group ႏွင့္ ၎ ၏ပိုင္ရွင္ ဦးေအာင္လႈိင္ဦး၊ Suntac Technologies ႏွင့္ ၎၏ပိုင္ရွင္ စစ္တိုင္းေအာင္ႏွင့္ စီးပြားေရးလုပ္ငန္းရွင္ ဦးတင္ လတ္မင္းတို႔အေပၚ ပိတ္ဆို႔အေရးယူမႈမ်ားကို ႐ုပ္သိမ္းလိုက္ျခင္းျဖစ္ေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာန၏ Office of Foreign Assets Control (OFAC) ဝက္ဘ္ဆိုက္တြင္ ဇူလိုင္ (၂၄) ရက္က ေဖာ္ျပထားခ်က္အရ သိရသည္။
ယခုကဲ့သို႔ ပိတ္ဆို႔အေရးယူမႈမ်ားကို စတင္ဖယ္ရွားလိုက္ျခင္းမွာ အေမရိကန္အေနျဖင့္ ျမန္မာႏိုင္ငံအေပၚထားရွိ ေသာ ႏိုင္ငံေရးမူဝါမ်ား ေျပာင္းလဲလာသည့္ အေျခအေနကိုေဖာ္ျပေနျခင္းျဖစ္ၿပီး ထိုမွတစ္ဆင့္ ပိုမိုေကာင္းမြန္ေသာ ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို တည္ေဆာက္ရန္လိုအပ္ေၾကာင္း ႏိုင္ငံေရးပါတီမ်ားမွ တာဝန္ရွိသူမ်ားက ဆိုသည္။
“ဘာပဲျဖစ္ျဖစ္ ဆန္ရွင္က ရွိကိုမရွိသင့္တာ ဆိုေတာ့ ဒီကိစၥေတြက ေကာင္းတာေပါ့။ ပြဲဦးထြက္ ေလး လွတာ ေပါ့ေနာ္။ ဒီကိစၥကေနၿပီးေတာ့ ေျပာင္းလဲလာတဲ့ အေမရိကန္ရဲ႕ေပၚလစီနဲ႔အတူ ကိုယ့္တိုင္း ျပည္က ဒီအေပၚမွာ လိုက္ပါ လုပ္ကိုင္တတ္ဖို႔လည္း လိုလာမွာေပါ့။ ဒီကေနစၿပီး ကမာၻ႔ႏိုင္ငံအားလုံးနဲ႔ ပိုေကာင္းတဲ့ ဆက္ဆံေရးေတြ ျဖစ္လာ မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။ ဒီေလးေယာက္နဲ႔စၿပီး ဒီထက္ ပိုလာႏိုင္မယ္လို႔လည္း ထင္ပါတယ္” ဟု အမ်ိဳးသား ဒီမိုကေရစီအင္အားစုပါတီ (NDF) ဒုတိယဥကၠ႒ ဦးထက္ေအာင္ေက်ာ္က ေျပာသည္။
သမၼတေဒၚနယ္ထရမ့္လက္ထက္တြင္ ႏိုင္ငံတကာ ဆက္ဆံေရးမူဝါဒမ်ားမွာ ေျပာင္းလဲလာ ျခင္းျဖစ္ၿပီး ျမန္မာ ႏိုင္ငံအေနျဖင့္ အိႏၵိယသမုဒၵရာ အဝန္းအဝိုင္းတြင္ အေရးပါေသာ ပင္လယ္ဆိပ္ကမ္းမ်ား ပိုင္ဆိုင္ထားျခင္းႏွင့္ တ႐ုတ္ ႏိုင္ငံအေပၚ Check and Balance ျပဳလုပ္ရန္ အေရးပါေသာ မဟာဗ်ဴဟာ က်သည့္ေနရာတြင္ တည္ရွိျခင္း တို႔ေၾကာင့္ အေမရိ ကန္၏ ျမန္မာႏိုင္ငံအေပၚထားရွိေသာ မူဝါဒမ်ား ေျပာင္းလဲလာျခင္းျဖစ္ႏိုင္ေၾကာင္း ျပည္သူ႔ေရွ႕ ေဆာင္ပါတီ၏ အေထြေထြအတြင္းေရးမႉးျဖစ္သူ ေဒါက္တာမ်ိဳးဆက္ေသြးက ဆိုသည္။
“လက္ရွိမွာ ထိုင္းနဲ႔ ကေမာၻဒီးယားတို႔က ျပသနာလည္းျဖစ္ေနေတာ့ အေမရိကန္အေနနဲ႔ အေရွ႕ေတာင္အာရွမွာ မဟာမိတ္ ထပ္လိုတာေပါ့။ ဒီေတာ့ ထိုင္းနဲ႔ကေမာၻဒီးယားအေျခအေနေၾကာင့္ ထိုင္းမွာ ႏိုင္ငံေရးမတည္ၿငိမ္လို႔ ထိုင္းနဲ႔ ကုန္သြယ္ေရးဆက္ဆံမႈနည္းလာတဲ့ အေျခအေနမ်ိဳးမွာ ျမန္မာကိုပို ၿပီး အားကိုးလာတာမ်ိဳးလည္း ျဖစ္ႏိုင္ပါ တယ္။ ဘာပဲေျပာေျပာ အခုလိုဆန္ရွင္ေတြ ဖယ္လိုက္ျခင္းျဖင့္ စီးပြားေရးေတြ လမ္းပြင့္သြားမယ္။ ကုန္သြယ္ေရးေတြ ေကာင္းလာမယ္။ အေနာက္ႏိုင္ငံနဲ႔ကုန္သြယ္မႈေတြ တိုးလာမယ္ဆိုရင္ ႏိုင္ငံအတြက္ အမ်ားႀကီးေကာင္း လာမွာေပါ့” ဟု ၎က ေျပာသည္။
ယခင္သမၼတ ဂ်ိဳဘိုင္ဒန္လက္ထက္ (၂၀၂၂) ခုႏွစ္ ဇန္နဝါရီလတြင္ KT Services & Logistics ႏွင့္ ၎၏ တည္ေထာင္သူ ဂြၽန္နသန္ မ်ိဳးေက်ာ္ေသာင္းတို႔ကို ပိတ္ဆို႔အေရးယူမႈစာရင္းတြင္ စတင္ထည့္သြင္းခဲ့ၿပီးမၾကာမီ ဦးစစ္ တိုင္းေအာင္ႏွင့္ ဦးေအာင္လႈိင္ဦးတို႔ကိုလည္း ထည့္သြင္းခဲ့ကာ ဦးတင္လတ္မင္းကိုမူ (၂၀၂၄) ခုႏွစ္တြင္ စာရင္း၌ ထည့္ သြင္းခဲ့ေၾကာင္း သိရသည္။