စစ်ပွဲကြောင့် ကမ္ဘောဒီးယားမှ ကျားဖျန့်များ ရောက်လာနိုင်သဖြင့် BGF က တပ်လှန့်ထား

 859

Pearl (NP News) - ဇူလိုင် ၂၇
စစ်ပွဲကြောင့် ကမ္ဘောဒီးယားနိုင်ငံမှ ကျားဖျန့်များ ရောက်လာနိုင်သည်ဟု ထိုင်းနိုင်ငံက ပြောသည့်အတွက် တပ်လှန့် မှုများ လုပ်ထားကြောင်း BGF မှ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က NP News သို့ ပြောသည်။
နှစ်နိုင်ငံအကြား တင်းမာမှုဖြစ်ပြီးနောက် ဇူလိုင်လ (၂၄) ရက်တွင် ထိုင်းနှင့်ကမ္ဘောဒီးယားအကြား အပြန်အလှန် ပစ်ခတ်မှု စတင်ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ယင်းတိုက်ပွဲ၏နောက်ဆက်တွဲအဖြစ် ကျားဖျန့်တိုက်ဖျက်ရေးဆောင်ရွက်ခဲ့ သော BGF ကို ထိုင်းဘက်ကအသိပေးလာခြင်းမျိုးဖြစ်နိုင်သည်။
ယခု နှစ်စပိုင်းမှစတင်ကာ ကျားဖျန့်တိုက် ဖျက်ရေးလုပ်ပြီး ဖမ်းဆီးခြင်း၊ လွှဲပြောင်းခြင်းများကို စတင်ခဲ့ရာ ယနေ့ အချိန်အထိ လူပေါင်း ကိုးထောင်ကျော် ဖမ်းဆီးရမိပြီးဖြစ်ကြောင်းလည်း ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြော သည်။
“ကျွန်တော်တို့ လုပ်သင့် လုပ်ထိုက်တာကိုတော့ လုပ်ပေးလိုက်တာပဲလေ။ ကျားဖျန့် ရှင်းလင်းရေးကတော့ တတ်နိုင်သလောက် အကောင်းဆုံးဖြစ် အောင်လုပ်တယ်။ နောက်ထပ်လူသစ်ကတော့ အဝင် မခံတော့ဘူး။ နောက် တစ်ခုက ကမ္ဘောဒီးယားမှာ အခု စစ်ဖြစ်တယ်။ ကမ္ဘောဒီးယားက ဒီဘက်ကို ရောက်လာနိုင်ခြေရှိတယ်ဆိုပြီးတော့မှ ကျွန်တော်တို့ကို ထိုင်းဘက်က အာဏာပိုင်တွေက ကျွန်တော် တို့ကို ပြောထားပါတယ်။ အဲဒါလည်း ကျွန်တော်တို့ ဘက်မှာလည်း တပ်လှန့်ထားတယ်။ ဒီဘက်ကိုလည်း လုံးဝ မဝင်ရောက်နိုင်ရေးပိတ်ဆို့မှုတွေလုပ်ထားတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ရွှေကုက္ကိုတွင် ကျားဖျန့် (၇၀) ရာခိုင်နှုန်းခန့်ကို လျှော့ချနိုင်ပြီ ဖြစ်သည့်အတွက် ကျန်သူများကို ရှင်းလင်း ရေးကိုဆောင်ရွက်နေပြီး ယင်းလုပ်ငန်းများအစား စက်မှုလက်မှုဖြင့် အစားထိုး နိုင်ရန်အတွက်လည်း အချိန်ယူ ပြင်ဆင်နေကြောင်း ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
“အခုလည်းတောက်လျှောက် ဖော်ထုတ်တယ်။ ကြားမှာ ပွတ်တိုက်မှုမဖြစ်အောင်လည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ရတယ်” ဟု လက်ရှိ အခြေအနေကို ၎င်းက ရှင်းပြသည်။

Zawgyi Version:
စစ္ပြဲေၾကာင့္ ကေမာၻဒီးယားမွ က်ားဖ်န႔္မ်ား ေရာက္လာႏိုင္သျဖင့္ BGF က တပ္လွန႔္ထား
Pearl (NP News) - ဇူလိုင္ ၂၇
စစ္ပြဲေၾကာင့္ ကေမာၻဒီးယားႏိုင္ငံမွ က်ားဖ်န႔္မ်ား ေရာက္လာႏိုင္သည္ဟု ထိုင္းႏိုင္ငံက ေျပာသည့္အတြက္ တပ္လွန႔္ မႈမ်ား လုပ္ထားေၾကာင္း BGF မွ ဒုဗိုလ္မႉးႀကီး ႏိုင္ေမာင္ေဇာ္က NP News သို႔ ေျပာသည္။
ႏွစ္ႏိုင္ငံအၾကား တင္းမာမႈျဖစ္ၿပီးေနာက္ ဇူလိုင္လ (၂၄) ရက္တြင္ ထိုင္းႏွင့္ကေမာၻဒီးယားအၾကား အျပန္အလွန္ ပစ္ခတ္မႈ စတင္ျဖစ္ေပၚေနျခင္းျဖစ္ၿပီး ယင္းတိုက္ပြဲ၏ေနာက္ဆက္တြဲအျဖစ္ က်ားဖ်န႔္တိုက္ဖ်က္ေရးေဆာင္႐ြက္ခဲ့ ေသာ BGF ကို ထိုင္းဘက္ကအသိေပးလာျခင္းမ်ိဳးျဖစ္ႏိုင္သည္။
ယခု ႏွစ္စပိုင္းမွစတင္ကာ က်ားဖ်န႔္တိုက္ ဖ်က္ေရးလုပ္ၿပီး ဖမ္းဆီးျခင္း၊ လႊဲေျပာင္းျခင္းမ်ားကို စတင္ခဲ့ရာ ယေန႔ အခ်ိန္အထိ လူေပါင္း ကိုးေထာင္ေက်ာ္ ဖမ္းဆီးရမိၿပီးျဖစ္ေၾကာင္းလည္း ဒုတိယ ဗိုလ္မႉးႀကီး ႏိုင္ေမာင္ေဇာ္က ေျပာ သည္။
“ကြၽန္ေတာ္တို႔ လုပ္သင့္ လုပ္ထိုက္တာကိုေတာ့ လုပ္ေပးလိုက္တာပဲေလ။ က်ားဖ်န႔္ ရွင္းလင္းေရးကေတာ့ တတ္ႏိုင္သေလာက္ အေကာင္းဆုံးျဖစ္ ေအာင္လုပ္တယ္။ ေနာက္ထပ္လူသစ္ကေတာ့ အဝင္ မခံေတာ့ဘူး။ ေနာက္ တစ္ခုက ကေမာၻဒီးယားမွာ အခု စစ္ျဖစ္တယ္။ ကေမာၻဒီးယားက ဒီဘက္ကို ေရာက္လာႏိုင္ေျခရွိတယ္ဆိုၿပီးေတာ့မွ ကြၽန္ေတာ္တို႔ကို ထိုင္းဘက္က အာဏာပိုင္ေတြက ကြၽန္ေတာ္ တို႔ကို ေျပာထားပါတယ္။ အဲဒါလည္း ကြၽန္ေတာ္တို႔ ဘက္မွာလည္း တပ္လွန႔္ထားတယ္။ ဒီဘက္ကိုလည္း လုံးဝ မဝင္ေရာက္ႏိုင္ေရးပိတ္ဆို႔မႈေတြလုပ္ထားတယ္” ဟု ၎က ေျပာသည္။
လက္ရွိ ေ႐ႊကုကၠိဳတြင္ က်ားဖ်န႔္ (၇၀) ရာခိုင္ႏႈန္းခန႔္ကို ေလွ်ာ့ခ်ႏိုင္ၿပီ ျဖစ္သည့္အတြက္ က်န္သူမ်ားကို ရွင္းလင္း ေရးကိုေဆာင္႐ြက္ေနၿပီး ယင္းလုပ္ငန္းမ်ားအစား စက္မႈလက္မႈျဖင့္ အစားထိုး ႏိုင္ရန္အတြက္လည္း အခ်ိန္ယူ ျပင္ဆင္ေနေၾကာင္း ဒုတိယ ဗိုလ္မႉးႀကီး ႏိုင္ေမာင္ေဇာ္က ေျပာသည္။
“အခုလည္းေတာက္ေလွ်ာက္ ေဖာ္ထုတ္တယ္။ ၾကားမွာ ပြတ္တိုက္မႈမျဖစ္ေအာင္လည္း ထိန္းထိန္းသိမ္းသိမ္း လုပ္ရတယ္” ဟု လက္ရွိ အေျခအေနကို ၎က ရွင္းျပသည္။

Related news

© 2021. All rights reserved.