နှစ်နိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်အောင် ကြားဝင်စေ့စပ်ပေးတဲ့ အမေရိကန်သမ္မတ ကို ကျေးဇူးတင်ကြောင်း ထိုင်းနဲ့ ကမ္ဘောဒီးယားအစိုးရပြော

 1282

ဂျန်ဇက် (NP News) - ဇူလိုင် ၂၇
ထိုင်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ဟာ ၎င်းတို့နှစ်နိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်အောင် အပစ်ခတ်ရပ်စဲဖို့ ကြားဝင်စေ့စပ်ဆွေးနွေးခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယားအစိုးရတို့ဟာ အပစ်ခတ်ရပ်စဲရေးကို လျင်မြန်စွာလုပ်ဆောင်ဖို့၊ တွေ့ဆုံဆွေးနွေးဖို့ နဲ့ ငြိမ်းချမ်းရေးရယူဖို့ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယား အစိုးရဟာ အပစ်ခတ်ရပ်စဲရေးတောင်းဆိုမှုကို လက်ခံခဲ့ပြီး ထိုင်းအစိုးရဘက်ကလည်း တွေ့ဆုံဆွေးနွေးဖို့လိုလားတယ်လို့ သိရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ပိုင်နက်နယ်မြေအငြင်းပွားရာမှ ဇူလိုင် ၂၄ ရက်က စတင်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်စလုံးမှာ လူပေါင်းဒါဇင်ချီ သေဆုံးခဲ့ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က "ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်တပ်ကြား အပစ်ခတ်ရပ်စဲဖို့ အမေရိကန်သမ္မတရဲ့အဆိုပြုကမ်းလှမ်းချက်ကို လက်ခံခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့အဆိုပြုကမ်းလှမ်းချက်ဟာ နှစ်နိုင်ငံစလုံးရဲ့ပြည်သူတွေနဲ့ စစ်သားတွေ ထပ်မံ မသေဆုံးအောင် ကာကွယ်တဲ့လုပ်ရပ်ဖြစ်တယ်’’ လို့ပြောပါတယ်။
ထိုင်းအစိုးရကလည်း အမေရိကန်သမ္မတရဲ့အဆိုပြုကမ်းလှမ်းမှုကို စဉ်းစားမှာဖြစ်ကြောင်း ပြောပါတယ်။
ထိုင်းယာယီဝန်ကြီးချုပ်က "ဒေါ်နယ်ထရမ့်ရဲ့အဆိုပြုကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ်။ ထိုင်းဟာ အပစ်ခတ်ရပ်စဲရေး ရယူရေးက မူလရည်မှန်းချက်ဖြစ်တယ်။ ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ရည်ရွယ်ချက်တွေကို စောင့်ကြည့်လေ့လာရဦးမယ်" လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲမှု မရှိဘူးဆိုရင် ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ပြန်လည်ဆွေးနွေးမှာမဟုတ်ဘူးလို့ ပြောဆိုထားကြောင်း သတင်းများလည်း ထွက်ပေါ်နေပါတယ်။

Zawgyi Version:
ႏွစ္ႏိုင္ငံၾကားျဖစ္ပြားေနတဲ့ စစ္ပြဲအဆုံးသတ္ေအာင္ ၾကားဝင္ေစ့စပ္ေပးတဲ့ အေမရိကန္သမၼတ ကို ေက်းဇူးတင္ေၾကာင္း ထိုင္းနဲ႔ ကေမာၻဒီးယားအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၇
ထိုင္းနဲ႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္တို႔ဟာ ၎တို႔ႏွစ္ႏိုင္ငံၾကားျဖစ္ပြားေနတဲ့ စစ္ပြဲအဆုံးသတ္ေအာင္ အပစ္ခတ္ရပ္စဲဖို႔ ၾကားဝင္ေစ့စပ္ေဆြးေႏြးခဲ့တဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို ေက်းဇူးတင္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ေဒၚနယ္ထရမ့္က ထိုင္းနဲ႔ ကေမာၻဒီးယားအစိုးရတို႔ဟာ အပစ္ခတ္ရပ္စဲေရးကို လ်င္ျမန္စြာလုပ္ေဆာင္ဖို႔၊ ေတြ႕ဆုံေဆြးေႏြးဖို႔ နဲ႔ ၿငိမ္းခ်မ္းေရးရယူဖို႔ သေဘာတူညီခဲ့တယ္လို႔ ဆိုပါတယ္။ ကေမာၻဒီးယား အစိုးရဟာ အပစ္ခတ္ရပ္စဲေရးေတာင္းဆိုမႈကို လက္ခံခဲ့ၿပီး ထိုင္းအစိုးရဘက္ကလည္း ေတြ႕ဆုံေဆြးေႏြးဖို႔လိုလားတယ္လို႔ သိရပါတယ္။
ထိုင္းနဲ႔ ကေမာၻဒီးယားတို႔ဟာ ပိုင္နက္နယ္ေျမအျငင္းပြားရာမွ ဇူလိုင္ ၂၄ ရက္က စတင္ၿပီး အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ႏွစ္ဖက္စလုံးမွာ လူေပါင္းဒါဇင္ခ်ီ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။
ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္မာနက္က "ထိုင္းနဲ႔ ကေမာၻဒီးယားစစ္တပ္ၾကား အပစ္ခတ္ရပ္စဲဖို႔ အေမရိကန္သမၼတရဲ႕အဆိုျပဳကမ္းလွမ္းခ်က္ကို လက္ခံခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕အဆိုျပဳကမ္းလွမ္းခ်က္ဟာ ႏွစ္ႏိုင္ငံစလုံးရဲ႕ျပည္သူေတြနဲ႔ စစ္သားေတြ ထပ္မံ မေသဆုံးေအာင္ ကာကြယ္တဲ့လုပ္ရပ္ျဖစ္တယ္’’ လို႔ေျပာပါတယ္။
ထိုင္းအစိုးရကလည္း အေမရိကန္သမၼတရဲ႕အဆိုျပဳကမ္းလွမ္းမႈကို စဥ္းစားမွာျဖစ္ေၾကာင္း ေျပာပါတယ္။
ထိုင္းယာယီဝန္ႀကီးခ်ဳပ္က "ေဒၚနယ္ထရမ့္ရဲ႕အဆိုျပဳကမ္းလွမ္းမႈကို ေက်းဇူးတင္ပါတယ္။ ထိုင္းဟာ အပစ္ခတ္ရပ္စဲေရး ရယူေရးက မူလရည္မွန္းခ်က္ျဖစ္တယ္။ ဒါေပမယ့္ ကေမာၻဒီးယားႏိုင္ငံရဲ႕ရည္႐ြယ္ခ်က္ေတြကို ေစာင့္ၾကည့္ေလ့လာရဦးမယ္" လို႔ ေျပာပါတယ္။
ေဒၚနယ္ထရမ့္က ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ဟာ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲမႈ မရွိဘူးဆိုရင္ ကုန္သြယ္ေရးနဲ႔ပတ္သက္ၿပီး ျပန္လည္ေဆြးေႏြးမွာမဟုတ္ဘူးလို႔ ေျပာဆိုထားေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚေနပါတယ္။

Related news

© 2021. All rights reserved.