အနိမ့်ဆုံးလုပ်ခလစာ နှင့် လူမှုဖူလှုံရေး ပံ့ပိုးမှုများ ယခုထက် တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်နေဟုဆို

499

Pearl (NP News) - ဇူလိုင် ၂၇
အနိမ့်ဆုံးလုပ်ခလစာနှင့် လူမှုဖူလှုံရေးပံ့ပိုးမှုများ ယခုထက် တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်နေကြောင်း ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောသည်။
ယနေ့ (ဇူလိုင် ၂၇ ရက်)၊ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP) ၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် အသက် (၁၅)နှစ်အထက် အလုပ်လုပ်နိုင်သူ လူဦးရေ ၃၉ သန်းကျော်ရှိရာ ယင်းအချိုးသည် အခြား ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လူ့စွမ်းအားအရင်းအမြစ် အားသာချက်ရှိနေသော်လည်း လုပ်သား ပါဝင်မှု ရာခိုင်နှုန်း နည်းပါးနေသေးကြောင်း ဒေါက်တာ သက်သက်ခိုင်က ပြောသည်။
လယ်ယာကဏ္ဍတွင် ပါဝင်နေသော လုပ်သားဦးရေ အချိုးမှာ ၅ဝ ရာခိုင်နှုန်းအောက် လျော့ကျလာ၍ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတွင် ပိုမိုပါဝင်လာသော်လည်း ကုန်ထုတ်စွမ်းအားမြင့်တင်ရန် လိုအပ်ကြောင်း ၎င်းက ထည့်သွင်း ပြောသည်။
“လယ်ယာကဏ္ဍ နှင့် စက်မှုကဏ္ဍမှာ လုပ်သားလိုအပ်ချက်ကြီးမားစွာ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ ဦးစားပေး လုပ်ရမယ့်အလုပ်တွေကို စဉ်းစားကြည့်လိုက်တဲ့အခါမှာ (၁) အလုပ်အကိုင်အခွင့်အလမ်းပေါ့။ အလုပ်လုပ်နိုင်တဲ့ အရွယ်ကလေးတွေအတွက်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဦးစားပေးဖော်ဆောင်ဖို့ လိုပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ ပါတီရဲ့ရွေးကောက်ပွဲကြေညာစာတမ်းပြုစုပြီး ထုတ်ပြန်တဲ့အချိန်မှ အသေးစိတ် တင်ပြသွားမှာဖြစ်ပါတယ်” ဟု ဒေါ်သက်သက်ခိုင်က ပြောသည်။
ထို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်း - ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဦးစားပေး ဖော်ထုတ်ရန်၊ လုပ်ခလစာ အနိမ့်ဆုံး အခကြေးငွေ နှင့် လူမှုဖူလှုံရေး ပံ့ပိုးမှုများ တိုးမြှင့်ဆောင်ရွက်ပေးရန်၊ လုပ်ငန်းခွင် အေးချမ်း သာယာရေး - အလုပ်သမားအခွင့်အလမ်း၊ ရပိုင်ခွင့်၊ နိုင်ငံတကာစံများ မီရန်၊ အလုပ်သမားအဖွဲ့အစည်းများ ဖွံ့ဖြိုးရေး - အငြင်းပွားမှုများ မျှတစွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ လုပ်သားကျွမ်းကျင်မှု - လုပ်ငန်းခွင်၊ လက်တွေ့ နှင့် နည်းပညာကျွမ်းကျင်မှု အဆင့်မြှင့်တင်ပံ့ပိုးရန် ဦးစားပေးဖြေရှင်းရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြား ထားသည်။
“အလုပ်အကိုင်ရတာနဲ့မပြီးဘူး။ လုပ်ခလစာ လည်း လုံလောက်ဖို့လိုပါတယ်။ လုပ်ခလစာ - အနိမ့်ဆုံး အခကြေးငွေ က ဥပဒေရှိပြီးသားဖြစ်ပါတယ်။ အနိမ့်ဆုံး အခကြေးငွေ နှင့် လူမှုဖူလှုံရေးပံ့ပိုးမှုတွေလည်း ဒီထက်ပိုပြီး တိုးမြှင့် ဆောင်ရွက်ပေးဖို့လိုနေတာကိုလည်း တွေ့ရပါတယ်။ ဒါလည်း ကျွန်မတို့ပါတီရဲ့ဦးစားပေးဖြေရှင်းမယ်ဆိုတဲ့ ခေါင်းစဉ်ထဲ ပါဝင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Zawgyi Version:
အနိမ့္ဆုံးလုပ္ခလစာ ႏွင့္ လူမႈဖူလႈံေရး ပံ့ပိုးမႈမ်ား ယခုထက္ တိုးျမႇင့္ေဆာင္႐ြက္ရန္ လိုအပ္ေနဟုဆို
Pearl (NP News) - ဇူလိုင္ ၂၇
အနိမ့္ဆုံးလုပ္ခလစာႏွင့္ လူမႈဖူလႈံေရးပံ့ပိုးမႈမ်ား ယခုထက္ တိုးျမႇင့္ေဆာင္႐ြက္ရန္ လိုအပ္ေနေၾကာင္း ျပည္သူ႔ ေရွ႕ေဆာင္ပါတီ (PPP) ဥကၠ႒ ေဒါက္တာသက္သက္ခိုင္က ေျပာသည္။
ယေန႔ (ဇူလိုင္ ၂၇ ရက္)၊ မနက္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊ ဆီဒိုးနားဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့သည့္ ျပည္သူ႔ ေရွ႕ေဆာင္ပါတီ (PPP) ၏ ဒုတိယအႀကိမ္သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံသည္ အသက္ (၁၅)ႏွစ္အထက္ အလုပ္လုပ္ႏိုင္သူ လူဦးေရ ၃၉ သန္းေက်ာ္ရွိရာ ယင္းအခ်ိဳးသည္ အျခား ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္ပါက လူ႔စြမ္းအားအရင္းအျမစ္ အားသာခ်က္ရွိေနေသာ္လည္း လုပ္သား ပါဝင္မႈ ရာခိုင္ႏႈန္း နည္းပါးေနေသးေၾကာင္း ေဒါက္တာ သက္သက္ခိုင္က ေျပာသည္။
လယ္ယာက႑တြင္ ပါဝင္ေနေသာ လုပ္သားဦးေရ အခ်ိဳးမွာ ၅ဝ ရာခိုင္ႏႈန္းေအာက္ ေလ်ာ့က်လာ၍ စက္မႈက႑၊ ဝန္ေဆာင္မႈက႑တြင္ ပိုမိုပါဝင္လာေသာ္လည္း ကုန္ထုတ္စြမ္းအားျမင့္တင္ရန္ လိုအပ္ေၾကာင္း ၎က ထည့္သြင္း ေျပာသည္။
“လယ္ယာက႑ ႏွင့္ စက္မႈက႑မွာ လုပ္သားလိုအပ္ခ်က္ႀကီးမားစြာ ျဖစ္ေပၚေနတာ ေတြ႕ရပါတယ္။ ဦးစားေပး လုပ္ရမယ့္အလုပ္ေတြကို စဥ္းစားၾကည့္လိုက္တဲ့အခါမွာ (၁) အလုပ္အကိုင္အခြင့္အလမ္းေပါ့။ အလုပ္လုပ္ႏိုင္တဲ့ အ႐ြယ္ကေလးေတြအတြက္ကို အလုပ္အကိုင္အခြင့္အလမ္းမ်ား ဦးစားေပးေဖာ္ေဆာင္ဖို႔ လိုပါတယ္။ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ဖို႔ လိုပါတယ္။ ပါတီရဲ႕ေ႐ြးေကာက္ပြဲေၾကညာစာတမ္းျပဳစုၿပီး ထုတ္ျပန္တဲ့အခ်ိန္မွ အေသးစိတ္ တင္ျပသြားမွာျဖစ္ပါတယ္” ဟု ေဒၚသက္သက္ခိုင္က ေျပာသည္။
ထို႔ေၾကာင့္ အလုပ္အကိုင္အခြင့္အလမ္း - ျပည္တြင္း အလုပ္အကိုင္အခြင့္အလမ္းမ်ား ဦးစားေပး ေဖာ္ထုတ္ရန္၊ လုပ္ခလစာ အနိမ့္ဆုံး အခေၾကးေငြ ႏွင့္ လူမႈဖူလႈံေရး ပံ့ပိုးမႈမ်ား တိုးျမႇင့္ေဆာင္႐ြက္ေပးရန္၊ လုပ္ငန္းခြင္ ေအးခ်မ္း သာယာေရး - အလုပ္သမားအခြင့္အလမ္း၊ ရပိုင္ခြင့္၊ ႏိုင္ငံတကာစံမ်ား မီရန္၊ အလုပ္သမားအဖြဲ႕အစည္းမ်ား ဖြံ႕ၿဖိဳးေရး - အျငင္းပြားမႈမ်ား မွ်တစြာ ေျဖရွင္းေဆာင္႐ြက္ႏိုင္ရန္၊ လုပ္သားကြၽမ္းက်င္မႈ - လုပ္ငန္းခြင္၊ လက္ေတြ႕ ႏွင့္ နည္းပညာကြၽမ္းက်င္မႈ အဆင့္ျမႇင့္တင္ပံ့ပိုးရန္ ဦးစားေပးေျဖရွင္းရမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကား ထားသည္။
“အလုပ္အကိုင္ရတာနဲ႔မၿပီးဘူး။ လုပ္ခလစာ လည္း လုံေလာက္ဖို႔လိုပါတယ္။ လုပ္ခလစာ - အနိမ့္ဆုံး အခေၾကးေငြ က ဥပေဒရွိၿပီးသားျဖစ္ပါတယ္။ အနိမ့္ဆုံး အခေၾကးေငြ ႏွင့္ လူမႈဖူလႈံေရးပံ့ပိုးမႈေတြလည္း ဒီထက္ပိုၿပီး တိုးျမႇင့္ ေဆာင္႐ြက္ေပးဖို႔လိုေနတာကိုလည္း ေတြ႕ရပါတယ္။ ဒါလည္း ကြၽန္မတို႔ပါတီရဲ႕ဦးစားေပးေျဖရွင္းမယ္ဆိုတဲ့ ေခါင္းစဥ္ထဲ ပါဝင္ပါတယ္” ဟု ၎က ဆက္လက္ေျပာၾကားခဲ့သည္။