မလေးရှားဝန်ကြီးချုပ် အန်ဝါ နုတ်ထွက်ဖို့ ပြည်သူသိန်းချီ ပါဝင်ဆန္ဒပြ

731

ဂျန်ဇက် (NP News) - ဇူလိုင် ၂၇
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကို ရာထူးမှနုတ်ထွက်ဖို့ သိန်းနဲ့ချီတဲ့ပြည်သူတွေဟာ ဇူလိုင် ၂၆ ရက်မှာ ဆန္ဒပြခဲ့ပါတယ်။ သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ “Turun Anwar” အမည်ရှိ ဆန္ဒပြလှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီး အဲဒီဆန္ဒပြလှုပ်ရှားမှုကို မလေးရှားဝန်ကြီးချုပ်ဟောင်းနှစ်ဦးနဲ့အတူ နိုင်ငံရေးပါတီများ၊ လူ့အခွင့် အရေးလှုပ်ရှားသူများ၊ NGO အဖွဲ့များ၊ ကျောင်းသားများနဲ့ ပြည်သူ သုံးသိန်းနီးပါးက ကွာလာလမ်ပူမြို့ရှိ နေရာ (၅)ခု မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူများဟာ လက်ရှိအစိုးရမှာ စီးပွားရေးစီမံခန့်ခွဲမှု အားနည်းချက်များကို အဓိကထား ကန့်ကွက်ခဲ့ကြပြီး ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ လျှပ်စစ်ဓာတ်အားခ တိုးမြင့်ခြင်း၊ လောင်စာဆီ ထောက်ပံ့ကြေး လျှော့ချခြင်း၊ အလုပ်အကိုင်အခွင့်လမ်း နည်းပါးခြင်း၊ စီးပွားရေး စီမံခန့်ခွဲမူ အားနည်းခြင်း စတဲ့ကိစ္စရပ်များကို အဓိကထားပြီး ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆန္ဒပြပွဲမှာ မလေးရှားဝန်ကြီးချုပ်ဟောင်းများဖြစ်ကြတဲ့ မဟာသီယာ မိုဟာမက်နဲ့ မူဟစ်ဒင် ယာဆင် တို့ကလည်း မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း သိရပါတယ်။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ လက်ရှိအချိန်မှာ နိုင်ငံစီးပွားရေး ပြဿနာများကို ဖြေရှင်းရန် ပျက်ကွက်နေတယ်လို့ စွပ်စွဲမှုများရှိနေပြီး ပြည်သူလူထုရဲ့ဒုက္ခများကို နားလည်ပြီး ရာထူးမှ နုတ်ထွက်ပေးရန် ဖိအားပေး တောင်းဆိုနေခြင်းလည်းဖြစ်ပါတယ်။

Zawgyi Version:
မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါ ႏုတ္ထြက္ဖို႔ ျပည္သူသိန္းခ်ီ ပါဝင္ဆႏၵျပ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၇
မေလးရွားႏိုင္ငံ ဝန္ႀကီးခ်ဳပ္ အန္ဝါ အီဘရာဟင္ကို ရာထူးမွႏုတ္ထြက္ဖို႔ သိန္းနဲ႔ခ်ီတဲ့ျပည္သူေတြဟာ ဇူလိုင္ ၂၆ ရက္မွာ ဆႏၵျပခဲ့ပါတယ္။ သိန္းနဲ႔ခ်ီတဲ့ ျပည္သူေတြဟာ “Turun Anwar” အမည္ရွိ ဆႏၵျပလႈပ္ရွားမႈတစ္ခုကို လုပ္ေဆာင္ခဲ့ၿပီး အဲဒီဆႏၵျပလႈပ္ရွားမႈကို မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္းႏွစ္ဦးနဲ႔အတူ ႏိုင္ငံေရးပါတီမ်ား၊ လူ႔အခြင့္ အေရးလႈပ္ရွားသူမ်ား၊ NGO အဖြဲ႕မ်ား၊ ေက်ာင္းသားမ်ားနဲ႔ ျပည္သူ သုံးသိန္းနီးပါးက ကြာလာလမ္ပူၿမိဳ႕ရွိ ေနရာ (၅)ခု မွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့ပါတယ္။
ဆႏၵျပသူမ်ားဟာ လက္ရွိအစိုးရမွာ စီးပြားေရးစီမံခန႔္ခြဲမႈ အားနည္းခ်က္မ်ားကို အဓိကထား ကန႔္ကြက္ခဲ့ၾကၿပီး ကုန္ေဈးႏႈန္းျမင့္တက္ျခင္း၊ လွ်ပ္စစ္ဓာတ္အားခ တိုးျမင့္ျခင္း၊ ေလာင္စာဆီ ေထာက္ပံ့ေၾကး ေလွ်ာ့ခ်ျခင္း၊ အလုပ္အကိုင္အခြင့္လမ္း နည္းပါးျခင္း၊ စီးပြားေရး စီမံခန႔္ခြဲမူ အားနည္းျခင္း စတဲ့ကိစၥရပ္မ်ားကို အဓိကထားၿပီး ဆႏၵျပခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
ဆႏၵျပပြဲမွာ မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္းမ်ားျဖစ္ၾကတဲ့ မဟာသီယာ မိုဟာမက္နဲ႔ မူဟစ္ဒင္ ယာဆင္ တို႔ကလည္း မိန႔္ခြန္းမ်ား ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။ မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္ဟာ လက္ရွိအခ်ိန္မွာ ႏိုင္ငံစီးပြားေရး ျပႆနာမ်ားကို ေျဖရွင္းရန္ ပ်က္ကြက္ေနတယ္လို႔ စြပ္စြဲမႈမ်ားရွိေနၿပီး ျပည္သူလူထုရဲ႕ဒုကၡမ်ားကို နားလည္ၿပီး ရာထူးမွ ႏုတ္ထြက္ေပးရန္ ဖိအားေပး ေတာင္းဆိုေနျခင္းလည္းျဖစ္ပါတယ္။