တူရကီ အရှေ့တောင်ဘက်မှာ နေ့အပူချိန် ၅၀.၅ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင် ရောက်ရှိ

93

ရောင်နီ (NP News) - ဇူလိုင် ၂၈
တူရကီနိုင်ငံ နိုင်ငံအရှေ့တောင်ပိုင်းဒေသစီလိုပီမြို့မှာ နေ့အပူချိန် ၅၀. ၅ ဒီဂရီ စင်တီဂရိတ်ထိ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ တူရကီ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်မှာ ပြောကြားပါတယ်။
ဒါအပြင် နိုင်ငံတစ်ဝှမ်းက မိုးလေဝသဌာနပေါင်း ၁၃၂ ခုမှာလည်း ဇူလိုင်လ အပူချိန်တွေ စံချိန်တင် ရောက်ရှိခဲ့တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆာနက်ခ်ပြည်နယ်မှာရှိတဲ့ စီလိုပီမြို့ဟာ တူရကီနိုင်ငံနဲ့ အီရတ်၊ ဆီးရီးယားနယ်စပ်မှ ၁၀ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။ ၂ဝ၂၃ ခုနှစ် ဩဂုတ်လက အမြင့်ဆုံး အပူချိန် ၄၉.၅ ဒီဂရီစင်တီဂရိတ်ထိမြင့်တက်ခဲ့ပြီး ဒေသအများအပြားမှာ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ယခုနှစ် ဇူလိုင် ၂၃ ရက်ကလည်း အီစကီရှား ပြည်နယ်မှာ တောမီးလောင်မှုဖြစ်ပွားခဲ့တာကြောင့်လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အပူလှိုင်းဟာ ရက်ပေါင်းများစွာ ကြာနိုင်ဖွယ်ရှိတာကြောင့် တူရကီ အနောက်ဘက် ကမ်းရိုးတန်းရှိ အစ်မာအနီး၊ ပင်လယ်ကမ်းခြေအပန်းဖြေစခန်း စီစ်မီ ပင်လယ်ကမ်းခြေ အပန်းဖြေ စခန်း စတဲ့နေရာတွေမှာ ရေသုံးစွဲမှုဆိုင်ရာကန့်သတ်ချက်အချို့ပြုလုပ်ဖို့ ဒေသခံအာဏာပိုင်တွေက တိုက်တွန်းထား ပါတယ်။
တူရကီနဲ့ အိမ်နီးချင်း ဂရိနိုင်ငံမှာလည်း အပူလှိုင်းဒဏ်ကို နိုင်ငံရဲ့နေရာအတော်များများမှာ ခံစားနေရပြီး တောမီး လောင်ကျွမ်းမှုတွေလည်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Zawgyi Version:
တူရကီ အေရွ႕ေတာင္ဘက္မွာ ေန႔အပူခ်ိန္ ၅၀.၅ ဒီဂရီစင္တီဂရိတ္ထိ စံခ်ိန္တင္ ေရာက္ရွိ
ေရာင္နီ (NP News) - ဇူလိုင္ ၂၈
တူရကီႏိုင္ငံ ႏိုင္ငံအေရွ႕ေတာင္ပိုင္းေဒသစီလိုပီၿမိဳ႕မွာ ေန႔အပူခ်ိန္ ၅၀. ၅ ဒီဂရီ စင္တီဂရိတ္ထိ စံခ်ိန္တင္ ျမင့္တက္ခဲ့တယ္လို႔ တူရကီ သဘာဝပတ္ဝန္းက်င္ဝန္ႀကီးဌာနက ဇူလိုင္ ၂၆ ရက္မွာ ေျပာၾကားပါတယ္။
ဒါအျပင္ ႏိုင္ငံတစ္ဝွမ္းက မိုးေလဝသဌာနေပါင္း ၁၃၂ ခုမွာလည္း ဇူလိုင္လ အပူခ်ိန္ေတြ စံခ်ိန္တင္ ေရာက္ရွိခဲ့တယ္ လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဆာနက္ခ္ျပည္နယ္မွာရွိတဲ့ စီလိုပီၿမိဳ႕ဟာ တူရကီႏိုင္ငံနဲ႔ အီရတ္၊ ဆီးရီးယားနယ္စပ္မွ ၁၀ ကီလိုမီတာအကြာမွာ တည္ရွိပါတယ္။ ၂ဝ၂၃ ခုႏွစ္ ဩဂုတ္လက အျမင့္ဆုံး အပူခ်ိန္ ၄၉.၅ ဒီဂရီစင္တီဂရိတ္ထိျမင့္တက္ခဲ့ၿပီး ေဒသအမ်ားအျပားမွာ ေတာမီးေလာင္ကြၽမ္းမႈေတြ ျဖစ္ပြားခဲ့ပါတယ္။
ယခုႏွစ္ ဇူလိုင္ ၂၃ ရက္ကလည္း အီစကီရွား ျပည္နယ္မွာ ေတာမီးေလာင္မႈျဖစ္ပြားခဲ့တာေၾကာင့္လူ ၁၀ ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ လက္ရွိ အပူလႈိင္းဟာ ရက္ေပါင္းမ်ားစြာ ၾကာႏိုင္ဖြယ္ရွိတာေၾကာင့္ တူရကီ အေနာက္ဘက္ ကမ္း႐ိုးတန္းရွိ အစ္မာအနီး၊ ပင္လယ္ကမ္းေျခအပန္းေျဖစခန္း စီစ္မီ ပင္လယ္ကမ္းေျခ အပန္းေျဖ စခန္း စတဲ့ေနရာေတြမွာ ေရသုံးစြဲမႈဆိုင္ရာကန႔္သတ္ခ်က္အခ်ိဳ႕ျပဳလုပ္ဖို႔ ေဒသခံအာဏာပိုင္ေတြက တိုက္တြန္းထား ပါတယ္။
တူရကီနဲ႔ အိမ္နီးခ်င္း ဂရိႏိုင္ငံမွာလည္း အပူလႈိင္းဒဏ္ကို ႏိုင္ငံရဲ႕ေနရာအေတာ္မ်ားမ်ားမွာ ခံစားေနရၿပီး ေတာမီး ေလာင္ကြၽမ္းမႈေတြလည္းျဖစ္ေပၚေနတယ္လို႔ သိရပါတယ္။