တောင်ကြီးတွင် မီးပျက်ချိန် များလာသဖြင့် လုပ်ငန်းရှင်များ အခက်တွေ့နေ

108
NP News - ဒီဇင်ဘာ ၁၈
တောင်ကြီးတွင် ယခုရက်ပိုင်းအတွင်း မီးပျက်ချိန် များလာသဖြင့် လုပ်ငန်းရှင်များ အခက်တွေ့နေကြောင်း ကြားသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၌ ဒီဇင်ဘာလအတွင်း လျှပ်စစ်မီး ပျက်တောက်ချိန်များလာ၍ စနေ၊ တနင်္ဂနွေရက်တို့တွင် တစ်နေကုန် လျှပ်စစ်မီးပြတ်တောက်ခဲ့ခြင်း ရှိကြောင်း သိရသည်။
"အကြောင်းကြားခြင်းမရှိဘဲ တစ်နေကုန် ပျက်သွားတာ ထမင်းတောင် မချက်ရဘူး။ တချို့ မီးနဲ့လုပ်တဲ့ဆိုင်တွေ မီးစက်နဲ့ ငှားပြီး လုပ်နေကြရတယ်။ တောင်ကြီးမြို့နယ်တစ်ခုလုံး ပျက်သွားတာပါ။ တစ်နေကုန် ပျက်သွားတာကတော့ ဆိုးပါတယ်။ ညနေပိုင်း ခဏလောက်ပဲ ပြန်လာတယ်။ အခုဆိုရင် နေ့လည်ပိုင်းတွေ ပျက်တာလည်း များလာပါတယ်” ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။
အထူးသဖြင့် နေ့လည်ပိုင်းများ၊ မနက်စောစော အချိန်များတွင် ပြတ်တောက်လေ့ရှိပြီး အချိန်ကြာမြင့်စွာ မီးပျက်ခြင်းကြောင့် လုပ်ငန်းများ ဆောင်ရွက်ရန် နှောင့်နှေး၍ခက်ခဲမှုရှိကြောင်း သိရသည်။
လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် အင်တာနက်လိုင်းများ သုံးစွဲရန် ခက်ခဲခြင်း ၊ အွန်လိုင်း ပညာသင်ယူသူများအခက်ခဲကြုံတွေ့နေရကြောင်း သိရသည်။

Zawgyi Version:
ေတာင္ႀကီးတြင္ မီးပ်က္ခ်ိန္ မ်ားလာသျဖင့္ လုပ္ငန္းရွင္မ်ား အခက္ေတြ႕ေန
NP News - ဒီဇင္ဘာ ၁၈
ေတာင္ႀကီးတြင္ ယခုရက္ပိုင္းအတြင္း မီးပ်က္ခ်ိန္ မ်ားလာသျဖင့္ လုပ္ငန္းရွင္မ်ား အခက္ေတြ႕ေနေၾကာင္း ၾကားသိရသည္။
ရွမ္းျပည္နယ္ ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕၌ ဒီဇင္ဘာလအတြင္း လွ်ပ္စစ္မီး ပ်က္ေတာက္ခ်ိန္မ်ားလာ၍ စေန၊ တနဂၤေႏြရက္တို႔တြင္ တစ္ေနကုန္ လွ်ပ္စစ္မီးျပတ္ေတာက္ခဲ့ျခင္း ရွိေၾကာင္း သိရသည္။
"အေၾကာင္းၾကားျခင္းမရွိဘဲ တစ္ေနကုန္ ပ်က္သြားတာ ထမင္းေတာင္ မခ်က္ရဘူး။ တခ်ိဳ႕ မီးနဲ႔လုပ္တဲ့ဆိုင္ေတြ မီးစက္နဲ႔ ငွားၿပီး လုပ္ေနၾကရတယ္။ ေတာင္ႀကီးၿမိဳ႕နယ္တစ္ခုလုံး ပ်က္သြားတာပါ။ တစ္ေနကုန္ ပ်က္သြားတာကေတာ့ ဆိုးပါတယ္။ ညေနပိုင္း ခဏေလာက္ပဲ ျပန္လာတယ္။ အခုဆိုရင္ ေန႔လည္ပိုင္းေတြ ပ်က္တာလည္း မ်ားလာပါတယ္” ဟု ေတာင္ႀကီးၿမိဳ႕ခံတစ္ဦးက ေျပာသည္။
အထူးသျဖင့္ ေန႔လည္ပိုင္းမ်ား၊ မနက္ေစာေစာ အခ်ိန္မ်ားတြင္ ျပတ္ေတာက္ေလ့ရွိၿပီး အခ်ိန္ၾကာျမင့္စြာ မီးပ်က္ျခင္းေၾကာင့္ လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ ေႏွာင့္ေႏွး၍ခက္ခဲမႈရွိေၾကာင္း သိရသည္။
လွ်ပ္စစ္မီးျပတ္ေတာက္ျခင္းေၾကာင့္ အင္တာနက္လိုင္းမ်ား သုံးစြဲရန္ ခက္ခဲျခင္း ၊ အြန္လိုင္း ပညာသင္ယူသူမ်ားအခက္ခဲႀကဳံေတြ႕ေနရေၾကာင္း သိရသည္။