ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့လယ် မျှော်စင်တံတားအနီးမှာ ဓားထိုးခံရမှုကြောင့် လူ (၂)ဦး သေဆုံး

 349

ရောင်နီ(NP News) - ဇူလိုင် ၃ဝ

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့လယ်ရှိ မျှော်စင်တံတားအနီးမှာ ဇူလိုင် ၂၈ ရက်က အမျိုးသားနှစ်ဦး ဓားနဲ့ထိုးသတ်ခံခဲ့ရတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

လန်ဒန်မြို့ ဆောက်ဝက်ခ် ရပ်ကွက်ရှိ အဆိုပါမျှော်စင် တံတားအနီးက လမ်းကျဉ်းမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦး အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့ကာ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် အသက် ၃၀ နှစ်အရွယ် လူတစ်ဦးကတော့ အသက်အန္တရာယ် မရှိပေမယ့် ဒဏ်ရာတွေကြောင့် ဆေးရုံတက် ကုသမှု ခံယူနေရပါတယ်။ အဆိုပါ လူသတ်မှုဖြစ်ရပ်အတွက် တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ဆက်စပ်ပြီး အသက်(၃၀)အရွယ်ရှိ အခြားအမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ တာဝန်ရှိသူတွေကတော့ ဒီဖြစ်ရပ်ဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်နွှယ်နေခြင်းမရှိသလို အများပြည်သူအတွက် နောက်ထပ် အန္တရာယ်လည်း မရှိနိုင်ဘူးလို့ အသိပေးပြောကြားထားပါတယ်။

zawgyi version
ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕လယ္ ေမွ်ာ္စင္တံတားအနီးမွာ ဓားထိုးခံရမႈေၾကာင့္ လူ (၂)ဦး ေသဆုံး
ေရာင္နီ(NP News) - ဇူလိုင္ ၃ဝ

ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕လယ္ရွိ ေမွ်ာ္စင္တံတားအနီးမွာ ဇူလိုင္ ၂၈ ရက္က အမ်ိဳးသားႏွစ္ဦး ဓားနဲ႔ထိုးသတ္ခံခဲ့ရတယ္လို႔ ၿဗိတိန္ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

လန္ဒန္ၿမိဳ႕ ေဆာက္ဝက္ခ္ ရပ္ကြက္ရွိ အဆိုပါေမွ်ာ္စင္ တံတားအနီးက လမ္းက်ဥ္းမွာ တိုက္ခိုက္မႈ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အသက္ ၅၈ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး အခင္းျဖစ္ေနရာမွာတင္ ေသဆုံးသြားခဲ့ကာ အသက္ ၂၇ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကေတာ့ ေဆး႐ုံမွာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ ေနာက္ထပ္ အသက္ ၃၀ ႏွစ္အ႐ြယ္ လူတစ္ဦးကေတာ့ အသက္အႏၲရာယ္ မရွိေပမယ့္ ဒဏ္ရာေတြေၾကာင့္ ေဆး႐ုံတက္ ကုသမႈ ခံယူေနရပါတယ္။ အဆိုပါ လူသတ္မႈျဖစ္ရပ္အတြက္ တာဝန္ရွိသူေတြက စုံစမ္းစစ္ေဆးလ်က္ရွိတယ္လို႔ ဆိုပါတယ္။

ဒီျဖစ္ရပ္နဲ႔ဆက္စပ္ၿပီး အသက္(၃၀)အ႐ြယ္ရွိ အျခားအမ်ိဳးသားတစ္ဦးကို ဖမ္းဆီးထိန္းသိမ္းထားပါတယ္။ တာဝန္ရွိသူေတြကေတာ့ ဒီျဖစ္ရပ္ဟာ အၾကမ္းဖက္ဝါဒနဲ႔ ဆက္ႏႊယ္ေနျခင္းမရွိသလို အမ်ားျပည္သူအတြက္ ေနာက္ထပ္ အႏၲရာယ္လည္း မရွိႏိုင္ဘူးလို႔ အသိေပးေျပာၾကားထားပါတယ္။

Related news

© 2021. All rights reserved.