အမေရိကန်နိုင်ငံ၊ မန်ဟက်တန်မြို့မှာ သေနတ်ပစ်ခတ်မှုကြောင့် လူ ငါးဦး သေဆုံး

 344

ရောင်နီ(NP News) - ဇူလိုင် ၃ဝ

အမေရိကန်နိုင်ငံ၊ မန်ဟက်တန် မြို့လယ်ရှိ မိုးမျှော်တိုက်တစ်ခုမှာ နေ့ခင်းကြောင်တောင် သေနတ်နဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦး အပါအဝင် လူလေးဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၃၆ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းနေထိုင်သူ ရဲအရာရှိတဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

လူတစ်ဦး စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပြီး သေနတ်သမားကတော့ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်လို့ မြို့တော်ဝန်အဲရစ်အဒမ်စ်က အခင်းဖြစ်ပွားရာအနီးရှိ ဆေးရုံတစ်ခုမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ သေနတ်သမားဟာ အနက်ရောင် BMW ကားမှ ထွက်လာပြီး အဆောက်အအုံအတွင်း ဝင်ရောက်ကာ M-4 ရိုင်ဖယ်သေနတ်နဲ့ တရစပ်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ နယူးယောက်မြို့ ရဲမင်းကြီး ဂျက်စီကာတက်ချ် က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

အဲဒီနောက် သေနတ်သမားဟာ Rudin Management ပိုင် အဆောက်အအုံ ၃၃ လွှာကို ဓာတ်လှေကားနဲ့ တက်ပြီး မိမိကိုယ်ကို သေနတ်နဲ့ ပစ်ခတ်အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်မှာ သေနတ်သမား တစ်ဦးတည်းက လုပ်ဆောင်တယ်လို့ ယူဆရပေမယ့် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အဲဒီစုံစမ်းစစ်ဆေးမှုမှာလည်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရိုက ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

သေနတ်သမားဟာ လက်စ်ဗီးဂတ်စ်မှာနေထိုင်တဲ့ ချန်တန်မူရာ အမည်ရှိ အမျိုးသားဖြစ်ပြီး သူရဲ့ မော်တော်ယာဉ်ထဲမှာလည်း ခြောက်လုံးပြူးသေနတ်၊ ခဲယမ်းမီးကျောက်တွေနဲ့ မဂ္ဂဇင်းတွေလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

zawgyi version
အေမရိကန္ႏိုင္ငံ၊ မန္ဟက္တန္ၿမိဳ႕မွာ ေသနတ္ပစ္ခတ္မႈေၾကာင့္ လူ ငါးဦး ေသဆုံး
ေရာင္နီ(NP News) - ဇူလိုင္ ၃ဝ

အေမရိကန္ႏိုင္ငံ၊ မန္ဟက္တန္ ၿမိဳ႕လယ္ရွိ မိုးေမွ်ာ္တိုက္တစ္ခုမွာ ေန႔ခင္းေၾကာင္ေတာင္ ေသနတ္နဲ႔ တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီး ရဲအရာရွိတစ္ဦး အပါအဝင္ လူေလးဦး ေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ဇူလိုင္ ၂၈ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ ေသဆုံးသူေတြထဲမွာ အသက္ ၃၆ ႏွစ္အ႐ြယ္ ဘဂၤလားေဒ့ရွ္ ေ႐ႊ႕ေျပာင္းေနထိုင္သူ ရဲအရာရွိတဦးလည္း ပါဝင္တယ္လို႔ သိရပါတယ္။

လူတစ္ဦး စိုးရိမ္ရတဲ့ အေျခအေနမွာရွိေနၿပီး ေသနတ္သမားကေတာ့ သူ႔ကိုယ္သူ အဆုံးစီရင္သြားခဲ့တယ္လို႔ ၿမိဳ႕ေတာ္ဝန္အဲရစ္အဒမ္စ္က အခင္းျဖစ္ပြားရာအနီးရွိ ေဆး႐ုံတစ္ခုမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားပါတယ္။ ေသနတ္သမားဟာ အနက္ေရာင္ BMW ကားမွ ထြက္လာၿပီး အေဆာက္အအုံအတြင္း ဝင္ေရာက္ကာ M-4 ႐ိုင္ဖယ္ေသနတ္နဲ႔ တရစပ္ပစ္ခတ္ခဲ့တာ ျဖစ္တယ္လို႔ နယူးေယာက္ၿမိဳ႕ ရဲမင္းႀကီး ဂ်က္စီကာတက္ခ်္ က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားပါတယ္။

အဲဒီေနာက္ ေသနတ္သမားဟာ Rudin Management ပိုင္ အေဆာက္အအုံ ၃၃ လႊာကို ဓာတ္ေလွကားနဲ႔ တက္ၿပီး မိမိကိုယ္ကို ေသနတ္နဲ႔ ပစ္ခတ္အဆုံးစီရင္ခဲ့တယ္လို႔ သိရပါတယ္။ ဒီျဖစ္ရပ္မွာ ေသနတ္သမား တစ္ဦးတည္းက လုပ္ေဆာင္တယ္လို႔ ယူဆရေပမယ့္ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနၿပီး အဲဒီစုံစမ္းစစ္ေဆးမႈမွာလည္း ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဴ႐ိုက ကူညီေဆာင္႐ြက္ေပးေနတယ္လို႔ သိရပါတယ္။

ေသနတ္သမားဟာ လက္စ္ဗီးဂတ္စ္မွာေနထိုင္တဲ့ ခ်န္တန္မူရာ အမည္ရွိ အမ်ိဳးသားျဖစ္ၿပီး သူရဲ႕ ေမာ္ေတာ္ယာဥ္ထဲမွာလည္း ေျခာက္လုံးျပဴးေသနတ္၊ ခဲယမ္းမီးေက်ာက္ေတြနဲ႔ မဂၢဇင္းေတြလည္း ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.